< Philemon 1 >
1 This letter is sent from Paul, prisoner of Jesus Christ, and from our brother Timothy, to Philemon, our good friend and co-worker;
၁ယေရှု ခရစ် နှင့်စပ်ဆိုင်သောအားဖြင့်အကျဉ်း ခံရသော ငါ ပေါလုနှင့် ငါ့ညီ တိမောသေ သည်၊ ငါ တို့ ချစ် သော လုပ်ဘော်ဆောင်ဘက် ချင်းဖိလေမုန်
2 to our sister Apphia, to Archippus who fights alongside us, and to your house church.
၂ငါတို့ချစ်သော နှမ အပ္ပိ ၊ ငါ တို့စစ်သူရဲ ချင်း အာခိပ္ပု မှစ၍ သင် ၏ အိမ် ၌ ရှိသော အသင်းတော် ကို ကြားလိုက်ပါ၏။
3 May you have grace and peace from God our Father and the Lord Jesus Christ.
၃ငါတို့သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်ကကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
4 I always thank my God for you, remembering you in my prayers,
၄သင် သည်သခင် ယေရှု ခရစ်ကို ယုံကြည် ၍ သန့်ရှင်း သူအပေါင်း တို့ကို ချစ် သည်ဟု ငါသည်ကြား လျှင်
5 because I hear of your trust in the Lord Jesus and your love for all believers.
၅ငါ ၏ဘုရားသခင့် ကျေးဇူး တော်ကို အစဉ် ချီးမွမ်း၍၊ သင့် အဘို့ အလိုငှာ ဆုတောင်း ပဌနာပြုလျက်နေ၏။
6 I pray that you will put the generous nature of your trust in God into action as you recognize all the good things we share in Christ.
၆ဆုတောင်းသောအချက်ဟူမူကား၊ သင် သည် ယုံကြည် ခြင်းကို ဆက်ဆံ သော အရှိန် ကြီး၍၊ သူတစ်ပါးတို့ သည် ယေရှုခရစ် အဘို့ အလိုငှာ ငါ တို့၌ ကောင်း သောအရာ ရှိသမျှ တို့ကို ဝန်ခံ မည်အကြောင်း ဆုတောင်း ပဌနာပြု၏။
7 Your love, my dear brother, has brought me much happiness and encouragement. You have really inspired those of us who believe!
၇အချင်းငါ့ညီ ၊ သင် သည် သန့်ရှင်း သူတို့၏ စိတ် နှလုံးကို သက်သာ စေသောကြောင့် ၊ သင် ၏မေတ္တာ ကို ထောက်၍ငါတို့သည် အလွန် ဝမ်းမြောက် ချမ်းသာ ခြင်းရှိ ၏။
8 That's why even though I'm brave enough in Christ to order you to do your duty,
၈ထိုကြောင့် ၊ သင် သည်ပြုသင့်သောအမှုအရာကို ပညတ် ထားခြင်းငှာ၊ ငါသည် ခရစ်တော် အားဖြင့် အလွန် ရဲရင့် စရာ အခွင့် ရှိ သော်လည်း
9 I would rather ask you this favor out of love. Old Paul, now also a prisoner of Christ Jesus,
၉အသက်ကြီး သော ပေါလု တည်းဟူသောယေရှု ခရစ် ကြောင့် အကျဉ်း ခံရသောသူ ဖြစ် လျက်ပင်၊ မေတ္တာ အားဖြင့် သာ သင့်ကို တောင်းပန် ပါ၏။
10 is appealing to you on behalf of Onesimus who became my adopted son during my imprisonment.
၁၀ချည်နှောင် ခြင်းကိုခံစဉ် တွင် ငါဖြစ်ဘွား စေသော သား တည်းဟူသော
11 In the past he was of no use to you, but now he's useful to both you and me!
၁၁သင် သည် အထက် ကအသုံး မရသောသူ ၊ ယခု တွင် ငါ နှင့် သင် သည် အသုံးရ သောသူ ဩနေသိမ် အဘို့ ငါ တောင်းပန် ပါ၏။
12 I send him to you with my fondest wishes.
၁၂ထိုသူ ကိုသင့် ထံသို့ငါပြန် စေသည်ဖြစ်၍၊ သူ့ ကို ငါ့ ရင် သွေးကဲ့သို့မှတ်လျက် လက်ခံလော့။
13 I'd have preferred to keep him here with me so that he could have helped me as you would have done while I am in chains for telling the good news.
