< Matthew 26 >

1 After Jesus had said all this, he told his disciples,
ထို ဒေသနာ တော်ရှိသမျှတို့ကို ယေရှု သည် အကုန်အစင် ဟော တော်မူပြီး လျှင်၊ တပည့် တော်တို့အား၊
2 “You know that it's Passover in two days time, and the Son of man will be handed over to be crucified.”
နှစ် ရက် လွန် မှပသခါ ပွဲနေ့ရောက် မည်ကို သင်တို့သိ ကြ၏။ ထိုအခါ လူ သား ကိုလက်ဝါးကပ်တိုင် မှာရိုက်သတ်စေခြင်းငှာ အပ်နှံ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
3 Then the chief priests and the elders of the people gathered in the courtyard of Caiaphas, the high priest.
ထိုအခါ ယဇ်ပုရောဟိတ် အကြီးကျမ်းပြုဆရာတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည်၊ ကယာဖ အမည် ရှိသော ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး ၌ စည်းဝေး ကြပြီးလျှင် ၊
4 There they plotted to arrest Jesus on some deceitful pretext and kill him.
ယေရှု ကိုပရိယာယ် အားဖြင့်ဘမ်းဆီး ၍ သတ် အံ့သောငှာတိုင်ပင် ကြ၏။
5 But they said, “Let's not do this during the festival so that the people don't riot.”
သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကိုစိုးရိမ်၍ ပွဲ နေ့တွင် မ ပြုနှင့်ဦးဟု ပြောဆို ကြ၏။
6 While Jesus was staying at Simon the leper's house in Bethany,
ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသောလူနူ ၏ အိမ် ၌ ယေရှု ရှိ တော်မူသည်ဖြစ်၍ ၊
7 a woman came over to him carrying an alabaster jar of very expensive perfume. She poured it on Jesus' head while he was sitting eating. But when the disciples saw what she did, they were upset.
မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သော ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို အထံ တော်သို့ ယူခဲ့၍၊ စားပွဲ နားမှာလျောင်းတော်မူသော ကိုယ်တော် ၏ခေါင်း ပေါ်၌ သွန်းလောင်း လေ၏။
8 “What a terrible waste!” they objected.
တပည့် တော်တို့သည် မြင် လျှင် ဒေါသ စိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ ဆုံးစေသနည်း။
9 “This perfume could've been sold for a lot of money and given to the poor!”
ထို ဆီမွှေးကို အဘိုးများစွာ နှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေး စရာကောင်းသည်ဟုဆို ကြ၏။
10 Jesus was aware of what was going on and told them, “Why are you upset with this woman? She's done something wonderful for me!
၁၀ယေရှု သည် သိ တော်မူလျှင် ထိုမိန်းမ ကိုအဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌ ကောင်း သောအမှု ကိုပြု ပြီ။
11 You'll always have the poor with you, but you won't always have me.
၁၁ဆင်းရဲ သောသူ တို့သည် သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။
12 By pouring this perfume on my body she's prepared me for burial.
၁၂ဤ ဆီမွှေး ကို ငါ့ ကိုယ် အပေါ် ၌သွန်းလောင်း သည်မှာ ငါ့ အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင်ခြင်းငှာ ပြု သတည်း။
13 I tell you the truth: wherever in the world this good news is spread, the story of what this woman has done will also be told in memory of her.”
၁၃ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ တရားကို မြေ တပြင်လုံး တွင် ဟော သောအရပ်ရပ် တို့၌ ဤမိန်းမ ကို အောက်မေ့ စရာဘို့ သူ ပြု သောဤအမှု ကို ကြားပြော ရကြလတံ့ ဟု မိန့် တော်မူ၏။
14 Then Judas Iscariot, one of the twelve disciples, went to the chief priests
၁၄ထိုအခါ တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ် သော ယုဒ ရှကာရုတ် သည် ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား ၍၊
15 and asked them, “How much will you pay me for betraying Jesus to you?” They paid him thirty silver coins.
၁၅အကျွန်ုပ် သည် ယေရှု ကို ကိုယ်တော် တို့လက်သို့အပ် လျှင် အဘယ်မျှလောက် ပေး ပါမည်နည်းဟု လျှောက် သော်၊ ထိုသူ တို့က ငွေ အကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။
16 From then on he looked for an opportunity to betray Jesus.
၁၆ထိုအခါ မှစ၍ ကိုယ်တော် ကိုအပ် ခြင်းငှာ အဆင်သင့် သောအချိန်ကာလကို ရှာကြံ လျက်နေ၏။
17 On the first day of the festival of unleavened bread, the disciples came to Jesus and asked him, “Where do you want us to prepare the Passover meal for you to eat?”
