< Jeremiah 40 >

1 The worde which came to Ieremiah from the Lord after that Nebuzar-adan the chiefe stewarde had let him goe from Ramath, when hee had taken him being bound in chaines among all that were caried away captiue of Ierusalem and Iudah, which were caried away captiue vnto Babel.
တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည်​ငါ့​အား​ရာ​မ​မြို့ တွင်​အ​နှောင်​အ​ဖွဲ့​မှ​ဖြေ​လွှတ်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ဗျာ​ဒိတ်​ပေး​တော် မူ​၏။ ငါ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ဖမ်း​ဆီး​ခေါ်​ဆောင် လာ​သော အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ ယု​ဒ​ပြည်​သား​များ​နှင့်​အ​တူ​ထို​မြို့ သို့​လိုက်​ပါ​လာ​ခဲ့​ရ​လေ​သည်။
2 And the chiefe stewarde tooke Ieremiah, and said vnto him, The Lord thy God hath pronounced this plague vpon this place.
တပ်​မှူး​သည်​ငါ့​အား​နှစ်​ဦး​ချင်း​တွေ့​ဆုံ​ရန် ခေါ်​ယူ​ပြီး​လျှင်``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​ပြည်​ကို​ဖျက်​ဆီး​ရန်​ခြိမ်း​ခြောက် တော်​မူ​ခဲ့​သည့်​အ​တိုင်း၊-
3 Nowe the Lord hath brought it, and done according as he hath said: because ye haue sinned against the Lord, and haue not obeyed his voyce, therefore this thing is come vpon you.
ယ​ခု​ပြု​တော်​မူ​လေ​ပြီ။ ဤ​သို့​ဖြစ်​ပျက်​ရ ခြင်း​မှာ​သင်​၏​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကာ ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​သော​ကြောင့်​ဖြစ်​၏။-
4 And nowe beholde, I loose thee this day from the chaines which were on thine handes, if it please thee to come with me into Babel, come, and I will looke well vnto thee: but if it please thee not to come with mee into Babel, tarie still: beholde, all the lande is before thee: whither it seemeth good, and conuenient for thee to goe, thither goe.
ယ​ခု​သင်​၏​လက်​ကောက်​ဝတ်​မှ​သံ​ကြိုး​များ ကို​ငါ​ဖြုတ်​ပေး​မည်။ သင်​သည်​ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​လို​က​လိုက်​ပါ​လော့။ သင့်​အား​ကောင်း​စွာ​ငါ​ကြည့်​ရှု​ပါ​မည်။ သင် မ​လိုက်​လို​လျှင်​နေ​နိုင်​ပါ​သည်။ တစ်​ပြည် လုံး​မှ​သင်​ကြိုက်​ရာ​အ​ရပ်​သို့​သင်​သွား နိုင်​သည်'' ဟု​ပြော​၏။
5 For yet he was not returned: therefore he said, Returne to Gedaliah the sonne of Ahikam, the sonne of Shaphan, whom the King of Babel hath made gouernour ouer all the cities of Iudah, and dwell with him among the people, or goe wheresoeuer it pleaseth thee to goe. So the chiefe stewarde gaue him vitailes and a rewarde, and let him goe.
ငါ​ပြန်​လည်​မ​ဖြေ​ကြား​သော​အ​ခါ​နေ​ဗု​ဇာ ရ​ဒန်​သည် ဆက်​လက်​၍``ယု​ဒ​မြို့​များ​အ​တွက် ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့ သူ​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ရံ​၏​သား​ဂေ​ဒ​လိ​ထံ သို့​ပြန်​၍​သူ​နှင့်​အ​တူ​ပြည်​သူ​တို့​အ​ထဲ​တွင် နေ​ထိုင်​ပါ​လော့။ သို့​မ​ဟုတ်​လျှင်​လည်း​မိ​မိ သွား​သင့်​သည်​ဟု​ထင်​သည့်​အ​ရပ်​သို့​သွား ပါ​လော့'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​လက် ဆောင်​နှင့်​ရိက္ခာ​အ​ချို့​ကို​ယူ​ဆောင်​သွား​ရန် ပေး​အပ်​ပြီး​လျှင်​ငါ့​အား​ခ​ရီး​ပြု​စေ​၏။-
6 Then went Ieremiah vnto Gedaliah the sonne of Ahikam, to Mizpah, and dwelt there with him among the people that were left in the lande.
