< 2 Corinthians 9 >
1 For as touching the ministring to the Saints, it is superfluous for me to write vnto you.
၁ယုဒပြည်ရှိဘုရားသခင်၏လူစုတော် အား ကူညီထောက်ပံ့ရေးအကြောင်းကိုသင် တို့ထံရေးသားဖော်ပြရန်မလိုပါ။-
2 For I knowe your readinesse of minde, whereof I boast my selfe of you vnto them of Macedonia, and say, that Achaia was prepared a yeere agoe, and your zeale hath prouoked many.
၂သင်တို့ကူညီထောက်ပံ့ရန်စိတ်စေတနာ ထက်သန်ကြသည်ကိုငါသိ၏။ သို့ဖြစ်၍သင် တို့အကြောင်းကိုမာကေဒေါနိပြည်သား တို့အားငါကြွားဝါခဲ့၏။ ``အခါယပြည် ရှိညီအစ်ကိုတို့သည်ယမန်နှစ်ကပင်လျှင် ပေးလှူရန်အသင့်ရှိကြ၏'' ဟုသူတို့အား ငါပြောကြားခဲ့၏။ သင်တို့၏စိတ်စေတနာ ထက်သန်မှုကြောင့်ထိုသူတို့အားလုံးလို လိုပင်စိတ်အားတက်ကြွလာပေပြီ။-
3 Nowe haue I sent the brethren, lest our reioycing ouer you shoulde bee in vaine in this behalfe, that yee (as I haue sayde) be readie:
၃သို့ရာတွင်သင်တို့အကြောင်းငါတို့ကြွားဝါ ပြောဆိုခဲ့သမျှတို့သည်မှန်ကန်ကြောင်းသိ သာစေရန် ဤညီအစ်ကိုများကိုသင်တို့ထံ သို့စေလွှတ်လိုက်၏။ ငါဖော်ပြခဲ့သည်အတိုင်း သင်တို့၏အလှူကိုအသင့်ပြင်ဆင်ထား ကြလော့။-
4 Lest if they of Macedonia come with me, and finde you vnprepared, we (that wee may not say, you) should be ashamed in this my constant boasting.
၄အကယ်၍ငါနှင့်အတူမာကေဒေါနိပြည် သားအချို့တို့လိုက်ပါလာ၍ သင်တို့မှာ အသင့်ပြင်ဆင်ထားမှုမရှိသည်ကိုတွေ့ရှိ ရပါက သင်တို့သာလျှင်အရှက်ရကြလိမ့် မည်မဟုတ်။ ငါတို့သည်လည်းသင်တို့အား များစွာယုံကြည်စိတ်ချမိသည်အတွက် အရှက်ရကြလိမ့်မည်။-
5 Wherefore, I thought it necessarie to exhort the brethren to come before vnto you, and to finish your beneuolence appointed afore, that it might be readie, and come as of beneuolence, and not as of niggardlinesse.
၅သို့ဖြစ်၍သင်တို့ကတိပြုခဲ့သည့်အတိုင်းဤ အလှူကိုပြင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို တို့အားသင်တို့ထံသို့ကြိုတင်စေလွှတ်ရန် လိုအပ်သည်ဟုငါထင်မှတ်၏။ ငါရောက်ရှိ လာသောအခါအလှူအသင့်ပြင်ဆင်ထား ပြီးဖြစ်၍ သင်တို့ကဝတ္တရားအရပေးလှူ သည်မဟုတ်ဘဲစေတနာအရပေးလှူ ကြောင်းပေါ်လွင်လိမ့်မည်။
6 This yet remember, that he which soweth sparingly, shall reape also sparingly, and hee that soweth liberally, shall reape also liberally.
၆မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် စပါးအနည်းငယ်ကိုသာရိတ်သိမ်းရလိမ့် မည်။ များစွာသောမျိုးစေ့တို့ကိုကြဲသော သူမူကား များစွာသောစပါးတို့ကိုရိတ် သိမ်းရလိမ့်မည်ဖြစ်ကြောင်းသတိပြုလော့။-
7 As euery man wisheth in his heart, so let him giue, not grudgingly, or of necessitie: for God loueth a cheerefull giuer.
