< Acts 4 >

1 And as they spake vnto the people, the Priestes and the Captaine of the Temple, and the Sadduces came vpon them,
ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လူ​တို့​အား ဟော​ပြော​လျက်​နေ​ကြ​စဉ်​ယဇ်​ပု​ရော​ဟိတ် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့်​ဇဒ္ဒုကဲ များ​သည်​ရောက်​လာ​ကြ​၏။-
2 Taking it grieuously that they taught the people, and preached in Iesus Name the resurrection from the dead.
တ​မန်​တော်​တို့​သည် သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ရှင်​ပြန်​ထ​မြောက်​သည့်​အ​ကြောင်း​ကို​ဟော​ပြော လျက်​နေ​သ​ဖြင့် ဇဒ္ဒု​ကဲ​တို့​စိတ်​ဆိုး​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သေ​ခြင်း မှ​ရှင်​ပြန်​ထ​မြောက်​မှု​သည် သူ​သေ​တို့​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟူ​သော​အ​ယူ​ဝါ​ဒ မှန်​ကန်​ကြောင်း​ကို သက်​သေ​ထူ​လျက်​ရှိ​သော ကြောင့်​ဖြစ်​၏။-
3 And they layde handes on them, and put them in holde, vntill the next day: for it was now euentide.
သို့​ဖြစ်​၍​သူ​တို့​သည်​တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ကြ​ပြီး​နောက် ည​ချမ်း​အ​ချိန်​ရှိ ပြီ​ဖြစ်​၍ နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် ချုပ်​နှောင်​ထား​ကြ​၏။-
4 Howbeit, many of them which heard the word, beleeued, and the number of the men was about fiue thousand.
သို့​ရာ​တွင်​တ​ရား​နာ​သော​သူ​အ​မြောက် အ​မြား​ပင် ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည် လာ​ကြ​၏။ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် ငါး​ထောင်​ခန့်​တိုး​ပွား​လာ​သ​တည်း။
5 And it came to passe on the morow, that their rulers, and Elders, and Scribes, were gathered together at Hierusalem,
နောက်​တစ်​နေ့​၌​ယု​ဒ​ခေါင်း​ဆောင်​များ၊ အ​ကြီး အ​ကဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​ပြီး​လျှင်၊-
6 And Annas the chiefe Priest, and Caiaphas, and Iohn, and Alexander, and as many as were of the kindred of the hie Priestes.
ယဇ်​ပု​ရော​ဟိတ်​မင်း​အန္နတ်​နှင့်​တ​ကွ​သူ​၏ အိမ်​ထောင်​စု​သား​များ​ဖြစ်​သည့်​က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇန္ဒြေု​အ​စ​ရှိ​သော​သူ အ​ပေါင်း​တို့​နှင့်​တွေ့​ဆုံ​တိုင်​ပင်​ကြ​၏။-
7 And whe they had set them before them, they asked, By what power, or in what Name haue ye done this?
ထို​သူ​တို့​သည်​မိ​မိ​တို့​ရှေ့​တွင်​တ​မန်​တော် နှစ်​ပါး​ကို​ရပ်​စေ​၍``သင်​တို့​သည်​မည်​သည့် တန်​ခိုး၊ မည်​သည့်​နာ​မ​အား​ဖြင့်​ဤ​အ​မှု ကို​ပြု​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။
8 Then Peter ful of the holy Ghost, said vnto them, Ye rulers of the people, and Elders of Israel,
ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ဖြင့်​ပြည့်​ဝ​လျက်``လူ​တို့​၏​ခေါင်း​ဆောင် တို့​နှင့်​အ​ကြီး​အ​ကဲ​တို့၊-
9 For as much as we this day are examined of the good deede done to the impotent man, to wit, by what meanes he is made whole,
ခြေ​မ​စွမ်း​မ​သန်​သူ​တစ်​ယောက်​ကို​ကောင်း ကျိုး​ပြု​သည့်​အ​ကြောင်း၊ သူ​စွမ်း​သန်​လာ​ပုံ အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယ​နေ့​ငါ​တို့​အ​စစ် ခံ​ရ​ကြ​၏။-
10 Be it knowen vnto you all, and to all the people of Israel, that by the Name of Jesus Christ of Nazareth, whom ye haue crucified, whome God raised againe from the dead, euen by him doth this man stand here before you, whole.
