< 1 Timothy 5 >

1 Rebuke not an Elder, but exhort him as a father, and the yonger men as brethren,
အသက်ကြီး သောသူကို ကျပ်တည်းစွာမ ဆုံးမ နှင့်။ အဘ ကဲ့သို့ မှတ်၍ တောင်းပန် လော့။ လူပျို တို့ကို ညီအစ်ကို ကဲ့သို့ ၎င်း
2 The elder women as mothers, the yonger as sisters, with all purenesse.
အသက်ကြီး သောမိန်းမတို့ကို အမိ ကဲ့သို့ ၎င်း၊ မိန်းမ ပျိုတို့ကို အလွန်စင်ကြယ် သော အခြင်းအရာနှင့်တကွ၊ နှမ ကဲ့သို့ ၎င်း မှတ်၍ကျင့်လော့။
3 Honour widowes, which are widowes in deede.
မုတ်ဆိုးမ အမှန် ဖြစ်သော မိန်းမ တို့ကို မစ လုပ်ကျွေးလော့။
4 But if any widowe haue children or nephewes, let them learne first to shewe godlinesse towarde their owne house, and to recompense their kinred: for that is an honest thing and acceptable before God.
သား မြေး ရှိ သော မုတ်ဆိုးမ ဖြစ်လျှင် ၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ် လျက် ၊ မိမိ အိမ် ကို ပြုစု၍ မိဘ ဘိုးဘွား၌ ကျေးဇူး ဆပ် ခြင်းငှာသင် ကြစေ။ ထို အမှုသည် ဘုရားသခင် နှစ်သက် တော်မူသောအမှုဖြစ် ၏။
5 And shee that is a widowe in deede and left alone, trusteth in God, and continueth in supplications and praiers night and day.
မုတ်ဆိုးမ အမှန် ဖြစ်၍တစ်ယောက်တည်း ကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ ညဉ့် မပြတ်တည်နေ တတ်၏။
6 But shee that liueth in pleasure, is dead, while shee liueth.
ကာမဂုဏ် စည်းစိမ်၌ပျော်မွေ့သော မုတ်ဆိုးမ မူကား ၊ အသက် ရှိလျက်ပင် အသေ ဖြစ်၏။
7 These things therefore warne them of, that they may be blamelesse.
ထို သူတို့ကို အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ ဤသို့ပညတ် ထားလော့။
8 If there bee any that prouideth not for his owne, and namely for them of his housholde, hee denieth the faith, and is worse then an infidell.
မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိ အိမ်သူ အိမ်သားတို့ကို မ ပြုစုသောသူမည်သည်ကား ၊ ယုံကြည် ခြင်းတရားကို ငြင်းပယ် ၏။ မယုံကြည် ဘူးသော သူထက်သာ၍ယုတ်မာ၏ ။
9 Let not a widow be taken into the number vnder three score yeere olde, that hath beene the wife of one husband,
မုတ်ဆိုးမ သည်အသက် ခြောက်ဆယ် မ ပြည့်လျှင်၊ စာရင်းအင်း မ ဝင်စေနှင့်။ လင် တစ်ယောက်တည်း ရှိဘူးသောသူ
10 And well reported of for good woorkes: if shee haue nourished her children, if shee haue lodged the strangers, if shee haue washed the Saintes feete, if shee haue ministred vnto them which were in aduersitie, if shee were continually giuen vnto euery good woorke.
၁၀ကောင်း သောအကျင့် ကိုကျင့်၍ အသရေ ရှိသောသူ၊ သူငယ် တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည် ဝတ်ပြုခြင်း၊ သန့်ရှင်းသူ တို့၏ခြေ ကိုဆေး ခြင်း၊ ဆင်းရဲ သောသူတို့ကို လုပ်ကျွေး ခြင်း၊ ကောင်း သောအမှု ရှိသမျှ တို့၌ ကြိုးစားအားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင် ၊ စာရင်းအင်းဝင်စေ။
11 But refuse the yonger widowes: for when they haue begun to waxe wanton against Christ, they will marrie,
၁၁အသက် အရွယ်နုပျိုသော မုတ်ဆိုးမ တို့ကို ပယ် လော့။ အကြောင်းမူကား ၊ ထိုသူတို့သည် ခရစ်တော် ၏ ဆုံးမခြင်းကို သည်းမခံ။ အိမ် သင့်ခြင်းငှာအလိုရှိ လျှင်
12 Hauing damnation, because they haue broken the first faith.
၁၂အရင် သစ္စာ ကို ဖျက် သောကြောင့် အပြစ်သင့် ခြင်းသို့ ရောက် ကြလိမ့်မည်။
13 And likewise also being idle they learne to goe about from house to house: yea, they are not onely ydle, but also pratlers and busibodies, speaking things which are not comely.
၁၃ထိုမှတစ်ပါး၊ တအိမ် မှတအိမ်သို့လည် ၍ ပျင်းရိ တတ်ကြ၏။ ပျင်းရိ သည်သာမက ၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။
14 I will therefore that the yonger women marie, and beare children, and gouerne the house, and giue none occasion to the aduersary to speake euill.
