< John 5 >
1 After this, there was a Jewish festival so Jesus went to Jerusalem.
၁ထို နောက်မှ ယုဒ ပွဲ ခံစဉ်တွင်၊ ယေရှု သည် ယေရုရှလင် မြို့သို့ ကြွ တော်မူ၏။
2 Now near the Sheep Gate in Jerusalem is a pool called Bethzatha in Hebrew, with five porches beside it.
၂ယေရုရှလင် မြို့၌ သိုး တံခါးနားမှာ ဟေဗြဲ ဘာသာစကားအားဖြင့်ဗေသေသဒ အမည် ရှိသော ရေကန် ရှိ၏။ ထိုရေကန်သည် ကနားပြင် ငါး ဆောင်နှင့် ပြည့်စုံ ၏။
3 Crowds of sick people were lying in these porches—those who were blind, lame, or paralyzed.
၃ထိုကနားပြင်တို့၌ မျက်စိ ကန်း၊ ခြေမစွမ်း ၊ ကိုယ်ပိန်ခြောက် သောသူတို့မှစ၍အနာ ရောဂါစွဲသောသူ များအပေါင်း တို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။
၄အကြောင်းမူကား၊ အချိန်တန်လျှင်ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေးဦးစွာဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။
5 One man who was there had been sick for thirty-eight years. Jesus looked at him, knowing he had been lying there for long time, and asked him,
၅ထိုအခါ သုံးဆယ် ရှစ် နှစ် ပတ်လုံးရောဂါ စွဲသောသူ တစ် ယောက်သည် ရေကန်နားမှာရှိ၏။
6 “Do you want to be healed?”
၆ထိုသူ သည် တုံးလုံး နေသည်ကို ယေရှု မြင် တော်မူ၍ ကြာ လှပြီ ဟုသိ တော်မူလျှင်၊ သင်သည် ကျမ်းမာ ခြင်းသို့ ရောက်လို သလော ဟု မေး တော်မူ၏။
7 “Sir,” the sick man answered, “I don't have anyone to help me get into the pool when the water is stirred. While I'm trying to get there, someone always gets in before me.”
၇နာ သောသူ ကလည်း၊ သခင် ၊ ရေ လှုပ်ရှား သောအခါ ရေကန် ထဲသို့ အကျွန်ုပ် ကို သွင်း ထားမည့်သူမ ရှိ ပါ။ အကျွန်ုပ် သွား စဉ် တွင် အခြား သောသူ သည် အကျွန်ုပ် ရှေ့ မှာ ဝင် တတ်ပါသည်ဟု လျှောက် ၏။
8 “Stand up, pick up your mat, and start walking!” Jesus told him.
၈ယေရှု ကလည်း ထ လော့။ ကိုယ် အိပ်ရာ ကိုဆောင် ၍ လှမ်းသွားလော့ ဟု မိန့်တော်မူသည်၊
9 Immediately the man was healed. He picked up his mat and started walking. Now the day that this happened was the Sabbath.
၉ခဏခြင်း တွင်ထိုသူ သည် ပကတိ အဖြစ်သို့ရောက် ၍ ၊ မိမိ အိပ်ရာ ကိုဆောင် လျက် လှမ်းသွား ၏။
10 So the Jews said to the man who'd been healed, “This is the Sabbath! It's against the law to carry a mat!”
၁၀ထို နေ့ သည် ဥပုသ်နေ့ ဖြစ် ၏။ ထိုကြောင့် ယုဒ လူတို့က၊ ဥပုသ်နေ့ ဖြစ် ၏။ အိပ်ရာ ကို မ ဆောင် အပ်ဟု ရောဂါ ကင်းသော သူ အားဆို ကြ၏။
11 “The man who healed me told me to pick up my mat and start walking,” he replied.
၁၁သူ ကလည်း၊ အကျွန်ုပ် ကို ကျန်းမာ စေ သောသူ က၊ ကိုယ် အိပ်ရာ ကိုဆောင် ၍ လှမ်းသွားလော့ ဆို သည် ဟု ပြန်ပြော ၏။
12 “Who's this person who told you to carry your mat and walk?” they asked.
၁၂ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင် ၍ လှမ်းသွား လော့ဟု သင့် အားဆို သောသူ ကားအဘယ်သူ နည်းဟု မေးမြန်း ကြ၏။
13 However, the man who'd been healed didn't know who it was, for Jesus had slipped away into the surrounding crowd.
၁၃ထိုသူကား၊ အဘယ်သူ ဖြစ် သည်ကို ရောဂါ ကင်းသောသူ သည်မ သိ ။ အကြောင်းမူကား ၊ ထိုအရပ် ၌ လူစုဝေး လျက်ရှိ သည်ဖြစ်၍၊ ယေရှု သည် မထင်မရှား ထွက်ကြွတော်မူ၏။
14 Later on Jesus found the man in the Temple, and told him, “Look, now you've been healed. So stop sinning or something worse may happen to you.”
