< Genesis 6 >
1 So when men began to be multiplied vpon the earth, and there were daughters borne vnto them,
၁မြေကြီး မျက်နှာ ပေါ် မှာလူ တို့သည် များပြား ၍ သမီး များကိုလည်း ရ ကြသောအခါ၊
2 Then the sonnes of God sawe the daughters of men that they were faire, and they tooke them wiues of all that they liked.
၂ဘုရား သခင်၏သား တို့သည် လူ သမီး တို့ လှ ကြောင်း ကိုမြင် ၍ ၊ ကိုယ် စိတ် ရှိသည်အတိုင်း စုံဘက် ကြ၏။
3 Therefore the Lord saide, My Spirit shall not alway striue with man, because he is but flesh, and his dayes shalbe an hundreth and twentie yeeres.
၃ထာဝရဘုရား ကလည်း ငါ့ ဝိညာဉ် သည် လူ တို့တွင် အစဉ် မ ဆုံး မရ။ အကြောင်းမူကား လူ တို့သည် အသား ဖြစ်၏။ သူ ၏အသက် တန်းသည် လည်း၊ အနှစ် တရာ နှစ် ဆယ်ဖြစ် စေဟုမိန့် တော်မူ၏။
4 There were gyants in the earth in those dayes: yea, and after that the sonnes of God came vnto the daughters of men, and they had borne them children, these were mightie men, which in olde time were men of renoume.
၄ထို ကာလ ၌ ၊ မြေကြီး ပေါ် မှာ ကိုယ် ကြီးမားသော သူအချို့ရှိ ကြ၏။ ထိုနောက် ၌လည်း ၊ ဘုရား သခင်၏ သား တို့သည်၊ လူ သမီး တို့နှင့် ဆက်ဆံ၍ ရ သောသားတို့သည်၊ အား ကြီးသောသူ၊ ရှေး ကာလမှစ၍ ၊ ကျော်စော သောသူ ဖြစ် ကြ၏။
5 When the Lord sawe that the wickednesse of man was great in the earth, and all the imaginations of the thoughtes of his heart were onely euill continually,
၅မြေကြီး ပေါ် မှာ လူ အပြစ် ကြီး ၍ ၊ သူ ၏ စိတ်နှလုံး အကြံအစည် ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက် ရှိကြောင်းကို၊ ဘုရား သခင်သိမြင် တော်မူလျှင်၊
6 Then it repented ye Lord, that he had made man in the earth, and he was sorie in his heart.
၆မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသည်ကို နောင်တရ ၍၊ နှလုံး တော်ပူပန် လျက် ရှိတော်မူ၏။
7 Therefore ye Lord said, I will destroy from the earth the man, whom I haue created, from man to beast, to the creeping thing, and to the foule of the heauen: for I repent that I haue made them.
၇ထာဝရဘုရား ကလည်း ၊ ငါဖန်ဆင်း သော လူ ကို၎င်း၊ လူ မှစ၍ သားများ၊ တွား တတ်သော တိရစ္ဆာန် များ၊ မိုဃ်းကောင်းကင် ငှက် များတို့ကို၎င်းမြေကြီး မျက်နှာ မှာ ငါသုတ်သင် ပယ်ရှင်းမည်။ သူ တို့ကို ဖန်ဆင်း သောကြောင့် ငါနောင်တရ သည်ဟု မိန့် တော်မူ၏။
8 But Noah found grace in the eyes of the Lord.
၈နောဧ မူကား ၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ သောသူဖြစ်သတည်း။
9 These are the generations of Noah. Noah was a iust and vpright man in his time: and Noah walked with God.
၉နောဧ အတ္ထုပ္ပတ္တိ ဟူမူကား ၊ နောဧ သည် ဖြောင့်မတ် သောသူ ၊ မိမိ အမျိုး ၌ စုံလင် သောသူဖြစ် ၏။ ဘုရား သခင်နှင့်အတူ သွား လာ၏။
10 And Noah begate three sonnes, Shem, Ham and Iapheth.
၁၀နောဧ သည် ရှေမ ၊ ဟာမ ၊ ယာဖက် တည်း ဟူသော သား သုံး ယောက်ကို မြင် လေ၏။
11 The earth also was corrupt before God: for the earth was filled with crueltie.
၁၁ထိုအခါ မြေကြီး သည် ဘုရား သခင့်ရှေ့ မှာ ပုပ်စပ် လျက်ရှိ၏။ မြေကြီး သည် အဓမ္မ အမှုနှင့် ပြည့်စုံ လေ၏။
12 Then God looked vpon the earth, and beholde, it was corrupt: for all flesh had corrupt his way vpon the earth.
၁၂ဘုရား သခင်သည် မြေကြီး ကိုကြည့်ရှု သောအခါ ၊ ပုပ်စပ် လျက်ရှိသည်ကို မြင် တော်မူ၏။ အကြောင်းမူကား မြေကြီး ပေါ် မှာ လူ အပေါင်း တို့သည် ဖေါက်ပြန် ခြင်းသို့ ရောက်ကြပြီ။
13 And God said vnto Noah, An ende of all flesh is come before me: for the earth is filled with crueltie through them: and beholde, I wil destroy them with the earth.
