< 1 John 5 >
1 Whosoeuer beleeueth that Iesus is that Christ, is borne of God: and euery one that loueth him, which begate, loueth him also which is begotten of him.
၁ယေရှု သည် ခရစ်တော် ဖြစ် တော်မူသည်ကို ယုံကြည် သောသူ မည်သည်ကား ၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊
2 In this we know that we loue the children of God, when we loue God, and keepe his commandements.
၂ငါတို့သည် ဘုရားသခင် ကိုချစ် ၍၊ ပညတ် တော်တို့ကို စောင့် ကြည့်လျှင်၊ ဘုရားသခင် ၏သား တို့ကို ချစ် ကြသည်ကို ငါတို့သိ ရကြ၏။
3 For this is the loue of God, that we keepe his commandements: and his commandements are not burdenous.
၃ပညတ် တော်တို့ကို စောင့် ခြင်းအရာသည် ဘုရားသခင် ကိုချစ် ရာရောက် ၏။ ပညတ် တော်တို့ကို စောင့် ခဲ သည်မ ဟုတ်။
4 For all that is borne of God, ouercommeth this world: and this is that victorie that hath ouercome this world, euen our faith.
၄ဘုရားသခင် ၏သား ဖြစ်သောသူ မည်သည်ကား၊ လောက ကို အောင် တတ်၏။ လောက ကို အောင် ခြင်း အကြောင်းမူကား၊ ငါ တို့၏ ယုံကြည် ခြင်းပေတည်း။
5 Who is it that ouercommeth this world, but he which beleeueth that Iesus is that Sonne of God?
၅ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် သည်ကို ယုံကြည် သောသူ မှတပါး ၊ အဘယ်သူ သည်လောက ကို အောင် နိုင်သနည်း ။
6 This is that Iesus Christ that came by water and blood: not by water onely, but by water and blood: and it is that Spirit, that beareth witnesse: for that Spirit is trueth.
၆ထိုသခင် ကား ၊ ရေ အားဖြင့် ၎င်း ၊ အသွေး အားဖြင့်၎င်း ကြွလာ သောသူ တည်းဟူသောယေရှု ခရစ် ပေတည်း။ ရေ အားဖြင့် သာ မ ဟုတ်၊ ရေ အားဖြင့် ၎င်း ၊ အသွေး အားဖြင့် ၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ် တော်သည် သမ္မာတရား ဖြစ် ၍ သက်သေခံတော်မူ၏။
7 For there are three, which beare recorde in heauen, the Father, the Worde, and the holy Ghost: and these three are one.
၇သို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံ သုံး ပါးရှိ ၍ ထိုသုံး ပါးတို့သည် တလုံးတဝတည်း ဖြစ် တော်မူ၏။
8 And there are three, which beare record in the earth, the spirit, and the water and the blood: and these three agree in one.
၈မြေကြီးပေါ်၌လည်း ဝိညာဉ် တော်တစ်ပါး၊ ရေ တစ်ပါး၊ အသွေး တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တစ်ညီတစ်ညွတ်တည်းဖြစ်၏။
9 If we receiue the witnesse of men, the witnesse of God is greater: for this is the witnesse of God, which he testified of his Sonne.
၉လူ ၏သက်သေ ကိုယုံ ရလျှင် ၊ ဘုရားသခင် ၏ သက်သေ တော်ကိုသာ၍ ယုံဘွယ်ရာအကြောင်း ရှိ ၏။ ယခု ဆိုခဲ့ပြီးသော သက်သေ ကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း ကို သက်သေခံ တော်မူချက်ဖြစ် သတည်း။
10 He that beleeueth in that Sonne of God, hath the witnes in himselfe: he that beleeueth not God, hath made him a lyar, because he beleeued not ye record, that God witnessed of that his Sonne.
၁၀ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ သည်၊ မိမိ အထဲ ၌ ထိုသက်သေ ကိုရ ၏။ ဘုရားသခင် ကို မ ယုံကြည် သောသူ မူကား၊ ဘုရားသခင် ကို မုသာ အပြစ်တင် ၏။ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း မှာ သက်သေခံ တော်မူသောစကားတော်ကို ထိုသူသည် မ ယုံ ဘဲနေ၏။
11 And this is that record, to wit, that God hath giuen vnto vs eternall life, and this life is in that his Sonne. (aiōnios )
၁၁သက်သေခံ တော်မူချက်ဟူမူကား၊ ဘုရားသခင် သည် ငါ တို့အား ထာဝရ အသက် ကိုပေး တော်မူ၍ ၊ ထို အသက် သည်လည်း သား တော်၌ ပါ၏ ။ (aiōnios )
