< Esther 6 >
1 The same night the King slept not, and he comanded to bring ye booke of the records, and the chronicles: and they were read before ye King.
၁ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်သောကြောင့်၊ နန်းတော်မှတ်စာကို ယူခဲ့ဟု မိန့်တော်မူ၍ ရှေ့တော်၌ ဘတ်ရကြ၏။
2 Then it was found written that Mordecai had tolde of Bigtana, and Teresh two of the Kings eunuches, keepers of the dore, who sought to lay hands on the King Ahashuerosh.
၂ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး၊ တံခါးစောင့်နှစ်ယောက်၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲ ဘော်ပြကြောင်း ကိုတွေ့လျှင်၊
3 Then the King sayde, What honour and dignitie hath bene giuen to Mordecai for this? And the Kings seruants that ministred vnto him, sayd, There is nothing done for him.
၃ရှင်ဘုရင်က၊ ထိုအကြံကို ဘော်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆုအဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့ က၊ အဘယ်ဆုကို၏မျှ ပေးတော်မမူပါသေးဟု ပြန် လျှောက်ကြ၏။
4 And the King sayde, Who is in the court? (Now Haman was come into the inner court of the Kings house, that he might speake vnto the King to hang Mordecai on the tree that he had prepared for him.)
၄ရှင်ဘုရင်ကလည်း၊ တန်တိုင်းတွင်း၌ အဘယ်သူ ရှိသနည်းဟု မေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့် သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည် အကြောင်း၊ နန်းတော်ပြင် တန်တိုင်းတွင်းသို့ ဝင်မိသည် ဖြစ်၍၊
5 And the Kings seruants said vnto him, Behold, Haman standeth in the court. And the King sayd, Let him come in.
၅ရှင်ဘုရင်၏ ကျွန်တို့က၊ ဟာမန်သည် တန်တိုင်း တော်တွင်း၌ရှိပါ၏ဟု လျှောက်ကြသော်၊ အထဲသို့ ဝင်စေ ဟု မိန့်တော်မူ၏။
6 And when Haman came in, the King saide vnto him, What shalbe done vnto ye man, whom the King will honour? Then Haman thought in his heart, To whom would the King do honour more then to me?
၆ဟာမန်သည်ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသော သူ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင်၊ ဟာမန်က ငါမှတပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသောသူ တစုံတယောက်ရှိနိုင်သလောဟု စိတ်ထဲမှာ အောက်မေ့လျက်၊
7 And Haman answered the King, The man whome the King would honour,
၇ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူအဘို့၊
8 Let them bring for him royall apparell, which the King vseth to weare, and the horse that the King rideth vpon, and that the crowne royall may be set vpon his head.
၈ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက် တန်ဆာ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော်၊ ဆောင်း တော်မူသော ရာဇသရဖူကို ယူခဲ့၍၊
9 And let the raiment and the horse be deliuered by the hand of one of the Kings most noble princes, and let them apparel the man (whome the King will honour) and cause him to ride vpon the horse thorow the streete of the citie, and proclayme before him, Thus shall it be done vnto the man, whome the King will honour.
၉ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီး သောမှူးတော်မတ်တော်တပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ၊ အလိုတော်ရှိသော သူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီး လျှင်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည် ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန် လျှောက်လေ၏။
10 Then the King said to Haman, Make haste, take the rayment and the horse as thou hast said, and doe so vnto Mordecai the Iewe, that sitteth at the Kings gate: let nothing fayle of all that thou hast spoken.
၁၀ထိုအခါ ရှင်ဘုရင်က၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား၍၊ အဝတ်တန်ဆာနှင့် မြင်းတော်ကို ယူပြီးလျှင်၊ ယုဒအမျိုးသား၊ နန်းတော်တံခါးမှူး မော်ဒကဲ၌ ပြုလော့။ သင်ပြောသမျှတွင်၊ တစုံတခုမျှမလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ၏။
11 So Haman tooke the rayment and the horse, and arayed Mordecai, and brought him on horse backe thorowe the streete of the citie, and proclaymed before him, Thus shall it be done to the man whom the King will honour.
၁၁ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကို ယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွား လျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။
12 And Mordecai came againe to the Kings gate, but Haman hasted home mourning and his head couered.
၁၂သို့ပြီးမှ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကို ခြုံလျက်၊ မိမိအိမ်သို့ အလျင်အမြန်သွား ပြီးလျှင်၊
13 And Haman tolde Zeresh his wife, and all his friends all that had befallen him. Then sayd his wise men, and Zeresh his wife vnto him, If Mordecai be of the seede of the Iewes, before whom thou hast begunne to fall; thou shalt not preuaile against him, but shalt surely fall before him.
၁၃မိမိ၌ဖြစ်လေသမျှကို မယားဇရက်နှင့် အဆွေ ခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက် နှင့် ဟာမန်၏ အဆွေပညာရှိတို့ကလည်း၊ ကိုယ်တော် ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ် တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည် ဟု ပြန်ပြောကြ၏။
14 And while they were yet talking with him, came the Kings eunuches and hasted to bring Haman vnto the banket that Ester had prepared.
၁၄ထိုသို့ပြောဆိုစဉ်တွင်၊ နန်းတော်မိန်းမစိုးတို့သည် လာ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင် အမြန် ခေါ်သွားကြ၏။