< Joel 3 >

1 At that time when this happens, when I bring back the exiles to Judah and Jerusalem,
ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ခါ​ငါ​သည်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ကောင်း​စား​လာ​စေ​မည်။
2 I will gather together all the nations in the valley of Jehoshaphat and I will judge them there over my people Israel, my inheritance, whom they have scattered among the nations, and have divided up my land.
လူ​မျိုး​တ​ကာ​တို့​အား​ပြန်​လည်​စု​ရုံး​၍ တ​ရား​စီ​ရင်​ရာ​ချိုင့်​ဝှမ်း​သို့ ခေါ်​ဆောင်​လာ​မည်။ ငါ့​လူ​မျိုး​တော်​တို့​ကို​ထို​သူ​တို့​ပြု​ကျင့်​ခဲ့​သည့် အ​မှု​များ​အ​တွက်၊ ထို​အ​ရပ်​တွင်​သူ​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​နိုင်​ငံ​ရပ်​ခြား​သို့​ကွဲ​လွင့်​စေ​ကာ၊ ငါ​၏​ပြည်​တော်​ဣ​သ​ရေ​လ​ကို​ကွဲ​ပြား​စေ ခဲ့​ကြ​၏။
3 They cast lots for my people; they traded boys in payment for prostitutes and girls to buy wine to drink.
သူ​တို့​သည်​သုံ့​ပန်း​များ​ကို​အ​ဘယ်​သူ​သို့ ပေး​အပ် ရ​မည်​ကို​မဲ​ချ​၍​ဆုံး​ဖြတ်​ခဲ့​ကြ​၏။ ပြည့်​တန်​ဆာ​မ​များ​အ​တွက်​အ​ခ​ကြေး​ငွေ​နှင့် စ​ပျစ်​ရည်​ဖိုး​ရ​ရှိ​ရန် သူ​တို့​သည်​သူ​ငယ်​သူ​ငယ်​မ​များ​ကို ရောင်း​စား​ခဲ့​ကြ​သည်။
4 Also, what have you got to do with me, Tyre and Sidon, and all the regions of Philistia? Are you trying to get back at me? If you are trying to pay me back, I will quickly pay you back what you deserve for what you've done.
``တု​ရု​မြို့၊ ဇိ​အုန်​မြို့​နှင့်​ဖိ​လိတ္တိ​ပြည်​အ​ရပ် ရပ်​မှ​လူ​အ​ပေါင်း​တို့ သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​ပြု​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ​သ​နည်း။ ငါ့​အား​လက်​စား​ချေ​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ သ​လော။ ယင်း​သို့​ကြိုး​ပမ်း​နေ​ကြ​ပါ​မူ၊ ငါ သည်​အ​လျင်​အ​မြန်​ဦး​စွာ​သင်​တို့​အား လက်​စား​ချေ​မည်။-
5 You stole my silver and my gold and my best treasures, and you put them in your temples.
သင်​တို့​သည်​ငါ​၏​ရွှေ​ငွေ​ဥစ္စာ​ဘဏ္ဍာ​များ​ကို မိ​မိ​တို့​၏​ဘုံ​ဗိ​မာန်​များ​သို့​ယူ​ဆောင် သွား​ခဲ့​ကြ​၏။-
6 You sold the people of Judah and Jerusalem to the Greeks so they could be sent far away from their land.
ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​အား မိ​မိ​တို့​တိုင်း​ပြည်​မှ ရပ်​ဝေး​သို့​ခေါ်​ဆောင်​ကာ၊ ဂ​ရိ​အ​မျိုး သား​တို့​ထံ​တွင်​ရောင်း​စား​ခဲ့​ကြ​၏။-
7 But watch out! I will get them moving from the places you sold them to, and bring them back, and I will pay you back what you deserve for what you've done.
