< 1 Kings 17 >

1 And Eliiah the Tishbite one of the inhabitats of Gilead sayde vnto Ahab, As the Lord God of Israel liueth, before whom I stand, there shall be neither dewe nor rayne these yeeres, but according to my worde.
ဂိလဒ် ပြည် တိရှဘိ မြို့သားဧလိယ က၊ ငါကိုးကွယ် သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလ ပတ်လုံးမိုဃ်း မ ရွာ၊ နှင်း မကျရဟု အာဟပ် မင်းအား မြွက်ဆို ၏။
2 And the worde of the Lord came vnto him, saying,
ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဧလိယ သို့ ရောက် လာသည်ကား၊
3 Go hence, and turne thee Eastwarde, and hide thy selfe in the riuer Cherith, that is ouer against Iorden,
သင်သည် ဤ အရပ်မှ ထွက်သွား လော့။ အရှေ့ သို့ ပြောင်း ၍ ယော်ဒန် မြစ်တဘက်၊ ခေရိတ် ချောင်း နား မှာ ပုန်းရှောင် ၍နေလော့။
4 And thou shalt drinke of the riuer: and I haue comanded the rauens to feede thee there.
ထိုချောင်း ရေကို သောက် ရမည်။ ကျီးအ တို့သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း၊
5 So he went and did according vnto the word of the Lord: for he went, and remained by the riuer Cherith that is ouer against Iorden.
ဧလိယသည်သွား ၍ ယော်ဒန် မြစ်တစ်ဘက် ၊ ခေရိတ် ချောင်း နား မှာ နေ လေ၏။
6 And the rauens brought him bread and flesh in the morning, and bread and flesh in the euening, and he dranke of the riuer.
ကျီးအ တို့သည် နေ့တိုင်းနံနက် တခါ၊ ညဦး တခါ မုန့် နှင့် အမဲသား ကို ဆောင် ခဲ့ကြ၏။ ချောင်း ရေကိုလည်း သောက် ရ၏။
7 And after a while the riuer dryed vp, because there fell no rayne vpon the earth.
နောက် တဖန် မိုဃ်း မ ရွာသောကြောင့် ချောင်း ရေခန်းခြောက် လေ၏။
8 And the worde of the Lord came vnto him, saying,
ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ရောက် လာသည်ကား၊
9 Vp, and get thee to Zarephath, which is in Zidon, and remaine there: beholde, I haue commanded a widow there to sustaine thee.
သင်ထ လော့။ ဇိဒုန် ပြည်၊ ဇရတ္တ မြို့သို့ သွား ၍ နေ လော့။ ထို မြို့၌ နေသောမုတ်ဆိုးမ တယောက်သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း၊
10 So he arose, and went to Zarephath: and when he came to the gate of the citie, beholde, the widowe was there gathering stickes: and he called her, and sayde, Bring me, I pray thee, a litle water in a vessel, that I may drinke.
၁၀ဧလိယသည်ထ ၍ ဇရတ္တ မြို့သို့ သွား ၏။ မြို့ တံခါး သို့ ရောက် သောအခါ ၊ မုတ်ဆိုးမ သည် ထင်းခွေ လျက်ရှိ၏။ ဧလိယက၊ ငါသောက် စရာ ရေ အနည်းငယ် ကို ခွက် နှင့် ယူ ခဲ့ပါလော့ဟု ဟစ် ၍ ဆို ၏။
11 And as she was going to fet it, he called to her, and sayde, Bring me, I pray thee, a morsell of bread in thine hand.
၁၁မိန်းမသည်ရေကိုယူ ခြင်းငှါ သွား စဉ်တွင် ၊ တဖန် ဟစ် ၍ မုန့် တဖဲ့ ကိုလည်း သင့် လက် ၌ ယူ ခဲ့ပါလော့ဟု ဆို ပြန်လျှင်၊
12 And shee sayde, As the Lord thy God liueth, I haue not a cake, but euen an handfull of meale in a barrel, and a litle oyle in a cruse: and behold, I am gathering a fewe stickes for to go in, and dresse it for me and my sonne, that we may eate it, and dye.
၁၂မိန်းမက၊ သင် ၏ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ မုန့်ပြား တပြားမျှမ ရှိ။ အိုး ထဲမှာ မုန့်ညက် တ လက်ဆုပ်၊ ဘူး ၌ ဆီ အနည်းငယ် သာရှိ၏။ ကျွန်မ နှင့်သား ငယ်အဘို့ ဖုတ် ၍ စား လိုသောငှါ၎င်း၊ စားပြီးမှ သေ လိုသောငှါ၎င်း၊ ထင်းစ နှစ် ခုကို ယခုခွေ ပါ၏ဟု ပြန်ပြော ၏။
13 And Eliiah said vnto her, Feare not, come, do as thou hast sayd, but make me thereof a litle cake first of all, and bring it vnto mee, and afterward make for thee, and thy sonne.
၁၃ဧလိယ ကလည်း မ စိုးရိမ် နှင့်။ သင် ဆိုသည်အတိုင်း သွား ၍ ပြု လော့။ သို့ရာတွင် ငါ့ အဘို့ မုန့်ပြား ငယ် တပြားကို အရင် လုပ် ၍ ယူ ခဲ့လော့။ နောက်မှ သင် နှင့် သင် ၏ သားငယ်အဘို့ လုပ် လော့။
14 For thus saith the Lord God of Israel, The meale in the barrel shall not be wasted, neither shall the oyle in the cruse be diminished, vnto the time that the Lord send rayne vpon the earth.