၁၇အဇုမ ပွဲ ပဌမ နေ့၌ တပည့် တော်တို့သည် အထံ တော်သို့ချဉ်းကပ် ၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေး ကြသော်၊
18 Jesus told them, “Go into the city and find this particular man, and tell him that the Teacher says, ‘My time is approaching. I'm coming to celebrate the Passover with my disciples at your house.’”
၁၈ကိုယ်တော် က၊ မြို့ တွင် ဤမည်သော သူ ၏အိမ်သို့ သွား ကြ၊ ဆရာ မှာ လိုက်သည်ကား၊ ငါ့ အချိန် နီး ပြီ။ သင့် အိမ်၌ ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို ငါခံ မည်ဟု ထိုသူ ကို ပြော ကြလော့ ဟု မိန့် တော်မူ၏။
19 The disciples did as Jesus told them, and prepared the Passover meal there.
၁၉တပည့် တော်တို့သည် စီရင် တော်မူသည်အတိုင်း ပြု ၍ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
20 When evening came he sat down to eat with the Twelve.
၂၀ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၏။
21 While they were eating he told them, “I tell you the truth: one of you is going to betray me.”
၂၁စား ၍နေကြစဉ် ကိုယ်တော် က၊ ငါအမှန် ဆို သည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ငါ့ ကို အပ်နှံ လိမ့်မည် ဟု မိန့် တော်မူလျှင် ၊
22 They were extremely upset. One after the other they asked him, “Lord, it's not me, is it?”
၂၂တပည့်တော်တို့သည် အလွန် ဝမ်းနည်း ၍ သခင် ၊ အကျွန်ုပ် လောဟု အသီးအသီး မေးလျှောက် ကြ၏။
23 “The one who's dipped his hand into the dish with me will betray me,” Jesus replied.
၂၃ကိုယ်တော် ကလည်း ငါ နှင့်အတူ ပုကန် တွင် လက် နှိုက် သောသူ သည် ငါ့ ကို အပ်နှံ လိမ့်မည်။
24 “The Son of man will die just as it was prophesied about him, but what a disaster it will be for the man who betrays the Son of man! It would be better for that man if he'd never been born!”
၂၄ကျမ်းစာ လာသည်အတိုင်း လူ သား သည်သွား ရမည်။ သို့သော်လည်း လူ သား ကိုအပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကိုမ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။
25 Judas, the one who would betray Jesus, asked “It's not me, is it, Rabbi?” “You said it,” Jesus replied.
၂၅ကိုယ်တော်ကို အပ်နှံ မည့်သူ ယုဒ ရှကာရုတ် ကလည်း ၊ အရှင် ဘုရား၊ အကျွန်ုပ် လောဟု မေးလျှောက် လျှင်၊ သင် ဆို သည့်အတိုင်းမှန်သည် ဟု ပြန်ပြော တော်မူ၏။
26 While they were eating, Jesus took some bread and blessed it. Then he broke it and gave pieces to the disciples. “Take and eat this for it is my body,” said Jesus.
၂၆ထိုအခါ စား လျက်နေကြစဉ်တွင်၊ ယေရှု သည် မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား ငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စား ကြလော့ ဟု မိန့် တော်မူလျက်၊ တပည့် တော်တို့အား ပေး တော်မူ၏။
27 Then he picked up the cup, blessed it, and gave it to them. “Drink from it, all of you,” he told them.
၂၇ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ သူ တို့အားပေး တော်မူ၍ သင်တို့ရှိသမျှ သည်သောက် ကြလော့။
28 “For this is my blood of the agreement, poured out for many for the forgiveness of sins.
၂၈ဤ ခွက်ကား ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍ လူများ တို့၏အပြစ် ကိုလွတ် စေခြင်းငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။
29 However, I tell you, I won't drink this fruit of the vine until the day I drink it new with you in the kingdom of my Father.”
