< Ephesians 4 >
1 I therefore, being prisoner in the Lord, praie you that yee walke worthie of the vocation whereunto yee are called,
၁သို့ဖြစ်၍သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောကြောင့် အကျဉ်းခံရသူငါ သည်သင်တို့အားနှိုးဆော်ပါ၏။ သင်တို့ သည်ဘုရားသခင်ရွေးချယ်ခေါ်ယူတော် မူခြင်းကိုခံရသည်နှင့်အညီကျင့်ကြံ ပြုမူကြလော့။-
2 With all humblenesse of minde, and meekenesse, with long suffering, supporting one an other through loue,
၂အစဉ်စိတ်နှလုံးနှိမ့်ချကြလော့။ သိမ်မွေ့ နူးညံ့ကြလော့။ စိတ်ရှည်ကြလော့။ တစ်ဦး ကိုတစ်ဦးသည်းခံခြင်းအားဖြင့်မေတ္တာပြ ကြလော့။-
3 Endeuouring to keepe the vnitie of the Spirit in the bond of peace.
၃သင်တို့အားစည်းလုံးစေသောငြိမ်သက်ခြင်း အားဖြင့် ဝိညာဉ်တော်ကပေးသောစည်လုံးညီ ညွတ်မှုကိုအစွမ်းကုန်ထိန်းသိမ်းကြလော့။-
4 There is one body, and one Spirit, euen as yee are called in one hope of your vocation.
၄သင်တို့အားဘုရားသခင်ရွေးချယ်ခေါ်ယူ တော်မူခြင်းကြောင့်မျှော်လင့်ခြင်းတစ်ပါး တည်းရှိသကဲ့သို့ကိုယ်ခန္ဓာတော်တစ်ပါး တည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိတော်မူ၏။-
5 There is one Lord, one Faith, one Baptisme,
၅သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဗတ္တိဇံတစ်ပါးတည်း၊-
6 One God and Father of all, which is aboue all, and through all, and in you all.
၆လူသားအပေါင်းတို့၏အဖဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် လူခပ်သိမ်းတို့ကိုအုပ်စိုးတော်မူ၍ လူခပ်သိမ်း တို့အားဖြင့်လုပ်ဆောင်တော်မူလျက်လူခပ်သိမ်း တို့အထဲတွင်ရှိတော်မူ၏။
7 But vnto euery one of vs is giuen grace, according to the measure of the gift of Christ.
၇ခရစ်တော်ချပေးတော်မူသည်အတိုင်းငါတို့ တစ်ဦးစီသည်ထူးမြတ်သည့်ဆုကျေးဇူးကို ခံစားကြရပေသည်။-
8 Wherfore he saith, Whe he asceded vp on hie, he led captiuity captiue, and gaue gifts vnto men.
၈ကျမ်းစာလာသည်အတိုင်း၊ ``ကိုယ်တော်သည်အထက်ဘဝဂ်သို့ တက်ကြွတော်မူသောအခါ မိမိနှင့်အတူသုံ့ပန်းအမြောက်အမြားကို ခေါ်ဆောင်သွားတော်မူ၏။ လူသားတို့အားဆုကျေးဇူးများကိုချပေးတော် မူ၏။''
9 (Nowe, in that hee ascended, what is it but that he had also descended first into the lowest partes of the earth?
