< Acts 17 >
1 Nowe as they passed through Amphipolis, and Apollonia, they came to Thessalonica, where was a Synagogue of the Iewes.
၁သူတို့သည်ခရီးဆက်ခဲ့ရာအံဖိပေါလိမြို့ နှင့်အာပေါလောနိမြို့ကိုဖြတ်၍ သက်သာ လောနိတ်မြို့သို့ရောက်ကြ၏။ ထိုမြို့တွင်ယုဒ တရားဇရပ်ရှိ၏။-
2 And Paul, as his maner was, went in vnto them, and three Sabbath daies disputed with them by the Scriptures,
၂ပေါလုသည်မိမိ၏အလေ့အထရှိသည် အတိုင်း ထိုတရားဇရပ်သို့သွား၍ ဥပုသ်နေ့ သုံးနေ့တိုင်တိုင်ကျမ်းစာတော်ကိုကိုးကား ကာလူတို့နှင့်အခြေအတင်ဆွေးနွေး၏။-
3 Opening, and alleadging that Christ must haue suffered, and risen againe from the dead: and this is Iesus Christ, whom, said he, I preach to you.
၃မေရှိယသည်ဒုက္ခဝေဒနာခံတော်မူရမည့် အကြောင်းတို့ကို ကျမ်းချက်အထောက်အထား များနှင့်တကွရှင်းလင်းစွာဖွင့်ပြ၏။ ပေါလု က ``ငါသင်တို့အားပြောပြနေသောသခင် ယေရှုကားမေရှိယပင်ဖြစ်၏'' ဟုဆို၏။-
4 And some of them beleeued, and ioyned in companie with Paul and Silas: also of the Grecians that feared God a great multitude, and of the chiefe women not a fewe.
၄အချို့သောသူတို့သည်ပေါလုပြောသောစကား ကိုယုံကြည်သဖြင့် ပေါလုနှင့်သိလတို့၏အဖွဲ့ သို့ဝင်ကြ၏။ ဘုရားသခင်ကိုကိုးကွယ်သူဂရိ အမျိုးသားအမြောက်အမြားနှင့်ထင်ပေါ်သော ဂရိအမျိုးသမီးများလည်း သူတို့၏အဖွဲ့ သို့ဝင်ကြလေသည်။
5 But the Iewes which beleeued not, mooued with enuie, tooke vnto them certaine vagabonds and wicked fellowes, and whe they had assembled the multitude, they made a tumult in the citie, and made assault against the house of Iason, and sought to bring them out to the people.
၅သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
6 But when they found them not, they drew Iason and certaine brethren vnto the heads of the citie, crying, These are they which haue subuerted the state of the world, and here they are,
၆ရှာ၍မတွေ့ကြသောအခါသူတို့သည် ယာသုန် နှင့်တပည့်တော်အချို့တို့ကိုမြို့အာဏာပိုင် များ၏ရှေ့သို့ခေါ်ဆောင်ခဲ့ပြီးလျှင် ``ဤလူစု သည်အရပ်တကာတွင်ဒုက္ခပေးခဲ့ကြပါ၏။ သူတို့သည်ယခုကျွန်ုပ်တို့မြို့သို့လည်းရောက် ရှိလာကြပါပြီ။ ယာသုန်သည်ထိုသူတို့ကို မိမိ၏အိမ်တွင်လက်ခံထားပါ၏။-
7 Whom Iason hath receiued, and these all doe against the decrees of Cesar, saying that there is another King, one Iesus.
၇ထိုသူတို့သည်ယေရှုဟူသောအခြား ဧကရာဇ်ဘုရင်တစ်ပါးရှိသည်ဟုဆိုကာ ဧကရာဇ်၏အမိန့်တော်ကိုဆန့်ကျင်ဘက် ပြုကြပါ၏'' ဟုဟစ်အော်ကြသော်၊-
8 Then they troubled the people, and the heads of the citie, when they heard these things.
၈လူပရိသတ်နှင့်မြို့အာဏာပိုင်များသည် ဆူညံ၍သွားကြ၏။-
9 Notwithstanding when they had receiued sufficient assurance of Iason and of the other, they let them goe.
၉အာဏာပိုင်တို့သည်ယာသုန်နှင့်အပေါင်းအပါ တို့အား အာမခံငွေများကိုပေးဆောင်စေပြီး နောက်ထွက်သွားခွင့်ပြုကြ၏။
10 And the brethren immediatly sent away Paul and Silas by night vnto Berea, which when they were come thither, entred into ye Synagogue of the Iewes.