၂၉ငါဆို သည်ကား၊ ဤ စပျစ်ရည် မျိုး အသစ် ကို ငါ့ ခမည်းတော် ၏နိုင်ငံ ၌ သင် တို့နှင့်အတူ ငါ မ သောက်မှီ နေ့ တိုင်အောင်ယခု မှစ၍ တစ်ဖန် ငါမ သောက်ရ ဟု မိန့် တော်မူ၏။
30 After they'd sung a song, they left for the Mount of Olives.
၃၀ထို့နောက် သီချင်း ဆိုကြပြီးမှသံလွင် တောင် သို့ ထွက်သွား ကြ၏။
31 “All of you will abandon me tonight,” Jesus told them. “As Scripture says, ‘I will strike the shepherd, and the flock of sheep will be completely scattered.’
၃၁ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကိုငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ၊ ယနေ့ ညဉ့် တွင် သင် တို့ရှိသမျှ သည် ငါ့ ကြောင့် စိတ်ပျက် ကြလိမ့်မည်။
32 But after I have risen, I'll go ahead of you to Galilee.”
၃၂သို့သော်လည်း ငါ သည်ထမြောက် ပြီးမှသင် တို့ရှေ့ ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊
33 But Peter objected, “Even if everyone else abandons you, I'll never abandon you.”
၃၃ပေတရု က၊ ဤသူ ရှိသမျှတို့သည် ကိုယ်တော် ကြောင့် စိတ်ပျက် ကြသော်လည်း ၊ အကျွန်ုပ် သည် စိတ် အလျှင်း မပျက်ပါဟု လျှောက် လေ၏။
34 “I'm telling you the truth,” Jesus told him, “This very night, before the cock crows, you'll deny me three times.”
၃၄ယေရှု ကလည်း၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင် ကြက် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူလျှင်၊
35 “Even if I have to die with you, I'll never deny you!” Peter insisted. And all the disciples said the same thing.
၃၅ပေတရု က၊ ကိုယ်တော် နှင့်တကွ သေ ရသော်လည်း အကျွန်ုပ် သည်ကိုယ်တော် ကို မ ငြင်း မပယ်ပါဟု လျှောက် ပြန်၏။ တပည့် တော်အပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။
36 Then Jesus went with his disciples to a place called Gethsemane. He told them, “Sit down here while I go over there and pray.”
၃၆ထိုအခါ ယေရှု သည် သူ တို့နှင့်အတူ ဂေသရှေမန် အရပ် သို့ ရောက် တော်မူလျှင်၊ ငါသည် ထို အရပ်သို့ သွား ၍ ဆုတောင်း စဉ် တွင် ဤ အရပ်၌ ထိုင် နေကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူပြီးမှ ၊
37 He took Peter and the two sons of Zebedee with him, and he began to suffer agonizing sorrow and distress.
၃၇ပေတရု နှင့် ဇေဗေဒဲ ၏သား နှစ် ယောက်တို့ကို ခေါ်သွား ၍ ၊ နှလုံး သေစိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။
38 Then he said to them, “I am so overwhelmed with sadness that it's killing me. Wait here and keep watch with me.”
၃၈ထိုအခါ ယေရှု က၊ ငါ သည် သေ လောက် အောင် စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ ငါ နှင့်အတူ စောင့် ၍ နေ ကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့် တော်မူ၏။
39 He went a little farther forward, fell face down, and prayed. “My Father, please, if it's possible, let this cup of suffering be taken from me,” Jesus asked. “Even so, may it not be what I want but what you want.”
၃၉ထိုမှအနည်းငယ် လွန် ပြန်လျှင် ပြပ်ဝပ် ၍ အကျွန်ုပ် အဘ ၊ ဤ ခွက် သည် အကျွန်ုပ် ကိုလွန်သွားနိုင် လျှင် လွန်သွား ပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော ဟု ဆုတောင်း တော်မူ၏။
40 He went back to the disciples and found them asleep. He said to Peter, “What, you couldn't stay awake with me for just one hour?
၄၀တပည့် တော်တို့ရှိရာ သို့ ပြန် ၍ သူ တို့သည် အိပ်ပျော် လျက်နေကြသည်ကို တွေ့ တော်မူလျှင် ၊ သင်တို့ သည် တစ် နာရီ ခန့်မျှ ငါ နှင့်အတူ စောင့် ၍နေခြင်းငှာဤသို့ မ စွမ်းနိုင် သလော။
41 Stay awake and pray, so that you don't fall into temptation. Yes, the spirit is willing, but the body is weak.”
၄၁စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက်စောင့် နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း ၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အား မိန့် တော်မူပြီးမှ ၊
42 He went away a second time and prayed. “My Father, if this cup cannot be taken from me without me drinking from it, then your will be done,” he said.
