< Judges 10 >

1 After Abimelech's time, Tola, son of Puah, son of Dodo, from the tribe of Issachar, came on the scene to save Israel. He lived in the town of Shamir, in the hill country of Ephraim.
အ​ဘိ​မ​လက်​ကွယ်​လွန်​ပြီး​နောက် ဣ​သ​ရေ​လ လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​ဒေါ​ဒေါ​၏​မြေး၊ ဖု​ဝါ ၏​သား​တော​လ​ပေါ်​ထွန်း​လာ​၏။ သူ​သည်​ဣ​သ ခါ​အ​နွယ်​ဝင်​ဖြစ်​၍ ဧ​ဖ​ရိမ်​တောင်​ကုန်း​ရှိ ရှ​မိ​ရ​မြို့​တွင်​နေ​ထိုင်​၏။-
2 He led Israel as a judge for twenty-three years. Then he died and was buried in Shamir.
သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း ဆောင်​အ​ဖြစ်​ဖြင့် နှစ်​ဆယ့်​သုံး​နှစ်​မျှ​ဆောင်​ရွက် ပြီး​နောက်​ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို ရှ​မိ​ရ​မြို့​၌​သင်္ဂြိုဟ်​ကြ​လေ​သည်။
3 After Tola came Jair from Gilead, who led Israel as a judge for twenty-two years.
တော​လ​ကွယ်​လွန်​ပြီး​နောက်​ဂိ​လဒ်​ပြည်​သား ယာ​ဣ​ရ​ပေါ်​ထွန်း​လာ​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​နှစ်​ဆယ့်​နှစ်​နှစ်​တိုင်​ခေါင်း​ဆောင် ရ​၏။-
4 He had thirty sons who rode thirty donkeys. They had thirty towns in the land of Gilead, which to this day are called the Towns of Jair.
သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​သော​သား​သုံး​ကျိပ် ရှိ​၏။ သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့​ပေါင်း​သုံး ဆယ်​ကို​အ​ပိုင်​စား​ရ​ရှိ​ကြ​လေ​သည်။ ထို​မြို့ တို့​သည်`ယာ​ဣ​ရ​ရွာ​များ' ဟူ​၍​ယ​နေ့​တိုင် အောင်​နာ​မည်​တွင်​လျက်​ရှိ​နေ​သေး​သ​တည်း။-
5 Jair died and he was buried in Kamon.
ယာ​ဣ​ရ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​ရုပ် အ​လောင်း​ကို​ကာ​မုန်​မြို့​၌​သင်္ဂြိုဟ်​ကြ​လေ သည်။
6 Once again the Israelites did what was evil in the Lord's sight. They worshiped the Baals and the Ashtoreths, as well as the gods of Aram, Sidon, and Moab, and the gods of the Ammonites and Philistines. They rejected the Lord and did not worship him.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗာ​လ ဘု​ရား၊ မော​ဘ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ အမ္မုန်​ဘု​ရား၊ ဖိ​လိတ္တိ ဘုရား​တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပစ်​ပယ်​၍ ကိုယ်​တော်​ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​တော့​ချေ။-
7 So the Lord became angry with Israel, and he sold them to the Philistines and the Ammonites.
သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အ​မျက်​ထွက်​တော်​မူ သ​ဖြင့် ဖိ​လတ္တိ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး သား​တို့​၏​လက်​အောက်​ခံ​ဖြစ်​စေ​တော်​မူ​၏။-
8 That year and for eighteen more years they harassed and oppressed the Israelites, all the Israelites that lived on the east side of the Jordan in Gilead, the land of the Amorites.
ထို​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ မော​ရိ​နယ်​မြေ​ဂိ​လဒ်​ပြည်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဆယ့် နှစ်​နှစ်​တိုင်​တိုင်​ညှင်း​ပန်း​နှိပ်​စက်​ကြ​၏။-
9 The Ammonites also crossed the Jordan to attack Judah, Benjamin, and Ephraim, causing terrible trouble for Israel.
အမ္မုန်​အ​မျိုး​သား​တို့​သည်​ယော်​ဒန်​မြစ်​ကို ပင်​လျှင် ဖြတ်​ကျော်​ကာ​ယု​ဒ​အ​နွယ်၊ ဗင်္ယာ​မိန် အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​တို့​ကို​တိုက်​ခိုက် ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှာ အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။
10 The Israelites cried out to the Lord for help, saying, “We have sinned against you, rejecting our God and worshiping the Baals.”