၁၀ညဥ့်အချိန်ရောက်လျှင်ရောက်ချင်းယုံကြည် သူတို့သည် ပေါလုနှင့်သိလတို့ကိုဗေရိမြို့ သို့ထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည်ယုဒတရားဇရပ်သို့သွားကြ၏။-
11 These were also more noble men then they which were at Thessalonica, which receiued the woorde with all readinesse, and searched the Scriptures daily, whether those things were so.
၁၁ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-
12 Therefore many of them beleeued, and of honest women, which were Grecians, and men not a fewe.
၁၂ထို့ကြောင့်သူတို့အများပင်ယုံကြည်လာကြ၏။ ယင်းသို့ယုံကြည်သူတို့တွင်ဂုဏ်အသရေရှိ ဂရိအမျိုးသမီး၊ အမျိုးသားအမြောက် အမြားပါဝင်၏။-
13 But when the Iewes of Thessalonica knewe, that the woord of God was also preached of Paul at Berea, they came thither also, and mooued the people.
၁၃ဗေရိမြို့တွင်ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုပေါလုဟောပြောလျက်ရှိကြောင်းကို သက်သာလောနိတ်မြို့မှယုဒအမျိုးသားတို့ သည်ကြားသိကြသောအခါ ဗေရိမြို့သို့လာ ၍လူတို့အားဆူပူအောင်လှုံ့ဆော်ပေးကြ၏။-
14 But by and by the brethren sent away Paul to goe as it were to the sea: but Silas and Timotheus abode there still.
၁၄ထိုအခါယုံကြည်သူတို့သည်ချက်ချင်းပင် ပေါလုကိုပင်လယ်ကမ်းခြေသို့ထွက်ခွာသွား စေကြ၏။ သိလနှင့်တိမောသေတို့မူကား ဗေရိ မြို့တွင်ပင်နေရစ်ခဲ့ကြ၏။-
15 And they that did conduct Paul, brought him vnto Athens: and when they had receiued a commandement vnto Silas and Timotheus that they shoulde come to him at once, they departed.
၁၅ပေါလုကိုလိုက်ပို့ကြသောသူတို့သည် သူနှင့် အာသင်မြို့အထိလိုက်သွားကြ၏။ ထို့နောက် သိလနှင့်တိမောသေတို့အမြန်ဆုံးလိုက် လာစေရန်ညွှန်ကြားချက်ရလျက် ဗေရိမြို့ သို့ပြန်သွားကြ၏။
16 Nowe while Paul waited for them at Athens, his spirite was stirred in him, when hee sawe the citie subiect to idolatrie.
၁၆ပေါလုသည်အာသင်မြို့တွင် သိလနှင့်တိမောသေ တို့ကိုစောင့်ဆိုင်းလျက်နေစဉ် ထိုမြို့တွင်ရုပ်တု များနှင့်ပြည့်နှက်လျက်ရှိသည်ကိုမြင်သဖြင့် စိတ်မချမ်းမသာဖြစ်၏။-
17 Therefore he disputed in the Synagogue with the Iewes, and with them that were religious, and in the market daily with whomesoeuer he met.
၁၇ထို့ကြောင့်တရားဇရပ်တွင်ယုဒအမျိုးသား များ၊ ဘုရားသခင်ကိုကိုးကွယ်သူများနှင့် လည်းကောင်း၊ နေ့စဉ်နေ့တိုင်းမြို့တွင်းမြေကွက် လပ်သို့လာရောက်ကြသူများနှင့်လည်းကောင်း တရားဆွေးနွေး၏။-
18 Then certaine Philosophers of the Epicures, and of the Stoickes, disputed with him, and some sayde, What will this babler say? Others sayde, He seemeth to be a setter forth of straunge gods (because hee preached vnto them Iesus, and the resurrection.)
