< Galatians 1 >
1 Pavl an Apostle (not of men, neither by man, but by Iesus Christ, and God the Father which hath raised him from the dead)
၁လူ နှင့်မ စပ်ဆိုင်၊ လူ ၏အခွင့် မ ရှိဘဲလျက်၊ ယေရှု ခရစ် ၏အခွင့် နှင့် ၎င်း၊ ထိုသခင် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင် ၏ အခွင့်နှင့် ၎င်း၊ တမန်တော် ဖြစ်သောငါ ပေါလုမှစ၍ ၊
2 And all the brethren which are with me, vnto the Churches of Galatia:
၂ငါ့ ထံမှာရှိသော ညီအစ်ကို အပေါင်း တို့သည် ဂလာတိ ပြည်၌ရှိသော အသင်းတော် များကို ကြား လိုက် ပါ၏။
3 Grace be with you, and peace from God the Father, and from our Lord Iesus Christ,
၃သခင် ယေရှု ခရစ် နှင့် ခမည်းတော် ဘုရား ထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
4 Which gaue himself for our sinnes, that he might deliuer vs from this present euill world according to the will of God euen our Father, (aiōn )
၄ထိုသခင် သည် ငါ တို့အဘ တည်းဟူသောဘုရားသခင် ၏အလို တော်နှင့်အညီ ဆိုးညစ် သော ဤပစ္စုပ္ပန် ဘဝ မှ ငါ တို့ကို ကယ်နှုတ် ခြင်းငှာ ၊ ငါ တို့အပြစ် ကြောင့် ကိုယ်ကိုကိုယ် အပ်ပေး တော်မူ၏။ (aiōn )
5 To whom be glory for euer and euer, Amen. (aiōn )
၅ထိုဘုရားသခင် သည်ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။ (aiōn )
6 I marueile that ye are so soone remoued away vnto another Gospel, from him that had called you in the grace of Christ,
၆ခရစ်တော် ၏ ကျေးဇူး အားဖြင့် သင် တို့ကို ခေါ် တော်မူသောသူ နှင့် ဤမျှလောက်မြန်မြန် ခွါ ၍ သင်တို့သည်အခြား သော ဧဝံဂေလိ တရားကို ခံယူကြရသောကြောင့်ငါသည်အံ့ဩ ခြင်းရှိ၏။
7 Which is not another Gospel, saue that there be some which trouble you, and intend to peruert the Gospel of Christ.
၇ထိုဧဝံဂေလိ တရားသည် ဧဝံဂေလိ တရားမ ဟုတ် ။ သင် တို့ကို နှောက်ယှက် ၍ ခရစ်တော် ၏ ဧဝံဂေလိ တရားကို မှောက် လှန်ချင် သောသူ အချို့ ရှိ ကြ၏။
8 But though that we, or an Angel from heauen preach vnto you otherwise, then that which we haue preached vnto you, let him be accursed.
၈သို့သော်လည်း ၊ သင် တို့အားငါ ဟောပြောသော ဧဝံဂေလိတရားမှတစ်ပါးအခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင် ဘုံမှ လာသောကောင်းကင်တမန် ဟောပြော သော်၎င်း၊ ဟောပြောသောသူသည် ကျိန် တော်မူခြင်းကိုခံ စေ။
9 As we sayd before, so say I now againe, If any man preach vnto you otherwise, then that ye haue receiued, let him be accursed.
၉တစ်ဖန်တုံ ၊ သင် တို့ခံယူ ပြီးသော ဧဝံဂေလိ တရားမှတစ်ပါးအခြားသော ဧဝံဂေလိ တရားကို တစ်စုံတစ်ယောက် သောသူဟောပြောလျှင် ၊ ထိုသူသည် ကျိန် တော်မူခြင်းကို ခံ စေဟု ငါတို့ဆို ခဲ့ပြီးသည်အတိုင်း ယခု ငါထပ် ၍ဆို သေး၏။
10 For nowe preach I mans doctrine, or Gods? or go I about to please men? for if I should yet please men, I were not the seruant of Christ.
၁၀အကြောင်းမူကား ၊ ယခု တွင် ငါသည် လူ တို့၏ အလို သို့လိုက်သလော။ ဘုရားသခင် ၏ အလိုတော်ကို လိုက်သလော။ လူတို့ စိတ် ကို နူးညွတ်စေခြင်းငှာရှာကြသလော။ လူတို့ စိတ် ကိုနူးညွတ်စေခြင်းငှာရှာကြံ သေးလျှင် ၊ ခရစ်တော် ၏ အစေခံ ကျွန်မ ဟုတ် ပြီ။