၉ကိုယ်တော်တက်ကြွတော်မူသည်ဆိုရာ၌ အဘယ် ကိုဆိုလိုပါသနည်း။ ကိုယ်တော်သည်အနိမ့်ဆုံး အရပ်မြေကြီးသို့ ဦးစွာဆင်းသက်တော်မူသည် ဟုဆိုလိုပေသည်။-
10 Hee that descended, is euen the same that ascended, farre aboue all heauens, that hee might fill all things)
၁၀သို့ဖြစ်၍ဆင်းသက်တော်မူသောအရှင်ကား စကြဝဠာတစ်ခုလုံးတွင်ရှိတော်မူရန် မိုး ကောင်းကင်ဘဝဂ်သို့တက်ကြွတော်မူသော အရှင်ပေတည်း။-
11 Hee therefore gaue some to be Apostles, and some Prophets, and some Euangelists, and some Pastours, and Teachers,
၁၁လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
12 For the repairing of the Saintes, for the woorke of the ministerie, and for the edification of the bodie of Christ,
၁၂ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။-
13 Till we all meete together (in the vnitie of faith and that acknowledging of the Sonne of God) vnto a perfite man, and vnto the measure of the age of the fulnesse of Christ,
၁၃ထို့ကြောင့်ငါတို့၏ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိ ကျွမ်းခြင်းအားဖြင့်လည်းကောင်း ငါတို့ရရှိ သမျှသည်တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် ခရစ်တော်၏ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သည့်သူများအဖြစ်သို့ရောက်ကြ ပေအံ့။-
14 That we henceforth be no more children, wauering and caried about with euery winde of doctrine, by the deceit of men, and with craftines, whereby they lay in wait to deceiue.
၁၄ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။-
15 But let vs folowe the truth in loue, and in all things, grow vp into him, which is the head, that is, Christ.
၁၅ငါတို့သည်မေတ္တာနှင့်သမ္မာတရားကိုဟောပြော သောအားဖြင့် အသင်းတော်၏ဦးခေါင်းဖြစ်တော် မူသောခရစ်တော်၌အစစအရာရာတွင်ကြီး ပွားတိုးတက်မှုရှိရကြပေမည်။-
16 By whome al the body being coupled and knit together by euery ioynt, for ye furniture therof (according to the effectual power, which is in the measure of euery part) receiueth increase of the body, vnto the edifying of itselfe in loue.
၁၆ကိုယ်တော်၏စီမံအုပ်ချုပ်မှုအောက်တွင်ကိုယ်အင်္ဂါ ရှိသမျှတို့သည်တစ်ခုနှင့်တစ်ခုအဆစ်အပိုင်း များဖြင့်ဆက်စပ်လျက်နေကြ၏။ သို့ဖြစ်၍ကိုယ် အင်္ဂါအသီးသီးတို့သည် မိမိတို့သက်ဆိုင်ရာ အလုပ်တာဝန်ကိုဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးကိုမေတ္တာတရားအား ဖြင့်တည်ဆောက်၍ကြီးပွားစေလေသည်။
17 This I say therefore and testifie in the Lord, that yee hencefoorth walke not as other Gentiles walke, in vanitie of their minde,
၁၇သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။-
18 Hauing their vnderstanding darkened, and being strangers from the life of God through the ignorance that is in them, because of the hardnesse of their heart:
၁၈သူတို့သည်ဉာဏ်အလင်းကွယ်၍အသိတရား လုံးဝကင်းမဲ့လျက်ခေါင်းမာကြသဖြင့် ဘုရား သခင်ချမှတ်ပေးတော်မူသောအသက်နှင့် ကင်းကွာလျက်ရှိကြ၏။-
19 Which being past feeling, haue giuen themselues vnto wantonnesse, to woorke all vncleannesse, euen with griedinesse.
၁၉ရှက်ကြောက်စိတ်လုံးဝမရှိတော့သဖြင့်သူတို့ သည်ကာမဂုဏ်လိုက်စားကာ ညစ်ညမ်းသောအကျင့် အမျိုးမျိုးတို့ကိုအချုပ်အချယ်မရှိပြုကျင့် ကြပေသည်။
20 But yee haue not so learned Christ,
၂၀ခရစ်တော်၏လမ်းစဉ်သည်ထိုလမ်းစဉ်မဟုတ် ကြောင်းကိုသင်တို့သင်ကြားခဲ့ကြပြီ။-
21 If so be yee haue heard him, and haue bene taught by him, as the trueth is in Iesus,
၂၁ကိုယ်တော်၏အကြောင်းကိုအမှန်ပင်သင်တို့ကြားနာ ကြရပြီ။ ကိုယ်တော်၏တပည့်များအနေဖြင့် သခင် ယေရှု၏သမ္မာတရားတော်အကြောင်းကိုသင်ကြား ခဲ့ကြပြီ။-
22 That is, that yee cast off, concerning the conuersation in time past, that olde man, which is corrupt through the deceiueable lustes,
၂၂သို့ဖြစ်၍အထက်ကကျင်လည်ခဲ့သောလူဟောင်း ဘဝကိုစွန့်ပစ်လော့။ လှည့်ဖြားတတ်သောဆန္ဒများ ကြောင့်ယိုယွင်းပျက်စီးသည့်လူဟောင်းကိုစွန့်လွှတ် ကြလော့။-