၁၄ထိုနောက်မှ ယေရှု သည်ဗိမာန် တော်၌ ထိုသူ ကို တွေ့ တော်မူလျှင် သင်သည် ကျန်းမာ ခြင်းရှိ၏။ သာ၍ဆိုး သောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တစ်ဖန်ဒုစရိုက် ကို မ ပြုနှင့် ဟု မိန့် တော်မူ၏။
15 The man went and told the Jews it was Jesus who had healed him.
၁၅ထိုသူ သည်သွား ၍ မိမိ ကိုကျန်းမာ စေသောသူ သည် ယေရှု ဖြစ် သည်ကို ယုဒ လူတို့အား ကြားပြော လေ၏။
16 So the Jews started to harass Jesus because he was doing things on the Sabbath.
၁၆ထိုအမှု ကိုဥပုသ်နေ့ ၌ ပြု တော်မူသောကြောင့် ၊ ယုဒ လူတို့သည် ယေရှု ကိုညှဉ်းဆဲ ကြ၏။
17 But Jesus told them, “My Father is still working, and so am I.”
၁၇ယေရှု ကလည်း ၊ ငါ့ ခမည်းတော် သည် ယခု တိုင်အောင် အလုပ်လုပ် တော်မူသည်ဖြစ်၍၊ ငါ သည်လည်း လုပ် ၏ ဟု ပြန်ပြောတော်မူ ၏။
18 This was why the Jews tried even harder to kill him, for not only did he break the Sabbath but also called God his Father, making himself equal with God.
၁၈သို့ဖြစ်၍ ဥပုသ်နေ့ ကို ဖျက် သည်သာမက ၊ ဘုရားသခင် ကို မိမိ အဘ ဟုခေါ် ၍ မိမိကိုဘုရားသခင် နှင့် ပြိုင် နှိုင်းတော်မူသောကြောင့် ၊ ယုဒ လူတို့သည် ကိုယ်တော် ကို သတ် ခြင်းငှာသာ၍ ရှာကြံ ကြ၏။
19 Jesus explained to them, “I tell you the truth, the Son can do nothing by himself; he can only do what he sees the Father doing. Whatever the Father does the Son does as well.
၁၉ယေရှု ကလည်း ၊ သင် တို့အား ငါအမှန်အကန် ဆို သည်ကား၊ ခမည်းတော် ပြု တော်မူသောအမှုကို သား တော်သည် မြင်၍သာပြု ၏။ မိမိ အလိုအလျောက်အဘယ် အမှုကိုမျှမပြုနိုင် ၊ ခမည်းတော် ပြု တော်မူသမျှ အတိုင်း သား တော်လည်းပြု ၏။
20 For the Father loves the Son, and reveals to him everything he does; and the Father will show to him even more incredible things that will completely amaze you.
၂၀ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍ ပြု တော်မူသမျှ တို့ကို သား တော်အားပြ တော်မူ၏။ သင် တို့သည် အံ့ဩဖွယ် ရှိစေခြင်းငှာ ဤမျှမကသာ၍ကြီးစွာ သောအမူအရာ တို့ကို သား တော်အားပြ တော်မူလိမ့်မည်။
21 For just as the Father gives life to those he resurrects from the dead, in the same way the Son also gives life to those that he wants.
၂၁မည်းတော် သည် သေ လွန်သောသူ တို့ကို ထမြောက် ရှင်ပြန် စေတော်မူသကဲ့သို့ ၊ ထိုနည်းတူ သား တော်သည်လည်း အလို ရှိသမျှသောသူ တို့ကို ရှင် စေ၏။
22 The Father judges no one. He has given to the Son all the authority to judge,
၂၂လူအပေါင်း တို့သည် ခမည်းတော် ကို ရိုသေ သည်နည်းတူ ၊
23 so that everyone may honor the Son just as they honor the Father. Anyone who doesn't honor the Son doesn't honor the Father who sent him.