၄၂တစ်ဖန် သွား ၍ အကျွန်ုပ် အဘ ၊ ဤခွက် ကိုအကျွန်ုပ်မ သောက် ဘဲ လွန် ၍မ သွားရလျှင် ကိုယ်တော် အလိုရှိ သည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း ပြန်၏။
43 He went back and found them sleeping, for they just couldn't stay awake.
၄၃ထိုနောက် တပည့် တော်တို့ရှိရာသို့လာ ၍ သူ တို့သည် မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင်၊
44 So he left them once more, and went off and prayed a third time, repeating the same things.
၄၄သူ တို့ကိုထား ခဲ့၍ တစ်ဖန် သွား ပြီးလျှင်ရှေ့မြွက်ဆို သည်နည်းတူ သုံး ကြိမ်မြောက်အောင် ဆုတောင်း တော်မူ၏။
45 Then he returned to the disciples, and told them, “How can you still be sleeping and resting? Look, the time has come. The Son of man is about to be betrayed into the hands of sinners!
၄၅ထိုနောက် တပည့် တော်တို့ရှိရာ သို့ပြန်လာ လျှင် ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ လူ သား ကို ဆိုး သောသူတို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။
46 Get up, let's go! See, the one who's betraying me has arrived.”
၄၆ထ ကြ၊ ငါတို့သည် သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
47 As he said this, Judas, one of the Twelve, arrived with a large mob armed with swords and clubs sent by the chief priests and elders of the people.
၄၇ထိုသို့ မိန့် တော်မူစဉ် တွင်ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သော ယုဒ ရှကာရုတ်လာ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူများစေလွှတ်သောလူ အစုအဝေးအပေါင်း တို့သည် ဓား နှင့် ဒုတ် များကို ကိုင်လျက်ပါကြ၏။
48 The betrayer had arranged to give them a signal: “The one that I kiss, that's him—arrest him,” he'd told them.
၄၈ကိုယ်တော် ကို အပ်နှံ သောသူ က၊ ငါနမ်း သောသူ သည် ယေရှု ပင်ဖြစ် ၏။ သူ့ ကိုဘမ်း ကြဟု ထိုသူ တို့အား အမှတ် ပေး ခဲ့သည်အတိုင်း၊
49 Judas came up to Jesus immediately, and said, “Hello, Rabbi,” and kissed him.
၄၉ကိုယ်တော် ရင်းသို့ ချက်ခြင်း ချဉ်းကပ် ၍ အရှင် ဘုရား၊ မင်္ဂလာ ရှိပါစေသောဟုဆို လျက်နမ်း လေ၏။
50 “My friend, do what you came to do,” Jesus said to Judas. So they came and grabbed hold of Jesus, and arrested him.
၅၀ယေရှု ကလည်း ၊ အဆွေ ၊ အဘယ် အခင်းရှိ ၍လာ သနည်း ဟုမေး တော်မူပြီးမှ ၊ ထိုသူများတို့သည် လာ ၍ ကိုယ်တော် ကို ဆွဲကိုင် ဘမ်းဆီး ကြ၏။
51 One of those who was with Jesus reached for his sword and pulled it out. He struck the high priest's servant, cutting off his ear.
၅၁ထိုအခါ ယေရှု နှင့် ပါသောသူ တစ် ယောက်သည် လက် ကိုဆန့် ၍ ဓား ကိုဆွဲထုတ် ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကိုခုတ် သဖြင့် နားရွက် ပြတ် လေ၏။
52 But Jesus told him, “Put your sword away. Everyone who fights with the sword will die by the sword.
၅၂ယေရှု ကလည်း သင့် ဓား ကို သူ့ နေရာ ၌ ပြန်ထား လော့။ ဓား ကိုကိုင် သောသူ ရှိသမျှ တို့သည် ဓား ဖြင့် ဆုံး ခြင်းသို့ ရောက်ကြလိမ့်မည်။
53 Don't you think I could ask my Father, and he'd immediately send more than twelve legions of angels?
၅၃ယခုပင် ငါ့ အဘ ကို ငါတောင်း နိုင် သည်ကို ၎င်း ၊ တောင်းလျှင် ကောင်းကင်တမန် တစ်ဆယ့်နှစ် တပ် မက ငါ့ ထံသို့စေလွှတ် တော်မူမည်ကို၎င်း၊ သင်သည်မ ထင် သလော။
54 But then how could the Scriptures be fulfilled that say it must be like this?”
၅၄သို့ဖြစ်လျှင် ဤသို့သော အမူအရာ တို့သည်ဖြစ်ရ မည်ဟူသောကျမ်းစာ ချက်သည် အဘယ်သို့ ပြည့်စုံ အံ့နည်း ဟု မိန့် တော်မူ၏။
55 Then Jesus told the mob, “Have you come with swords and clubs to arrest me as if I was some kind of dangerous criminal? Every day I sat in the Temple teaching and you didn't arrest me then.
