< 1 Samuel 4 >
1 And Samuel spake vnto all Israel: and Israel went out against the Philistims to battel and pitched beside Eben-ezer: and the Philistims pitched in Aphek.
၁တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိ လူတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ၊ ဧဗနေဇာ မြို့နား မှာ တပ်ချ လျက် ၊ ဖိလိတ္တိ လူတို့သည် အာဖက် မြို့၌ တပ်ချ လျက်နေကြ၏။
2 And the Philistims put themselues in aray against Israel: and when they ioyned the battell, Israel was smitten downe before the Philistims: who slewe of the armie in the fielde about foure thousand men.
၂ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို စစ်ခင်းကျင်း ၍ တိုက်ကြသောအခါ ၊ ဣသရေလ အမျိုးသည် စစ်ရှုံး ၍ ၊ ရန်သူလက်တွင် သူရဲ လေး ထောင် ခန့် မျှ သေ ကြ၏။
3 So when the people were come into the campe, the Elders of Israel said, Wherefore hath the Lord smitten vs this day before ye Philistims? let vs bring the Arke of the couenant of the Lord out of Shiloh vnto vs, that when it commeth among vs, it may saue vs out of the hande of our enemies.
၃လူ များတို့သည် တပ် ထဲသို့ ရောက် သောအခါ ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့က၊ ယနေ့ ထာဝရဘုရား သည် ငါ တို့ကို ဖိလိတ္တိ လူတို့ရှေ့ မှာ အဘယ်ကြောင့် ရှုံး စေတော်မူသနည်း။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် လာ ၍ ၊ ငါ တို့ကို ရန်သူ လက် မှ ကယ်တင် စေခြင်းငှါ၊ ရှိလော မြို့မှ ဆောင် ခဲ့ ကြကုန်အံ့ဟု ဆို ကြသည်အတိုင်း၊
4 Then the people sent to Shiloh, and brought from thence the Arke of the couenant of the Lord of hostes, who dwelleth betweene the Cherubims: and there were the two sonnes of Eli, Hophni, and Phinehas, with the Arke of the couenant of God.
၄လူများတို့သည် ရှိလော မြို့သို့ လူ ကို စေလွှတ် ၍ ၊ ခေရုဗိမ် စပ်ကြားမှာနေ သောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဆောင် ခဲ့သဖြင့် ၊ ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်နှင့်အတူ ဧလိ ၏ သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် ပါကြ၏။
5 And when the Arke of the couenant of the Lord came into the hoste, all Israel shouted a mightie shoute, so that the earth rang againe.
၅ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် တပ် ထဲ သို့ရောက် သောအခါ ၊ မြေကြီး အသံမြည် သည်တိုင်အောင်တပ်သားအပေါင်း တို့သည် ကြွေးကြော် ကြ၏။
6 And when the Philistims heard the noyse of the shoute, they said, What meaneth the sound of this mightie shoute in the host of the Ebrewes? and they vnderstoode, that the Arke of the Lord was come into the hoste.
၆ကြွေးကြော် သံ ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ဟေဗြဲ တပ် ၌ ပြုသောကြွေးကြော် သံ ကြီး ကား အဘယ်သို့ နည်းဟုမေး လျက် ၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် ထိုတပ် ထဲ သို့ ရောက် ကြောင်း ကို သိ ကြ၏။
7 And the Philistims were afraide, and saide, God is come into the hoste: therefore saide they, Wo vnto vs: for it hath not bene so heretofore.
၇ဖိလိတ္တိ လူတို့သည် ကြောက် ၍ ၊ ဘုရား သခင်သည် ဟေဗြဲတပ် ထဲ သို့ ရောက် လေပြီ တကား။ ငါ တို့ သည် အမင်္ဂလာ ရှိကြ၏။ တခါမျှ ဤ သို့မ ဖြစ် စဖူး။
8 Wo vnto vs, who shall deliuer vs out of the hande of these mightie Gods? these are the Gods that smote the Egyptians with all the plagues in the wildernes.