11 Now I certifie you, brethren, that ye Gospel which was preached of me, was not after man.
၁၁ညီအစ်ကို တို့၊ ငါ ဟောပြော သော ဧဝံဂေလိ တရားသည် လူ တို့၏တရားမ ဟုတ် ။
12 For neither receiued I it of man, neither was I taught it, but by the reuelation of Iesus Christ.
၁၂လူ ထံမှာ ငါ ခံရ သည်မ ဟုတ်။ ယေရှု ခရစ် ၏ ဗျာဒိတ် တော်မှတပါး အခြားသောဥပဒေသကို ငါမ ခံ သည်အကြောင်းကို သင်တို့အား ငါကြား လိုက်၏။
13 For ye haue heard of my conuersation in time past, in the Iewish religion, how that I persecuted the Church of God extremely, and wasted it,
၁၃အဘယ်သို့ နည်းဟူမူကား၊ အထက် က ယုဒ ဘာသာ၌ နေ၍ ငါ ကျင့်သောအကျင့် တည်းဟူသောဘုရားသခင် ၏အသင်းတော် ကို အတိုင်း ထက်အလွန် ညှဉ်းဆဲ ဖျက်ဆီး ကြောင်းကို၎င်း ၊
14 And profited in the Iewish religion aboue many of my companions of mine owne nation, and was much more zealous of the traditions of my fathers.
၁၄ဘိုးဘေး တို့၏လက်မှ ငါ ခံရ သောနည်းဥပဒေသ ဘက်၌ အထူးသဖြင့်စိတ်အားသန် လျက် ၊ ငါ ၏ လူမျိုး ထဲ တွင် ငါ့ရွယ်တူ ချင်းအများ တို့ထက် ယုဒ ဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို၎င်း သင်တို့ကြားသိကြရပြီ။
15 But when it pleased God (which had separated me from my mothers wombe, and called me by his grace)
၁၅သို့သော်လည်း ၊ ငါ့ ကိုအမိ ဝမ်း ထဲက ပင်ရွေးချယ် ခွဲထား၍ ကျေးဇူး တော်အားဖြင့် ခေါ် တော်မူသော ဘုရားသခင် သည်၊
16 To reueile his Sonne in me, that I should preach him among the Gentiles, immediatly I communicated not with flesh and blood:
၁၆သားတော်၏ ဧဝံဂေလိတရားကို တစ်ပါး အမျိုးသားတို့၌ ဟောပြော စေမည်အကြောင်း ၊ မိမိ အလိုတော် နှင့်အညီသား တော်ကို ငါ့ အားပြ တော်မူသောအခါ၊ ငါသည်အသွေး အသား နှင့် တိုင်ပင် ခြင်းကိုမ ပြု။
17 Neither came I againe to Hierusalem to them which were Apostles before me, but I went into Arabia, and turned againe vnto Damascus.
၁၇ငါ့ အရင် တမန်တော် ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင် မြို့ သို့ လည်း မ သွား ၊ အာရပ် ပြည်သို့ ချက်ခြင်း သွား ၍ တစ်ဖန် ဒမာသက် မြို့သို့ ပြန် လေ၏။
18 Then after three yeeres I came againe to Hierusalem to visite Peter, and abode with him fifteene dayes.
၁၈ထိုနောက် သုံး နှစ် လွန် ပြီးမှပေတရု ကို အကျွမ်းဝင် လိုသောငှာ၊ ယေရုရှလင် မြို့သို့ သွား ၍ သူ နှင့်အတူ တစ်ဆယ်ငါး ရက် နေ ၏။
19 And none other of the Apostles sawe I, saue Iames the Lords brother.
၁၉သူနှင့်သခင် ဘုရား၏ ညီ တော် ယာကုပ် မှတစ်ပါး အခြား သော တမန်တော် တစ်ယောက်ကိုမျှငါမ တွေ့ မမြင်။
20 Nowe the things which I write vnto you, beholde, I witnes before God, that I lie not.
၂၀ဤသို့ သင် တို့အား ငါရေး ၍ ကြား လိုက်သည် တွင် မုသာ စကားကို ငါမ ပြောမသုံးဟု ဘုရားသခင် ရှေ့ တော်၌ငါဆို၏။
21 After that, I went into the coastes of Syria and Cilicia:
၂၁ထိုနောက် ရှုရိ ပြည်၊ ကိလိကိ ပြည်သို့ ငါသွား ၍ ၊
22 for I was vnknowen by face vnto the Churches of Iudea, which were in Christ.
၂၂ယုဒ ပြည်၌ ခရစ်တော် ၏ဘာသာကို ခံယူသော သင်းဝင် သူ တို့သည် ငါ့မျက်နှာ ကိုမျှမ သိမမှတ်ဘဲနေ ၍ ၊
23 But they had heard onely some say, Hee which persecuted vs in time past, nowe preacheth the faith which before he destroyed.
၂၃ငါ တို့ကိုညှင်းဆဲ ဘူးသောသူ သည် အထက် က မိမိ ဖျက်ဆီး သော ယုံကြည် ခြင်းတရားကို ယခု မိမိ ဟောပြော သည်ဟု သူတို့ကြား ရုံရှိ ကာမျှနှင့် ၊
24 And they glorified God for me.
၂၄ငါ့ အကြောင်းကြောင့် ဘုရားသခင် ကို ချီးမွမ်း ကြ၏။