၅၅ထို အခါ ယေရှု က၊ သင်တို့သည် ဓားပြ ကိုဖမ်း သကဲ့သို့ ငါ့ ကိုဖမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။ ငါသည် ဗိမာန် တော်၌ နေ့တိုင်း ဆုံးမ ဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင် နေစဉ်အခါ၊ သင်တို့သည် ငါ့ ကို မ ဖမ်းဆီး ကြ။
56 But all this is happening to fulfill what the prophets wrote.” Then all the disciples abandoned him and ran away.
၅၆ထို အကြောင်းအရာမူကား ၊ အနာဂတ္တိ ကျမ်းစာ ပြည့်စုံ မည်အကြောင်း တည်း ဟု လူ အစုအဝေးတို့ကို မိန့် တော်မူ၏။ ထိုအခါ တပည့် တော်အပေါင်း တို့သည် ကိုယ်တော် ကို စွန့်ပစ် ၍ပြေး ကြ၏။
57 Those who'd arrested Jesus took him to the home of Caiaphas, the high priest, where the religious teachers and elders had gathered.
၅၇ကိုယ်တော် ကို ဘမ်းဆီး သောသူ တို့သည် ကျမ်းပြု ဆရာ၊ လူ အကြီးအကဲများစည်းဝေး ရာ ယဇ်ပုရောဟိတ် မင်း ကယာဖ ထံသို့ ဆောင်သွား ကြ၏။
58 Peter followed him at a distance, and went into the high priest's courtyard. He sat there with the guards to see how things would end.
၅၈ပေတရု သည်လည်း ၊ ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာလိုက် ၍ အတွင်း သို့ဝင် ပြီးလျှင် ၊ ထိုအမှု၏ အဆုံး ကိုသိမြင် ခြင်းငှာမင်း လုလင်တို့နှင့်အတူ ထိုင် နေ၏။
59 The chief priests and the whole council were trying to find some false evidence against Jesus so they could put him to death.
၅၉ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကိုသတ် ရမည် အကြောင်း မမှန် သောသက်သေကို ရှာ သော်လည်း မတွေ့ကြ။
60 But they couldn't find anything, even though many false witnesses came forward. Eventually two came forward
၆၀မမှန် သောသက်သေခံအများ လာ သော်လည်း သက်သေကိုမ တွေ့ ကြ။ နောက်ဆုံး ၌ မမှန်သော သက်သေခံနှစ် ယောက်တို့သည် လာ ၍ ၊
61 and reported, “This man said, ‘I can destroy God's Temple, and rebuild it in three days.’”
၆၁ဤ သူက ငါသည် ဘုရားသခင် ၏ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် နိုင် သည်ဟု ပြော ပါသည်ဟု သက်သေခံ ကြ၏။
62 The high priest stood up and asked Jesus, “Have you no answer? What do you have to say in your defense?”
၆၂ယဇ်ပုရောဟိတ် မင်းသည် ထ ၍ ၊ သင်သည် တစ်ခွန်းမျှ ပြန် ၍မပြောသလော။ ဤ သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟုဆို လျှင်၊
63 But Jesus remained silent. The high priest said to Jesus, “In the name of the living God I place you under oath. Tell us if you are the Messiah, the Son of God.”
၆၃ယေရှု သည် တိတ်ဆိတ် စွာနေတော်မူ၏။ ယဇ်ပုရောဟိတ် မင်းကလည်း သင် သည် ခရစ်တော် တည်းဟူသောဘုရားသခင် ၏သား တော်မှန်သည် မမှန်သည်ကို ငါ တို့အား ပြော စေခြင်းငှာ ၊ အသက် ရှင်တော်မူသောဘုရားသခင် ကို ငါတိုင်တည် ၍ သင့် ကို ကျိန်ဆိုစေ၏ဟု ဆို လျှင်၊
64 “You said it,” Jesus replied. “And I also tell you that in the future you'll see the Son of man sitting at the right hand of the Almighty, and coming on the clouds of heaven.”