၈ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ တန်ခိုး ကြီးသော ဤဘုရား သခင်၏လက် မှ ငါ တို့ကို အဘယ်သူ ကယ်တင် လိမ့်မည်နည်း။ တော ၌ အဲဂုတ္တု လူတို့ကို ဘေး အပေါင်း နှင့် ဒဏ်ခတ် သော ဘုရား ကား၊ အခြား မဟုတ် ဤ ဘုရားပေတည်း။
9 Be strong and play the men, O Philistims, that ye be not seruants vnto the Ebrewes, as they haue serued you: be valiant therefore, and fight.
၉အို ဖိလိတ္တိ လူတို့၊ ဣသရေလလူတို့သည် သင် တို့ထံ ၌ကျွန် ခံရသကဲ့သို့ ၊ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ ၍ ယောက်ျား ပြု ကြလော့။ ယောက်ျား ပြု ၍ တိုက် ကြလော့ဟု ပြောဆို ကြ၏။
10 And the Philistims fought, and Israel was smitten downe, and fled euery man into his tent: and there was an exceeding great slaughter: for there fell of Israel thirtie thousand footemen.
၁၀ဖိလိတ္တိ လူတို့သည် စစ် တိုက်သဖြင့် ၊ ဣသရေလ အမျိုး ရှုံး ပြန်၍ ၊ လူ တိုင်း မိမိ နေရာ သို့ ပြေး လေ၏။ ကြီးစွာ သော လုပ်ကြံ ခြင်းဖြစ် ၍ ၊ ဣသရေလ ခြေသည် သူရဲ သုံး သောင်းတို့သည် သေ ကြ၏။
11 And the Arke of God was taken, and the two sonnes of Eli, Hophni and Phinehas died.
၁၁ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်၍ ၊ ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် အသက် ဆုံးလေ၏။
12 And there ranne a man of Beniamin out of the armie, and came to Shiloh the same day with his clothes rent, and earth vpon his head.
၁၂ဗင်္ယာမိန် အမျိုးသား တယောက်သည်၊ စစ်တိုက် ရာထဲက ပြေး လာ၍ ၊ မိမိ အဝတ် ကို ဆုတ် လျက် ၊ မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကိုတင်လျက်၊ ထို နေ့ခြင်းတွင် ရှိလော မြို့သို့ ရောက် လေ၏။
13 And when hee came, loe, Eli sate vpon a seate by the wayside, wayting: for his heart feared for the Arke of God and when the man came into the citie to tell it, all the citie cried out.
၁၃ရောက် သောအခါ ၊ ဧလိ သည် လမ်း နား ၌ ခုံ ပေါ် မှာထိုင် ၍၊ ဘုရား သခင်၏ သေတ္တာ တော်အတွက် စိတ် နှလုံးတုန်လှုပ် လျက် စောင့် နေ၏။ ပြေးသောသူသည် မြို့ ထဲ သို့ရောက် ၍ သိတင်းပြော သဖြင့် ၊ တမြို့လုံး အော်ဟစ် ကြ၏။
14 And when Eli heard the noyse of the crying, he sayd, What meaneth this noyse of the tumult? and the man came in hastily, and tolde Eli.
၁၄အော်ဟစ် သံ ကို ဧလိ ကြား သော်၊ အုတ်အုတ် ကျက်ကျက်သော အသံ ကား၊ အဘယ်သို့ နည်းဟုမေး လျှင်၊ ထိုသူသည် အလျင် အမြန်လာ ၍ ဧလိ အား လျှောက် လေ၏။
15 (Nowe Eli was fourescore and eighteene yeere olde, and his eyes were dimme that hee could not see)
၁၅ထိုအခါ ဧလိ သည် အသက် ကိုး ဆယ်ရှစ် နှစ်ရှိ၍ မျက်စိ မ မြင် နိုင် အောင် မျက်ကြော သေနှင့်ပြီ။
16 And the man sayd vnto Eli, I came from the armie, and I fled this day out of the hoste: and he sayd, What thing is done, my sonne?
