< Exodus 38 >
1 Also he made the altar of the burnt offering of Shittim wood: fiue cubites was the length therof, and fiue cubites the breadth thereof: it was square and three cubites hie.
၁သူသည်ယဇ်ပလ္လင်ကိုအကာရှသစ်သားဖြင့် ဆောက်လုပ်၏။ ထိုပလ္လင်သည်အလျားခုနစ် ပေခွဲ၊ အနံခုနစ်ပေခွဲ၊ အမြင့်လေးပေခွဲ ရှိ၏။-
2 And hee made vnto it hornes in the foure corners thereof: the hornes thereof were of the same, and he ouerlayd it with brasse.
၂ထောင့်လေးထောင့်ရှိဦးချိုသဏ္ဌာန်အတက်များ သည် ပလ္လင်နှင့်တစ်သားတည်းရှိ၏။ ပလ္လင်တစ်ခု လုံးကိုကြေးဝါပြားကပ်ထား၏။-
3 Also he made al the instruments of the altar: the ashpans, and the besoms, and the basins, the fleshhookes, and the censers: all the instruments thereof made he of brasse.
၃ပလ္လင်နှင့်ဆိုင်သည့်ပစ္စည်းများဖြစ်သောပြာနှင့် အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီးကျီးခံ အိုးတို့ကိုကြေးဝါဖြင့်ပြုလုပ်၏။-
4 Moreouer he made a brasen grate wrought like a net to the Altar, vnder the compasse of it beneath in the middes of it,
၄ကြေးဝါဆန်ခါကို၊ ပလ္လင်အနားအောက် အမြင့်ထက်ဝက်နေရာတွင်တပ်ဆင်ထား၏။-
5 And cast foure rings of brasse for the foure endes of the grate to put barres in.
၅ကြေးဝါဆန်ခါထောင့်လေးထောင့်တွင်ထမ်း ပိုးလျှိုရန် ကွင်းကိုပြုလုပ်၏။-
6 And he made the barres of Shittim wood, and couered them with brasse.
၆ထမ်းပိုးများကိုအကာရှသစ်သားဖြင့် လုပ်၍၊ ကြေးဝါပြားကပ်ထား၏။-
7 The which barres he put into the rings on the sides of the altar to beare it withall, and made it hollow within the boardes.
၇ထမ်းပိုးများကိုပလ္လင်နံဘေးနှစ်ဘက်ရှိ ကွင်းများတွင်လျှိုထား၏။ ပလ္လင်ကိုဟင်း လင်းဖြစ်စေရန်၊ ပျဉ်ဖြင့်စပ်လုပ်၏။
8 Also he made the Lauer of brasse, and the foote of it of brasse of the glasses of the women that did assemble and came together at the doore of the Tabernacle of the Congregation.
၈သူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝတွင် တာဝန်ကျသောအမျိုး သမီးတို့၏ကြေးမုံများဖြင့်၊ ကြေးဝါ အင်တုံနှင့်အောက်ခံကိုပြုလုပ်၏။
9 Finally he made the court on the South side full South: the hangings of the court were of fine twined linnen, hauing an hundreth cubites.
၉သူသည်တဲတော်ကိုကာရန်ကန့်လန့်ကာများ ကို ပိတ်ချောဖြင့်ပြုလုပ်၏။ တောင်ဘက်၌ကာရန် ကန့်လန့်ကာသည်၊ အလျားကိုက်ငါးဆယ်ရှိ၏။-
10 Their pillars were twentie, and their brasen sockets twentie: the hookes of the pillars, and their filets were of siluer.
၁၀ကန့်လန့်ကာကိုချိတ်ဆွဲရန်တိုင်နှစ်ဆယ်နှင့် တိုင်ဖိနပ်နှစ်ဆယ်တိုင်ကိုကြေးဝါဖြင့်လည်း ကောင်း၊ ချိတ်များနှင့်တန်းများကိုငွေဖြင့် လည်းကောင်းပြုလုပ်၏။-
11 And on the Northside the hanginges were an hundreth cubites: their pillars twentie, and their sockets of brasse twentie, the hookes of the pillars and their filets of siluer.
၁၁မြောက်ဘက်ကန့်လန့်ကာသည်လည်း၊ တောင် ဘက်ကန့်လန့်ကာအတိုင်းပင်ဖြစ်၏။-
12 On the Westside also were hangings of fiftie cubites, their ten pillars with their ten sockets: the hookes of the pillars and their filets of siluer.
