< 1 Samuel 30 >
1 Bvt when Dauid and his men were come to Ziklag the thirde day, the Amalekites had inuaded vpon the South, euen vnto Ziklag, and had smitten Ziklag, and burnt it with fire,
၁သုံး ရက် လွန်၍ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ဇိကလတ် မြို့သို့ရောက် သောအခါ ၊ အာမလတ် လူတို့သည် တောင် ပြည်နှင့် ဇိကလတ် မြို့ကို တိုက် သဖြင့် ၊ ဇိကလတ် မြို့ကို လုပ်ကြံ ၍ မီး ရှို့ နှင့်ကြပြီ။
2 And had taken the women that were therein, prisoners, both small and great, and slewe not a man, but caryed them away, and went their wayes.
၂မြို့၌ ရှိသောမိန်းမ အကြီး အငယ် တယောက် ကိုမျှမ သတ် ၊ ရှိသမျှတို့ကို သိမ်း သွားနှင့်ကြပြီ။
3 So Dauid and his men came to the city, and beholde, it was burnt with fire, and their wiues, and their sonnes, and their daughters were taken prisoners.
၃သို့ဖြစ်၍ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မြို့ သို့ ရောက် သောအခါ ၊ မြို့ကို မီး ရှို့ ၍ မယား သား သမီး များကို သိမ်း သွားကြောင်းကို တွေ့ သဖြင့်၊
4 Then Dauid and the people that was with him, lift vp their voyces and wept, vntill they could weepe no more.
၄ငိုသံ ကို လွှင့် ၍ အား ကုန် သည်တိုင်အောင် ငိုကြွေး ကြ၏။
5 Dauids two wiues were taken prisoners also, Ahinoam the Izreelite, and Abigail the wife of Nabal the Carmelite.
၅ဒါဝိဒ် မယား နှစ် ယောက် ယေဇရေလ မြို့သူအဟိနောင် နှင့် နာဗလ မယား ကရေမေလ မြို့သူအဘိဂဲလ တို့သည်လည်း ပါ သွားကြပြီ။
6 And Dauid was in great sorowe: for the people entended to stone him, because the heartes of all the people were vexed euery man for his sonnes and for his daughters: but Dauid comforted him selfe in the Lord his God.
၆ဒါဝိဒ် သည် အလွန် စိတ်ငြိုငြင် ဆင်းရဲ၏။ လူ များတို့သည် မိမိ တို့ သား သမီး များကြောင့် စိတ် ညှိုးငယ် သဖြင့် ၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ် ကြမည်ဟု ဆို ကြ၏။ ဒါဝိဒ် မူကား မိမိ ဘုရား သခင်ထာဝရဘုရား ကို ကိုးစား လျက်နေ၍၊
7 And Dauid saide to Abiathar the Priest Ahimelechs sonne, I pray thee, bring me the Ephod. And Abiathar brought the Ephod to Dauid.
၇သင်တိုင်း တော်ကို ငါ့ ထံသို့ ဆောင် ခဲ့ပါလော့ဟု အဟိမလက် ၏သား အဗျာသာ ကို ဆို လျှင် ၊ အဗျာသာ သည် သင်တိုင်း တော်ကို ဒါဝိဒ် ထံသို့ ဆောင် ခဲ့လေ၏။
8 Then Dauid asked counsell at the Lord, saying, Shall I follow after this companie? shall I ouertake them? And he answered him, Followe: for thou shalt surely ouertake them, and recouer all.
၈ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ထို အလုံးအရင်း ကို လိုက် ရပါမည်လော။ လိုက်လျှင် မှီ နိုင်ပါမည်လောဟု ထာဝရဘုရား ကို မေးလျှောက် သော် ၊ လိုက် လော့။ ဆက်ဆက်မှီ ၍ အလုံးစုံတို့ကို ရ ပြန်မည်ဟု မိန့် တော်မူသည်အတိုင်း၊
9 So Dauid and the sixe hundreth men that were with him, went, and came to the riuer Besor, where a part of them abode:
၉ဒါဝိဒ် နှင့် သူ ၌ ပါသော လူ ခြောက် ရာ တို့သည် သွား ၍ ဗေသော် ချောင်း သို့ ရောက် သောအခါ ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ် ကြ၏။
10 But Dauid and foure hundreth men followed (for two hundreth abode behinde, being too wearie to goe ouer the riuer Besor)
၁၀ဒါဝိဒ် နှင့် လူ လေး ရာ တို့သည် လိုက် ကြ၏။ နှစ်ရာ တို့သည်မော ၍ ဗေသော် ချောင်း ကိုမကူး နိုင်သောကြောင့် နေရစ် ကြ၏။
11 And they found an Egyptian in the fielde, and brought him to Dauid, and gaue him bread and he did eat, and they gaue him water to drinke.
