< Romans 11 >
1 But then I ask, “Has God rejected his people?” Of course not! I'm an Israelite myself, from the tribe of Benjamin.
၁သို့ဖြစ်လျှင် ၊ ဘုရားသခင် သည် မိမိ လူမျိုး ကို ပယ် တော်မူပြီလောဟုမေးသော်၊ ပယ် တော်မ မူဟုဆို ရ၏။ ငါ ပင် ဣသရေလ လူဖြစ် ၏။ အာဗြဟံ အမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။
2 God has not rejected his chosen people. Don't you recall what Scripture says about Elijah? How he complained about Israel to God, saying,
၂ဘုရားသခင် သည် အထက်က သိမှတ် တော်မူသော မိမိ လူ တို့ကို ပယ် တော်မ မူ။ ပရောဖက်ဧလိယ က ၊ အိုထာဝရဘုရား၊
3 “Lord they've killed your prophets and destroyed your altars. I'm the only one left, and they're trying to kill me too!”
၃သူတို့သည်ကိုယ်တော် ၏ ပရောဖက် များကို သတ် ကြပါပြီ။ ကိုယ်တော် ၏ယဇ်ပလ္လင် များကို ဖြိုဖျက် ကြပါပြီ။ အကျွန်ုပ် တစ်ယောက်တည်း ကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကိုပင် ရှာ ကြပါ၏ဟု ဘုရားသခင် ရှေ့မှာ ဣသရေလ အမျိုးတစ်ဘက် ၌လျှောက်ထားသည်ဟု ကျမ်းစာ ၌ ပါသော အကြောင်းကိုသင်တို့သည် မ သိကြ သလော။
4 How did God answer him? “I still have seven thousand left who have not worshiped Baal.”
၄ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူသနည်းဟူမူကား၊ ဗာလ ရှေ့၌ ဒူး မ ထောက် သောလူ ခုနစ် ထောင်တို့ကို ငါ့ အဘို့ ငါကျန်ကြွင်း စေပြီ ဟုမိန့် တော်မူ၏။
5 Today it's just the same: there are still some faithful people left, chosen by God's grace.
၅ထိုနည်းတူ ၊ ယခု ကာလ တွင် ပင် ကျေးဇူး တော်အတိုင်း ရွေးကောက် တော်မူသော အကြွင်း အကျန်ရှိ သေး၏။
6 And since it's through grace, then clearly it's not based on what people do, otherwise grace wouldn't be grace!
၆ကျေးဇူး တော်အားဖြင့်ရှိလျှင် ၊ ကိုယ်ကျင့်သောအကျင့် အားဖြင့် မ ရှိ၊ ရှိလျှင်ကျေးဇူး သည် ကျေးဇူး မ ဟုတ် ။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။
7 So what do we conclude? That the people of Israel didn't achieve what they were striving for—only the chosen, while the rest became hard-hearted.
၇သို့ဖြစ်လျှင် အဘယ်သို့ နည်း၊ ဣသရေလ လူတို့သည် ရှာ သောအရာ ကို မ တွေ့မရ ကြ။ ရွေးကောက် တော်မူသော သူ တို့သာ တွေ့ရ ကြ၏။ ကြွင်း သောသူ တို့ကို မှောင်မိုက် ဖုံးလွှမ်း၏။
8 As Scripture says, “God dulled their minds so their eyes could not see and their ears could not hear, to this very day.”
၈ထိုသို့နှင့်အညီကျမ်းစာလာ သည်ကား၊ ဘုရားသခင် သည် အိပ် ချင်သောသဘော ကို၎င်း၊ မ မြင် နိုင်သော မျက်စိ ကို၎င်း၊ မ ကြား နိုင်သော နား ကို၎င်း ၊ ထိုသူ တို့အား ပေး တော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင် ပြည့်စုံသတည်း။
9 David adds, “May their feasts become a trap for them, a net that catches them, a temptation that brings punishment.
၉ဒါဝိဒ် ၏စကားဟူမူကား၊ သူ တို့စားပွဲ သည် သူ တို့၌ ကျော့ကွင်း သော်၎င်း၊ ဂျမ်း သော်၎င်း၊ ထောင်ချောက် သော်၎င်း၊ ခံထိုက် သော အပြစ်သော်၎င်း ဖြစ်ပါစေ။
10 May their eyes become blind so they cannot see, and may their backs always be bent low in dejection.”
၁၀သူ တို့သည်မ မြင် နိုင်အောင်မျက်စိ ကွယ် ပါစေ။ သူ တို့ကျော သည်လည်း အစဉ် ကုန်း ပါစေဟု လာ သတည်း။
11 So am I saying that they stumbled and consequently failed completely? Not at all! But as a result of their mistakes, salvation came to other nations, to “make them jealous.”
