< Genesis 36 >
1 Nowe these are the generations of Esau, which is Edom.
၁ဧဒုံအမည်ရှိသော ဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊
2 Esau tooke his wiues of the daughters of Canaan: Adah the daughter of Elon an Hittite, and Aholibamah the daughter of Anah, the daughter of Zibeon an Hiuite,
၂ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန၏ သမီး အဟောလိဗာမတယောက်၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊
3 And tooke Basemath Ishmaels daughter, sister of Nebaioth.
၃ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့်၎င်း အိမ်ထောင်လေ၏။
4 And Adah bare vnto Esau, Eliphaz: and Basemath bare Reuel.
၄ဧသောမယား အာဒဘွားသော သားကား၊ ဧလိဖတ်၊ ဗာရှမတ် ဘွားသောသားရွေလတည်း။
5 Also Aholibamah bare Ieush, and Iaalam, and Korah: these are the sonnes of Esau which were borne to him in the land of Canaan.
၅အဟောလိဗာမဘွားသော သားကား၊ယုရှ၊ ယာလံ၊ ကောရတည်း။ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။
6 So Esau tooke his wiues and his sonnes, and his daughters, and all the soules of his house, and his flocks, and all his cattell, and all his substance, which he had gotten in the land of Canaan, and went into an other countrey from his brother Iaakob.
၆ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကို၎င်း၊ သိုးနွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှတို့ကို၎င်း၊ ခါနာန်ပြည်၌ ရတတ်သော ဥစ္စာရှိသမျှတို့ကို၎င်း ယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွား လေ၏။
7 For their riches were so great, that they could not dwell together, and the lande, wherein they were strangers, coulde not receiue them because of their flockes.
၇အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာ များလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ။ သူတို့ နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။
8 Therefore dwelt Esau in mount Seir: this Esau is Edom.
၈သို့ဖြစ်၍ ဧဒုံအမည်ရှိသော ဧသောသည် စိရတောင်ပေါ်မှာ နေလေ၏။
9 So these are the generations of Esau father of Edom in mount Seir.
၉စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏ အဘ ဧသော၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။
10 These are the names of Esaus sonnes: Eliphaz, the sonne of Adah, the wife of Esau, and Reuel the sonne of Bashemath, the wife of Esau.
၁၀ဧသော၏ သားတို့အမည်ကား၊ မယားအာဒ ဘွားသောသား ဧလိဖတ်၊ မယားဗာရှမတ် ဘွားသော သားရွေလတည်း။
11 And the sonnes of Eliphaz were Teman, Omar, Zepho, and Gatam, and Kenaz.
၁၁ဧလိဖတ် သားကား၊ တေမန်၊ ဩမရ၊ ဇေဖေါ၊ ဂါတံ၊ ကေနတ်တည်း။
12 And Timna was concubine to Eliphaz Esaus sonne, and bare vnto Eliphaz, Amalek: these be the sonnes of Adah Esaus wife.
၁၂ဧသောသား ဧလိဖတ်၏မယားငယ်၊ တိမန ဘွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယား အာဒ၏အနွှယ်ဖြစ်သတည်း။
13 And these are the sonnes of Reuel: Nahath, and Zerah, Shammah, and Mizzah: these were the sonnes of Bashemath Esaus wife.
၁၃ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်ဖြစ် သတည်း။
14 And these were the sonnes of Aholibamah the daughter of Anah, daughter of Zibeon Esaus wife: for she bare vnto Esau, Ieush, and Iaalam, and Korah.
၁၄ဇိဘောင်သား အာန၏သမီး၊ ဧသောမယား အဟောလိဗာမ ဘွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။
15 These were Dukes of the sonnes of Esau: the sonnes of Eliphaz, the first borne of Esau: Duke Teman, Duke Omar, Duke Zepho, Duke Kenaz,
၁၅ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူ ကား၊သားဦး ဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖေါ၊ ဗိုလ်ကေနတ်၊
16 Duke Korah, Duke Gatam, Duke Amalek: these are the Dukes that came of Eliphaz in the land of Edom: these were the sonnes of Adah.
၁၆ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့ သည် အာဒ၏အနွှယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသော သားဖြစ်သတည်း။
17 And these are the sonnes of Reuel Esaus sonne: Duke Nahath, Duke Zerah, Duke Shammah, Duke Mizzah: these are the Dukes that came of Reuel in the land of Edom: these are the sonnes of Bashemath Esaus wife.
၁၇ဧသောသား ရွေလ၏ သားကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်၊ ဧဒုံပြည်၌ ရွေလ ရသောသားဖြစ်သတည်း။
18 Likewise these were the sonnes of Aholibamah Esaus wife: Duke Ieush, Duke Iaalam, Duke Korah: these Dukes came of Aholibamah, the daughter of Anah Esaus wife.
