< 2 Corinthians 10 >
1 Nowe I Paul my selfe beseech you by the meekenes, and gentlenes of Christ, which when I am present among you am base, but am bolde toward you being absent:
၁ခရစ်တော်၏စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုတို့ ကိုအကြောင်းပြု၍ငါသည်သင်တို့အားမေတ္တာ ရပ်ခံပါ၏။ ငါကားသင်တို့ရှေ့မှောက်တွင်ပျော့ ညံ့၍သင်တို့မျက်ကွယ်တွင်မူရဲစွမ်းသတ္တိရှိ သူပေါလုပင်ဖြစ်ပေသည်။-
2 And this I require you, that I neede not to be bolde when I am present, with that same confidence, wherewith I thinke to bee bolde against some, which esteeme vs as though wee walked according to the flesh.
၂ငါတို့သည်လောကီအကျိုးကိုမြော်ကိုး၍ ဆောင်ရွက်သူများဖြစ်သည်ဟုစွပ်စွဲဝေဖန် ကြသောသူတို့အား ငါသည်မိမိ၏ရဲစွမ်း သတ္တိကိုငါပြနိုင်ကြောင်းကိုသိစေလို၏။ သို့ ဖြစ်၍သင်တို့ထံသို့ငါရောက်ရှိလာသော အခါ ထိုရဲစွမ်းသတ္တိကိုပြရသည့်အဖြစ် နှင့်မကြုံမတွေ့ရပါစေနှင့်။-
3 Neuerthelesse, though wee walke in the flesh, yet we doe not warre after the flesh.
၃ငါတို့သည်ဤလောက၌အသက်ရှင်နေ ထိုင်လျက်ရှိကြသည်မှန်သော်လည်း လောကီ အကျိုးကိုမျှော်ကိုး၍တိုက်ပွဲဝင်နေကြ သည်မဟုတ်။-
4 (For the weapons of our warrefare are not carnall, but mightie through God, to cast downe holdes)
၄ငါတို့စွဲကိုင်သည့်လက်နက်များသည်လူသား တို့စွဲကိုင်သည့်လက်နက်များမဟုတ်။ ခံတပ်များ ကိုဖြိုဖျက်နိုင်သည့်ဘုရားသခင်၏တန်ခိုး တော်နှင့်ပြည့်စုံသောလက်နက်များဖြစ်၏။ ငါ တို့သည်မမှန်ကန်သည့်ဆွေးနွေးငြင်းခုံချက် များကိုလည်းကောင်း၊-
5 Casting downe the imaginations, and euery high thing that is exalted against the knowledge of God, and bringing into captiuitie euery thought to the obedience of Christ,
၅ဘုရားသခင်အားသိကျွမ်းမှုပညာကို ပိတ်ပင်ဆီးတားသည့်မာန်မာနမှန်သမျှ ကိုလည်းကောင်း ဖြိုဖျက်ချေမှုန်းကြ၏။ ငါ တို့သည်လူတို့၏အကြံအစည်ရှိသမျှတို့ ကိုဖမ်းချုပ်ပြီးလျှင် ခရစ်တော်အားနာခံ စေကြ၏။-
6 And hauing ready the vengeance against all disobedience, when your obedience is fulfilled.
၆သင်တို့သည်ငါတို့စကားကိုအကြွင်းမဲ့လိုက် နာကြောင်းကိုသိသည့်အခါ၌ ငါတို့သည်မ လိုက်နာသူတို့အားအပြစ်ဒဏ်စီရင်ရန် အသင့်ရှိမည်။
7 Looke yee on things after the appearance? If any man trust in himselfe that hee is Christes, let him consider this againe of himself, that as he is Christes, euen so are we Christes.
၇သင်တို့သည်အပြင်အပလက္ခဏာများကိုသာ ကြည့်ရှုတတ်ကြ၏။ သင်တို့အနက်မိမိကိုယ် ကိုခရစ်တော်၏တပည့်ဖြစ်သည်ဟုစိတ်ချသူ ရှိလျှင် ထိုသူသည်ခရစ်တော်၏တပည့်ဖြစ် သကဲ့သို့ ငါတို့သည်လည်းခရစ်တော်၏တပည့် များဖြစ်ကြောင်းကိုပြန်လည်စဉ်းစားကြည့် စေ။-
8 For though I shoulde boast somewhat more of our authoritie, which the Lord hath giuen vs for edification, and not for your destruction, I should haue no shame.
၈အကယ်၍ငါသည်သခင်ဘုရားပေးတော်မူ သောအာဏာနှင့်ပတ်သက်၍ အလွန်အကျွံ ဝါကြွားမိခဲ့လျှင်လည်းမရှက်ပါ။ ထိုအာ ဏာသည်သင်တို့အားဖြိုဖျက်ရန်အတွက် မဟုတ်။ ပြုစုပျိုးထောင်ပေးရန်အတွက် ဖြစ်ပေသည်။-
9 This I say, that I may not seeme as it were to feare you with letters.
၉သို့ဖြစ်၍ငါသည်စာများရေး၍သင်တို့ အားခြောက်လှန့်နေသည်ဟုမထင်စေလို။-
10 For the letters, sayeth hee, are sore and strong, but his bodily presence is weake, and his speache is of no value.
၁၀``ပေါလု၏စာများသည်ပြင်းထန်၍အာဏာ ပါသည့်စာများဖြစ်၏။ သို့သော်ငါတို့ရှေ့မှောက် ၌မူသူသည်သတ္တိကြောင်သူ၊ အဟောအပြော ညံ့သူဖြစ်သည်'' ဟုပြောဆိုသူရှိလိမ့်မည်။-
11 Let such one thinke this, that such as wee are in woorde by letters, when we are absent, such wil we be also in deede, when we are present.