၁၁လွင်ပြင် ၌ အဲဂုတ္တု လူ တယောက်ကို တွေ့ ၍ ဒါဝိဒ် ထံသို့ ဆောင် ခဲ့သဖြင့် ၊ မုန့် ကိုပေး ၍ ထိုသူသည် စား ၏။ ရေ ကိုလည်း သောက် စေကြ၏။
12 Also they gaue him a fewe figges, and two clusters of raisins: and when he had eaten, his spirite came againe to him: for he had eaten no bread, nor drunke any water in three dayes, and three nightes.
၁၂သင်္ဘောသဖန်းသီး ပျဉ်တဖဲ့ ၊ စပျစ်သီး နှစ် ပြွတ်ကိုလည်း ပေး ၍ သူသည် စား သဖြင့် အားပြည့်ပြန်၏။ သုံး ရက်ပတ်လုံးမ စား မ သောက် ဘဲ ငတ်မွတ်ခဲ့ပြီ။
13 And Dauid saide vnto him, To whome belongest thou? and whence art thou? And he saide, I am a yong man of Egypt, and seruant to an Amalekite: and my master left me three dayes agoe, because I fell sicke.
၁၃ဒါဝိဒ် ကလည်း၊ သင် သည် အဘယ်သူ နှင့် ဆိုင်သနည်း။ အဘယ် အရပ်က လာသနည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူ ထံ၌ ကျွန် ခံရသောအဲဂုတ္တု လူ ကလေးဖြစ်ပါ၏။ သုံး ရက် အထက်က အနာ ရောက်သောကြောင့် သခင် သည် ပစ်ထား ပါ၏။
14 We roued vpon the South of Chereth, and vpon the coast belonging to Iudah, and vpon the South of Caleb, and we burnt Ziklag with fire.
၁၄ခေရသိ ပြည်တောင် ပိုင်း၊ ယုဒ ပြည်နှင့် ကာလက် ပြည်တောင် ပိုင်းကို တိုက် ၍ ဇိကလတ် မြို့ကို မီး ရှို့ ပါပြီဟုပြောဆို ၏။
15 And Dauid saide vnto him, Canst thou bring me to this companie? And he said, Sweare vnto me by God, that thou wilt neither kill me, nor deliuer me into the handes of my master, and I will bring thee to this companie.
၁၅ဒါဝိဒ် ကလည်း၊ ထို အလုံးအရင်း ရှိရာသို့ လမ်းပြ နိုင်သလောဟုမေး လျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့် ကို မ သတ် ၊ သခင့် လက် သို့ မ အပ် မည်အကြောင်းဘုရား သခင်ကို တိုင်တည် ၍ ကျိန်ဆိုပါတော့။ သို့ဖြစ်လျှင် ထို အလုံးအရင်း ရှိရာသို့ လမ်းပြ ပါမည်ဟု ဆို သည်အတိုင်း ၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
16 And when he had brought him thither, beholde, they lay scattered abroade vpon all the earth, eating and drinking, and dauncing, because of all the great pray that they had taken out of the lande of the Philistims, and out of the land of Iudah.
၁၆လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိ ပြည် နှင့် ယုဒ ပြည် ထဲက သိမ်းယူ သော ဥစ္စာ ပစ္စည်းများ အပေါင်း တို့ကြောင့် စား သောက် လျက် ၊ ကခုန် လျက် မြေ တပြင်လုံး ၌ အနှံ့အပြား ရှိကြ၏။
17 And Dauid smote them from the twilight, euen vnto the euening of the next morowe, so that there escaped not a man of them, saue foure hundreth yong men, which rode vpon camels, and fled.
၁၇ဒါဝိဒ် သည်လည်း ညဦး မှစ၍ နက်ဖြန် ညဦး တိုင်အောင် သူ တို့ကို လုပ်ကြံ သဖြင့် ၊ ကုလားအုပ် ကို စီး ၍ ပြေး သော လုလင် လေး ရာ မှတပါး လူတယောက် မှ မ လွတ်။
18 And Dauid recouered all that the Amalekites had taken: also Dauid rescued his two wiues.
၁၈အာမလက် လူတို့သည် သိမ်းသွင်း သမျှ တို့ကို ဒါဝိဒ် သည် ရ ပြန်၍၊ မိမိ မယား နှစ် ယောက်ကိုလည်း ကယ်နှုတ် လေ၏။
19 And they lacked nothing, small or great, sonne or daughter, or of the spoyle of all that they had taken away: Dauid recouered them all.
၁၉လူအကြီး အငယ် ၊ သား သမီး ၊ ဥစ္စာ ပစ္စည်း၊ လုယူသိမ်းသွား သမျှ တို့တွင် တစုံတခုမျှမ ကျန် ၊ အလုံးစုံ တို့ကို ဒါဝိဒ် သည် ရ ပြန်လေ၏။
20 Dauid also tooke all the sheepe, and the oxen, and they draue them before his cattell, and said, This is Dauids pray.
၂၀ဒါဝိဒ် သည်လည်း ထို သိုး နွားများရှေ့ မှာ အရင်နှင် သော သိုး နွား အပေါင်း တို့ကိုလည်း ယူ ၍ ၊ ဤ ဥစ္စာသည် ဒါဝိဒ် ပိုင်သော လက်ရ ဥစ္စာ ဖြစ်သည်ဟုဆို ၏။
21 And Dauid came to the two hundreth men that were too wearie for to follow Dauid: whome they had made also to abide at the riuer Besor: and they came to meete Dauid, and to meete the people that were with him: so when Dauid came neere to the people, hee saluted them.
