< Psalms 72 >

1 A psalm of Solomon. God, please give the king fairness, and give the king's son the ability to do what's right.
ရှောလမုန် ကိုရည်ဆောင်၍စပ်ဆိုသောဆာလံ။ အိုဘုရား သခင်၊ ကိုယ်တော် ၏ တရား ဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ် စွာ စီရင်ခြင်းအခွင့်ကို မင်း သား ဖြစ်သော ရှင်ဘုရင် အား ပေး သနားတော်မူပါ။
2 May he rightly judge your people, and may he be fair to the poor.
ထိုမင်းသည် ကိုယ်တော် ၏ လူ တို့ကို ဖြောင့်မတ် စွာ စီရင် ၍ ၊ ကိုယ်တော် ၏ဆင်းရဲသား တို့ကို တရား ပေး ပါလိမ့်မည်။
3 May the mountains bring peace to the people, and the hills bring goodness.
တောင်ကြီးတောင် ငယ်တို့သည် တရား တော်အားဖြင့် ၊ ကိုယ်တော်၏ လူ တို့အား ချမ်းသာ ပေး ကြ ပါလိမ့်မည်။
4 May he defend the poor and save their children, may he crush those who oppress them.
ထိုမင်းသည် ကိုယ်တော်၏ လူ တို့တွင် ဆင်းရဲ သားတို့ကို တရား စီရင်လျက်၊ ငတ်မွတ် သောသူတို့၏ သားသမီး များကို ကယ်မ ၍ ၊ ညှဉ်းဆဲ သောသူကိုလည်း နှိပ်စက် ပါလိမ့်မည်။
5 May they respect him as long as the sun and the moon shine above, for all generations.
နေ နှင့် လ တည် သမျှသောကာလပတ်လုံး၊ လူ အစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော် ကို ကြောက်ရွံ ကြပါလိမ့်မည်။
6 May his reign be like rain falling on new grass, like showers that water the earth.
ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သော မြက်ပင် ပေါ် မှာ ရွာ သောမိုဃ်း ကဲ့သို့ ၎င်း၊ မြေ ကို စို စေ သော မိုဃ်း ပေါက်များကဲ့ သို့၎င်း ဖြစ်လိမ့်မည်။
7 May those who live right prosper under his rule; may there be great prosperity until the moon is no more.
လက်ထက် တော်၌ လ သည်ပပျောက်ခြင်းသို့ မ ရောက်မှီတိုင်အောင် ၊ တရား သောသူသည် ပွင့်လန်း ၍ ချမ်းသာ များ ပြား လိမ့်မည်။
8 May he rule from sea to sea, from the river to the ends of the earth.
ပင်လယ် တပါးမှ တပါး တိုင်အောင် ၎င်း ၊ မြစ် မှ သည် မြေ စွန်း တိုင်အောင် ၎င်း အစိုးရ တော်မူ လိမ့်မည်။
9 Desert tribes will kneel before him; and his enemies will bite the dust.
တောတွင်း သားတို့သည် ရှေ့ တော်၌ ဦးချ ၍၊ ရန်သူ တို့သည်လည်း မြေမှုန့် ကို လျက် ကြလိမ့်မည်။
10 The kings of Tarshish and the islands will bring him tribute; the kings of Sheba and Seba will present him with gifts.
၁၀တာရှု မင်း တို့နှင့် ပင်လယ် တဘက်၌ နေသော မင်း တို့သည ်အခွန်သွင်း ၍၊ ရှေဘ မင်း နှင့် သေဘ မင်းတို့သည် လည်း လက်ဆောင် ပဏ္ဏာများကို ဆက် ကြ လိမ့်မည်။
11 Every king will bow down to him; every nation will serve him.
၁၁ထိုမျှမက ရှင် ဘုရင်အပေါင်း တို့သည် ရှေ့ တော်၌ ပြပ်ဝပ် ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် အမှုတော် ကို ထမ်းကြလိမ့်မည်။
12 He will help the poor when they cry out to him, and help those who are suffering that have no one to support them.
၁၂အကြောင်း မူကား၊ ငတ်မွတ် သောသူ အော်ဟစ် သောအခါ ၊ ထိုသူ ကို ၎င်း၊ ကိုးကွယ် ရာမ ရှိ၍ ဆင်းရဲ သောသူကို ၎င်း ချမ်းသာ ပေးတော်မူ လိမ့်မည်။
13 He has pity on the poor and needy—he saves their lives!
၁၃ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူကို သနား ၍ ၊ ငတ်မွတ် သောသူတို့ ၏ အသက် ကို ကယ်တင် တော်မူလိမ့်မည်။
14 He rescues them from violence and oppression, for their lives mean so much to him.
၁၄သူ တို့အသက် ကို လှည့်စား ခြင်းနှင့် ညှဉ်းဆဲ ခြင်း၏ လက်မှ ရွေးနှုတ် ၍ ၊ သူ တို့အသွေး ကို နှမြော တော်မူလိမ့် မည်။
15 May he live long! May the gold from Sheba be given to him. May people always pray for him and bless him all day long.
၁၅အသက် တော်တည်၍ လူများတို့သည် ရှေဘ ရွှေ ကို ဆက် ခြင်း၊ ကိုယ်တော် အဘို့ အစဉ် မေတ္တာပို့ခြင်း၊ နေ့တိုင်း ထောမနာ ချီးမွမ်းခြင်း တို့ကို ပြုကြ လိမ့်မည်။
16 May there be plenty of grain in the land, even growing on mountain-tops. May the fruit on the trees sway like the trees of Lebanon. May the people in the city flourish like grass in a field.
၁၆ပြည် တော်၌ များစွာ သော စပါး ရှိ၍ ၊ အသီးအနှံ သည် လေဗနုန် တောကဲ့ သို့ တောင် ထိပ် ပေါ် မှာ လှုပ်ရှား လိမ့်မည်။ မြို့ သူမြို့သားတို့သည်လည်း ၊ မြေ ၏မြက်ပင် ကဲ့သို့ စည် ပင်ကြလိမ့်မည်။
17 May his fame live forever, may it last as long as the sun. May all nations be blessed through him, and may they praise him.
၁၇နာမတော် သည် အစဉ် အမြဲတည် လိမ့်မည်။ နေ သည် တည်သမျှသောကာလ ပတ်လုံး နာမ တော်တိုးပွား လိမ့်မည်။ ကျေးဇူး တော်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။
18 Praise the Lord God, the God of Israel, who is the only one who can do such fantastic things!
၁၈အံ့ဘွယ် သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသောထာဝရ အရှင်ဘုရား သခင်၊ ဣသရေလ အမျိုး၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။
19 Praise his wonderful nature forever! May the whole world be full of his glory! Amen and amen!
၁၉ဘုန်းကြီး သော နာမ တော်သည်လည်း အစဉ် အမြဲမင်္ဂလာ ရှိတော်မူစေသတည်း။ မြေကြီး တပြင်လုံး သည် ဘုန်း တော်နှင့်ပြည့်စုံ ပါစေသတည်း။ အာမင် နှင့် အာမင်။
20 (This is the end of the psalms of David, son of Jesse.)
၂၀ယေရှဲ ၏ သား ဒါဝိဒ် ဆုတောင်း သော ပဌနာ စကားပြီး ၏။

< Psalms 72 >