< Esther 5 >

1 And on the third day Ester put on her royal apparel, and stood in the court of the Kings palace within, ouer against the Kings house: and the King sate vpon his royal throne in the Kings palace ouer against the gate of the house.
ဧ​သ​တာ​သည်​မိ​မိ​အ​စာ​ရှောင်​၍ သုံး​ရက်​မြောက် သော​နေ့​၌​မိ​ဖု​ရား​၏​အ​ဝတ်​တန်​ဆာ​ကို​ဝတ် ဆင်​ကာ ရာ​ဇ​ပလ္လင်​တည်​ရာ​ခန်း​မ​ဆောင်​၏​ရှေ့ ၌​ရှိ​သော​နန်း​တော်​အ​တွင်း​တံ​တိုင်း​သို့​သွား ၍​ရပ်​နေ​လေ​သည်။ မင်း​ကြီး​သည်​အ​ဝင်​ဝ ဘက်​သို့​လှည့်​၍​ထိုင်​လျက်​နေ​၏။-
2 And when the King saw Ester the Queene standing in the court, shee founde fauour in his sight: and the King held out the golden scepter that was in his hand: so Ester drewe neere, and touched the toppe of the scepter.
သူ​သည်​မိ​ဖု​ရား​ဧ​သ​တာ​ကို​မြင်​သော​အ​ခါ နူး​ညွတ်​သော​စိတ်​ရှိ​သ​ဖြင့် ရာ​ဇ​လှံ​တံ​ကို​ကမ်း ၍​ပေး​တော်​မူ​၏။ ဧ​သ​တာ​သည်​ချဉ်း​ကပ်​လာ ပြီး​လျှင်​ရာ​ဇ​လှံ​တံ​ကို​တို့​ထိ​လိုက်​လေ သည်။-
3 Then saide the King vnto her, What wilt thou, Queene Ester? and what is thy request? it shall be euen giuen thee to the halfe of ye kingdome.
မင်း​ကြီး​က``မိ​ဖု​ရား​ဧ​သ​တာ၊ အ​ကြောင်း အ​ဘယ်​သို့​ရှိ​သ​နည်း။ သင်​တောင်း​လို​သော ဆု​ကို​ငါ့​အား​ပြော​ကြား​လော့။ ငါ​၏​အင်​ပါ ယာ​နိုင်​ငံ​တစ်​ဝက်​ကို​ပင်​တောင်း​လျှင်​ငါ​ပေး မည်'' ဟု​ဆို​၏။
4 Then saide Ester, If it please the King, let the King and Haman come this day vnto the banket, that I haue prepared for him.
ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော် မူ​ပါ​လျှင် ယ​နေ့​ည​ကျွန်​တော်​မ​ပြင်​ဆင်​ထား သည့်​ည​စာ​စား​ပွဲ​သို့​ဟာ​မန်​နှင့်​အ​တူ​ကြွ ရောက်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
5 And the King sayd, Cause Haman to make haste that he may doe as Ester hath sayde. So the King and Haman came to the banket that Ester had prepared.
ထို​နောက်​မင်း​ကြီး​သည်​ဧ​သ​တာ​၏​အ​လို ပြည့်​စေ​ရန် ဟာ​မန်​အား​အ​လျင်​အ​မြန်​ခေါ် ယူ​တော်​မူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့​ကြွ​တော်​မူ​၏။-
6 And the King sayd vnto Ester at the banket of wine, What is thy petition, that it may be giuen thee? and what is thy request? it shall euen be performed vnto the halfe of the kingdome.
မင်း​ကြီး​သည်​စ​ပျစ်​ရည်​သောက်​လျက်​နေ​စဉ် ဧ​သ​တာ​အား``သင်​တောင်း​လို​သော​ဆု​ကို​ငါ့ အား​ပြော​ကြား​လော့။ သင့်​အား​ငါ​ပေး​မည်။ ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​ဝက်​ကို​ပင် တောင်း​ခံ​လျှင်​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
7 Then answered Ester, and sayd, My petition and my request is,
ဧ​သ​တာ​က​အ​ကယ်​၍​အ​ရှင်​မင်း​ကြီး သည် ကျွန်​တော်​မ​တောင်း​ခံ​သည့်​ဆု​ကို​ပေး တော်​မူ​မည်​ဆို​ပါ​က နက်​ဖြန်​ခါ​အ​ရှင်​၏ အ​တွက်​ကျွန်​တော်​မ​ပြင်​ဆင်​ကျွေး​မွေး​မည့် ည​စာ​စား​ပွဲ​သို့​လည်း ဟာ​မန်​နှင့်​အ​တူ​ကြွ တော်​မူ​ပါ။ ထို​အ​ခါ​ကျွန်​တော်​မ​တောင်း​လို သော​ဆု​ကို​ပြော​ကြား​ပါ​မည်'' ဟု​လျှောက် လေ​၏။
8 If I haue found fauour in the sight of the King, and if it please the King to giue me my petition, and to perfourme my request, let the King and Haman come to the banket that I shall prepare for them, and I will doe to morowe according to the Kings saying.
9 Then went Haman forth the same day ioyfull and with a glad heart. But when Haman sawe Mordecai in the Kings gate, that he stoode not vp, nor moued for him, then was Haman full of indignation at Mordecai.
