< Mark 1 >
1 The beginning of the Gospel of Iesus Christ, the Sonne of God:
၁ဘုရားသခင် သား တော် ယေရှု ခရစ် ၏ ဧဝံဂေလိ တရား၏ အစ ကို ဆိုပေအံ့။
2 As it is written in the Prophets, Behold, I send my messenger before thy face, which shall prepare thy way before thee.
၂အနာဂတ္တိ ကျမ်းစာ၌ လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို သင့် ရှေ့ ၌ ငါစေလွှတ် ၏။
3 The voyce of him that cryeth in the wildernesse is, Prepare the way of the Lord: make his paths straight.
၃တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေ ကြလော့ဟု လာသည်နှင့်အညီ၊
4 Iohn did baptize in the wildernesse, and preach the baptisme of amendment of life, for remission of sinnes.
၄ယောဟန် သည် တော ၌ ဗတ္တိဇံ ကိုပေးလျက်၊ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာနောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လျက် ပေါ်ထွန်း ၏။
5 And al ye countrey of Iudea, and they of Hierusalem went out vnto him, and were all baptized of him in the riuer Iordan, confessing their sinnes.
၅ယေရုရှလင် မြို့သားများမှစ၍ ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍ မိမိ တို့ အပြစ် များကိုဖော်ပြ လျက် ယော်ဒန် မြစ် ၌ ဗတ္တိဇံ ကိုခံကြ၏။
6 Nowe Iohn was clothed with camels heare, and with a girdle of a skinne about his loynes: and he did eate Locusts and wilde hony,
၆ယောဟန် သည် ကုလားအုပ် အမွေး နှင့် ရက်သောအဝတ်ကိုဝတ် လျက်၊ ခါး ၌ သားရေ ခါးပန်း ကို စည်း လျက်၊ ကျိုင်းကောင် နှင့် တော ၌ဖြစ်သောပျားရည် ကို စား လျက် နေ၏။
7 And preached, saying, A stronger then I commeth after me, whose shoes latchet I am not worthy to stoupe downe, and vnloose.
၇ဟော ချက်စကား ဟူမူကား ၊ ငါ့ ထက် တတ်စွမ်း နိုင်သောသူ သည် ငါ့ နောက် ကြွလာ ၏။ ထိုသူ ၏ ခြေနင်း တော်ကြိုး ကိုမျှ ငုံ့ ၍ဖြည် ခြင်းငှာငါမထိုက် ။
8 Trueth it is, I haue baptized you with water: but he will baptize you with the holy Ghost.
၈ငါ သည် သင် တို့အား ရေ ၌ဗတ္တိဇံ ကိုပေး၏။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ သင် တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။
9 And it came to passe in those dayes, that Iesus came from Nazareth, a citie of Galile, and was baptized of Iohn in Iordan.
၉ထိုအခါ ယေရှု သည် ဂါလိလဲ ပြည်နာဇရက် မြို့မှ ကြွလာ ၍ ယောဟန် လက်ဖြင့် ယော်ဒန် မြစ်၌ ဗတ္တိဇံကို ခံ တော်မူ၏။
10 And assoone as he was come out of the water, Iohn saw the heauens clouen in twaine, and the holy Ghost descending vpon him like a doue.
၁၀ရေ မှ ပေါ် ထစဉ်တွင်ကောင်းကင် ကွဲ ၍ ဝိညာဉ် တော်သည်ချိုးငှက် ကဲ့သို့ ကိုယ်တော် အပေါ် ၌ဆင်းသက် တော်မူသည်ကို မြင် ရ၍၊
11 Then there was a voyce from heauen, saying, Thou art my beloued Sonne, in whome I am well pleased.
၁၁သင် ကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။
12 And immediatly the Spirite driueth him into the wildernesse.
၁၂ထိုခဏခြင်း တွင် ဝိညာဉ် တော်သည် ယေရှု ကိုတော သို့ သွား စေတော်မူ၏။
13 And he was there in the wildernesse fourtie daies, and was tempted of Satan: hee was also with the wilde beastes, and the Angels ministred vnto him.
၁၃အရက် လေးဆယ် ပတ်လုံးထိုတော ၌ နေ ၍ စာတန် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲ တို့နှင့်အတူ ရှိ တော်မူ၏။ ကောင်းကင်တမန် တို့သည်လည်း လုပ်ကျွေး ကြ၏။
14 Now after that Iohn was committed to prison, Iesus came into Galile, preaching the Gospel of the kingdome of God,
၁၄ယောဟန် သည် ထောင် ထဲသို့ရောက်သည်နောက် ၊ ယေရှု သည် ဂါလိလဲ ပြည်သို့ ကြွ တော်မူလျှင် ၊
15 And saying, The time is fulfilled, and the kingdome of God is at hand: repent and beleeue the Gospel.
၁၅အချိန် ပြည့်စုံ ပြီ၊ ဘုရားသခင် ၏နိုင်ငံ တော်သည် တည်လုနီး ပြီ၊ နောင်တရ ကြလော့။ ဧဝံဂေလိ တရား ကို ယုံကြည် ကြလော့ဟူသော ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကိုဟော တော်မူ၏။
16 And as he walked by the sea of Galile, he saw Simon, and Andrew his brother, casting a net into the sea, (for they were fishers.)