၁၀နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော် တန်​ခိုး​အား​ဖြင့် ထို​သူ​သည်​ခြေ​စွမ်း​သန်​လာ ၍ ယ​ခု​သင်​တို့​ရှေ့​တွင်​ရပ်​လျက်​နေ​သည်​ကို သင်​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သိ​မှတ်​ကြ​လော့။ ထို​အ​ရှင် ကား​သင်​တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင် ၍​သတ်​ပြီး​နောက် ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။
11 This is the stone cast aside of you builders which is become the head of the corner.
၁၁`တိုက်​ကို​တည်​ဆောက်​ရာ​တွင် သင်​တို့​ပယ်​ထား​သည့်​ကျောက်​သည် အ​ရေး​ကြီး​ဆုံး​ဖြစ်​သည့်​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' ဟု​ကျမ်း​စာ​က​ရည်​ညွန်း​သူ​မှာ​ထို​အ​ရှင် ဖြစ်​သည်။-
12 Neither is there saluation in any other: for among men there is giuen none other Name vnder heauen, whereby we must be saued.
၁၂ထို​အ​ရှင်​တစ်​ပါး​တည်း​သာ​လျှင်​ကယ်​တင် နိုင်​၏။ ကမ္ဘာ​ပေါ်​တွင်​ထို​အ​ရှင်​မှ​တစ်​ပါး ငါ တို့​ကို​ကယ်​တင်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​သူ​တို့​အား​ပြန်​လည်​ဖြေ​ကြား​လေ​၏။
13 Now when they sawe the boldnes of Peter and Iohn, and vnderstoode that they were vnlearned men and without knowledge, they marueiled, and knew them, that they had bin with Iesus:
၁၃ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ပ​ညာ​မ​တတ် သူ၊ လူ​သာ​မန်​များ​သာ​ဖြစ်​လျက်​နှင့်​မည်​မျှ ရဲ​ရင့်​ကြ​သည်​ကို တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် တို့​တွေ့​မြင်​ကြ​သော​အ​ခါ​များ​စွာ​အံ့​သြ ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​သည် သ​ခင်​ယေ​ရှု​၏ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ခဲ့​သည်​ကို​လည်း သ​တိ​ပြု​မိ​ကြ​၏။-
14 And beholding also the man which was healed standing with them, they had nothing to say against it.
၁၄သို့​ရာ​တွင်​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​သူ သည် တ​မန်​တော်​တို့​နှင့်​ရပ်​လျက်​နေ​သည်​ကို မြင်​သ​ဖြင့် သူ​တို့​သည်​မည်​သို့​မျှ​ငြင်း​ဆို ရန်​မ​တတ်​နိုင်​ကြ။-
15 Then they commanded them to goe aside out of the Council, and conferred among themselues,
၁၅သို့​ဖြစ်​၍​တ​မန်​တော်​တို့​ကို​တ​ရား​လွှတ် တော်​ထဲ​မှ​ခေတ္တ​ထွက်​ခွာ​သွား​စေ​ပြီး​လျှင် ဤ​သို့​တိုင်​ပင်​ကြ​၏။-
16 Saying, What shall we doe to these men? for surely a manifest signe is done by them, and it is openly knowen to all them that dwell in Hierusalem: and we cannot denie it.
၁၆``ဤ​သူ​တို့​အား​အ​သို့​ပြု​အံ့​နည်း။ သူ​တို့​အား ဖြင့်​ထူး​ခြား​သော​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် ပေါ်​ခဲ့​သည်​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကောင်း​စွာ​သိ​ကြ​၏။ ငါ​တို့​ငြင်း ဆို​၍​လည်း​မ​ရ​နိုင်။-
17 But that it be noysed no farther among the people, let vs threaten and charge them, that they speake hencefoorth to no man in this Name.
၁၇သို့​သော်​လူ​တို့​အ​ထဲ​တွင်​ဤ​သ​တင်း​ပို​၍ ပျံ့​မ​သွား​စေ​ရန် ထို​သူ​နှစ်​ဦး​အား​ယေ​ရှု​၏ နာ​မ​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​မည်​သူ​ကို မျှ​မ​ဟော​မ​ပြော​ရန်​ကျပ်​တည်း​စွာ​သ​တိ ပေး​ကြ​ကုန်​အံ့။''
18 So they called them, and commanded them, that in no wise they should speake or teach in the Name of Iesus.
၁၈ထို​နောက်​တ​မန်​တော်​တို့​ကို​ပြန်​လည်​ခေါ်​ယူ ကာ သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​ဟော​ပြော​သွန်​သင်​ခြင်း​လုံး​ဝ မ​ပြု​ရန်​အ​မိန့်​ပေး​ကြ​၏။-
19 But Peter and Iohn answered vnto them, and said, Whether it be right in the sight of God, to obey you rather then God, iudge ye.