၂၃သား တော်ကို ရိုသေ စေမည်အကြောင်း ၊ ခမည်းတော် သည် အဘယ်သူ ကိုမျှ မတရားစီရင် တော်မမူ။ တရား စီရင်ခြင်းအခွင့်ရှိသမျှ ကို သား တော်အား အပ်ပေး တော်မူ၏။ သား တော်ကို မ ရိုသေ သောသူ သည်ကား၊ သား တော်ကိုစေလွှတ် တော်မူသောခမည်းတော် ကို မ ရိုသေ သောသူဖြစ်၏။
24 I tell you the truth: those who follow what I say and trust the one who sent me have eternal life. They won't be condemned, but have gone from death to life. (aiōnios )
၂၄ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် ၍ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုယုံကြည် သောသူ သည် ထာဝရ အသက် ကို ရ သည်ဖြစ်၍ အပြစ် စီရင်ခြင်းကိုမ ခံရ ။ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။ (aiōnios )
25 I tell you the truth: The time is coming—in fact it's here already—when the dead will hear the voice of the Son of God, and those who hear will live!
၂၅ငါ အမှန်အကန် ဆိုသည်ကား ၊ သေ လွန်သောသူ တို့သည် ဘုရားသခင် သား တော်၏ စကား သံကိုကြား ၍ ၊ ကြား သောအားဖြင့်အသက် ရှင်ရမည့်အချိန် ကာလသည် လာ၍ယခုပင် ရောက် လျက်ရှိ၏။
26 Just as the Father has life-giving power in himself, so has he given the Son the same life-giving power in himself.
၂၆အကြောင်းမူကား ၊ ခမည်းတော် သည် ကိုယ် ၌ အသက် ရှိ တော်မူသည်နည်းတူ ၊ သား တော်သည်မိမိ ၌ အသက် ရှိ ရသောအခွင့်ကို ပေး တော်မူ၏။
27 The Father also granted the authority for judgment to him, for he is the Son of man.
၂၇သားတော်သည် လူ သား ဖြစ် သောကြောင့် တရားစီရင်ခြင်း အခွင့် ကိုလည်း အပ်ပေး တော်မူ၏။
28 Don't be surprised at this, for the time is coming when all those in the grave will hear his voice
၂၈ဤ အမှုအရာကို အံ့ဩ ခြင်းမ ရှိကြနှင့်။ သင်္ချိုင်း များမှာရှိသောသူ အပေါင်း တို့သည် သား တော်၏ စကား သံကိုကြား ၍ ၊
29 and will rise again: those who have done good to the resurrection of life, and those who have done evil to the resurrection of condemnation.
၂၉ထွက်ရမည့်အချိန် ကာလရောက် လတံ့။ ကောင်း သောအကျင့်ကို ကျင့် သောသူ တို့သည် အသက် ရှင်ရာ ထမြောက် ခြင်းသို့ ၎င်း ၊ ဆိုးယုတ် သောအကျင့်ကို ကျင့် သောသူ တို့သည် အပြစ် စီရင်ရာထမြောက် ခြင်းသို့ ၎င်း ထွက် ရကြလတံ့။
30 I can do nothing by myself. I judge based on what I'm told, and my decision is right, for I'm not doing my own will but the will of the one who sent me.
၃၀ငါ သည်ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမ ပြု နိုင် ။ ငါသည် ကြား သည်အတိုင်း တရား စီရင်၏၊ ငါ စီရင် ခြင်းသည်လည်း တရားတော် နှင့်ညီညွတ်၏။ အကြောင်းမူကား ၊ ငါ သည် ကိုယ်အလို သို့မ လိုက် ၊ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် ၏အလို သို့လိုက်၏။
31 If I were to make claims about myself, such claims wouldn't be valid;
၃၁ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ လျှင် ငါ့ သက်သေ မ တည် ။
32 but someone else gives evidence about me, and I know what he says about me is true.
၃၂ငါ ၏အကြောင်း ကိုသက်သေခံ သော သူတစ်ပါး ရှိ သေး၏။ ထို သူ၏သက်သေ တည် ကြောင်းကို ငါသိ ၏။
33 You asked John about me, and he told the truth,
၃၃သင် တို့သည် ယောဟန် ထံသို့ စေလွှတ် ကြ၏။ သူသည် သမ္မာတရား ဘက်၌ သက်သေခံ ၏။
34 but I don't need any human endorsement. I'm explaining this to you so you can be saved.