၁၂အနောက်ဘက်၌ကာရန်ကန့်လန့်ကာသည်၊ အလျားနှစ်ဆယ့်ငါးကိုက်ရှိ၍၊ တိုင်ဆယ်တိုင်၊ တိုင်ဖိနပ်ဆယ်ခု၊ ချိတ်၊ တန်းများကိုငွေဖြင့် ပြုလုပ်၏။-
13 And toward ye Eastside, full East were hangings of fiftie cubites.
၁၃တံခါးဝရှိရာတဲတော်အရှေ့ဘက်ဝင်းသည် လည်း နှစ်ဆယ့်ငါးကိုက်ကျယ်၏။-
14 The hangings of the one side were fifteene cubites, their three pillars, and their three sockets:
၁၄တဲတော်တံခါးဝတစ်ဘက်တစ်ချက်တွင်၊ အနံခုနစ်ကိုက်ခွဲရှိသောကန့်လန့်ကာနှင့် တိုင်သုံးတိုင်၊ တိုင်ဖိနပ်သုံးခုစီရှိ၏။-
15 And of the other side of the court gate on both sides were hangings of fifteene cubites, with their three pillars and their three sockets.
၁၅
16 All the hangings of the court round about were of fine twined linen:
၁၆တဲတော်ဝင်းတစ်လျှောက်ရှိကန့်လန့်ကာ အားလုံးကိုပိတ်ချောဖြင့်ပြုလုပ်သည်။-
17 But the sockets of ye pillars were of brasse: the hookes of the pillars and their filets of siluer, and the couering of their chapiters of siluer: and all the pillars of the court were hooped about with siluer.
၁၇တိုင်ဖိနပ်များကိုကြေးဝါဖြင့်ပြုလုပ်၍၊ တိုင် ချိတ်များ၊ တိုင်တန်းများနှင့်တိုင်ထိပ်အုပ်များ ကိုငွေဖြင့်ပြုလုပ်သည်။ တိုင်အားလုံးကိုငွေ တန်းများဖြင့်ဆက်ထား၏။-
18 He made also the hanging of the gate of the court of needle worke, blewe silke, and purple, and skarlet, and fine twined linen euen twentie cubites long, and fiue cubites in height and bredth, like the hangings of the court.
၁၈တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍ပန်းထိုးထား၏။ တဲတော်ဝင်းကန့်လန့်ကာများကဲ့သို့တံခါး ဝကန့်လန့်ကာသည်အလျားတစ်ဆယ်ကိုက် နှင့်အမြင့်နှစ်ကိုက်ခွဲရှိ၏။-
19 And their pillars were foure with their foure sockets of brasse: their hookes of siluer, and the couering of their chapiters, and their filets of siluer.
၁၉ထိုကန့်လန့်ကာကိုကြေးဝါဖိနပ်လေးခုစွပ် ထားသောတိုင်လေးတိုင်တို့တွင်ချိတ်ဆွဲထား ၏။ ချိတ်များ၊ ထိပ်အုပ်များနှင့်တန်းများကို ငွေဖြင့်ပြုလုပ်၏။-
20 But all the pins of the Tabernacle and of the court round about were of brasse.
၂၀တဲတော်နှင့်ဝင်းအတွက်ကြက်ဆူးရှိသမျှ တို့ကိုကြေးဝါဖြင့်ပြုလုပ်၏။
21 These are the parts of the Tabernacle, I meane, of the Tabernacle of the Testimonie, which was appovnted by the commandement of Moses for the office of the Leuites by the hande of Ithamar sonne to Aaron the Priest.
၂၁ပညတ်တော်ဆယ်ပါးရေးထိုးထားသော ကျောက်ပြားထားရှိရာတဲတော်အတွက် အသုံးပြုသောသတ္တုစာရင်းကိုဖော်ပြ ပေအံ့။ ထိုစာရင်းမှာယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာဦးစီးသော လေဝိအမျိုး သားတို့ကမောရှေ၏အမိန့်အရပြုစု သောစာရင်းဖြစ်၏။
22 So Bezaleel the sonne of Vri the sonne of Hur of the tribe of Iudah, made all that the Lord commanded Moses.
၂၂ယုဒအနွယ်ဟုရ၏မိသားစုမှဥရိ၏သား ဗေဇလေလသည် ထာဝရဘုရားကမောရှေ အားမိန့်မှာတော်မူသမျှတို့ကိုတာဝန်ယူ ဆောင်ရွက်လေ၏။-
23 And with him Aholiab sonne of Ahisamach of the tribe of Dan, a cunning workeman and an embroiderer and a worker of needle work in blew silke, and in purple, and in skarlet, and in fine linen.