၇လူတိုင်းပင်မိမိ၏စေတနာစိတ်ပြဋ္ဌာန်း သည်အတိုင်းပေးလှူရ၏။ နှမြောသောစိတ် နှင့်သော်လည်းကောင်း၊ ပေးလှူရန်တာဝန် ဝတ္တရားရှိသည်ဟူသောစိတ်ဖြင့်သော်လည်း ကောင်းမပေးမလှူအပ်။ ဘုရားသခင်သည် စေတနာနှင့်ပေးလှူတတ်သောသူကို နှစ်သက်တော်မူ၏။-
8 And God is able to make all grace to abound towarde you, that yee alwayes hauing all sufficiencie in all thinges, may abounde in euery good worke,
၈သင်တို့သည်လိုသမျှသောအရာများကို အစဉ်ပင်ရရှိပြီးလျှင်ကောင်းမှုအမျိုးမျိုး တို့တွင်ကူညီမစနိုင်ကြစေရန် ဘုရား သခင်သည်သင်တို့အားလိုသမျှသော အရာတို့ထက်ပို၍ပေးရန်တတ်နိုင်တော် မူ၏။-
9 (As it is written, He hath sparsed abroad and hath giuen to the poore: his beneuolence remayneth for euer. (aiōn )
၉ကျမ်းစာတော်တွင်၊ ``သူသည်ဆင်းရဲသူတို့အားရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏။ သူ၏သနားကြင်နာမှုသည်ထာဝစဉ်တည်၏'' ဟူ၍ဖော်ပြပါရှိပေသည်။- (aiōn )
10 Also hee that findeth seede to the sower, will minister likewise bread for foode, and multiplie your seede, and increase the fruites of your beneuolence, )
၁၀မျိုးကြဲသူအားမျိုးစေ့နှင့်အစာရေစာကို ပေးတော်မူသောဘုရားသခင်သည် ငါတို့လို သမျှသောမျိုးစေ့ကိုလည်းပေး၍အပင် ပေါက်ရှင်သန်စေတော်မူလိမ့်မည်။ သင်တို့၏ ရက်ရောသောစိတ်စေတနာမှအသီးအပွင့် များကိုလည်းဖြစ်ထွန်းစေတော်မူလိမ့်မည်။-
11 That on all partes yee may bee made rich vnto all liberalitie, which causeth through vs thankesgiuing vnto God.
၁၁သင်တို့သည်အခါခပ်သိမ်းရက်ရောစွာပေး လှူနိုင်ကြစေရန်ကိုယ်တော်သည်သင်တို့အား အစဉ်ချမ်းသာကြွယ်ဝစေတော်မူလိမ့်မည်။ ငါတို့မှတစ်ဆင့်သင်တို့ပေးလှူသောအလှူ ငွေများကိုခံယူရရှိသောသူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။-
12 For the ministration of this seruice not onely supplieth the necessities of the Saintes, but also aboundantly causeth many to giue thankes to God,
၁၂သင်တို့သည်ဤကောင်းမှုအားဖြင့်ဘုရား သခင်၏လူစုတော်အားချို့တဲ့နေစဉ်ကူညီ မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသံကိုလည်းတခဲနက်ထွက် ပေါ်လာစေ၏။-
13 (Which by the experiment of this ministration praise God for your voluntarie submission to the Gospell of Christ, and for your liberall distribution to them, and to all men)
၁၃ဤကောင်းမှု၏သာဋ္ဌကကိုထောက်၍လူ အမြောက်အမြားတို့သည်ခရစ်တော်အကြောင်း သတင်းကောင်းကိုသစ္စာရှိစွာသင်တို့ခံယူ ယုံကြည်ကြသည့်အတွက်လည်းကောင်း၊ သင် တို့၏စည်းစိမ်ချမ်းသာများကိုမိမိတို့နှင့် အခြားသူအပေါင်းတို့အား ရက်ရောစွာ ဝေမျှပေးကမ်းကြသည့်အတွက်လည်း ကောင်း ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးကြပေအံ့။-
14 And in their praier for you, to log after you greatly, for the aboundant grace of God in you.
၁၄သင်တို့သည်ထူးကဲသောကျေးဇူးတော်ကို ခံစားရကြသဖြင့် သူတို့သည်သင်တို့ကို အလွန်ချစ်ခင်မြတ်နိုးလျက်သင်တို့အတွက် ဆုတောင်းပတ္ထနာပြုကြလိမ့်မည်။-
15 Thankes therefore bee vnto God for his vnspeakeable gift.
၁၅ငါတို့သည်တန်ဖိုးမဖြတ်နိုင်သောဆု ကျေးဇူးတော်အတွက်ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြု ကြကုန်စို့။