၁၆ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ရှိမုန် နှင့် အန္ဒြေ ညီအစ်ကို နှစ်ယောက်သည် တံငါ ဖြစ် ၍ ၊ အိုင် တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင် တော်မူလျှင် ၊
17 Then Iesus said vnto them, Folow me, and I will make you to be fishers of men.
၁၇ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကို မျှားသောတံငါ ဖြစ် စေခြင်းငှာငါပြု မည် ဟု အမိန့် တော်ရှိသော် ၊
18 And straightway they forsooke their nets, and folowed him.
၁၈ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက်ကြ၏။
19 And when hee had gone a litle further thence, he sawe Iames the sonne of Zebedeus, and Iohn his brother, as they were in the ship, mending their nets.
၁၉ထိုမှအနည်းငယ် လွန် ပြန်လျှင် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် ညီအစ်ကို နှစ်ယောက်တို့သည် လှေ ပေါ်မှာ ပိုက်ကွန် ပြင် နေသည်ကိုမြင် ၍ ချက်ခြင်း ခေါ် တော်မူ၏။
20 And anon hee called them: and they left their father Zebedeus in the shippe with his hired seruants, and went their way after him.
၂၀ထိုသူတို့သည်လည်း လှေ ပေါ်မှာ ရှိသောသူငှား တို့နှင့်တကွ အဘ ဇေဗေဒဲ ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက် ကြ၏။
21 So they entred into Capernaum, and straightway on the Sabbath day hee entred into the Synagogue, and taught.
၂၁ကပေရနောင် မြို့သို့ သွား ကြလျှင် ၊ ဥပုသ်နေ့ ၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ် သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
22 And they were astonied at his doctrine, for he taught them as one that had authoritie, and not as the Scribes.
၂၂ပရိသတ်တို့သည်လည်း ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩ ကြ၏။ အကြောင်းမူကား ၊ ကျမ်းပြု ဆရာနည်းတူ မ ဟုတ်၊ အစိုးရ သောသူနည်းတူ ဆုံးမ ဩဝါဒပေးတော်မူ၏။
23 And there was in their Synagogue a man in whome was an vncleane spirite, and hee cried out,
၂၃ထိုသူ တို့၏ တရားစရပ် ၌ ညစ်ညူး သောနတ် စွဲ သောသူ ရှိ ၍ ၊
24 Saying, Ah, what haue we to do with thee, O Iesus of Nazareth? Art thou come to destroy vs? I knowe thee what thou art, euen that holy one of God.
၂၄ဪ နာဇရက် မြို့သားယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏။ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော် လေ၏။
25 And Iesus rebuked him, saying, Holde thy peace, and come out of him.
၂၅ယေရှု ကလည်း တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့” ဟု ဆုံးမ တော်မူလျှင်၊
26 And the vncleane spirit tare him, and cried with a loude voyce, and came out of him.
၂၆ညစ်ညူး သောနတ် သည် ထိုသူ ကို တောင့်မာ စေပြီးမှ ၊ ကြီး သောအသံ နှင့် အော်ဟစ် ၍ထွက်သွား ၏။
27 And they were all amased, so that they demaunded one of another, saying, What thing is this? what newe doctrine is this? for he commandeth euen the foule spirites with authoritie, and they obey him.
၂၇လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤအမှုသည် အဘယ်သို့နည်း။ ဤ ဆုံးမ ခြင်းအသစ် သည် အဘယ်သို့ နည်း။ ညစ်ညူး သောနတ် တို့ကိုပင် အာဏာ နှင့် မှာထား ၍၊ သူတို့သည် နားထောင် ကြသည်တကားဟု အချင်းချင်း မေးမြန်း ပြောဆို ကြ၏။
28 And immediatly his fame spred abroade throughout all the region bordering on Galile.
၂၈သတင်း တော်သည်လည်း ဂါလိလဲ ပြည်အရပ်ရပ် တို့၌ ချက်ချင်း နှံ့ပြား ကျော်စောလေ၏။
29 And assoone as they were come out of the Synagogue, they entred into the house of Symon and Andrew, with Iames and Iohn.
၂၉တရားစရပ် မှ ထွက် ကြလျှင် ၊ ရှိမုန် ၊ အန္ဒြေ တို့အိမ် သို့ ယာကုပ် ၊ ယောဟန် နှင့်တကွ ချက်ခြင်း သွား ကြ ၏။
30 And Symons wiues mother lay sicke of a feuer, and anon they told him of her.
၃၀ရှိမုန် ၏ယောက္ခမ သည် ဖျားနာ စွဲ၍ တုံးလုံး နေသည်အကြောင်း ကို အလျင်အမြန် လျှောက် ကြ၏။
31 And he came and tooke her by the hand, and lifted her vp, and the feuer forsooke her by and by, and shee ministred vnto them.