၁၁ငါတို့သည်အဝေး၌ရှိစဉ်အခါကစာရေး ပြောကြားလိုက်သည်အတိုင်းပင် လူကိုယ်တိုင် ရောက်ရှိလာချိန်၌ပြုမူဆောင်ရွက်မည်ဖြစ် ကြောင်းထိုသူအားအသိပေးလိုက်သည်။
12 For wee dare not make our selues of the nomber, or to compare our selues to them, which praise themselues: but they vnderstand not that they measure themselues with themselues, and compare themselues with themselues.
၁၂မိမိကိုယ်ကိုချီးမြှောက်ပြောဆိုသူတို့၏လူ တန်းစားတွင်ငါတို့သည်မပါဝင်ဝံ့ပါ။ သင်တို့ နှင့်နှိုင်းယှဉ်ရန်လည်းမဝံ့ပါ။ မိမိတို့ကိုယ်ကို စံထား၍ မိမိတို့ကိုယ်ကိုအကဲဖြတ်သူများ သည်လွန်စွာမိုက်မဲလှပါသည်တကား။-
13 But we wil not reioyce of things, which are not within our measure, but according to the measure of the line, whereof God hath distributed vnto vs a measure to attaine euen vnto you.
၁၃ငါတို့မူကားဝါကြွားသင့်သည့်အတိုင်း အတာကိုကျော်လွန်၍ဝါကြွားကြမည်မ ဟုတ်။ သင်တို့တွင်ငါတို့လုပ်ဆောင်သောလုပ် ငန်းအပါအဝင်ငါတို့လုပ်ဆောင်ရန် ဘုရား သခင်ကိုယ်တော်တိုင်သတ်မှတ်ပေးတော်မူ သည့်လုပ်ငန်းနယ်ပယ်အတွင်း၌သာငါတို့ ဝါကြွားကြ၏။-
14 For we stretche not our selues beyonde our measure, as though wee had not attained vnto you: for euen to you also haue we come in preaching the Gospel of Christ,
၁၄သင်တို့သည်ငါတို့အတွက်ဘုရားသခင်သတ် မှတ်ထားသောလုပ်ငန်းနယ်ပယ်အတွင်းပါဝင် သဖြင့် ငါတို့သည်ခရစ်တော်အကြောင်းသတင်း ကောင်းကိုသင်တို့ထံသို့ယူဆောင်လာရာ၌နယ် ကျော်ရာမကျ။-
15 Not boasting of things which are without our measure: that is, of other mens labours: and we hope, when your faith shall increase, to bee magnified by you according to our line aboundantly,
၁၅သို့ဖြစ်၍ငါတို့သည်ဘုရားသခင်သတ်မှတ် ပေးသည့်လုပ်ငန်းအတွက်မှလွဲ၍ သူတစ်ပါး တို့၏လုပ်ဆောင်ချက်များအတွက်ဂုဏ်ယူ ဝါကြွားမှုမပြု။ သင်တို့၏ယုံကြည်ခြင်း ပါရမီရင့်လာသည်နှင့်အမျှ ငါတို့အတွက် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့်နယ် ပယ်အတွင်း သင်တို့ထံတွင်အမှုတော်တို့ ကိုတိုးချဲ့ဆောင်ရွက်နိုင်ရန်မျှော်လင့်၏။-
16 And to preache the Gospel in those regions which are beyonde you: not to reioyce in another mans line, that is, in the thinges that are prepared alreadie.
၁၆ထိုနောက်ငါတို့သည်သင်တို့၏ဒေသကိုကျော် လွန်၍ အခြားဒေသသစ်များတွင်သခင်ယေရှု အကြောင်းသတင်းကောင်းကိုဟောပြောကြေညာ နိုင်သဖြင့် သူတစ်ပါးတို့၏နယ်ပယ်အတွင်း၌ ပြီးစီးခဲ့သည့်ဆောင်ရွက်ချက်များအတွက် ငါ တို့ဂုဏ်ယူဝါကြွားစရာမလိုတော့ပေ။
17 But let him that reioyceth, reioyce in the Lord.
၁၇ကျမ်းစာတော်က ``ဂုဏ်ယူဝါကြွားလိုသူသည် သခင်ဘုရားပြုတော်မူသောအမှုအတွက် သာဂုဏ်ယူဝါကြွားရမည်'' ဟုဆို၏။-
18 For hee that praiseth himselfe, is not alowed, but he whome the Lord praiseth.
၁၈အဘယ်ကြောင့်ဆိုသော်သခင်ဘုရားနှစ်သက် တော်မူသောသူဟူသည်မှာ မိမိကိုယ်ကိုချီး မြှောက်သောသူမဟုတ်။ ကိုယ်တော်ကချီးမြှောက် တော်မူသောသူဖြစ်သောကြောင့်တည်း။