သူ​တို့​အား​သင်​တို့​ရောင်း​စား​ခဲ့​သော​နေ​ရာ မှ​ငါ​ပြန်​လည်​ခေါ်​ဆောင်​မည်။ သူ​တို့​အား သင်​တို့​ပြု​ခဲ့​ကြ​သည့်​အ​တိုင်း​သင်​တို့ အား​ယ​ခု​ငါ​ပြု​မည်။-
8 I will sell your sons and daughters to the people of Judah, and they will sell them to the Sabeans, a distant nation. I the Lord have spoken.
ငါ​သည်​သင်​တို့​၏​သား​သ​မီး​များ​အား ယု​ဒ​ပြည်​သား​တို့​၏​ငွေ​ဝယ်​ကျွန်​ဖြစ်​စေ မည်။ ယု​ဒ​ပြည်​သား​တို့​သည်​လည်း​သူ​တို့ အား​ဝေး​လံ​သော​ရှေ​ဘ​ပြည်​သို့​ရောင်း​စား ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား ၏​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
9 Proclaim this among the nations: “Prepare for war! Call up the mighty warriors! Let all the soldiers get ready and advance!
``လူ​မျိုး​တ​ကာ​တို့​အား`စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​လော့။ စစ်​သူ​ရဲ​တို့​ကို​ခေါ်​ယူ​ကြ​လော့။ စစ်​သည်​တပ်​သား​များ​ကို​စု​ရုံး​၍​ချီ​တက် ကြ​လော့' ဟု​ပြော​ကြား​ကြေ​ညာ​ကြ​လော့။
10 Hammer your plough blades and turn them into swords. Turn your pruning hooks into spears. Even the weak should say ‘I am a strong fighter!’
၁၀`သင်​တို့​သည်​ထွန်​သွား​များ​ကို​ဋ္ဌား အ​ဖြစ်​သို့​လည်း​ကောင်း၊ တံ​စဉ်​များ​ကို​လှံ​အ​ဖြစ်​သို့​လည်း​ကောင်း ထု​လုပ်​ကြ​လော့။ အား​အင်​ချည့်​နဲ့​သော​သူ​များ​ပင်​လျှင် စစ်​ပွဲ​ဝင်​ကြ​ရ​ပေ​မည်။
11 Hurry up and come, all nations from everywhere, and gather there. Bring down your warriors, Lord!
၁၁အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ အ​လျင်​အ​မြန်​လာ​၍၊ ချိုင့်​ဝှမ်း​၌​စု​ရုံး ကြ လော့' ဟု​မိန့်​တော်​မူ​၏။'' အို ထာ​ဝ​ရ​ဘု​ရား​ထို​သူ​တို့​အား​တိုက်​ခိုက်​ရန် ကိုယ်​တော်​ရှင်​၏​တပ်​မ​တော်​ကို​စေ​လွှတ်​တော် မူ​ပါ။
12 Let the nations get ready, let them come to the valley of Jehoshaphat for there I will sit in judgment on all the nations.
၁၂ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် အ​သင့်​ပြင်​ဆင်​လျက်၊ တ​ရား​စီ​ရင်​တော် မူ​ရာ ချိုင့်​ဝှမ်း​သို့​လာ​ရောက်​ရ​ကြ​မည်။ အနီး​အနား​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ တို့​အား တ​ရား​စီ​ရင်​ရန်​ထို​အ​ရပ်​တွင်​ငါ​ထာ​ဝ​ရ ဘု​ရား ထိုင်​တော်​မူ​မည်။
13 Start swinging the sickle, for the harvest is ripe. Come and tread the grapes for the winepress is full and the vats are overflowing because their wickedness has become so great.
