< Luke 21 >
1 And as he behelde, he sawe the rich men, which cast their giftes into the treasurie.
၁ထိုနောက် ကိုယ်တော်သည် မျှော်ကြည့် ၍ ၊ ငွေရတတ် သောသူ တို့သည်အလှူဒါန ကို ဘဏ္ဍာတိုက် ထဲသို့ သွင်းချ သည်ကို မြင် တော်မူ၏။
2 And he sawe also a certaine poore widowe which cast in thither two mites:
၂ဆင်းရဲ သော မုတ်ဆိုးမ တစ် ယောက်သည်လည်း ကြေးနီ ဒင်္ဂါးနှစ် ပြား သွင်းချ သည်ကို မြင် တော်မူလျှင်၊
3 And he sayd, Of a trueth I say vnto you, that this poore widowe hath cast in more then they all.
၃ငါ အမှန် ဆိုသည်ကား ၊ ထို ဆင်းရဲ သော မုတ်ဆိုးမ သည် အခြားသောသူအပေါင်း တို့ထက် သာ၍သွင်းချ ပြီ။
4 For they all haue of their superfluitie cast into the offerings of God: but she of her penurie hath cast in all the liuing that she had.
၄အကြောင်းမူကား ၊ ထိုသူ အပေါင်း တို့သည် မိမိ တို့ကြွယ်ဝ သော စည်းစိမ် ထဲက နှုတ်၍ ဘုရားသခင်၏ အလှူ တော်စုထဲသို့ သွင်းချ ကြ၏။ ထိုမိန်းမ မူကား ၊ အလွန်ဆင်းရဲလျက်ပင်မိမိ အသက်မွေးစရာ ဥစ္စာရှိသမျှ ကို သွင်းချလေပြီ ဟု မိန့် တော်မူ၏။
5 Nowe as some spake of the Temple, how it was garnished with goodly stones, and with consecrate things, he sayd,
၅လူ အချို့တို့သည် လာ၍ ဗိမာန် တော်သည် တင့်တယ် သောကျောက် ပြားနှင့်၎င်း ၊ ပူဇော် သက္ကာများ နှင့်၎င်း ဆင်ပြင် လျက် ရှိပါ၏ဟုလျှောက် ကြလျှင် ၊
6 Are these ye things that ye looke vpon? the dayes will come wherein a stone shall not be left vpon a stone, that shall not be throwen downe.
၆ကိုယ်တော်က၊ ဤအရာ များကို သင်တို့သည် ယခုမြင် ရကြ၏။ မ ဖြို မချဘဲ ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှ မတည် မနေရသော အချိန် ကာလရောက် လိမ့်မည် ဟု မိန့် တော်မူ၏။
7 Then they asked him, saying, Master, but when shall these things be? and what signe shall there be when these things shall come to passe?
၇သူ တို့ကလည်း ၊ အရှင် ဘုရား၊ ထို အမူအရာတို့သည် အဘယ် ကာလမှဖြစ် ပါမည်နည်း။ ထို အမှုအရာ တို့သည် ဖြစ် ချိန်နီးသောအခါ အဘယ် ပုပ္ပ နိမိတ်ပေါ်ထွန်း ပါမည်နည်းဟု မေး လျှောက် ကြလျှင်၊
8 And he sayd, Take heede, that ye be not deceiued: for many will come in my Name, saying, I am Christ, and the time draweth neere: follow ye not them therefore.
၈ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြား ခြင်းသို့ မ လိုက်မပါမည်အကြောင်း သတိပြု ကြလော့။ အများ သောသူတို့က၊ ငါ သည် ဤမည်သောသူဖြစ် ၏။ အချိန် ကာလလည်း ရောက်လာ ပြီဟုဆို လျက် ငါ ၏အယောင် ကို ဆောင်၍ ပေါ်လာ ကြလိမ့်မည်။ ထိုသူ တို့နောက် သို့ မ လိုက် ကြနှင့်။
9 And when ye heare of warres and seditions, be not afraid: for these things must first come, but the ende foloweth not by and by.
၉သင်တို့သည် စစ်တိုက် ခြင်းအကြောင်း၊ ပုန်ကန် ခြင်းအကြောင်းကို သိတင်းကြား ရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိကြနှင့်။ ထိုအမှုအရာ များသည် အရင် ဖြစ် ရ မည်။ သို့သော်လည်း အဆုံး သည် အလျင်အမြန် မ ဖြစ် သေး။
10 Then said hee vnto them, Nation shall rise against nation, and kingdome against kingdome,
၁၀ထိုမှတစ်ပါး ၊ လူ တမျိုးနှင့် တမျိုး ၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ရန်ဘက် ပြု ကြလိမ့်မည်။
11 And great earthquakes shall be in diuers places, and hunger, and pestilence, and fearefull things, and great signes shall there be from heauen.