၁၄ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထာဝရဘုရား သည် မြေ ပေါ် မှာ မိုဃ်း ရွာစေတော်မ မူမှီတိုင်အောင်၊ အိုး ၌ရှိသောမုန့်ညက် မ ကုန်။ ဘူး ၌ရှိသောဆီ မ လျော့ ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို ၏။
15 So she went, and did as Eliiah sayd, and she did eate: so did he and her house for a certaine time.
၁၅ထိုမုတ်ဆိုးမသည်သွား ၍ ဧလိယ စကား အတိုင်း ပြု သဖြင့် ၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍ ၊ အိမ်သား တို့ သည် အင်တန်ကာလ ပတ်လုံး စား ရကြ၏။
16 The barrell of the meale wasted not, nor the oyle was spent out of the cruse, according to the worde of the Lord, which he spake by the hand of Eliiah.
၁၆ထာဝရဘုရား သည် ဧလိယ အားဖြင့် မိန့် တော်မူ သော စကား အတိုင်း ၊ အိုး ၌ရှိသောမုန့်ညက် မ ကုန် ၊ ဘူး ၌ရှိသောဆီ မ လျော့။
17 And after these things, the sonne of the wife of the house fell sicke, and his sicknesse was so sore, that there was no breath left in him.
၁၇ထို နောက်မှအိမ်ရှင်မ ၏သား သည် ပြင်းပြ စွာ သော အနာ ရောဂါစွဲသောကြောင့်အသက် ချုပ်၏။
18 And she said vnto Eliiah, What haue I to do with thee, O thou man of God? art thou come vnto me to call my sinne to remembrance, and to slay my sonne?
၁၈မိန်းမကလည်း၊ အို ဘုရားသခင် ၏လူ ၊ ကိုယ်တော် သည် ကျွန်မ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကျွန်မ အပြစ် တို့ကို အောက်မေ့ စေ၍ ၊ ကျွန်မ သား ကိုသတ် အံ့သောငှါ ကျွန်မ ဆီသို့ ကြွ လာတော်မူသလောဟု ဧလိယ အား ဆို သော်၊
19 And he said vnto her, Giue me thy sonne. and he tooke him out of her bosome, and caryed him vp into a chamber, where he abode, and laid him vpon his owne bed.
၁၉သင် ၏သား ကိုငါ့ အား ပေး လော့ဟုဆို လျက် ၊ မိန်းမ ရင်ခွင် ထဲက ယူ ၍ မိမိ နေ ရာအထက် အခန်းသို့ ဆောင် သွား သဖြင့် ၊ မိမိ အိပ်ရာ ပေါ် မှာထား ပြီးလျှင်၊
20 Then he called vnto the Lord, and sayde, O Lord my God, hast thou punished also this widowe, with whome I soiourne, by killing her sonne?
၂၀အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ် တည်းခို သော ဤမုတ်ဆိုးမ ၌ ဘေးဥပဒ် ပြု၍၊ သူ ၏သား ကို သေ စေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော် လေ၏။
21 And he stretched himselfe vpon the childe three times, and called vnto the Lord, and saide, O Lord my God, I pray thee, let this childes soule come into him againe.
၂၁တဖန် သူငယ် အပေါ် မှာ မိမိကိုယ်ကိုသုံး ကြိမ် လှန်လျက်၊ အကျွန်ုပ် ၏ဘုရားသခင် ထာဝရဘုရား ၊ ဤ သူငယ် ၏ဝိညာဉ် ကို တဖန် ဝင်စေတော်မူပါဟု ထာဝရဘုရား ကို ကြွေးကြော် ပြန်၏။
22 Then the Lord heard the voyce of Eliiah, and the soule of the child came into him againe, and he reuiued.
၂၂ဧလိယ စကား ကို ထာဝရဘုရား ကြား တော်မူ၍ ၊ သူငယ် ၏ ဝိညာဉ် သည်ဝင် သဖြင့် ၊ သူသည် အသက် ရှင်ပြန်၏။
23 And Eliiah tooke the childe, and brought him downe out of the chamber into the house, and deliuered him vnto his mother, and Eliiah sayd, Behold, thy sonne liueth.
၂၃ဧလိယ သည် သူငယ် ကိုအထက် အခန်းမှ အောက် သို့ယူ သွား၍ ကြည့် လော့။ သင် ၏သား အသက် ရှင်ပြီဟု ဆို လျက် အမိ ၌ အပ် လေ၏။
24 And the woman saide vnto Eliiah, Now I knowe that thou art a man of God, and that the worde of the Lord in thy mouth is true.
၂၄မိန်းမ ကလည်း ၊ ဤ အမှုကိုထောက်၍ကိုယ်တော် သည် ဘုရားသခင် ၏ လူ ဖြစ်ကြောင်း ကို၎င်း ၊ ကိုယ်တော် ဆင့်ဆိုသော ထာဝရဘုရား ၏ စကား တော် ဟုတ်မှန် ကြောင်းကို၎င်း၊ ကျွန်မသိ ပါသည်ဟု ဧလိယ အား ဆို ၏။

< 1 Kings 17 >