ငါ​သည်​လည်း​ဂေ​ဒ​လိ​ထံ​သို့​သွား​၍​မိ​ဇ​ပါ မြို့​တွင်​ကြွင်း​ကျန်​လျက်​ရှိ​သည့်​ပြည်​သူ​ပြည် သား​တို့​နှင့်​အ​တူ​နေ​ထိုင်​လေ​သည်။
7 Nowe when all the captaines of the hoste, which were in the fieldes, euen they and their men heard, that the King of Babel had made Gedaliah the sonne of Ahikam gouernour in the land, and that he had committed vnto him, men, and women, and children, and of the poore of the lande, that were not caried away captiue to Babel,
ယု​ဒ​တပ်​မ​တော်​အ​ရာ​ရှိ​အ​ချို့​နှင့်​စစ်​သူ​ရဲ အ​ချို့​တို့​သည်​လက်​နက်​မ​ချ​ခဲ့​ကြ​ချေ။ သူ တို့​သည်​အ​ဟိ​ကံ​၏​သား​ဂေ​ဒ​လိ​ကို​ဗာ​ဗု လုန်​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် မြို့​သို့​သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​မ​ခံ​ရ​ကြ သူ​တို့​အား​အုပ်​စိုး​စေ​တော်​မူ​ကြောင်း​ကြား​သိ ကြ​၏။ ဤ​သူ​တို့​ကား​တိုင်း​ပြည်​တွင်​အ​ဆင်း​ရဲ ဆုံး​သော​သူ​များ​ဖြစ်​သ​တည်း။-
8 Then they came to Gedaliah to Mizpah, euen Ishmael the sonne of Nethaniah, and Iohanan, and Ionathan the sonnes of Kareah, and Seraiah the sonne of Tanehumeth, and the sonnes of Ephai, the Netophathite, and Iezaniah the sonne of Maachathi, they and their men.
သို့​ဖြစ်​၍​နာ​သ​နိ​၏​သား​ဣ​ရှ​မေ​လ၊ ကာ​ရာ ၏​သား​ယော​ဟ​နန်​နှင့်​ယော​န​သန်၊ တာ​နု​မက်​၏ သား​စ​ရာ​ယ၊ နေ​တော​ဖတ်​မြို့​သား​ဧ​ဖဲ​၏​သား များ၊ မာ​ခ​သိ​မြို့​သား​ယေ​ဇ​နိ​တို့​သည် မိ​မိ တို့​လူ​များ​နှင့်​အ​တူ​ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ မြို့​သို့​လာ​ရောက်​ကြ​၏။-
9 And Gedaliah the sonne of Ahikam, the sonne of Shaphan sware vnto them, and to their men, saying, Feare not to serue the Caldeans: dwell in the lande, and serue the King of Babel, and it shall be well with you.
ထို​အ​ခါ​ဂေ​ဒ​လိ​က``သင်​တို့​သည်​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​အား လက်​နက်​ချ​ရန်​ကြောက်​လန့် နေ​စ​ရာ​မ​လို​ကြောင်း​သင်​တို့​အား​ငါ​က​တိ ပေး​ပါ​၏။ ဤ​ပြည်​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ၍​ဗာ​ဗု​လုန်​ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ကြ​လော့။ သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင် ပြေ​ပါ​လိမ့်​မည်။-
10 As for me, Beholde, I will dwell at Mizpah to serue the Caldeans, which will come vnto vs: but you, gather you wine, and sommer fruites, and oyle, and put them in your vessels, and dwell in your cities, that ye haue taken.
၁၀ငါ​သည်​မိ​ဇ​ပါ​မြို့​တွင်​နေ​၍​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​လာ​ရောက်​ချိန်​၌ သင်​တို့ ကိုယ်​စား​ပြု​ပါ​မည်။ သင်​တို့​မူ​ကား​စ​ပျစ် ရည်၊ သစ်​သီး​နှင့်​သံ​လွင်​ဆီ​တို့​ကို​စု​သိမ်း သို​လှောင်​ကာ မိ​မိ​တို့​ရွာ​များ​တွင်​နေ​ထိုင် ကြ​လော့'' ဟု​ဆို​၏။-
11 Likewise when all the Iewes that were in Moab, and among the Ammonites, and in Edom, and that were in all the countries, heard that the King of Babel had left a remnant of Iudah, and that he had set ouer them Gedaliah the sonne of Ahikam the sonne of Shaphan,
၁၁ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​ဘု​ရင်​သည် ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​ကို ယု​ဒ​ပြည် တွင်​နေ​ထိုင်​ခွင့်​ပြု​၍​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ကံ ၏​သား​ဂေ​ဒ​လိ​ကို​ဘု​ရင်​ခံ​အဖြစ်​ခန့်​ထား တော်​မူ​ကြောင်း​မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဧ​ဒုံ ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​ရှိ​ဟေ​ဗြဲ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ​လေ သည်။-
12 Euen all the Iewes returned out of all places where they were driuen, and came to the land of Iudah to Gedaliah vnto Mizpah, and gathered wine and sommer fruites, very much.