၁၃ဧဝံဂေလိ တရားကြောင့် ချည်နှောင် ခြင်းကို ငါခံစဉ် တွင် ၊ သူသည် သင် ၏ ကိုယ်စားငါ့ ကို ပြုစုစေမည် အကြောင်း ၊ သူ့ကို ငါ ထား ချင် သော်လည်း
14 But I decided not do anything without your permission. I didn't want you to be forced to do good, but to do so willingly.
၁၄သင် သည်ငါ၌ ကျေးဇူး ပြုရာတွင် အနိုင်ပြု ရသကဲ့သို့ မ ဟုတ်၊ အလိုအလျောက်ပြုစေချင် သော စိတ် ရှိ သည်ဖြစ်၍၊ သင် ၏ အခွင့် မ ရှိလျှင် အလျှင်းမ ပြု လို ။
15 Maybe you lost him for a while so that you could have him back forever! (aiōnios )
၁၅ထိုမှတစ်ပါး၊ သင်သည်သူ့ ကို အစဉ် ရ စေခြင်းငှာ ၊ သူသည်သင်နှင့်ခဏ ကွာ သွားသည်ဟု ဆိုစရာရှိ၏။ (aiōnios )
16 He's not a servant anymore, because he's more than a servant. He's a specially-loved brother, particularly to me, and even more to you, both as a man and as a fellow-believer in the Lord.
၁၆ထိုသို့ဆိုသော်၊ အစေခံ ကျွန်ကဲ့သို့ ရမည်ဟု မဆိုလို၊ ငါ ၌ အထူးသဖြင့် ချစ် ညီ သော၊ သင် ၌ကား၊ ဇာတိ အားဖြင့် ၎င်း ၊ သခင် ဘုရားအားဖြင့် ၎င်း၊ သာ၍ ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။
17 So if you consider me as a colleague working together with you for the Lord, welcome him as if you were welcoming me.
၁၇သို့ဖြစ်၍ သင်သည်ငါ့ ကို အပေါင်းအဘော် ကဲ့သို့မှတ် လျှင် ၊ သူ့ ကိုငါ ကဲ့သို့ ပင်လက်ခံ လော့။
18 If he has done you any wrong, or owes you anything, charge it to my account.
၁၈သူသည်သင် ၌ပြစ်မှား ခြင်း၊ ကြွေးတင် ခြင်း တစ်စုံတစ်ခု ရှိလျှင် ၊ ငါ့ အတွက်အတာ မှတ် လော့။
19 I Paul am signing this with my own hand: I will repay you. Of course I won't mention what you owe me, including your very self!
၁၉ဆပ်ပေး မည်ဟု ငါ ပေါလု သည် ကိုယ် လက် နှင့် ရေး ထား၏။ သို့ရာတွင်သင် ၏ကိုယ် တည်းဟူသောကြွေး ကိုပင် ငါ့ အားဆပ်ပေးရသောအကြောင်း ရှိသည်ဟု ငါမ ဆို ။
20 Yes, brother, I'm expecting this favor from you in the Lord; please make me happy in Christ.
၂၀အချင်းငါ့ ညီ ၊ သခင် ဘုရား၌ ငါ့ကို ကျေးဇူး ပြုပါလော့။ ခရစ်တော် ၌ ငါ့ စိတ်နှလုံးကို သက်သာ စေပါလော့။
21 I'm writing about this to you because I'm convinced you'll do as I ask—in fact I know you'll do even more than I've asked!
၂၁သင် သည်နားထောင် မည်ဟု ယုံမှား ခြင်းမရှိသည် သာမက၊ ငါပြော သည်ထက် သာ၍ပြု မည်ဟု အမှန်သိ လျက် ငါရေး လိုက်ပါ၏။
22 In the meantime please have a room ready for me, for I hope to be able to return to see you soon in answer to your prayers.
၂၂ထိုမှတစ်ပါး၊ ငါ တည်းခို စရာအရပ်ကိုလည်း ပြင် လော့။ အကြောင်းမူကား ၊ သင် တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင် တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေး တော်မူမည်ဟု မြော်လင့် ခြင်းရှိ၏။
23 Epaphras who is here in prison with me sends his greetings,
၂၃ယေရှု ခရစ် ကြောင့် ငါ နှင့်အတူ အကျဉ်းခံရသော ဧပဖြ မှစ၍
24 as do my co-workers Mark, Aristarchus, Demas, and Luke.
၂၄ငါ ၏ လုပ်ဘော်ဆောင်ဘက် မာကု ၊ အာရိတ္တာခု ၊ ဒေမ ၊ လုကာ တို့သည် သင့် ကို နှုတ်ဆက် ကြ၏။
25 May the grace of our Lord Jesus Christ be with all of you.
၂၅ငါတို့ သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့၏ စိတ် ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။