၂၁မော ၍ ဒါဝိဒ် နောက် သို့ မလိုက် နိုင်၊ ဗေသော် ချောင်း နား မှာ နေရစ် သော လူ နှစ် ရာရှိရာသို့ ဒါဝိဒ် ရောက် ၍ ၊ သူတို့သည် ဒါဝိဒ် နှင့် သူ့ ၌ ပါသော လူ တို့ကို ခရီးဦးကြို ပြုလိုသောငှါ ထွက် လာသဖြင့် ၊ ဒါဝိဒ် သည် အနီး သို့ရောက်သောအခါ သူ တို့ကို နှုတ်ဆက် လေ၏။
22 Then answered all the euill and wicked of the men that went with Dauid, and saide, Because they went not with vs, therefore will wee giue them none of the pray that wee haue recouered, saue to euery man his wife and his children: therefore let them carie them away and depart.
၂၂ဒါဝိဒ် နှင့် လိုက် သွားသော သူ တို့တွင် အဓမ္မ လူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မ လိုက် သောကြောင့် ၊ ငါတို့ရ သော ဥစ္စာ တို့တွင် သူ တို့သား မယား မှတပါး အခြားသော ဥစ္စာကို သူ တို့အားမ ပေး ရ။ ကိုယ်သားမယားကို ယူ ၍ ထွက်သွား ကြစေဟု ဆို ကြ၏။
23 Then saide Dauid, Yee shall not doe so, my brethren, with that which the Lord hath giuen vs, who hath preserued vs, and deliuered the companie that came against vs, into our handes.
၂၃ဒါဝိဒ် ကလည်း ၊ ငါ့ ညီအစ်ကို တို့ ငါ တို့ကို စောင့်မ ၍ ငါ တို့ကို တိုက်လာ သောအလုံးအရင်း ကို ငါ တို့လက် သို့ အပ် တော်မူသောထာဝရဘုရား ပေး သနားတော်မူသော ဥစ္စာကို ထိုသို့ မ ပြု ရ။
24 For who will obey you in this matter? but as his part is that goeth downe to the battel, so shall his part be, that tarieth by the stuffe: they shall part alike.
၂၄ဤ အမှု၌ သင် တို့စကား ကို အဘယ်သူ နားထောင် လိမ့်မည်နည်း။ စစ်တိုက် သွား သော သူရ သည်အတိုင်း ၊ ဥစ္စာ ကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။
25 So from that day forward hee made it a statute and a lawe in Israel, vntill this day.
၂၅ထို နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလ အမျိုး၌ ထိုသို့သော ထုံးစံ ဖြစ်စေခြင်းငှါစီရင် ထုံးဖွဲ့သတည်း။
26 When Dauid therefore came to Ziklag, he sent of the pray vnto the Elders of Iudah and to his friends, saying, See there is a blessing for you of the spoyle of the enemies of the Lord.
၂၆ဒါဝိဒ် သည် ဇိကလတ် မြို့သို့ ရောက် သောအခါ ၊ လက်ရ ဥစ္စာ အချို့ကို မိမိ အဆွေ ခင်ပွန်း၊ ယုဒ အမျိုး အသက်ကြီး သူတို့ထံသို့ ပေး လိုက်၍၊ ထာဝရဘုရား ၏ ရန်သူ လက် မှရခဲ့သော ဥစ္စာထဲက သင် တို့အဘို့ လက်ဆောင် ကို ကြည့် လော့ဟုမှာ လိုက်၏။
27 Hee sent to them of Beth-el, and to them of South Ramoth, and to them of Iattir,
၂၇ဗေသလ မြို့၊ တောင် ရာမုတ်မြို့၊ယတ္တိယ မြို့၊
28 And to them of Aroer, and to them of Siphmoth, and to them of Eshtemoa,
၂၈အာရော် မြို့၊ ရှိဖမုတ် မြို့၊ ဧရှတမော မြို့၊
29 And to them of Rachal, and to them of the cities of the Ierahmeelites, and to them of the cities of the Kenites,
၂၉ရာခလ မြို့၊ ယေရမေလ လူနေရာမြို့ များ၊ ကေနိ လူ နေရာမြို့ များ၊
30 And to them of Hormah, and to them of Chor-ashan, and to them of Athach,
၃၀ဟောမာ မြို့၊ ခေါရာရှန် မြို့၊ အာသက် မြို့၊
31 And to them of Hebron, and to all the places where Dauid and his men had hanted.
၃၁ဟေဗြုန် မြို့မှစ၍ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ် သို့ ပေးလိုက်သတည်း။