< Leviticus 4 >
၁တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သော အမှုကိုပြု မိသည် အရာတွင်၊-
2 “Tell the Israelites that these are the rules to handle cases of those who sin unintentionally against any of the Lord's commandments and do what is not permitted.
၂
3 If it is the high priest who sins and brings guilt on everyone, he must present to the Lord a young bull without defects as a sin offering for his sin.
၃ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့ သွေးဆောင်၍ ကိုယ်တိုင် ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ -
4 He must take the bull to the entrance of the Tent of Meeting before the Lord, put his hand on its head and kill it before the Lord.
၄ပရိသတ်စည်းဝေးရာ တဲတော် တဲခါးနား၊ ထာဝရဘုရားရှေ့တော် သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား ဆက်ရမည်။
5 Then the high priest shall take some of the bull's blood into the Tent of Meeting.
၅ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည်၊ နွား၏ အသွေးကို ယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ပြီးလျှင်၊-
6 The high priest shall dip his finger in the blood and sprinkle some of it seven times before the Lord in front of the veil of the sanctuary.
၆မိမိလက်ညှိုးကို အသွေး၌နှစ်၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။
7 The priest shall put some of the blood on the horns of the altar of aromatic incense that stands before the Lord in the Tent of Meeting. The rest of the bull's blood he is to pour out at the bottom of the altar of burnt offering at the entrance to the Tent of Meeting.
၇တဖန်ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာ ပလ္လင်ဦးချိုတို့၌ နွားအသွေးကို ထည့်၍၊ ကြွင်းသော အသွေးကို၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာ ယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။
8 Then he shall remove all the fat from the bull of the sin offering: all the fat that covers the insides,
၈မိဿဟာယယဇ် ပြုသော နွား၏ဆီဥကိုယူသကဲ့သို့၊ အပြစ်ဖြေရာ ယဇ်ပြုသော နွားအအူကို ဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊-
9 both kidneys with the fat on them by the loins, and the best part of the liver, which he is to remove together with the kidneys
၉ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော၊ နွားဆီဥရှိသမျှကို ယူ၍၊
10 in the same way as the fat is removed from the bull of the peace offering. Then the priest shall then burn this on the altar of burnt offering.
၁၀မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည်။
11 But the skin of the bull, all its flesh, head, legs, insides and waste—
၁၁နွား၏ ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွ အရေ၊ အသားရှိသမျှ တည်းဟူသော၊-
12 all the rest of it—he has to take outside the camp to a place that is ceremonially clean, where the ashes are dumped, and he must burn it on a wood fire there on the ash heap.
၁၂နွာတကောင်လုံးကို၊ တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား၍ ထင်းအပေါ်၌ မီးရှို့ရမည်။ ပြာသွန်း၍ ထားရာအရပ်၌ မီးရှို့ရမည်။
13 If the whole Israelite community goes astray unintentionally, and even though they are unaware of doing what is not permitted by any of the Lord's commandments, they are all still guilty.
၁၃ဣသရေလအမျိုးသား ပရိအပေါင်းတို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမူကို ပြုမိသဖြင့် အပြစ်ရောက် လျှင်၊-
14 When they realize their sin, then they must bring a young bull as a sin offering and present it before the Tent of Meeting.
၁၄ထိုသို့ ပြစ်မှားမိသော အပြစ်ကိုသိသောအခါ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသော နွားထီးကို၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ဆက်ရမည်။
15 The elders of Israel are to put their hands on its head and kill it before the Lord.
၁၅ပရိသတ်တွင် အသက်ကြီးသော သူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်၍၊ ထိုနွားကို ရှေ့တော်၌ သတ်ရကြမည်။
16 Then the high priest shall take some of the bull's blood into the Tent of Meeting.
၁၆ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ် စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ ပြီးလျှင်၊-
17 He shall dip his finger in the blood and sprinkle it seven times before the Lord in front of the veil.
၁၇မိမိလက်ညှိုးကို အသွေး၌ နှစ်၍၊ ကုလားကာရှေ့ ထာဝရရှေ့တော်၌ ခုနစ်ကြိမ် ဖြန်းရမည်။
18 He shall put some of the blood on the horns of the altar that stands before the Lord in the Tent of Meeting. Then he is to pour out the rest of the bull's blood at the bottom of the altar of burnt offering at the entrance to the Tent of Meeting.