၁၄ထိုကြောင့် ၊ အသက် အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ် သင့်ခြင်း၊ သားဘွား ခြင်း၊ အိမ်မှု ကိုကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့ စရာအခွင့် ကို ရန်သူ အား မ ပေး ဘဲနေခြင်း အမှုများကို ပြုစေခြင်းငှာငါအလိုရှိ ၏။
15 For certaine are alreadie turned backe after Satan.
၁၅အကြောင်းမူကား ၊ ယခုပင် အချို့ တို့သည် လမ်းလွဲ ၍ စာတန် နောက် သို့ လိုက်သွားကြပြီ။
16 If any faithfull man, or faithfull woman haue widowes, let them minister vnto them, and let not the Church bee charged, that there may bee sufficient for them that are widowes in deede.
၁၆ယုံကြည် သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမ ရှိ လျှင် ၊ ကိုယ်တိုင် လုပ်ကျွေး စေ။ သို့ပြုလျှင်၊ အမှန် ဖြစ် သော မုတ်ဆိုးမ တို့ကို အသင်းတော် သည် အနှောင့် အရှက်မ ရှိစေဘဲ လုပ်ကျွေး နိုင်လိမ့်မည်။
17 The Elders that rule well, let them be had in double honour, specially they which labour in the worde and doctrine,
၁၇ကောင်းမွန် စွာ အုပ် သောသင်းအုပ် တို့သည် အလှူနှစ်ဆ ကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရား ဟောခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းအမှုကို ကြိုးစား အားထုတ်သောသူ တို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက် သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။
18 For the Scripture sayeth, Thou shalt not mousell the mouth of the oxe that treadeth out the corne: and, The labourer is worthie of his wages.
၁၈အကြောင်းမူကား ၊ စပါး နင်းနယ်သောနွား ၏ နှုတ်ကိုမ ချုပ်တည်း ရဟုကျမ်းစာ လာ ၏။ တ ချက်ကား၊ လုပ်ဆောင် သောသူ သည် အခ ကို ခံထိုက် ပေသည်ဟု လာပြန်၏။
19 Against an Elder receiue none accusation, but vnder two or three witnesses.
၁၉သက်သေခံ နှစ် ဦးသုံး ဦးမ ရှိလျှင် ၊ သင်းအုပ် ၌ အပြစ်တင် သော စကားကို နား မ ထောင်နှင့်။
20 Them that sinne, rebuke openly, that the rest also may feare.
၂၀ကြွင်း သောသူတို့သည် ကြောက် စေခြင်းငှာ အပြစ် ရှိသော သူ တို့ကို လူအပေါင်း တို့ရှေ့ မှာ အပြစ်တင် ဆုံးမလော့။
21 I charge thee before God and the Lord Iesus Christ, and the elect Angels, that thou obserue these thinges without preferring one to an other, and doe nothing partially.
၂၁ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမ ပြု ဘဲ၊ ဤပညတ် များကို စောင့်ရှောက် မည် အကြောင်း ၊ ဘုရားသခင် နှင့် သခင်ယေရှု ခရစ် မှာ၎င်း၊ ရွေးကောက် တော်မူသော ကောင်းကင် တမန်တို့ ရှေ့ မှာ၎င်း၊ ငါသည် သင့်ကို သစ္စာ ပေး၏။
22 Lay handes suddenly on no man, neither be partaker of other mens sinnes: keepe thy selfe pure.
၂၂အဘယ်သူ၏အပေါ်၌ လက် ကို အလျင်တဆော မ တင် နှင့်။ သူတစ်ပါး အပြစ် ၌ မ ဆက်ဆံ နှင့်။ ကိုယ်ကိုကိုယ် စင်ကြယ် စေလော့။
23 Drinke no longer water, but vse a litle wine for thy stomakes sake, and thine often infirmities.
၂၃သင် ၏ရင်ထဲ၌အကျိုးဖြစ်စေခြင်းငှာ၎င်း၊ မကြာမကြာ ခံရသော ရောဂါ ကြောင့် ၎င်း၊ ယခုမှစ၍ ရေ ကိုသာ မ သောက်ဘဲ၊ စပျစ်ရည် အနည်းငယ် ကိုသုံး လော့။
24 Some mens sinnes are open before hand, and goe before vnto iudgement: but some mens folowe after.
၂၄အချို့ သော သူ တို့၏ဒုစရိုက် သည် ရှေ့မဆွကထင်ရှား ၍၊ အပြစ် စီရင်ခြင်းသို့ အရင် အဦးသွားတတ်၏။ အချို့ သောသူတို့၏ ဒုစရိုက်သည် နောက် သို့လိုက်တတ်၏။
25 Likewise also the good woorkes are manifest before hande, and they that are otherwise, cannot be hid.
၂၅ထိုနည်းတူ ၊ အချို့သောသူတို့၏ သုစရိုက် သည် ထင်ရှား နှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက် ၍မ ထားနိုင် ။

< 1 Timothy 5 >