၃၄သို့သော်လည်း လူ ပေးသောသက်သေ ကိုငါ သည်ပမာဏ မ ပြု။ သင် တို့သည် ကယ်တင် ခြင်းသို့ ရောက်မည်အကြောင်း ဤ စကားကို ငါပြော ၏။
35 John was like a brightly-burning light, and you were willing to enjoy his light for a while.
၃၅ယောဟန်သည်ညှိ ထွန်း၍ လင်း သောဆီမီး ဖြစ် ၏။ သင် တို့သည် သူ၏ အလင်း ၌ ခဏ သာမွေ့လျော် ခြင်းငှာအလိုရှိ ကြ၏။
36 But the evidence I'm giving is greater than John's. For I am doing the work that the Father gave me to do,
၃၆ယောဟန် ၏သက်သေထက်သာ၍ ကြီးသောသက်သေ သည် ငါ ၌ရှိ ၏။ အကြင်အမှု တို့ကို ငါပြီးစီး စေခြင်းငှာ ခမည်းတော် သည် ငါ့ လက်သို့ အပ်ပေး တော်မူ၍၊ ငါပြု သော ထို အမှု တို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူသည်အကြောင်း ကို သက်သေခံ ကြ၏။
37 and this is the proof that the Father sent me. The Father who sent me, he himself speaks on my behalf. You've never heard his voice, and you've never seen what he looks like,
၃၇ခမည်းတော် သည်လည်း ငါ့ ဘက်၌ သက်သေခံ တော်မူ၏။ ခမည်းတော် ၏စကား သံတော်ကို သင်တို့သည် မ ကြား ၊ သဏ္ဌာန် တော်ကိုမ မြင် ၊
38 and you don't accept what he says, because you don't trust in the one he sent.
၃၈နှုတ်ကပတ် တော်သည်လည်း သင် တို့၌ မ တည် ။ အကြောင်းမူကား ၊ စေလွှတ် တော်မူသောသူ ကိုသင် တို့ သည် မ ယုံကြည် ဘဲနေကြ၏။
39 You search the Scriptures because you think that through them you'll gain eternal life. But the evidence they give is in support of me! (aiōnios )
၃၉ကျမ်းစာအားဖြင့် ထာဝရ အသက် ကိုရ မည်ဟု စိတ်ထင် နှင့် သင်တို့သည် ကျမ်းစာ ကိုစေ့စေ့ ကြည့်ရှုကြ၏။ ထို ကျမ်းစာပင်ငါ ၏သက်သေ ဖြစ် ၏။ (aiōnios )
40 And yet you don't want to come to me so that you might live.
၄၀သင်တို့သည် အသက် ကိုရ အောင် ငါ့ ထံသို့ လာ ခြင်းငှာအလို မ ရှိကြ၊
41 I'm not looking for human approval
၄၁လူ ပေးသောဘုန်း အသရေကို ငါမခံ ။
42 —I know you, and that you don't have God's love in you.
၄၂သို့သော်လည်း ဘုရားသခင် ကို ချစ် ခြင်းမေတ္တာသည် သင်တို့၌ မ ရှိ သည်ကို ငါသိ ၏။
43 For I've come to represent my Father, and you won't accept me; but if someone comes representing themselves, then you accept them!
၄၃ငါ သည်ခမည်းတော် ၏အခွင့် နှင့် ရောက်လာ သော်လည်းသင်တို့သည်ငါ့ ကို လက် မ ခံကြ။ အခြား သောသူသည် မိမိ အခွင့် နှင့် ရောက်လာ လျှင် ထိုသူ ကို လက်ခံ ကြလိမ့်မည်။
44 How can you trust in me when you look for praise from one another and yet you don't look for praise from the one true God?
၄၄အချင်းချင်း ပေးသော ဘုန်း အသရေကိုသာခံ ၍ ၊ ဘုရားသခင် သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလို မရှိသောသင် တို့သည် အဘယ်သို့ ယုံကြည် နိုင် မည်နည်း။
45 But don't think I will be making accusations about you to the Father. It's Moses who is accusing you, the one in whom you place such confidence.
၄၅ခမည်းတော် ရှေ့ ၌ ငါ သည် သင် တို့ကိုအပြစ်တင် မည်ဟု မ ထင် ကြနှင့်။ သင် တို့ကို အပြစ်တင် သောသူတစ်ပါးရှိ သေး၏။ ထိုသူ ကား သင် တို့ကိုးစား သော မောရှေ ပေတည်း။
46 For if you really trusted Moses you would trust in me, because he wrote about me.
၄၆သင်တို့သည် မောရှေ ၏စကားကို ယုံ လျှင် ငါ့ စကားကို မယုံ ဘဲမနေနိုင်ကြ။ အကြောင်းမူကား ၊ မောရှေ သည် ငါ့ အကြောင်းကို ရေး ထား၏။
47 But since you don't trust what he said, why would you trust what I say?”
၄၇သူ ရေးထားသောစာ ကို သင် တို့သည်မ ယုံလျှင် ၊ ငါ စကား ကို အဘယ်သို့ ယုံ နိုင်မည်နည်း ဟု ယုဒလူတို့ အား မိန့်တော်မူ၏။