၁၃ထိုအခါ ဘုရား သခင်သည်၊ နောဧ အား မိန့် တော်မူသည်ကား၊ သတ္တဝါ အပေါင်း တို့၏ အဆုံး သည် ငါ့ မျက်မှောက် တွင် ပေါ် လာပြီ။ သူ တို့ကြောင့် မြေကြီး သည် အဓမ္မ အမှုနှင့်ပြည့်စုံ လေ၏။ အကယ်စင်စစ်မြေကြီး နှင့်တကွ သူ တို့ကို ငါ ဖျက်ဆီး မည်။
14 Make thee an Arke of pine trees: thou shalt make cabines in the Arke, and shalt pitch it within and without with pitch.
၁၄ဂေါဖရ သစ်သား ဖြင့် သင်္ဘော ကို ကိုယ် ဘို့ တည်လုပ် လော့။ အထဲ၌ လည်း အခန်း များကို လုပ် လော့။ အတွင်း ၊ ပြင် ၊ ပတ်လည်ကို ထင်းရူးစေး နှင့် သုတ် လော့။
15 And thus shalt thou make it: The length of the Arke shalbe three hundreth cubites, the breadth of it fiftie cubites, and the height of it thirtie cubites.
၁၅လုပ် ရမည်ပုံ ဟူမူကား၊ သင်္ဘော အလျား အတောင် သုံး ရာ ၊ အနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိစေရမည်။
16 A windowe shalt thou make in the Arke, and in a cubite shalt thou finish it aboue, and the doore of the Arke shalt thou set in the side thereof: thou shalt make it with the lowe, seconde and third roume.
၁၆အပေါ် ၌ လည်းအမိုး ကိုလုပ် ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင် အကျယ် ရှိ စေရမည်။ သင်္ဘော နံ တစ်ဖက်၌ လည်း တံခါး ကို လုပ်ရမည်။ အောက် ဆင့်၊ အလယ် ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံး ဆင့်ကိုလည်း ရှိ စေရမည်။
17 And I, beholde, I will bring a flood of waters vpon the earth to destroy all flesh, wherein is the breath of life vnder the heauen: all that is in the earth shall perish.
၁၇အသက် ရှင် သော သတ္တဝါ အပေါင်း တို့ကို၊ ကောင်းကင် အောက် မှ ငါ့ ကိုယ်တိုင်ပယ်ရှင်း ခြင်းငှါ ၊ မြေကြီး ကို ရေ လွှမ်းမိုး စေသဖြင့် ၊ မြေ ပေါ် မှာ ရှိသမျှ တို့သည် သေ ကြရမည်။
18 But with thee will I establish my couenant, and thou shalt goe into the Arke, thou, and thy sonnes, and thy wife, and thy sonnes wiues with thee.
၁၈သင် ၌ မူကား ၊ ငါ့ ပဋိညာဉ် ကို ငါတည် စေမည်။ သင် သည် သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ရမည်။
19 And of euery liuing thing, of all flesh two of euery sort shalt thou cause to come into the Arke, to keepe them aliue with thee: they shalbe male and female.
၁၉အသက် ရှင်သော တိရစ္ဆာန် အမျိုးမျိုး ထဲက ၊ အထီး အမ ၊ အစုံ တို့ကိုယူ၍၊ သင် နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ ၊ သင်္ဘော ထဲ သို့ သွင်း ရမည်။
20 Of the foules, after their kinde, and of the cattell after their kind, of euery creeping thing of the earth after his kinde, two of euery sort shall come vnto thee, that thou mayest keepe them aliue.
၂၀ငှက် လည်းအမျိုး အလိုက် ၊ သားလည်း အမျိုး အလိုက် ၊ တွား တက်သော တိရစ္ဆာန်အပေါင်း လည်း အမျိုး အလိုက် ၊ အထီးအမ၊ အစုံ တို့သည် အသက် ချမ်းသာစေခြင်းငှါ ၊ သင့် ထံသို့ လာ ကြလိမ့်မည်။
21 And take thou with thee of all meate that is eaten: and thou shalt gather it to thee, that it may be meate for thee and for them.
၂၁ကိုယ် စားစရာအဘို့ ၊ တိရစ္ဆာန် တို့စားစရာ အဘို့ ၊ စား အပ်သော အစာ အမျိုးမျိုး ကို ယူ ၍ သို ထားရမည်ဟု၊ ဘုရားသခင်မှာထားတော်မူ၏။
22 Noah therefore did according vnto all, that God commanded him: euen so did he.
၂၂မှာ ထားတော်မူသည်အတိုင်း လည်း နောဧ ပြု လေ၏။