< Mark 5 >
1 They arrived on the other side of the lake in the region of the Gerasenes.
၁အိုင်တဘက်၊ ဂါဒရပြည်သို့ ရောက်ကြ၍၊
2 When Jesus got out of the boat a man with an evil spirit came from the graveyard to meet him.
၂ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏခြင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်း တစပြင်မှ ထွက်လာ၍ ကိုယ်တော်ကိုခရီးဦးကြိုပြုလေ၏။
3 This man lived among the tombs, and it had been impossible to tie him up any more, even with a chain.
၃ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှ ချည်၍မနိုင်။
4 He had often been tied up with chains and shackles, but he simply tore the chains apart and broke the shackles into pieces. No one had the strength to subdue him.
၄ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကိုဖြဲတတ်၏။ သူ့ကို ယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင်။
5 Day and night he was always shouting out among the tombs and in the hills nearby, cutting himself with sharp stones.
၅နေ့ညဉ့်မပြတ် သင်္ချိုင်းတစပြင်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့် ကိုယ်ကို ရှုစေလျက် နေတတ်၏။
6 Seeing Jesus from a distance he ran and kneeled in front of him.
၆ယေရှုကိုအဝေးကမြင်လျှင်၊ အထံတော်သို့ ပြေးလာ၍ ပြပ်ဝပ်လျက်၊
7 In a loud voice he cried out, “What have you to do with me, Jesus, Son of Almighty God? Swear by God that you won't torture me!”
၇အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။
8 For Jesus had already told the evil spirit to leave the man.
၈လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။
9 Then Jesus asked him, “What is your name?” “My name is Legion, because we are many!” he replied.
၉ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည် ရှိသနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊
10 He also repeatedly pleaded with Jesus not to send them a long way away.
၁၀ထိုပြည်ထဲက အခြားသို့မနှင့်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။
11 A large herd of pigs was feeding on the hillside nearby.
၁၁ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။
12 The evil spirits pleaded with him, “Send us into the pigs so we can enter them.”
၁၂နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါ ဟု တောင်းပန်ပြန်လျှင်၊
13 Jesus allowed them to do this. The evil spirits left the man and went into the pigs. The whole herd, about two thousand, rushed down the steep cliff into the sea and drowned.
၁၃ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။
14 The pig-keepers ran away, and spread the news all over town and in the countryside. People came out to see what had happened.
၁၄ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမူအရာ တို့ကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။
15 When they found Jesus they saw the man who had been demon-possessed sitting there, dressed, and in his right mind—the one who had the legion of evil spirits—and they became frightened!
၁၅အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ် နှင့် ထိုင်နေသည်ကိုမြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
16 Then those who had seen what had happened to the man who had been demon-possessed and the pigs told the others.
၁၆နတ်ဆိုးစွဲသောသူ၌၎င်း၊ ဝက်တို့၌၎င်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာ သောသူတို့အား ပြန်ကြားပြီးမှ၊
17 They began pleading with Jesus to leave their district.
၁၇မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
18 As Jesus climbed into the boat, the man who had been demon-possessed begged to go with him.
၁၈လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊
19 But Jesus refused, telling him, “Go home to your own people, and tell them how much the Lord has done for you and how he has been merciful to you.”
၁၉ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ် တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊
20 So the man went on his way and began to tell the people of the Ten Cities everything Jesus had done for him, and everyone was amazed.
၂၀ထိုသူသည် သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ ဒေကာပေါလိပြည် တွင် သိတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။
21 Jesus went back again by boat to the other side of the lake where a large crowd gathered around him at the shore.
၂၁ယေရှုသည် ကမ်းတဘက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။
22 A synagogue leader, a man named Jairus, came to him. When he saw Jesus, he fell at his feet
၂၂ထိုအခါ ယာဣရုအမည်ရှိသော တရားစရပ်မှူးသည်လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။
23 and pleaded with him, saying, “My little daughter is about to die. Please come and place your hands on her so she may be healed and live.”