၁၁သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည်လဲ ၍ နေရသည်တိုင်အောင်ထိမိ ကြပြီလောဟုမေး သော်၊ လဲ၍မ နေ ရကြ။ သူ တို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှာ ၊ သူ တို့၏လဲ ခြင်းအားဖြင့် ကယ်တင် တော်မူခြင်း ကျေးဇူးသည်တစ်ပါး အမျိုးသားတို့၌ သက်ရောက်လေ၏။
12 Now if even their failure benefits the world, and their loss profits the foreigners, how much more beneficial it would be if they were to completely fulfill what they were meant to be.
၁၂သူ တို့၏လဲ ခြင်းအရာသည် လောကီသား တို့၏ စီးပွား ကို၎င်း ၊ သူ တို့၏ရှုံး ခြင်းအရာသည်တစ်ပါး အမျိုးသားတို့၏ စီးပွား ကို၎င်း ပြုစုလျှင် ၊ သူ တို့၏ ပြည့်စုံ ခြင်းအရာသည်သာ၍ ပြုစုမည်မဟုတ်လော။
13 Now let me speak to you foreigners. Insofar as I'm a missionary to foreigners, I promote what I'm doing
၁၃ထိုသို့ဆိုသော်၊
14 that somehow I might make my people jealous and save some of them.
၁၄ငါ သည်တစ်ပါး အမျိုးသားတို့နှင့်ဆိုင်သော တမန်တော် ဖြစ် သည်နှင့်အညီ၊ ထို တမန်တော်အရာကို ချီးမွမ်း လျက်၊ ငါ့ အမျိုးသားချင်းတို့၏ စိတ်ကို တစ်ခုခု အားဖြင့်နှိုးဆော် ၍၊ အချို့ တို့ကို ကယ်တင် ခြင်းငှာ၊ တစ်ပါး အမျိုးသားဖြစ်သော သင် တို့အားဆို ရသတည်း။
15 If the result of God's rejection of them is that the world becomes God's friends, the result of God's acceptance of them would be like the dead coming back to life!
၁၅ထိုသူ တို့ကို ပယ် တော်မူခြင်းအရာသည် လောကီသား တို့၏ မိသ္သဟာယဖွဲ့ ခြင်းအကြောင်း ဖြစ်လျှင် ၊ သူတို့ကို သိမ်းဆည်း တော်မူခြင်းအရာသည် သေ ခြင်းမှ ထမြောက်ရှင်ပြန် ခြင်းကဲ့သို့ဖြစ်လိမ့်မည်မဟုတ် လော။
16 If the first part of the bread dough given as an offering is holy, then so is all the rest; if the roots of a tree are holy, then so are the branches.
၁၆အဦး နယ်သော မုန့်စိမ်းသည်သန့်ရှင်း လျှင် ၊ တပုံ လုံးသန့်ရှင်းလိမ့်မည်။ အမြစ် သန့်ရှင်း လျှင် ၊ အခက်အလက် များလည်း သန့်ရှင်းကြလိမ့်မည်။
17 Now if some of the branches have been broken off, and you—a wild olive shoot—have been grafted in, and have shared with them the benefit of nourishment from the olive tree's roots,
၁၇အချို့ သောအခက် တို့ကို ချိုးဖဲ့ ပြီးမှ ၊ ရိုင်း သော သံလွင်ပင်တည်းဟူသောသင်ကို အထက်ငုတ်၌ ဆက် ၍ စိုက်သဖြင့်၊ အခက်များနှင့်အတူသံလွင် ပင်အမြစ် ကို၎င်း၊ အဆသြဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက် တို့ကို ကဲ့ရဲ့ဝါကြွား ခြင်းမ ရှိနှင့်။
18 then you shouldn't look down on the other branches. If you're tempted to boast, remember it's not you who are supporting the roots, but the roots that are supporting you.