၁၁အရပ် ရပ် တို့၌ ကြီးစွာ သော မြေလှုပ် ခြင်း၊ အစာ ခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်းတို့သည် ဖြစ် ကြ လိမ့်မည်။ မိုးကောင်းကင် ၌ လည်း ကြောက်မက်ဖွယ် သောအရာနှင့် ကြီးစွာ သောပုပ္ပ နိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။
12 But before all these, they shall lay their hands on you, and persecute you, deliuering you vp to the assemblies, and into prisons, and bring you before Kings and rulers for my Names sake.
၁၂ထို အမှုအရာများမ ဖြစ်မှီလူများတို့သည် ငါ ၏နာမ ကြောင့် သင် တို့ကို ဘမ်းဆီး ညှဉ်းဆဲ ၍ တရားစရပ် ၌ ၎င်း ၊ ထောင် ထဲ၌၎င်းအပ်နှံ ကြလိမ့်မည်။
13 And this shall turne to you, for a testimoniall.
၁၃ထိုသို့သောအားဖြင့်သင် တို့သည် သက်သေ ခံရသောအခွင့်ရှိ ကြလိမ့်မည်။
14 Lay it vp therefore in your heartes, that ye cast not before hand, what ye shall answere.
၁၄ထိုကြောင့် သင် တို့သည် အဘယ်သို့ပြန်ပြော ရမည်ကို ရှေ့မဆွက မ ဆင်ခြင်ခြင်းငှာ သတိ ထား ကြလော့။
15 For I will giue you a mouth and wisdome, where against all your aduersaries shall not be able to speake, nor resist.
၁၅အကြောင်းမူကား ၊ ရန်သူ အပေါင်း တို့သည် မ ငြင်းခုံ မဟန့်တား နိုင် သော နှုတ် သတ္တိ၊ ဉာဏ် သတ္တိကို ငါ ပေး မည်။
16 Yea, ye shalbe betrayed also of your parents, and of your brethren, and kinsmen, and friendes, and some of you shall they put to death.
၁၆သင်တို့မိဘ ၊ ညီအစ်ကို ၊ ပေါက်ဘော် ၊ အဆွေခင်ပွန်း တို့သည် သင် တို့ကို အပ်နှံ ကြလိမ့်မည်။ အချို့ တို့ ကိုလည်း သတ် ကြလိမ့်မည်။
17 And ye shall bee hated of all men for my Names sake.
၁၇လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကိုမုန်း ကြလိမ့်မည်။
18 Yet there shall not one heare of your heads perish.
၁၈သို့သော်လည်း သင် တို့ ဆံခြည် တစ်ပင်မျှ မပျက်စီး ရ။
19 By your patience possesse your soules.
၁၉သင် တို့သည်တည်ကြည် သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။
20 And when ye see Hierusalem besieged with souldiers, then vnderstand that the desolation thereof is neere.
၂၀ယေရုရှလင် မြို့ကို ဗိုလ်ခြေ များဝန်းရံ လျက်ရှိသည်ကို သင်တို့မြင် သောအခါ ၊ ထိုမြို့ သည် ပျက်စီး ခြင်းသို့ ရောက် လုသည်ကို သိမှတ် ကြလော့။
21 Then let them which are in Iudea, flee to the mountaines: and let them which are in the middes thereof, depart out: and let not them that are in the countrey, enter therein.
၂၁ထိုအခါ ယုဒ ပြည်၌ ရှိသောသူ တို့သည် တောင် ပေါ်သို့ ပြေး ကြစေ။ မြို့ ထဲ ၌ ရှိသောသူ တို့သည် မြို့ပြင်သို့ ထွက် ကြစေ။ တောရွာ မှာ ရှိသောသူ တို့သည် မြို့ ထဲသို့ မ ဝင် ကြစေနှင့်။
22 For these be the dayes of vengeance, to fulfill all things that are written.
၂၂အကြောင်းမူကား ၊ ထို နေ့ရက် ကာလသည် ကျမ်းစာ ချက်များ ပြည့်စုံ ရသော ဒဏ်စီရင် ခြင်းနေ့ရက်ကာလဖြစ် သတည်း။
23 But woe be to them that be with childe, and to them that giue sucke in those dayes: for there shalbe great distresse in this land, and wrath ouer this people.
၂၃ထို နေ့ရက် ၌ ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိသောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ယုဒပြည် ၌ ကြီးစွာ သော ဆင်းရဲ ဒုက္ခဖြစ်၍ယုဒ အမျိုး အပေါ်၌ အမျက် ဒေါသသင့်ရောက် လိမ့်မည်။
24 And they shall fall on the edge of the sword, and shalbe led captiue into all nations, and Hierusalem shalbe troden vnder foote of the Gentiles, vntill the time of the Gentiles be fulfilled.
၂၄သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည် ။
25 Then there shalbe signes in the sunne, and in the moone, and in the starres, and vpon the earth trouble among the nations with perplexitie: the sea and the waters shall roare.