၁၂သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မိ​မိ​တို့​ကွဲ​လွင့်​လျက်​ရှိ​ရာ​အ​ရပ် တ​ကာ​မှ​ယု​ဒ​ပြည်​သို့​ပြန်​လာ​ကြ​၏။ သူ တို့​သည်​ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့​လာ ရောက်​ကြ​ပြီး​လျှင် စ​ပျစ်​ရည်​နှင့်​သစ်​သီး အ​မြောက်​အ​မြား​ကို​သိမ်း​ယူ​ကြ​လေ​သည်။
13 Moreouer Iohanan the sonne of Kareah, and all the captaines of the hoste, that were in the fieldes, came to Gedaliah to Mizpah,
၁၃ထို​နောက်​ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့်​လက် နက်​မ​ချ​ခဲ့​သည့်​စစ်​သူ​ရဲ​တို့​၏​ခေါင်း​ဆောင် များ​သည် ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့​လာ​၍၊-
14 And said vnto him, Knowest thou not that Baalis the King of the Ammonites hath sent Ishmael the sonne of Nethaniah to slay thee? But Gedaliah the sonne of Ahikam beleeued them not.
၁၄ဂေ​ဒ​လိ​အား``အမ္မုန်​ဘု​ရင်​ဗာ​လိတ်​သည်​အ​ရှင့် အား​လုပ်​ကြံ​ရန်​အ​တွက် နာ​သ​နိ​၏​သား​ဣရှ မေ​လ​ကို​စေ​လွှတ်​လိုက်​ကြောင်း​ကို​အ​ရှင်​မ သိ​ပါ​သ​လော'' ဟု​မေး​၏။ သို့​ရာ​တွင်​ဂေ ဒ​လိ​သည်​ထို​စ​ကား​ကို​မ​ယုံ​ကြည်​ချေ။-
15 Then Iohanan the sonne of Kareah spake to Gedaliah in Mizpah secretly, saying, Let me goe, I pray thee, and I will slay Ishmael the sonne of Nethaniah, and no man shall know it. Wherefore should he kill thee, that all the Iewes, which are gathered vnto thee, shoulde be scattered, and the remnant in Iudah perish?
၁၅ထို​အ​ခါ​ယော​ဟ​နန်​က``အ​ကျွန်ုပ်​အား၊ ဣ​ရှ မေ​လ​ကို​သွား​၍​သတ်​ခွင့်​ပြု​ပါ။ သတ်​သော သူ​ကို​မည်​သူ​မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ပါ။ သူ့ အား​အ​ဘယ်​ကြောင့်​အ​ရှင့်​ကို​သတ်​ခွင့်​ပေး ရ​ပါ​မည်​နည်း။ ဤ​သို့​ပြု​ပါ​မူ​အ​ရှင့်​ထံ သို့​လာ​ရောက်​စု​ဝေး​နေ​ကြ​သည့်​ယု​ဒ အ​မျိုး​သား​တို့​သည် ကွဲ​လွင့်​၍​သွား​ကာ ယု​ဒ​ပြည်​တွင်​ကျန်​ရစ်​သူ​အ​ပေါင်း​တို့ သည် ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ​ကြ ပါ​လိမ့်​မည်'' ဟု​တိတ်​တ​ဆိတ်​လျှောက် ထား​၏။
16 But Gedaliah the sonne of Ahikam said vnto Iohanan the sonne of Kareah, Thou shalt not doe this thing: for thou speakest falsely of Ishmael.
၁၆သို့​ရာ​တွင်​ဂေ​ဒ​လိ​က``ထို​သို့​မ​ပြု​ပါ​နှင့်။ ဣ​ရှ​မေ​လ​အ​ကြောင်း​သင်​ပြော​သော​စ​ကား များ​သည်​မ​ဟုတ်​မ​မှန်​ပါ'' ဟု​ပြန်​ပြော​လေ သည်။

< Jeremiah 40 >