၂၃သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။
24 So Jesus went with him. Everybody followed, crowding and jostling him.
၂၄ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ၏။
25 A woman was there who had been ill from bleeding for twelve years.
၂၅ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊
26 She'd suffered considerably under the care of many doctors, and had spent all she had. But nothing helped her—in fact she'd grown worse.
၂၆များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည် သာမက၊ အနာတိုးသော မိန်းမတယောက်သည်၊
27 She had heard about Jesus, so she came up behind him through the crowd, and touched his cloak.
၂၇ယေရှု၏သိတင်းတော်ကို ကြားသည်ရှိသော်၊
28 She was telling herself, “If I can just touch his cloak, I'll be healed.”
၂၈ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍အဝတ်တော်ကို တို့လေ၏။
29 The bleeding stopped immediately, and she felt her body healed from her disease.
၂၉ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခန်းချောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။
30 Jesus, sensing at once that power had gone out from him, turned around in the crowd and asked, “Who touched my cloak?”
၃၀ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့် ၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။
31 “Look at the crowd jostling you. What do you mean, ‘Who touched me?’” the disciples replied.
၃၁တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကိုမြင်လျက်ပင်၊ ငါ့ကို အဘယ်သူ တို့သနည်းဟုမေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း၊
32 But Jesus went on looking around to see who had done it.
၃၂ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှါ၊ ပတ်လည်သို့ ကြည့်ရှုတော်မူ၏။
33 The woman, realizing what had happened to her, came and fell down before him, and told him the whole truth.
၃၃ထိုမိန်းမသည် ကိုယ်၌အဘယ်သို့ဖြစ်သည်ကိုသိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပြပ်ဝပ်၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန်ကြားလျှောက်လေ၏။
34 “My daughter, your trust in me has healed you. Go in peace. You have been completely cured of your disease,” Jesus told her.
၃၄ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွား လော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။
35 While he was still speaking some people came from the home of the synagogue leader. “Your daughter is dead,” they said. “You don't need to bother the Teacher any longer.”
၃၅ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှလူလာ၍၊ ကိုယ်တော်၏သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ရှက်သေးသနည်းဟု ဆိုကြ၏။
36 But Jesus paid no attention to what they said. He told the synagogue leader, “Don't be afraid, just trust in me.”
၃၆ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့ဟု တရား စရပ်မှူးအား ချက်ခြင်းမိန့်တော်မူ၏။
37 He wouldn't let anyone go with him except Peter, James, and James' brother John.
၃၇ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်မှတပါး အဘယ်သူကိုမျှ မလိုက်စေဘဲ၊
38 When they arrived at the synagogue leader's house, Jesus saw all the commotion, with people crying and wailing.
၃၈တရားစရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကို၎င်း မြင်တော်မူလျှင်၊
39 He went in and asked them, “Why are you making such a commotion with all this crying? The little girl isn't dead, she's just sleeping.”
၃၉အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သုငယ်သေ သည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊
40 They laughed scornfully at him. Jesus made everyone leave. Then he went into the room where the little girl was lying, taking with him the child's father and mother, and the three disciples.
၄၀ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကို၎င်း၊ ကိုယ်တော်နှင့်ပါသောသူတို့ကို၎င်း ခေါ်ပြီးလျှင်၊ သူငယ် လျောင်းရာအရပ်သို့ ဝင်၍၊
41 Taking the little girl's hand he said, “Talitha koum,” which means, “Little girl, get up!”
၄၁သူငယ်၏လက်ကို ကိုင်တော်မူလျှက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ်ထလော့ ငါဆို၏ဟု ဆိုလိုသတည်း။
42 The little girl, who was twelve years old, got up immediately and began walking around. They were completely astonished at what had happened.
၄၂ထိုခဏခြင်းတွင် မိန်းမငယ်သည် ထ၍လှမ်းသွား၏။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ၏။ ထိုသူတို့ သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။
43 He gave them strict instructions not to let anyone know, and he told them to give the little girl something to eat.
၄၃ထိုအမူအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။