၆၄ယေရှု က၊ သင် ဆို သည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆို သည်ကား၊ နောင်ကာလ၌ လူ သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌ ထိုင် လျက် မိုဃ်းတိမ် ကိုစီး ၍ ကြွလာ သည်ကို သင်တို့ မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
65 Then the high priest tore his clothes, and said, “He's speaking blasphemy! Why do we need any witnesses? Look, now you've heard for yourselves his blasphemy!
၆၅ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိ အဝတ် ကိုဆုတ် လျက် ဤသူသည်ဘုရားကို လွန်ကျူး ၍ ပြော သောစကားကို ယခုပင် သင်တို့ ကြား ရပြီ။
66 What's your verdict?” “Guilty! He deserves to die!” they answered.
၆၆အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူ တို့က ဤသူသည် အသေခံ ထိုက် ပေ၏ဟု ပြန် စီရင်ကြ၏။
67 Then they spat in his face and beat him. Some of them slapped him with their hands,
၆၇ထိုအခါ မျက်နှာ တော်ကို တံထွေး နှင့် ထွေးကြ၏။ လက်သီး နှင့် ထိုးကြ၏။
68 and said, “Prophesy to us, you ‘Messiah’! Who just hit you?”
၆၈အချို့ တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ် ၍ ၊ အချင်းခရစ်တော် ၊ ကိုယ်တော် ကို အဘယ်သူ ပုတ် သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။
69 Meanwhile Peter was sitting outside in the courtyard. A servant girl came up to him, and said, “You were with Jesus the Galilean too!”
၆၉ပေတရု သည် ပြင် မှာအိမ်ဦး ၌ ထိုင် နေစဉ်၊ အစေအပါး မိန်းမတစ် ယောက်သည် သူ ရှိရာသို့လာ ၍ သင် သည်လည်း ဂါလိလဲ လူ ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို လျှင်၊
70 But he denied it in front of everyone. “I don't know what you're talking about,” he said.
၇၀ပေတရု က သင်ပြော သောအရာ ကို ငါမ သိ ဟု လူအပေါင်း တို့ရှေ့ ၌ ငြင်းခုံ လေ၏။
71 When he went back to the courtyard entrance another servant girl saw him and said to the people there, “This man was with Jesus of Nazareth.”
၇၁ထို့နောက် ပေတရုသည် အိမ်ဦးရှေ့ သို့ ထွက် ပြီးမှအခြား သောမိန်းမသည် သူ့ ကိုမြင် ၍ ထို အရပ်၌ ရှိသောသူ တို့အား၊ ဤ သူလည်းနာဇရက် မြို့သားယေရှု နှင့် ပေါင်းဖော်သောသူဖြစ် သည်ဟု ဆို လျှင် ၊
72 Once again he denied it, saying with an oath, “I don't know him.”
၇၂ပေတရုက၊ ထိုသူ ကို ငါမ သိ ဟု ကျိန်ဆို လျက်တစ်ဖန် ငြင်းခုံ ပြန်၏။
73 A little while later the people standing there came up to Peter and said, “You definitely are one of them. Your accent gives you away.”
၇၃ထို့နောက် များမကြာ ထိုအရပ်၌ ရပ် နေသော သူ တို့သည် ပေတရု အနီးသို့လာ ၍၊ အကယ်စင်စစ် သင် သည်လည်း ထိုသူ တို့အဝင် ဖြစ် ၏။ သင့် စကား သည် သင့် အကြောင်းကို ထင်ရှား စေ၏ဟု ဆို ကြလျှင် ၊
74 Then he started to swear: “Curses on me if I'm a liar! I don't know the man!” Immediately the cock crowed.
၇၄ပေတရုက၊ ထိုသူ ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍ ကျိန်ဆို ၏။ ထို ခဏချင်းတွင် ကြက် တွန် လေ၏။
75 Then Peter remembered what Jesus had told him: “Before the cock crows, three times you will deny knowing me.” He went outside and wept bitterly.
၇၅ယေရှု က၊ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသော စကား ကို ပေတရု သည် သတိရ သဖြင့် ပြင် သို့ထွက် ၍ ပြင်းစွာ ငိုကြွေး လေ၏။

< Matthew 26 >