23 And be renued in the spirit of your minde,
၂၃သင်တို့သည်စိတ်သစ်သဘောသစ်ကိုခံယူကြ ရမည်။-
24 And put on ye new man, which after God is created vnto righteousnes, and true holines.
၂၄ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်း ခြင်းကိုခံရ၍ သမ္မာတရားဆိုင်ရာဖြောင့်မတ် သန့်ရှင်းသူလူသစ်ဖြစ်ကြရမည်။
25 Wherefore cast off lying, and speake euery man truth vnto his neighbour: for we are members one of another.
၂၅ထို့ကြောင့်မုသားကိုမပြောကြနှင့်။ ငါတို့အပေါင်း သည် ခရစ်တော်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ် ကြသဖြင့် ယုံကြည်သူအချင်းချင်းအားသစ္စာ စကားကိုပြောကြလော့။-
26 Bee angrie, but sinne not: let not the sunne goe downe vpon your wrath,
၂၆သင်တို့သည်အပြစ်ကူးရာရောက်သည့်တိုင်အောင် အမျက်မထွက်ကြနှင့်။ နေမဝင်မီအမျက်ကို ပြေငြိမ်းစေကြလော့။-
27 Neither giue place to the deuill.
၂၇မာရ်နတ်ကိုအခွင့်မပေးကြနှင့်။-
28 Let him that stole, steale no more: but let him rather labour, and worke with his handes the thing which is good, that hee may haue to giue vnto him that needeth.
၂၈ခိုးဝှက်ဖူးသူသည်နောက်တစ်ဖန်မခိုးဝှက်တော့ဘဲ ချို့တဲ့သူများအားဝေမျှပေးကမ်းနိုင်ရန် မိမိ လက်ဖြင့်အလုပ်ကိုရိုးဖြောင့်စွာကြိုးစားလုပ် ကိုင်စေ။-
29 Let no corrupt comunication proceed out of your mouths: but that which is good, to ye vse of edifying, that it may minister grace vnto the hearers.
၂၉ညစ်ညမ်းသည့်စကားတစ်ခွန်းကိုမျှသင်တို့နှုတ်မှ မထွက်စေနှင့်။ သူတစ်ပါးတို့အားအကျိုးရှိစေမည့် စကား၊ အပြုသဘောပါသည့်စကားကိုသာ ပြောကြားကြလော့။ သို့မှသာလျှင်သင်တို့၏စကား ကိုကြားကြသူတို့သည်အကျိုးကျေးဇူးခံစား ရလိမ့်မည်။-
30 And grieue not the holy Spirit of God, by whom ye are sealed vnto ye day of redemption.
၃၀ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။-
31 Let all bitternesse, and anger, and wrath, crying, and euill speaking be put away from you, with all maliciousnesse.
၃၁ထို့ကြောင့်နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက် ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ သူတစ်ပါး အသရေဖျက်ခြင်း၊ ခပ်သိမ်းသောမုန်းတီးခြင်း တို့ကိုပယ်ရှားကြလော့။-
32 Be ye courteous one to another, and tender hearted, freely forgiuing one another, euen as God for Christes sake, freely forgaue you.
၃၂သင်တို့သည်တစ်ဦးကိုတစ်ဦးသနားချစ်ခင်ကြ လော့။ ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ အားအပြစ်လွှတ်တော်မူသည့်နည်းတူ သင်တို့သည် လည်းတစ်ဦးနှင့်တစ်ဦးအပြစ်လွှတ်ကြလော့။