၁၈ဝါကြွား လျှင် မူကား ၊ သင် သည်အမြစ် ကို မ ဆောင် ၊ အမြစ် သည် သင့် ကိုဆောင်၏။
19 You could make the claim, “Branches were broken off so I could be grafted in.”
၁၉ငါ့ ကိုဆက် ၍စိုက်ခြင်းငှာ ထိုအခက် တို့ကို ချိုးဖဲ့ ပြီဟု သင်ဆို ပြန်လျှင် ၊ မှန်စေတော့။
20 All well and good—but they were broken off because of their failure to trust in God, and you stay there because you trust in God. So don't think highly of yourselves, but be respectful,
၂၀မယုံကြည် သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့ သည်ဖြစ်၍၊ သင် သည်ယုံကြည် ခြင်းအားဖြင့်သာ တည် ၏။ မာန စိတ် မ ရှိစေနှင့်။ ကြောက် ခြင်းစိတ်ရှိစေလော့။
21 because if God didn't spare the original branches, he won't spare you either.
၂၁အကြောင်းမူကား ၊ ဘုရားသခင် သည် ပကတိ အခက် များကို နှမြော တော်မ မူလျှင် ၊ သင် တို့ကို နှမြော တော်မူမည်လော။
22 You should recognize both God's kindness and toughness—he was tough on the fallen, but God is kind to you so long as you trust in his kindness—otherwise you'll be removed too.
၂၂သို့ဖြစ်၍ ၊ လဲ သောသူ တို့၌ ပြင်းစွာ စီရင် တော်မူခြင်းကို၎င်း၊ ကျေးဇူး တော်၌သင်သည် တည်နေ လျှင် ၊ သင် ၌ ပြု တော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့ လော့။ ကျေးဇူး တော်၌ မတည်မနေလျှင်၊ သင် သည်လည်း ခုတ်ပစ် ခြင်းကိုခံရမည်။
23 If they no longer refuse to trust in God, they can be grafted in as well, for God is able to graft them back in again.
၂၃သူတို့သည်မယုံကြည် သောစိတ်ပျောက်လျှင် ၊ အပင်၌တဖန် ဆက် ၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တစ်ဖန် ဆက် ၍ စိုက်ခြင်းငှာ ဘုရားသခင် တတ်နိုင် တော်မူ၏။
24 If you could be cut from a wild olive tree, and then be grafted artificially onto a cultivated olive tree, how much more easily they could be grafted back naturally to their own tree.
၂၄အဘယ်သို့ နည်းဟူမူကား၊ ပကတိ ရိုင်း သော သံလွင်ပင်မှ သင့် ကိုခုတ် ယူ၍ ၊ ကောင်းသော သံလွင်ပင်၌ ပကတိ ကို မလိုက်ဘဲ ဆက် ၍စိုက် သည် မှန်လျှင်၊ ပကတိ အခက်ဖြစ်သော ထိုသူ တို့သည် မိမိ တို့ သံလွင် ပင်၌ ဆက် ၍စိုက်သောအခွင့်ကို သာ၍ ရကြမည် မဟုတ်လော။
25 I don't want you, my brothers and sisters to miss this previously-hidden truth, for otherwise you could become conceited. The people of Israel have become hard-hearted in part, until the process of the foreigners coming in is complete.
၂၅ညီအစ်ကို တို့၊ သင်တို့သည် ဝါကြွား သောစိတ်မ ရှိ စေမည်အကြောင်း ၊ တစ်ပါး အမျိုးသားအပေါင်းတို့သည် မ ဝင် မှီတိုင်အောင်၊ ဣသရေလ လူအချို့တို့ကို မှောင်မိုက် ဖုံးလွှမ်း ခြင်းအကြောင်း တည်းဟူသောနက်နဲ သောအရာ ကို မ သိဘဲနေစေခြင်းငှာငါအလို မ ရှိ။
26 This is how all Israel will be saved. As Scripture says, “The Savior will come from Zion, and he will turn Jacob away from his opposition to God.