၂၃သူ၏အကူအညီဖြစ်သူဒန်၏အနွယ်ထဲမှ အဟိသမက်၏သားအဟောလျဘသည် ပန်းပုအတတ်၊ ပုံစံထုတ်အတတ်ကိုတတ် ကျွမ်းသူ၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောတို့ကိုရက်တတ်သူဖြစ်၏။
24 All ye gold that was occupied in all ye worke wrought for the holy place (which was the gold of the offring) was nine and twentie talents, and seuen hundreth and thirtie shekels, according to the shekel of the Sanctuarie.
၂၄တဲတော်အတွက်လူတို့လှူဒါန်းသောရွှေချိန် စုစုပေါင်းမှာ တရားဝင်ချင်တွယ်နည်းအရ နှစ်ထောင့်တစ်ရာကိုးဆယ့်ငါးပေါင်ရှိ၏။-
25 But the siluer of them that were numbred in the Congregation, was an hundreth talents, and a thousand seuen hundreth seuentie and fiue shekels, after the shekel of the Sanctuarie.
၂၅သန်းခေါင်စာရင်းကောက်ယူစဉ်အခါက၊ ဣသရေလအမျိုးသားတို့ထံမှ ရရှိသော ငွေချိန်မှာတရားဝင်ချင်တွယ်နည်းအရ ခုနစ်ထောင့်ငါးရာငါးဆယ်ပေါင်ရှိ၏။-
26 A portion for a man, that is, halfe a shekel after ye shekel of the Sanctuarie, for all them that were numbred from twentie yeere olde and aboue, among sixe hundreth thousande, and three thousand, and fiue hundreth and fiftie men.
၂၆ထိုငွေချိန်သည်သန်းခေါင်စာရင်းဝင်သူတစ်ဦး ချင်းက တရားဝင်ချင်တွယ်နည်းအရပေးဆောင် သောငွေချိန်စုစုပေါင်းဖြစ်သတည်း။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူသန်းခေါင်စာရင်းဝင် အမျိုးသားဦးရေမှာ ခြောက်သိန်းသုံးထောင်ငါး ရာငါးဆယ်ယောက်ဖြစ်သည်။-
27 Moreouer there were an hundreth talentes of siluer, to cast ye sockets of ye Sanctuary, and the sockets of the vaile: an hundreth sockets of an hundreth talents, a talent for a socket.
၂၇အောက်ခံတစ်ခုလျှင်ငွေချိန်ခုနစ်ဆယ့်ငါး ပေါင်ကျဖြင့် တဲတော်နှင့်ကန့်လန့်ကာအောက် ခံတစ်ရာအတွက်ငွေချိန်ခုနစ်ထောင့်ငါး ရာပေါင်ကိုအသုံးပြုသည်။-
28 But he made the hookes for the pillars of a thousande seuen hundreth and seuentie and fiue shekels, and ouerlayde their chapiters, and made filets about them.
၂၈ချိတ်များ၊ ထိပ်အုပ်များ၊ တန်းများအတွက် ကျန်သေးသောငွေချိန်ပေါင်ငါးဆယ်ကို သုံး၏။-
29 Also the brasse of the offering was seuentie talents, and two thousande, and foure hundreth shekels.
၂၉လူတို့လှူဒါန်းသောကြေးဝါချိန်စုစုပေါင်း မှာ ငါးထောင်သုံးရာ့တစ်ဆယ်ပေါင်ဖြစ်၏။-
30 Whereof he made the sockets to the doore of the Tabernacle of the Congregation, and the brasen altar, and the brasen grate which was for it, with all the instruments of the Altar,
၃၀ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝအတွက် အောက်ခံများ၊ ကြေးဝါပလ္လင်၊ ကြေး ဝါဆန်ခါ၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံး၊-
31 And the sockets of the court round about, and the sockets for the court gate, and al the pins of the Tabernacle, and all the pins of the court round about.
၃၁တဲတော်ဝင်းနှင့်တံခါးဝအတွက်အောက်ခံ များ၊ တဲတော်နှင့်တဲတော်ဝင်းအကာအရံ အတွက်ကြက်ဆူးရှိသမျှတို့ကိုထို ကြေးဝါဖြင့်ပြုလုပ်၏။