၁၈တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော ပလ္လင်ဦးချိုတို့၌ အသွေးကို ထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။
19 Then he shall remove all the fat from the bull and burn it on the altar.
၁၉နွားဆီဥ ရှိသမျှကို ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
20 He shall offer this bull in the same way he did for the sin offering. This is how the priest will make them right, and they will be forgiven.
၂၀အပြစ်ဖြေရာ ယဇ်ပြုသော နွားကို ပြုသကဲ့သို့၊ ထိုနည်းတူ ဤနွားကို ပြုသဖြင့်၊ ယဇ်ပုရောဟိတ် သည် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူတို့အပြစ် လွတ်လိမ့်မည်။
21 Then he shall take the bull outside the camp and burn it, just as he burned the bull previously mentioned. It is the sin offering for the whole community.
၂၁ထိုနောက်မှ နွားကို တပ်ပြင်သို့ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည်။ ပရိသတ်အဘို့ အပြစ်ဖြေစရာ ယဇ်ဖြစ်သတည်း။
22 If a leader sins unintentionally and does what is not permitted by any of the commandments of the Lord his God, he is guilty.
၂၂မင်းသည်လည်း တရားကိုမသိ၊ မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား ၍ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊-
23 When he realizes his sin, he must bring a male goat without defects as his offering.
၂၃မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ အပြစ်မပါသော ဆိတ်သငယ်အထီးကို ပူဇော်သက္ကာဘို့ ဆောင်ခဲ့ရမည်။
24 He must put his hand on the head of the goat and kill it at the place where the burnt offering is killed before the Lord. It is a sin offering.
၂၄ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်ကောင်သတ်ရာ အရပ်တွင် သတ်ရမည်။ အပြစ်ဖြေရာ ယဇ်ဖြစ်သတည်း။
25 Then the priest is to take some of the blood of the sin offering with his finger and put it on the horns of the altar of burnt offering, and pour out the rest of the blood at the bottom of the altar.
၂၅ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ်၏ အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦး ချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။
26 He shall burn all its fat on the altar like the fat of the peace offerings. In this way the priest will make the man's sin right, and he will be forgiven.
၂၆မိဿဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် မင်း၏ အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
27 If any other Israelite sins unintentionally and does what is not permitted by any of the commandments of the Lord his God, he is guilty.
၂၇ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ် မှား၍၊ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊-
28 When he realizes his sin, he must bring a female goat without defects as his offering for that sin.
၂၈မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဘို့ အပြစ်မပါသော ဆိတ်သငယ်အမကို ဆောင်ခဲ့ရမည်။
29 He must put his hand on the head of the sin offering and kill it at the place at the place of the burnt offering.
၂၉အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ ထိုဆိတ်ကို သတ်ရမည်။
30 Then the priest is to take some of its blood with his finger and put it on the horns of the altar of burnt offering, and pour out the rest of the blood at the bottom of the altar.
၃၀ယဇ်ပုရောဟိတ်သည် အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင် ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။
31 He shall remove all its fat like the fat of the peace offerings and burn it on the altar and it will be to be accepted by the Lord. In this way the priest will make the man's sin right, and he will be forgiven.
၃၁မိဿဟာယယဇ်ကောင်ဆီဥကို ယူသကဲ့သို့၊ ဆီဥရှိသမျှကို ယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာ ဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
32 If he brings a lamb as a sin offering, he is to bring a female without defects.
၃၂သိုးသငယ်ကို အပြစ်ဖြေရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အမကို ဆောင်ခဲ့ရမည်။
33 He must put his hand on the head of the sin offering and kill it as a sin offering at the place at the place where the burnt offering is killed.
၃၃အပြစ်ဖြေရာ ယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကို တင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါ သတ်ရမည်။
34 Then the priest is to take some of its blood with his finger and put it on the horns of the altar of burnt offering, and pour out the rest of the blood at the bottom of the altar.
၃၄ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင် အသွေးကို လက်ညှိုးနှင့် ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ ဖြန်းသော အသွေးကို ထိုပလ္လင် ခြေရင်းနား၌ သွန်ရမည်။
35 He shall remove all its fat like the fat of the lamb is removed from the peace offerings and burn it on the altar and it will be to be accepted by the Lord. In this way the priest will make the man's sin right, and he will be forgiven.
၃၅မိဿဟာယယဇ်ကောင် သိုးသငယ်ဆီဥကို ပြုသကဲ့သို့၊ ဆီဥရှိသမျှကို ယူ၍၊ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။