၁၈ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။-
19 And they tooke him, and brought him into Mars streete, saying, May we not know, what this newe doctrine, whereof thou speakest, is?
၁၉သို့ဖြစ်၍ထိုသူတို့သည်ပေါလုကို အာရေတောင် တရားရုံးတော်သို့ခေါ်ဆောင်သွားပြီးလျှင် ``သင် ဟောပြောနေသည့်အယူဝါဒသစ်အကြောင်း ကိုငါတို့သိပါရစေ။-
20 For thou bringest certaine strange thinges vnto our eares: we woulde knowe therefore, what these things meane.
၂၀သင်တို့ဟောပြောသောအကြောင်းအရာအချို့ တို့မှာ ငါတို့အတွက်အသစ်အဆန်းဖြစ်၍ နေပါ၏။ ထိုအရာများ၏အနက်အဋ္ဌိပ္ပါယ် ကိုငါတို့သိချင်ပါသည်'' ဟုဆိုကြ၏။-
21 For all the Athenians, and strangers which dwelt there, gaue them selues to nothing els, but either to tell, or to heare some newes.
၂၁(အာသင်မြို့သားအပေါင်းတို့နှင့်ထိုမြို့တွင် နေထိုင်သူဧည့်သည်များသည် သတင်းအသစ် အဆန်းကိုပြောဆိုကြားနာခြင်းအားဖြင့် အချိန်ကိုကုန်လွန်စေတတ်ကြ၏။)
22 Then Paul stoode in the mids of Mars streete, and sayde, Yee men of Athens, I perceiue that in all things yee are too superstitious.
၂၂ပေါလုသည် အာရေတောင်တရားရုံးတော်ရှေ့ တွင်ရပ်လျက် ``အာသင်မြို့သားတို့၊ သင်တို့သည် လွန်စွာဘုရားတရားကြည်ညိုသူများဖြစ် ကြောင်း အစစအရာရာကိုထောက်၍ငါသိ ရ၏။-
23 For as I passed by, and behelde your deuotions, I founde an altar wherein was written, VNTO THE VNKNOWEN GOD. Whom ye then ignorantly worship, him shewe I vnto you.
၂၃ငါသည်သင်တို့မြို့ကိုလှည့်လည်၍ ဘုရား ဝတ်ပြုရာဌာနများကိုကြည့်ရှုခဲ့စဉ် `ငါ တို့မသိသောဘုရားအတွက်' ဟူ၍ကမ္ပည်း လိပ်စာရေးထိုးထားသည့်ယဇ်ပလ္လင်တစ်ခု ကိုတွေ့ရှိခဲ့ပါ၏။ ဤသို့သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသောဘုရား၏အကြောင်း ကိုသင်တို့အားယခုငါဟောပြောပါ၏။-
24 God that made the world, and all things that are therein, seeing that he is Lord of heaue and earth, dwelleth not in temples made with hands,
၂၄ကမ္ဘာလောကကြီးနှင့်တကွကမ္ဘာပေါ်တွင်ရှိ သမျှသောအရာတို့ကိုဖန်ဆင်းတော်မူသော ဘုရားသည် မိုးမြေကိုစိုးပိုင်တော်မူသော အရှင်ဖြစ်၍လူ့လက်ဖြင့်ဆောက်လုပ်သည့် ဘုံဗိမာန်တွင်ကျိန်းဝပ်တော်မမူ။-
25 Neither is worshipped with mens handes, as though he needed any thing, seeing hee giueth to all life and breath and all things,
၂၅ထိုအရှင်ကိုယ်တိုင်ပင်လူခပ်သိမ်းတို့အား အသက်နှင့်တကွအခြားလိုအပ်သည့်အရာ ရှိသမျှကိုပေးသနားတော်မူ၏။ သို့ဖြစ် ၍တစ်စုံတစ်ခုကိုလိုလား၍လူ့လက်မှ အထောက်အပံ့ကိုခံယူရန်မလိုပေ။-
26 And hath made of one blood all mankinde, to dwell on all the face of the earth, and hath assigned the seasons which were ordeined before, and the boundes of their habitation,
၂၆ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-
27 That they shoulde seeke the Lord, if so be they might haue groped after him, and founde him though doubtlesse he be not farre from euery one of vs.