၂၅ထိုအခါ ၊ နေ ၊ လ ၊ ကြယ် နက္ခတ်တို့၌ ပုပ္ပ နိမိတ်ထင်ရှား လိမ့်မည်။ မြေကြီး ပေါ်မှာ လည်း လူအမျိုးမျိုး မ ငြိမ်မသက်စိုးရိမ်ကြောင့်ကြ ခြင်း၊ သမုဒ္ဒရာ လှိုင်း တံပိုးကြီးခြင်း၊
26 And mens hearts shall faile them for feare, and for looking after those thinges which shall come on the worlde: for the powers of heauen shall be shaken.
၂၆မြေကြီး ပေါ်မှာဖြစ် လတံ့သော ဘေး များကိုမြော် ၍ ကြောက်လန့် သဖြင့် ၊ လူ များတို့၏ အသက် ဆုံး ခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ၊ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။
27 And then shall they see the Sonne of man come in a cloude, with power and great glory.
၂၇ထိုအခါ လူ သား သည် ကြီးစွာ သောဘုန်း တန်ခိုးအာနုဘော် ကို ဆောင်လျက် ၊ မိုဃ်းတိမ် ကို စီး လျက် ကြွလာ သည်ကို မြင် ရကြလိမ့်မည်။
28 And when these things beginne to come to passe, then looke vp, and lift vp your heades: for your redemption draweth neere.
၂၈ထို အမှုအရာတို့သည် ဖြစ် စရှိ သောအခါ၊ သင် တို့ကို ရွေးနှုတ် သောအချိန်ကာလရောက် လုနီးသည်ကို ထောက်သဖြင့် ၊ မြော်ကြည့် ၍ ခေါင်း ကိုကြွ ကြလော့ ဟု မိန့်တော်မူ၏။
29 And he spake to them a parable, Behold, the figge tree, and all trees,
၂၉တဖန် ထပ်၍မိန့် တော်မူသောဥပမာ ကား၊ သင်္ဘောသဖန်း ပင်မှစ၍ သစ်ပင် များ ကို မှတ် ကြလော့။
30 When they nowe shoote foorth, ye seeing them, knowe of your owne selues, that sommer is then neere.
၃၀အရွက် ပေါက်သောအခါ နွေ ကာလနီး သည်ကို သင် တို့သည် အလိုအလျောက် သိ မြင် ကြ၏။
31 So likewise yee, when yee see these thinges come to passe, knowe ye that the kingdome of God is neere.
၃၁ထိုနည်းတူ ထိုအကြောင်း အရာများဖြစ် သည်ကို မြင် ရလျှင် ၊ ဘုရားသခင် ၏နိုင်ငံ တော် တည်လုနီး သည် ကို သိမှတ် ကြလော့။
32 Verely I say vnto you, This age shall not passe, till all these things be done:
၃၂ငါ အမှန် ဆိုသည်ကား ၊ ယခု ဖြစ်သောလူ များ မ ကုန် မှီ ထိုအကြောင်းအရာအလုံးစုံ တို့သည် ဖြစ် ကြလိမ့်မည်။
33 Heauen and earth shall passe away, but my wordes shall not passe away.
၃၃ကောင်းကင် နှင့် မြေကြီး မ တည် သော်လည်း ငါ့ စကား တည် လိမ့်မည်။
34 Take heede to your selues, lest at any time your hearts be oppressed with surfeting and drunkennesse, and cares of this life, and least that day come on you at vnwares.
၃၄သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။
35 For as a snare shall it come on all them that dwell on the face of the whole earth.
၃၅ထိုနေ့ရက်သည် ပိုက်ကွန် ကဲ့သို့ မြေ တပြင်လုံး ၌ နေ သော လူအပေါင်း တို့ကို အုပ်မိ လိမ့်မည်။
36 Watche therefore, and pray continually, that ye may be counted worthy to escape all these thinges that shall come to passe, and that ye may stand before the Sonne of man.
၃၆ထို့ကြောင့်သင်တို့သည် ဖြစ် လတံ့သော အမှုအရာ တို့နှင့် ကင်းလွတ် ၍ လူ သား ထံသို့ ရောက် ခြင်းကို ခံထိုက် သောသူ ဖြစ်သည်ဟု မှတ် တော်မူမည်အကြောင်း ၊ အစဉ် ဆုတောင်း လျက်စောင့်နေကြလော့ ဟု မိန့်တော်မူ၏။
37 Nowe in the day time hee taught in the Temple, and at night hee went out, and abode in the mount that is called the mount of Oliues.
၃၇ထိုသို့ ကိုယ်တော်သည် နေ့ရက် အစဉ်အတိုင်းဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ည အချိန် ရောက်လျှင် သံလွင် အမည် ရှိသော တောင် သို့ သွား ၍ ညဉ့်ကို လွန် စေတော်မူ၏။
38 And all the people came in the morning to him, to heare him in the Temple.
၃၈နံနက် စောစော လူ များအပေါင်း တို့သည် ဗိမာန် တော်သို့ သွား၍ အထံ တော်၌ ဒေသနာတော်ကို နားထောင် ကြ၏။