၁၆ပြေးသောသူက၊ အကျွန်ုပ် သည် စစ်တိုက် ရာမှ ရောက် လာသောသူဖြစ် ပါ၏။ စစ်တိုက် ရာထဲက ယနေ့ အကျွန်ုပ်ပြေး ၍ လာပါ၏ဟု လျှောက် လျှင် ၊ ဧလိက၊ ငါ့ သား ၊ အမှုကားအဘယ်သို့ နည်းဟုမေး လေသော်၊
17 Then the messenger answered and sayd, Israel is fled before the Philistims, and there hath bene also a great slaughter among the people: and moreouer thy two sonnes, Hophni and Phinehas are dead, and the Arke of God is taken.
၁၇တမန်က၊ ဣသရေလ အမျိုးသည် ဖိလိတ္တိ လူတို့ရှေ့ မှာပြေး ၍ ကြီးစွာ သော လုပ်ကြံ ခြင်းကိုခံရ ကြပါပြီ။ ကိုယ်တော် ၏သား ၊ ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် သေ ပါပြီ။ ဘုရား သခင်၏ သေတ္တာ တော် သည်လည်း ရန်သူလက် သို့ရောက်ပါပြီဟု ပြန် လျှောက်လေ၏။
18 And when he had made mention of the Arke of God, Eli fell from his seate backward by the side of the gate, and his necke was broken, and he dyed: for he was an olde man and heauie: and he had iudged Israel fourtie yeeres.
၁၈ဘုရား သခင်၏ သေတ္တာ တော် သိတင်းကိုကြား သောအခါ ၊ ဧလိသည် တံခါး နား မှာ ထိုင်သောခုံ ပေါ် က နောက် သို့လန်ကျ သဖြင့် ၊ လည်ပင်း ကျိုး ၍ သေ လေ၏။ အသက် ကြီး၍ ကိုယ်လေး သောသူဖြစ် ၏။ ထိုသူ သည် ဣသရေလ အမျိုးကို အနှစ် လေး ဆယ်အုပ်စိုး သတည်း။
19 And his daughter in lawe Phinehas wife was with childe neere her trauell: and when she heard the report that the Arke of God was taken, and that her father in lawe and her husband were dead, she bowed her selfe, and trauailed: for her paines came vpon her.
၁၉သူ ၏ ချွေးမ ဖိနဟတ် ၏ မယား သည် ပဋိသန္ဓေ အရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်ကြောင်း၊ ယောက္ခမ နှင့် လင် သေ ကြောင်းကို ကြား သောအခါ ၊ ကျောကုန်း ၍ သား ဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။
20 And about the time of her death, the women that stoode about her, sayd vnto her, Feare not: for thou hast borne a sonne: but she answered not, nor regarded it.
၂၀သေ လုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မ စိုးရိမ် နှင့်။ သား ယောက်ျားကို ဘွားမြင် ပြီဟု ဆို သော်လည်း ပြန် မ ပြော၊ အမှု မ ထားဘဲနေ၏။
21 And she named the childe Ichabod, saying, The glory is departed from Israel, because the Arke of God was taken, and because of her father in lawe and her husband.
၂၁တဖန် ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်သောကြောင့် ၎င်း ၊ မိမိ ယောက္ခမ နှင့် လင် အမှုကြောင့် ၎င်း၊ ဣသရေလ ဘုန်း အသရေပျောက် ခဲ့ပြီဟုဆို လျက်၊ ထိုသူငယ် ကို ဣခဗုဒ် အမည် ဖြင့် မှည့်၍၊
22 She sayde againe, The glory is departed from Israel: for the Arke of God is taken.
၂၂ဣသရေလအမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်း အသရေပျောက် ခဲ့ပြီဟု ဆို လေ၏။