၁၃ထို​သူ​တို့​သည်​အ​လွန်​ယုတ်​မာ​ကြ​၏။ ကောက်​ရိတ်​ချိန်​၌​ဂျုံ​နှံ​ကို​ဖြတ်​သ​ကဲ့​သို့ သူ​တို့​ကို​ခုတ်​ဖြတ်​ကြ​လော့။ စ​ပျစ်​သီး​များ​နှင့်​ပြည့်​လျက်​နေ​သော အ​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည်​များ လျှံ​တက်​လာ​သည်​တိုင်​အောင်၊ စ​ပျစ်​သီး​များ​ကို​နင်း​ချေ​သ​ကဲ့​သို့ ထို​သူ​တို့​ကို နင်း​ချေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
14 Huge mobs are in the valley of the Lord's verdict. For the day of the Lord is near in the valley of his verdict.
၁၄ထောင်​ပေါင်း​များ​စွာ​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​ချိုင့်​ဝှမ်း​တွင် ရှိ​နေ​ကြ​၏။ ထို​ချိုင့်​ဝှမ်း​သို့​ထာ​ဝ​ရ​ဘု​ရား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ သည် များ​မ​ကြာ​မီ​သက်​ရောက်​လာ​လိမ့်​မည်။
15 The sun and moon will become dark, and the stars will stop shining.
၁၅နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက် ကြယ်​တာ​ရာ​များ​သည်​လည်း​မ​ထွန်း မ​လင်း​ကြ​တော့​ချေ။
16 The Lord will roar from Zion, shouting in a loud voice from Jerusalem, shaking the heavens and the earth. But the Lord will shelter his people, protecting the people of Israel.
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ ကြွေး​ကြော်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​ဟစ်​အော်​တော်​မူ​၏။ မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​သည်​လည်း​တုန်​လှုပ် ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကာ​ကွယ်​တော်​မူ​လိမ့်​မည်။
17 Then you will know that I, the Lord your God, dwell in Zion, my holy mountain, and Jerusalem will be a holy place forever, and no foreigners will ever march through her again.
၁၇ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​ပေါ်​တွင်​ကျိန်း​ဝပ်​တော်​မူ​ပေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သည်​သန့်​ရှင်း​မြင့်​မြတ်​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို​မြို့​ကို​နောက်​တစ်​ဖန် အ​ဘယ်​အ​ခါ​၌​မျှ​နိုင်​နင်း​ရ​ကြ​လိမ့်​မည် မ​ဟုတ်။
18 At that time new wine will pour down the mountains, and the hills will flow with milk, and all the riverbeds of Judah will run with water. A spring will flow out of the Temple and will water the valley of Shittim.
၁၈ထို​ကာ​လ​၌​တောင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် များ​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​လိမ့်​မည်။ တောင်​ကုန်း​မှန်​သ​မျှ​တို့​တွင်​လည်း​ကျွဲ​နွား​များ ကို​မြင်​ရ​လိမ့်​မည်။ ယု​ဒ​ပြည်​တစ်​ခု​လုံး​၌​ရေ​အ​လုံ​အ​လောက် ရ​ရှိ​ကြ​လိမ့်​မည်။ စမ်း​ရေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​လျက်​ရှိတ္တိမ်​ချိုင့်​ဝှမ်း​ကို​စို​ပြေ​စေ လိမ့်​မည်။
19 But Egypt will become desolate, and Edom a desert wasteland, because of the violence they did against Judah, for in their land they shed innocent blood.
၁၉``အီ​ဂျစ်​ပြည်​သည်​သဲ​က​န္တာ​ရ​ဖြစ်​၍​ဧ​ဒုံ ပြည်​သည် ပျက်​စီး​ယို​ယွင်း​၍​လူ​သူ​ကင်း​မဲ့​သည့် နေ​ရာ​ဖြစ်​နေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​ပြည်​တို့​သည် ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​၍၊ အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။
20 Judah will be lived in forever, and Jerusalem for all generations.
၂၀ငါ​သည်​အ​သတ်​ခံ​ခဲ့​ရ​ကြ​သူ​များ​အ​တွက် လက်​စား​ချေ​မည်။ အ​ပြစ်​ရှိ​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ကို​မူ​ကား၊ ထာ​ဝ​စဉ်​လူ​တို့​နေ​ထိုင်​ရာ​ဖြစ်​စေ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​ဇိ​အုန်​တောင်​ပေါ် တွင် ကျိန်း​ဝပ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​လ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
21 Will I pardon and leave unpunished the shedding of innocent blood? The Lord lives in Zion!”
၂၁

< Joel 3 >