၁၉သို့​ရာ​တွင်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား ထောင်​ရ​မည်​လော။ သို့​မ​ဟုတ်​သင်​တို့​၏​စ​ကား ကို​နား​ထောင်​ရ​မည်​လော။ ဘု​ရား​သ​ခင်​၏ ရှေ့​တော်​တွင်​အ​ဘယ်​သူ​၏​စ​ကား​ကို​နား ထောင်​သင့်​ကြောင်း သင်​တို့​ကိုယ်​တိုင်​ပင်​အ​ဆုံး အ​ဖြတ်​ပေး​ကြ​လော့။-
20 For we cannot but speake the things which we haue seene and heard.
၂၀ငါ​တို့​မူ​ကား​မိ​မိ​တို့​ကြား​ရ​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​မ​ဟော​မ ပြော​ဘဲ​မ​နေ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။-
21 So they threatened them, and let them goe, and found nothing how to punish them, because of the people: for all men praised God for that which was done.
၂၁ထို​အ​ခါ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် သူ​တို့​ကို​ထပ်​မံ​ကျပ်​တည်း​စွာ​သ​တိ​ပေး​ပြီး နောက်​ထွက်​ခွာ​သွား​စေ​ကြ​၏။ လူ​အ​ပေါင်း တို့​သည်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ချီး​ကူး​လျက်​နေ​ကြ​သ​ဖြင့် တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​တို့​သည်​တ​မန်​တော်​တို့​ကို မည်​သို့​မျှ​အ​ပြစ်​ဒဏ်​မ​စီ​ရင်​နိုင်​ကြ။-
22 For the man was aboue fourtie yeeres olde, on whome this miracle of healing was shewed.
၂၂အံ့​သြ​ဖွယ်​ကောင်း​အောင်​ရော​ဂါ​ပျောက်​ကင်း သွား​သူ​ကား အ​သက်​လေး​ဆယ်​ကျော်​ရှိ သ​တည်း။
23 Then assoone as they were let goe, they came to their fellowes, and shewed all that the hie Priestes and Elders had said vnto them.
၂၃ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လွတ်​မြောက်​လာ ကြ​သော​အ​ခါ မိ​မိ​တို့​၏​လူ​စု​ထံ​သို့​ပြန်​ပြီး လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​ပြော​ကြား​လိုက်​သ​မျှ​တို့ ကို​ပြန်​ပြော​ကြ​၏။-
24 And when they heard it, they lift vp their voyces to God with one accord, and said, O Lord, thou art the God which hast made the heaue, and the earth, the sea, and all things that are in them,
၂၄ထို​အ​ကြောင်း​ကို​ကြား​ကြ​သော​အ​ခါ ထို​သူ တို့​သည်​တ​ညီ​တ​ညွတ်​တည်း​ဆု​တောင်း​ကြ​၏။ ``အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင် သည်​ကောင်း​ကင်​မြေ​ကြီး၊ သ​မုဒ္ဒ​ရာ​နှင့်​ထို အ​ရပ်​များ​တွင်​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။-
25 Which by the mouth of thy seruant Dauid hast saide, Why did the Gentiles rage, and the people imagine vaine things?
၂၅ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် တို့​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​မင်း​မှ​တစ်​ဆင့်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ `လူ​မျိုး​ခြား​တို့​သည်​အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ပြု​ကြ​သ​နည်း။ လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျိုး​မဲ့ လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။
26 The Kings of the earth assembled, and the rulers came together against the Lord, and against his Christ.
၂၆လော​ကီ​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။ ကိုယ်​တော်​နှင့်​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော မေ​ရှိ​ယ​အ​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​ရန် စု​ဝေး​ကြ​၏' ဟု​မိန့်​တော်​မူ​ခဲ့​ပါ​၏။
27 For doutlesse, against thine holy Sonne Iesus, whome thou haddest anoynted, both Herod and Pontius Pilate, with the Gentiles and the people of Israel gathered themselues together,
၂၇ထို​နည်း​တူ​စွာ​ဟေ​ရုဒ်​မင်း​နှင့်​ပုန္တိ​ပိ​လတ် မင်း​တို့​သည် လူ​မျိုး​ခြား​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​တ​ကွ ကိုယ်​တော်​၏​သန့်​ရှင်း မြင့်​မြတ်​သော​အ​စေ​ခံ​ဖြစ်​သူ၊ မေ​ရှိ​ယ​အ​ဖြစ် ကိုယ်​တော်​ဘိ​သိက်​ပေး​သူ သ​ခင်​ယေ​ရှု​ကို ဆန့်​ကျင်​ဘက်​ပြု​ရန်​ဤ​မြို့​ထဲ​တွင်​စု​ဝေး ခဲ့​ကြ​ပါ​၏။-
28 To doe whatsoeuer thine hand, and thy counsell had determined before to be done.
၂၈ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။-
29 And nowe, O Lord, beholde their threatnings, and graunt vnto thy seruants with all boldnesse to speake thy word,
၂၉အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ​ထို​သူ​တို့​၏ ခြိမ်း​ခြောက်​ခြင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​တို့​အား​အ​ရှင့်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ခွင့်​ကို​ပေး​သ​နား​တော် မူ​ပါ။-
30 So that thou stretch forth thine hand, that healing, and signes, and wonders may be done by the Name of thine holy Sonne Iesus.