၂၇ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်ကိုတွေ့လို တွေ့ငြား လူတို့စမ်းသပ်ရှာဖွေကြစေရန်ပင် ဖြစ်၏။ သို့ရာတွင်၊ `ငါတို့သည်ကိုယ်တော်အားဖြင့် သက်ရှင်လှုပ်ရှားရပ်တည်လျက်ရှိကြ၏' ဟူ၍ပ္ဂိုလ်တစ်ဦးကဆိုသည့်အတိုင်းဘုရား သခင်သည်အမှန်အားဖြင့် ငါတို့တစ်ဦးတစ် ယောက်နှင့်မျှဝေးတော်မူသည်မဟုတ်။ သင်တို့ ၏လင်္ကာဆရာအချို့တို့က၊ `ငါတို့သည်လည်းကိုယ်တော်၏ သားသမီးများဖြစ်ကြ၏' ဟုစပ်ဆိုသတည်း။-
28 For in him we liue, and mooue, and haue our being, as also certaine of your owne Poets haue sayd, for we are also his generation.
၂၈
29 Forasmuch then, as we are the generation of God, we ought not to thinke that ye Godhead is like vnto gold, or siluer, or stone grauen by arte and the inuention of man.
၂၉ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည့်အားလျော်စွာ ဘုရားသခင်သည် လူတို့၏စိတ်ကူးနှင့်အနုပညာစွမ်းရည်ဖြင့် ထုလုပ်ထားသောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက် ရုပ်တုတို့နှင့်တူတော်မူသည်ဟုမထင်မမှတ် အပ်။-
30 And the time of this ignorance God regarded not: but nowe hee admonisheth all men euery where to repent,
၃၀ဘုရားသခင်သည်မိမိကိုလူတို့မသိသည့် အချိန်ကာလများကိုရှုမှတ်တော်မမူခဲ့ သော်လည်း ယခုအခါ၌အရပ်ခပ်သိမ်းမှ လူအပေါင်းတို့အားနောင်တရစေခြင်း ငှာအမိန့်ပေးတော်မူပြီ။-
31 Because hee hath appoynted a day in the which he wil iudge the world in righteousnes, by that man whome hee hath appoynted, whereof he hath giuen an assurance to all men, in that hee hath raised him from the dead.
၃၁အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
32 Now when they heard of the resurrection from the dead, some mocked, and other sayde, We will heare thee againe of this thing.
၃၂သူသေတို့ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကိုကြားသောအခါ လူအချို့တို့သည်ပြောင် လှောင်ကြ၏။ သို့ရာတွင်အချို့သောသူတို့က မူ ``သင်ပြောဆိုနေသည့်အကြောင်းအရာကို ငါတို့တစ်ဖန်ကြားလိုပါသည်'' ဟုဆိုကြ၏။-
33 And so Paul departed from among them.
၃၃သို့ဖြစ်၍ပေါလုသည်တရားရုံးတော်မှ ထွက်သွားလေသည်။-
34 Howbeit certaine men claue vnto Paul, and beleeued: among whome was also Denys Areopagita, and a woman named Damaris, and other with them.
၃၄အချို့သောသူတို့သည်ပေါလုနှင့်ပေါင်းဖော် ပြီးလျှင် ယုံကြည်သူများဖြစ်လာကြ၏။ ထို သူတို့တွင်ဒယောနုသိနာမည်ရှိသောအာရေ တောင်တရားရုံးတော်အဖွဲ့ဝင်တစ်ဦး၊ ဒမာရိ နာမည်ရှိသောအမျိုးသမီးတစ်ဦးနှင့်အခြား သူအချို့တို့ပါဝင်ကြ၏။