၁၀ထို​အ​ခါ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ဟစ်​အော်​ကာ``အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ကို​စွန့်​ပယ်​ကာ ဗာ​လ ဘု​ရား​များ​ကို​ဝတ်​ပြု​မိ​ကြ​ပါ​ပြီ'' ဟု လျှောက်​ထား​ကြ​၏။
11 The Lord replied to the Israelites, “Didn't I save you from the Egyptians, the Amorites, the Ammonites, the Philistines,
၁၁ထာ​ဝ​ရ​ဘု​ရား​က​ဤ​သို့​ပြန်​၍​မိန့်​ကြား တော်​မူ​၏။ ``အ​တိတ်​ကာ​လ​က​အီ​ဂျစ်​အ​မျိုး သား၊ အာ​မော​ရိ​အ​မျိုး​သား၊ အမ္မုန်​အ​မျိုး​သား၊ ဖိ​လိတ္တိ​အ​မျိုး​သား၊-
12 the Sidonians, the Amalekites, and the Maonites? When they attacked you, and you cried out to me for help, didn't I save you from them?
၁၂ဇိ​ဒုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား နှင့်​မော​နိ​အ​မျိုး​သား​တို့​သည် သင်​တို့​အား ညှင်း​ဆဲ​နှိပ်​စက်​ကြ​သော​အ​ခါ ငါ့​ထံ​သို့​သင် တို့​အော်​ဟစ်​လျှောက်​ထား​ခဲ့​ကြ​၏။ ငါ​သည် လည်း​ထို​သူ​တို့​လက်​မှ​သင်​တို့​ကို​ကယ်​ဆယ် ခဲ့​သည်​မ​ဟုတ်​ပါ​လော။
13 But you have rejected me and worshiped other gods, so I won't save you again.
၁၃သို့​သော်​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ အ​ခြား ဘု​ရား​တို့​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​ပြန်​၏။ ထို့ ကြောင့်​ငါ​သည်​သင်​တို့​အား​နောက်​တစ်​ဖန် ကယ်​တော့​မည်​မ​ဟုတ်။-
14 Go and cry out for help to the gods you have chosen. Let them save you in your time of trouble.”
၁၄သင်​တို့​ရွေး​ချယ်​ထား​သည့်​အ​ခြား​ဘု​ရား များ​ထံ​သို့​သွား​၍​အော်​ဟစ်​ကြ​လော့။ သင် တို့​ဒုက္ခ​ရောက်​ရာ​ကာ​လ​၌​ထို​ဘု​ရား​တို့ သည်​သင်​တို့​အား​ကယ်​ဆယ်​ပါ​လေ​စေ။''
15 The Israelites said to the Lord, “We have sinned! Treat us in whatever way you think you should, only please save us now!”
၁၅သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​တို့​သည် အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော် အ​လို​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ။ သို့ ရာ​တွင်​ယ​ခု​တစ်​ကြိမ်​သာ​လျှင် အ​ကျွန်ုပ် တို့​အား​ကယ်​ဆယ်​တော်​မူ​ပါ'' ဟု​အ​သ နား​ခံ​ကြ​၏။-
16 So they got rid of the foreign gods they had and worshiped the Lord. And the Lord couldn't stand Israel's misery any longer.
၁၆သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​လည်း စွန့်​ပယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ကုန်​၏။ ကိုယ် တော်​သည်​လည်း​ထို​သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​အ​တွက်​က​ရု​ဏာ​သက်​တော်​မူ​၏။
17 The Ammonite armies had been called up and were camped in Gilead. The Israelites assembled and camped at Mizpah.
၁၇ထို​အ​ခါ​၌​အမ္မုန်​တပ်မ​တော်​သည်​စစ်​ပွဲ​ဝင် ရန်​အ​သင့်​ပြင်​လျက် ဂိ​လဒ်​ပြည်​တွင်​စ​ခန်း ချ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​စု​ရုံး​၍ ဂိ​လဒ်​ပြည်​မိ​ဇ​ပါ​မြို့​၌​တပ် ချ​ကြ​၏။-
18 The commanders of the people of Gilead agreed among themselves, “Whoever leads the attack on the Ammonites will become ruler over everyone who lives in Gilead.”
၁၈သူ​တို့​က``ဤ​တိုက်​ပွဲ​တွင်​ငါ​တို့​အား​အ​ဘယ် သူ​ဦး​ဆောင်​ပါ​မည်​နည်း။ ဦး​ဆောင်​မည့်​သူ သည်​ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​ဖြစ်​လာ​စေ​ရ​မည်'' ဟု​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​နှင့်​အ​ချင်း​ချင်း​ဆွေး​နွေး တိုင်​ပင်​ကြ​၏။

< Judges 10 >