၃၀လူ​တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန် ကိုယ်​တော်​ရှင်​၏​လက်​တော်​ကို​ဆန့်​တော် မူ​ပါ။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော အ​စေ​ခံ​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​တော်​မူ​ပါ။''
31 And when as they had prayed, the place was shaken where they were assembled together, and they were all filled with the holy Ghost, and they spake the word of God boldely.
၃၁ထို​သို့​ဆု​တောင်း​ကြ​ပြီး​သော​အ​ခါ​၌ သူ​တို့ စု​ဝေး​ရာ​အ​ရပ်​သည်​တုန်​လှုပ်​လေ​၏။ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ လျက် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ရဲ​ရင့် စွာ​ဟော​ပြော​ကြ​၏။
32 And the multitude of them that beleeued, were of one heart, and of one soule: neither any of them said, that any thing of that which he possessed, was his owne, but they had all thinges common.
၃၂ယုံ​ကြည်​သူ​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ကြ သ​ဖြင့် မည်​သူ​မျှ​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မိ​မိ​ပိုင် သည်​ဟု​မ​ဆို​ဘဲ၊ ခပ်​သိမ်း​သော​ဥစ္စာ​ပစ္စည်း​တို့​ကို အ​များ​ပိုင်​ဘုံ​ပစ္စည်း​အ​ဖြစ်​သာ​လျှင်​ထား​ရှိ ကြ​၏။-
33 And with great power gaue the Apostles witnes of the resurrection of the Lord Iesus: and great grace was vpon them all.
၃၃တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ရှင်​ပြန် ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တန်​ခိုး ကြီး​စွာ​ဖြင့်​သက်​သေ​ခံ​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​လုံး​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​ကြွယ်​ဝ​စွာ​သွန်း​လောင်း​တော်​မူ​၏။-
34 Neither was there any among them, that lacked: for as many as were possessours of landes or houses, solde them, and brought the price of the things that were solde,
၃၄လယ်​ကို​ဖြစ်​စေ၊ အိမ်​ကို​ဖြစ်​စေ​ပိုင်​ဆိုင်​ကြ သူ​တို့​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ရောင်း​ချ ၍ ရ​ရှိ​သော​ငွေ​များ​ကို​ယူ​လာ​ကာ​တ​မန် တော်​တို့​အား​ပေး​အပ်​ကြ​၏။ ထို​နောက်​တ​မန် တော်​တို့​သည်​လူ​တိုင်း​တို့​အား သူ​တို့​၏​ချို့​တဲ့ မှု​ပ​မာ​ဏ​ကို​လိုက်​၍​ဝေ​ပေး​ကြ​၏။ သို့​ဖြစ် ၍​ထို​လူ​စု​အ​ထဲ​တွင်​ချို့​တဲ့​သူ​ဟူ​၍​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။
35 And layde it downe at the Apostles feete, and it was distributed vnto euery man, according as he had neede.
၃၅
36 Also Ioses which was called of the Apostles, Barnabas (that is by interpretation the sonne of consolation) being a Leuite, and of the countrey of Cyprus,
၃၆ယော​သပ်​ဟု​နာ​မည်​တွင်​သော​လူ​တစ်​ယောက် ရှိ​၏။ သူ့​အား​တ​မန်​တော်​တို့​က​ဗာ​န​ဗ​ဟူ​၍ မှည့်​ခေါ်​ကြ​၏။ (ဗာ​န​ဗ​၏​အ​နက်​ကား​အား ပေး​ကူ​ညီ​သူ​ဟူ​၏။) သူ​သည်​ကု​ပ​ရု​ပြည် သား၊ လေ​ဝိ​အ​နွယ်​ဝင်​ဖြစ်​၏။-
37 Where as he had land, solde it, and brought the money, and laid it downe at the Apostles feete.
၃၇သူ​သည်​မိ​မိ​ပိုင်​သော​လယ်​ကို​ရောင်း​၍​ငွေ ကို​ယူ​လာ​ပြီး​လျှင် တ​မန်​တော်​တို့​အား ပေး​အပ်​လေ​သည်။

< Acts 4 >