ည​စာ​စား​ပွဲ​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ဟာ​မန် သည်​ဝမ်း​မြောက်​ပျော်​ရွှင်​လျက်​နေ​၏။ သို့​ရာ တွင်​သူ​သည်​မော်​ဒ​ကဲ​ကို​နန်း​တော်​အ​ဝင်​ဝ တွင်​တွေ့​ရှိ​ရ​၍ မော်​ဒ​ကဲ​က​သူ့​အား​အ​ရို အ​သေ​မ​ပြု​သော​အ​ခါ​၌​မူ​ပြင်း​စွာ အ​မျက်​ထွက်​လေ​သည်။-
10 Neuerthelesse Haman refrayned himselfe: and when he came home, he sent, and called for his friends, and Zeresh his wife.
၁၀သို့​သော်​လည်း​သူ​သည်​မိ​မိ​စိတ်​ကို​ချုပ်​တည်း လျက်​အိမ်​သို့​ပြန်​ပြီး​လျှင် မိတ်​ဆွေ​များ​ကို မိ​မိ​အိမ်​သို့​ခေါ်​ဖိတ်​ကာ​မိ​မိ​ဇ​နီး​ဇေ​ရတ် ကို​လည်း​သူ​တို့​နှင့်​အ​တူ​ထိုင်​စေ​၏။-
11 And Haman tolde them of the glory of his riches, and the multitude of his children, and all the things wherein the King had promoted him, and how that he had set him aboue the princes and seruants of the King.
၁၁ထို​နောက်​ဟာ​မန်​သည်​မိ​မိ​အ​ဘယ်​မျှ​ချမ်း သာ​ကြွယ်​ဝ​ကြောင်း မိ​မိ​မှာ​သား​ယောကျာ်း အ​ဘယ်​မျှ​ရှိ​ကြောင်း၊ မိ​မိ​အား​ဘု​ရင်​မင်း မြတ်​သည်​ကြီး​မြင့်​သည့်​ရာ​ထူး​ဖြင့်​အ​ဘယ် သို့​ချီး​မြှင့်​တော်​မူ​ကြောင်း၊ မိ​မိ​သည်​အ​ခြား မင်း​အ​ရာ​ရှိ​များ​ထက် အ​ဘယ်​မျှ​ပို​၍​အ​ရေး ပါ​အ​ရာ​ရောက်​ကြောင်း​များ​ကို​ကြွား​ဝါ​ပြော ဆို​လေ​သည်။-
12 Haman sayde moreouer, Yea, Ester the Queene did let no man come in with the King to the banket that she had prepared, saue me: and to morowe am I bidden vnto her also with the King.
၁၂သူ​သည်​ဆက်​လက်​၍``ဤ​အ​မှု​အ​ရာ​များ အ​ပြင်​မိ​ဖု​ရား​ဧ​သ​တာ​က​လည်း​မင်း​ကြီး နှင့်​ငါ​သာ​လျှင် ည​စာ​စား​ပွဲ​နှင့်​ဧည့်​ခံ​ခဲ့ ပါ​၏။ နက်​ဖြန်​ခါ​လည်း​ငါ​တို့​အား​ည​စာ စား​ပွဲ​သို့​ဖိတ်​ကြား​ထား​ပါ​သေး​သည်။-
13 But al this doth nothing auaile me, as long as I see Mordecai ye Iewe sitting at ye Kings gate.
၁၃သို့​ရာ​တွင်​နန်း​တော်​တံ​ခါး​ဝ​တွင်​ယု​ဒ​အ​မျိုး သား​မော်​ဒ​ကဲ​ထိုင်​လျက်​နေ​သည်​ကို ငါ​တွေ့​မြင် နေ​ရ​သ​မျှ​ကာ​လ​ပတ်​လုံး ယ​ခု​ဖော်​ပြ​သ​မျှ တို့​သည်​ငါ့​အ​တွက်​အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း'' ဟု​ဆို​၏။
14 Then sayde Zeresh his wife and all his friends vnto him, Let them make a tree of fiftie cubites hie, and to morowe speake thou vnto the King, that Mordecai may be hanged thereon: then shalt thou goe ioyfully with the King vnto the banket. And the thing pleased Haman, and he caused to make the tree.
၁၄ထို့​အ​ခါ​သူ​၏​ဇ​နီး​နှင့်​မိတ်​ဆွေ​အ​ပေါင်း တို့​က​သူ့​အား``ခု​နစ်​ဆယ့်​ငါး​ပေ​မြင့်​သည့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​ပါ​လော့။ မော်​ဒ​ကဲ အား​ထို​လည်​ဆွဲ​တိုင်​တွင်​တင်​၍​သတ်​ရန် နက် ဖြန်​နံ​နက်​၌​မင်း​ကြီး​အား​လျှောက်​ထား​ပါ လော့။ ထို​နောက်​ပျော်​ရွှင်​စွာ​ည​စာ​စား​ပွဲ​သို့ သွား​နိုင်​ပါ​လိမ့်​မည်'' ဟု​အ​ကြံ​ပေး​ကြ​၏။ ဟာ​မန်​သည်​ထို​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​၏။

< Esther 5 >