၂၆ထိုသို့ ကျမ်းစာ နှင့်အညီ ၊ ဣသရေလ လူ အပေါင်း တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ် သောသခင် သည် ဇိအုန် တောင်၌ ပေါ်ထွန်း ၍၊ မတရား သော အမှုကို ယာကုပ် အမျိုးသားတို့မှ လွှဲ တော်မူလတံ့၊
27 My promise to them is that I'll take away their sins.”
၂၇သူ တို့အပြစ် များကို ငါပယ်ရှင်း သောအခါ ၊ သူ တို့၌ ငါ ပေးသော ပဋိညာဉ် တရားသည် ထိုသို့သော တရားဖြစ်၏ဟု လာသတည်း။
28 Though they are enemies of the good news—and this is to your benefit—they are still the chosen people, and loved because of their forefathers.
၂၈သူတို့သည် ဧဝံဂေလိ တရားအားဖြင့် မူကား သင် တို့အကြောင်း ကြောင့် ရန်သူ ဖြစ်ကြ၏။ ရွေးကောက် တော်မူခြင်းအားဖြင့် မူကား ၊ ဘိုးဘေး များအကြောင်း ကြောင့် ချစ်သူ ဖြစ်ကြ၏။
29 God's gifts and his calling can't be withdrawn.
၂၉အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ် ထားတော်မူခြင်း ကျေးဇူး သည် ဖောက်ပြန် ခြင်းသဘောမရှိ၊
30 At one time you disobeyed God, but now God has shown you mercy as a result of their disobedience.
၃၀သင် တို့သည်အထက် က၊ ဘုရားသခင် ၏ စကားတော်ကို နားမထောင် ဘဲနေသော်လည်း ၊ ယခု တွင် သူ တို့ နားမထောင် ခြင်းအမှုအားဖြင့် ၊ သနား တော်မူခြင်း ကို ခံရသကဲ့သို့ ၊
31 In just the same way that they're now disobedient as you were, they will also be shown mercy like you received.
၃၁ထိုနည်းတူ ၊ သင် တို့ခံရသော သနား တော်မူခြင်းအားဖြင့်သူ တို့လည်း သနား တော်မူခြင်းကို ခံရမည် အကြောင်း ၊ ယခု တွင်သူ တို့သည် နားမထောင် ဘဲ နေရကြ၏။
32 For God treated everyone as prisoners because of their disobedience so that he could be merciful to everyone. (eleēsē )
၃၂ဘုရားသခင် သည် လူအပေါင်း တို့ကို သနား တော်မူခြင်းအခွင့်ရှိစေခြင်းငှာ လူအပေါင်း တို့ကို နားမထောင် ခြင်းအဖြစ် ချုပ် ထားတော်မူ၏။ (eleēsē )
33 Oh how deep are God's riches, wisdom, and knowledge! How incredible his decisions, how unimaginable his methods!
၃၃ဘုရားသခင် ၏ပညာ နှင့် ဉာဏ် တော်သည် အလွန်ကျယ်ဝန်း နက်နဲ စွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူ မျှစစ် ၍ မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက် ၍ရှာသော်လည်းမတွေ့မမှီနိုင်။
34 Who can know God's thoughts? Who can give him advice?
၃၄ထာဝရ ဘုရား၏စိတ် တော်ကို အဘယ်သူ သိ သနည်း။ ထာဝရ ဘုရားနှင့်အဘယ်သူ သည် တိုင်ပင် ဘက်ပြု သနည်း။
35 Who has ever given anything to God that God would be obliged to repay?
၃၅ကျေးဇူးဆပ် တော်မူရမည်အကြောင်း ၊ ထာဝရ ဘုရား၌ အဘယ်သူ သည် ကျေးဇူး ပြုဘူးသနည်း။
36 Everything comes from him, everything exists through him, and everything is for him. Glory to him forever, Amen! (aiōn )
၃၆ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် အထဲ က၎င်း ၊ ကိုယ်တော် အားဖြင့် ၎င်း ၊ ကိုယ်တော် အဘို့ အလိုငှာ၎င်း ဖြစ်ကြ၏။ ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် (aiōn )