၁၈ဧသောမယား အဟောလိဗာမ၏ သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။
19 These are the children of Esau, and these are the Dukes of them: This Esau is Edom.
၁၉ဧဒုံအမည်ရှိသော ဧသော၏ သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။
20 These are the sonnes of Seir the Horite, which inhabited the lande before, Lotan, and Shobal, and Zibeon, and Anah.
၂၀ထိုပြည်၌နေသော ဟောရိအမျိုး၊ စိရ၏သား ကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊
21 And Dishon, and Ezer, and Dishan: these are the Dukes of the Horites, the sonnes of Seir in the land of Edom.
၂၁ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည် ၌ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူ ဖြစ်သတည်း။
22 And the sonnes of Lotan were, Hori and Hemam, and Lotans sister was Timna.
၂၂လောတန်သားကား၊ ဟောရိနှင့် ဟေမံတည်း။
23 And the sonnes of Shobal were these: Aluan, and Manahath, and Ebal, Shepho, and Onam.
၂၃ရှောဗလ သားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖေါ၊ ဩနံတည်း။
24 And these are the sonnes of Zibeon: Both Aiah, and Anah: this was Anah that founde mules in the wildernesse, as he fedde his father Zibeons asses.
၂၄ဇိဘောင်သားကား၊ အာယနှင့်အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်းတို့ကို ထိန်းသော အခါ၊ တော၌နွေးသော စမ်းရေတွင်းတို့ကို တွေ့သော သူပေတည်း။
25 And the children of Anah were these: Dishon and Aholibamah, the daughter of Anah.
၂၅အာနသားကား၊ ဒိရှုန်နှင့်သမီးအဟောလိဗာမ တည်း။
26 Also these are the sonnes of Dishan: Hemdan, and Eshban, and Ithran, and Cheran.
၂၆ဒိရှုန်သားကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။
27 The sonnes of Ezer are these: Bilhan, and Zaauan, and Akan.
၂၇ဧဇာသားကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန် တည်း။
28 The sonnes of Dishan are these: Vz, and Aran.
၂၈ဒိရှန် သားကား၊ ဥဇနှင့်အာရန်တည်း။
29 These are the Dukes of the Horites: Duke Lotan, Duke Shobal, Duke Zibeon, Duke Anah,
၂၉ဟောရိ အမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊
30 Duke Dishon, Duke Ezer, Duke Dishan: these bee the Dukes of the Horites, after their Dukedomes in the land of Seir.
၃၀ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့ သည် စိရပြည်၌ ဗိုလ်လုပ်သော သူတို့တွင်၊ ဟောရိအမျိုး ဗိုလ်ဖြစ်သတည်း။
31 And these are the Kings that reigned in the lande of Edom, before there reigned any King ouer the children of Israel.
၃၁ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ၊ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊
32 Then Bela the sonne of Beor reigned in Edom, and the name of his citie was Dinhabah.
၃၂ဗောရသား ဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။
33 And when Bela dyed, Iobab the sonne of Zerah of Bozra reigned in his steade.
၃၃ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ် သား၊ ဇေရ၏သား ယောဗပ်သည် မင်းပြုလေ၏။
34 When Iobab also was dead, Husham of the land of Temani reigned in his steade.
၃၄ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။
35 And after the death of Husham, Hadad the sonne of Bedad, which slewe Midian in the field of Moab, reigned in his steade, and the name of his citie was Auith.
၃၅ဟုရှံမင်းသေ၍၊ မောဘ လွင်ပြင်၌ မိဒျန်လူ တို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံ အရာ၌ မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။
36 When Hadad was dead, then Samlah of Masrekah reigned in his steade.
၃၆ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။
37 When Samlah was dead, Shaul of Rehoboth by the riuer, reigned in his steade.
၃၇စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာ နေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြု လေ၏။
38 When Shaul dyed, Baal-hanan the sonne of Achbor reigned in his steade.
၃၈ရှောလမင်းသေ၍ သူ၏အရာ၌၊ အာခဗော် သား ဗာလဟာနန်သည် မင်းပြုလေ၏။
39 And after the death of Baal-hanan the sonne of Achbor, Hadad reigned in his stead, and the name of his citie was Pau: and his wiues name Mehetabel the daughter of Matred, the daughter of Mezahab.
၃၉အာခဗော်သား ဗာလဟာနန်မင်းသေ၍ သူ၏ အရာ၌ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီး မဟေတဗေလတည်း။
40 Then these are the names of the Dukes of Esau according to their families, their places and by their names: Duke Timna, Duke Aluah, Duke Ietheth,
၄၀ဧသောမှ ဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ခံရသော ဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူ ဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊
41 Duke Aholibamah, Duke Elah, Duke Pinon,
၄၁ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊
42 Duke Kenaz, Duke Teman, Duke Mibzar,
၄၂ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊
43 Duke Magdiel, Duke Iram: these bee the Dukes of Edom, according to their habitations, in the lande of their inheritance. This Esau is the father of Edom.
၄၃ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည် မိမိနေရာအရပ်၊ မိမိပိုင်သော ပြည်၌၊ ဧဒုံဗိုလ်များ ဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏ အဘ ဖြစ်သတည်း။