12 He that hath that Sonne, hath that life: and he that hath not that Sonne of God, hath not that life.
၁၂သား တော်ကိုရ သောသူ သည် အသက် ကိုရ ၏။ ဘုရားသခင် ၏သား တော်ကို မ ရ သောသူ မူကား အသက် ကိုမ ရ ။
13 These things haue I written vnto you, that beleeue in the Name of that Sonne of God, that ye may knowe that ye haue eternall life, and that ye may beleeue in the Name of that Sonne of God. (aiōnios )
၁၃ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသင်တို့သည် ထာဝရ အသက် ကိုကိုယ်တိုင်ရ သည်ဟု သိ စေခြင်းငှာ ၊ ဤအရာ များကို သင် တို့အား ငါရေး ၍ပေးလိုက်၏။ (aiōnios )
14 And this is that assurance, that we haue in him, that if we aske any thing according to his will, he heareth vs.
၁၄ငါ တို့သည် ဘုရားသခင့် အထံ တော်၌ ရဲရင့် ခြင်းအကြောင်း ဟူမူကား၊ ငါတို့သည်အလို တော်နှင့်အညီ တစ်စုံတစ်ခု သောဆုကိုတောင်း လျှင် ၊ ဘုရားသခင် သည် နားထောင် တော်မူ၏။
15 And if we know that he heareth vs, whatsoeuer we aske, we know that we haue the petitions, that we haue desired of him.
၁၅ဆုတောင်း သမျှ သောစကားတို့ကို နားထောင် တော်မူသည်ကို ငါတို့သိ လျှင် ၊ အထံ တော်၌ တောင်း သောဆုတို့ကို ရ မည်ဟုသိ ရကြ၏။
16 If any man see his brother sinne a sinne that is not vnto death, let him aske, and he shall giue him life for them that sinne not vnto death. There is a sinne vnto death: I say not that thou shouldest pray for it.
၁၆ညီအစ်ကို ချင်းသည် သေ ပြစ်မ သင့် သောဒုစရိုက် ကို ပြု မိသည်ကို တစ်စုံတစ်ယောက် သောသူသည် မြင် လျှင် ၊ ထိုသူသည် ဆုတောင်း ရမည်။ သေ ပြစ် ကို မ ပြု သောသူ တို့အဘို့အလိုငှာ၊ ဘုရားသခင်သည် ထိုသူ အား အသက် ကိုပေး တော်မူမည်။ သေ ပြစ်သင့် သောဒုစရိုက် ရှိ ၏။ ထိုဒုစရိုက် အပြစ်ကို လွှတ်စေခြင်းငှာ ဆုတောင်း ရမည်ဟုငါမ ဆို ။
17 All vnrighteousnesse is sinne, but there is a sinne not vnto death.
၁၇မတရား သောအမှုမည်သည်ကား ဒုစရိုက် ဖြစ် ၏။ သို့သော်လည်း သေ ပြစ်မ သင့် သောဒုစရိုက် ရှိ ၏။
18 We know that whosoeuer is borne of God, sinneth not: but he that is begotten of God, keepeth himselfe, and that wicked one toucheth him not.
၁၈ဘုရားသခင် ၏သား ဖြစ်သမျှ သောသူတို့သည် ဒုစရိုက် ကိုမ ပြုတတ်သည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ သည်၊ မိမိ ကိုမိမိစောင့်ရှောက် သဖြင့် ၊ မာရ်နတ် သည်ထိုသူ ကို မ ထိ မခိုက်နိုင်ရာ။
19 We knowe that we are of God, and this whole world lieth in wickednesse.
၁၉ငါတို့သည် ဘုရားသခင် နှင့်စပ်ဆိုင် သည်ကို၎င်း ၊ လောကီသား အပေါင်း တို့သည် မာရ်နတ် ၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိ ကြ၏။
20 But we know that that Sone of God is come, and hath giue vs a mind to know him, which is true: and we are in him that is true, that is, in that his Sone Iesus Christ: this same is that very God, and that eternal life. (aiōnios )
၂၀ဘုရားသခင် ၏သား တော်သည်ကြွလာ ၍ ၊ မှန် သောဘုရားသခင်ကို သိသောဉာဏ် ကို ငါ တို့အား ပေး တော်မူသည်ကိုလည်း ငါတို့သိ ကြ၏။ မှန် သောဘုရားသခင်၌ ၎င်း ၊ သား တော်ယေရှု ခရစ် ၌ ၎င်းငါတို့သည် တည်လျက်ရှိ ကြ၏။ ထိုသူ သည်မှန် သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရ အသက် လည်း ဖြစ် တော်မူ၏။ (aiōnios )
21 Litle children, keepe your selues from idoles, Amen.
၂၁ချစ်သား တို့၊ ရုပ်တု ဆင်းတုကို ကြဉ်ရှောင် ကြလော့။