၃၁ကိုယ်တော်သည်လာ ၍ ထိုမိန်းမ ၏လက် ကိုကိုင် လျက် ချီကြွ တော်မူသည် ခဏခြင်းတွင် သူသည် အဖျား ပျောက် ၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
32 And whe euen was come, at what time the sunne setteth, they brought to him all that were diseased, and them that were possessed with deuils.
၃၂နေ ဝင် ၍ ည အချိန်ရောက် လျှင် ၊ မကျန်းမမာ သောသူ နှင့် နတ်ဆိုးစွဲ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍ ၊
33 And the whole citie was gathered together at the doore.
၃၃တစ်မြို့လုံး သည် တံခါး နား မှာစုဝေး လျက်ရှိ ကြ၏။
34 And he healed many that were sicke of diuers diseases: and he cast out many deuils, and suffred not the deuils to say that they knewe him.
၃၄အထူးထူးအပြားပြား သော အနာ စွဲ သောသူများ တို့ကို သက်သာ စေတော်မူ၏။ နတ်ဆိုး များ တို့ကိုလည်း နှင်ထုတ် တော်မူ၏။ နတ်ဆိုး တို့သည် ကိုယ်တော် ကိုသိ ကြသောကြောင့် ၊ စကားတစ်ခွန်းကိုမျှ ပြော စေခြင်းငှာအခွင့် ပေးတော်မ မူ၏။
35 And in the morning very early before day, Iesus arose and went out into a solitarie place, and there praied.
၃၅နံနက် အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည် ထ ပြီးလျှင် တော အရပ် သို့ ထွက်ကြွ ၍ ဆုတောင်း တော်မူ၏။
36 And Simon, and they that were with him, followed carefully after him.
၃၆ရှိမုန် နှင့် သူ ၏အပေါင်းအဖော် တို့သည် လိုက် ၍ ရှာကြသော်၊
37 And when they had found him, they sayde vnto him, All men seeke for thee.
၃၇ကိုယ်တော် ကိုတွေ့ လျှင် လူအပေါင်း တို့သည် ကိုယ်တော် ကို ရှာ ကြပါသည်ဟုလျှောက်ဆို ၏။
38 Then he said vnto them, Let vs go into the next townes, that I may preach there also: for I came out for that purpose.
၃၈ကိုယ်တော်ကလည်း “ငါသည် နီးစပ် သောမြို့ ရွာတို့၌ တရား ဟောခြင်းငှာ သွား ကြကုန်အံ့။ ထိုသို့ အလို့ငှာ ငါကြွလာ ပြီ” ဟုမိန့်တော်မူ ၍ ၊
39 And hee preached in their Synagogues, throughout all Galile, and cast the deuils out.
၃၉ဂါလိလဲ ပြည်အရပ်ရပ် တရားစရပ် တို့၌ တရား ဟောလျက် နတ်ဆိုး တို့ကို နှင်ထုတ် လျက်နေတော်မူ၏။
40 And there came a leper to him, beseeching him, and kneeled downe vnto him, and said to him, If thou wilt, thou canst make me cleane.
၄၀နူနာစွဲ သောသူတစ်ယောက်သည် အထံ တော်သို့ လာ ၍ ဒူးထောက် လျက် ၊ ကိုယ်တော်အလိုရှိ လျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။
41 And Iesus had compassion, and put foorth his hand, and touched him, and said to him, I wil: be thou cleane.
၄၁ယေရှုသည် သနား သောစိတ်ရှိသဖြင့် လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ လျှက် ၊ ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ” ဟု မိန့် တော်မူ၏။
42 And assone as he had spoken, immediatly ye leprosie departed from him, and he was made cleane.
၄၂ထိုသို့ မိန့်တော်မူသည် ခဏခြင်း တွင် နူနာ ပျောက် ၍ သန့်ရှင်း ခြင်းသို့ရောက်လေ၏။
43 And after he had giue him a streight commandement, he sent him away forthwith,
၄၃ယေရှုကလည်း၊ “သင်သတိပြု ။”
44 And sayde vnto him, See thou say nothing to any man, but get thee hence, and shewe thy selfe to the Priest, and offer for thy clensing those things, which Moses commanded, for a testimoniall vnto them.
၄၄“အဘယ်သူ အား စကားတစ်ခွန်းကိုမျှမ ပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ သန့်ရှင်း ခြင်းသို့ ရောက်သည်အတွက် ၊ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟု မြစ်တား ၍ ချက်ခြင်း လွှတ် လိုက်တော်မူ၏။
45 But when he was departed, hee began to tel many things, and to publish the matter: so that Iesus could no more openly enter into the citie, but was without in desert places: and they came to him from euery quarter.
၄၅ထိုသူ သည်ထွက်သွား ၍ စကား များ သောအားဖြင့်ထို အကြောင်းကို အနှံ့အပြား ကျော်စော၏။ ထို့ကြောင့် ကိုယ်တော် သည် နောက်တစ်ဖန်မြို့ ထဲသို့ ထင်ရှား စွာမဝင် ရ ဘဲ။ မြို့ပြင် တော အရပ် ၌ သာ နေ တော်မူ၍ အရပ်ရပ် တို့မှ အထံ တော်သို့ ရောက်လာ ကြ၏။