< Jeremiah 35 >
1 This is the message that came to Jeremiah from the Lord during the reign of Jehoiakim son of Josiah king of Judah:
၁ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း လက်ထက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား ၊
2 Go to where the Rechabites live. Invite them to come with you to one of the rooms in the Lord's Temple and offer them wine to drink.
၂သင်သည်ရေခပ် အမျိုးသားတို့အိမ် သို့ သွား ၍ ၊ သူ တို့နှင့်နှုတ်ဆက် ပြီးမှ၊ ဗိမာန် တော် အခန်း တ ခန်းထဲသို့ ခေါ် သွင်း၍ စပျစ်ရည် ကိုတိုက် ပေးလော့ဟု မိန့် တော်မူသည် အတိုင်း ၊
3 So I went to visit Jaazaniah son of Jeremiah, the son of Habazziniah, and his brothers and all his sons—the whole Rechabite family.
၃ငါသည် ဟာဗဇိညာ သား ဖြစ်သော ယေရမိ ၏ သား ယာဇညာ မှစ၍ ၊ သူ ၏ညီအစ်ကို တို့နှင့် သား များ အပေါင်း ၊ ရေခပ် အမျိုးသားအပေါင်း တို့ကို ခေါ် ၍ ၊
4 Then I took them into the Lord's Temple, to a room used by the sons of Hanan, son of Igdaliah, a man of God. It was next to the one used by the officials, which was above the room of Maaseiah son of Shallum, who was the Temple doorkeeper.
၄ဗိမာန် တော်အတွင်း၊ တံခါးစောင့်ရှလ္လုံ သား မာသေယ ၏ အခန်း အပေါ် ၊ မှူး တော်မတ်တော် စည်းဝေး ရာ အခန်း နား မှာ ဘုရား သခင်၏လူ ဣဂဒါလိ သား ဟာနန် ၏သား တို့ နေသော အခန်း ထဲသို့ ဆောင် သွားပြီးလျှင်၊
5 I placed some jugs full of wine and some cups before the Rechabites and told them, “Have some wine to drink.”
၅ထိုရေခပ် အမျိုးသား တို့ရှေ့၌ စပျစ်ရည် နှင့် ပြည့် သောအိုး များနှင့် ခွက် ဖလားတို့ကိုထည့် ၍ ၊ စပျစ်ရည် ကို သောက် ကြပါဟု သူ တို့အား ဆို ၏။
6 “We don't drink wine,” they said, “because our forefather Jonadab son of Rechab gave us these orders: ‘You and your descendants must never drink wine.
၆သူတို့ကလည်း ၊ အကျွန်ုပ်တို့သည် စပျစ်ရည် ကို မ သောက် ပါ။ အကြောင်း မူကား၊ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ် ၏ သား ယောနဒပ် က၊ သင်တို့မှစ၍ သား စဉ် မြေးဆက်တို့သည် စပျစ်ရည် ကို မ သောက် ရကြ။
7 Don't ever build houses or sow crops or plant vineyards. You're not to do this. Instead, you are to always live in tents so that you may have long lives as you move from place to place in the country.’
၇အိမ် ကိုလည်း မ ဆောက် ရ၊ မျိုးစေ့ ကိုလည်း မ ကြဲ ရ၊ စပျစ် ဥယျာဉ်ကိုလည်း မ စိုက် ရ၊ မ ရှိ စေရကြ။ သင် တို့သည် ဧည့်သည် ဖြစ်လျက်နေသော ပြည် ၌ အသက် တာရှည် မည်အကြောင်း ၊ တသက် လုံး တဲ နှင့် သာ နေ ရကြမည်ဟု အကျွန်ုပ် တို့ကို မှာ ထားပါပြီ။
8 We have done exactly what our forefather Jonadab son of Rechab told us. None of us have ever drunk wine, and that includes our wives and our sons and daughters as well as us.
၈ထိုကြောင့် ၊ အကျွန်ုပ် တို့သည် မယား သား သမီး နှင့်တကွတသက်လုံး စပျစ်ရည် ကိုမ သောက် ။
9 We haven't built houses to live in, and we haven't had any vineyards or fields or grown any crops.
၉နေ စရာဘို့ အိမ် ကိုလည်း မ ဆောက် ။ စပျစ် ဥယျာဉ်မရှိ။ လယ်ယာ မရှိ၊ မျိုးစေ့ မ ရှိ ။
10 We've lived in tents and have obeyed our forefather Jonadab, following everything he ordered us to do.
၁၀တဲ နှင့် သာ နေ ၍ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ် မှာ ထားသမျှ သော စကားကို နားထောင် လျက် ၊ အဘယောနဒပ်မှာထား သမျှအတိုင်း ပြု ကြပါပြီ။
11 So when Nebuchadnezzar king of Babylon invaded the country we decided, ‘Come on, let's go into Jerusalem to be safe from the armies of the Chaldeans, Babylonians, and Arameans.’ That's why we've stayed in Jerusalem.”
၁၁ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ ပြည် သို့ လာ သောအခါ ၊ အကျွန်ုပ်တို့က၊ လာ ကြ။ ယေရုရှလင် မြို့သို့ သွား ကြကုန်အံ့။ ခါလဒဲ စစ်သူရဲ တို့နှင့် ရှုရိ စစ်သူရဲ တို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်းပြောဆို၍၊ ယခုယေရှုရှလင် မြို့၌ နေ ကြပါသည်ဟု ဆို ကြ၏။
12 Then a message from the Lord came to Jeremiah:
၁၂ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာ၍၊
13 This is what the Lord Almighty, the God of Israel, says: Go and tell the men of Judah and the residents of Jerusalem: Why don't you accept my instructions and obey what I tell you? the Lord asks.
၁၃ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ယုဒ ပြည်သူ ၊ ယေရှုရှလင် မြို့သား တို့ ရှိရာသို့ သွား ၍ ၊ သင်တို့သည် ငါ့ စကား ကို နားထောင် အံ့သောငှါ ဆုံးမ ခြင်းကို မ ခံ ကြသလောဟု ထာဝရဘုရား မေး တော်မူ ၏။
14 The instructions of Jonadab son of Rechab have been followed. He ordered his descendants not to drink wine, and they have not drunk it to this day because they have obeyed their forefather's command. But I have told you what to do time and again, and yet you refuse to obey me!
၁၄စပျစ်ရည် ကို မ သောက် ရဟု၊ ရေခပ် သား ယောနဒပ် သည် မိမိ သား တို့၌ ထား သော ပညတ် စကားအတိုင်း၊ သူတို့သည် ကျင့် ၍ ယနေ့ တိုင် အောင်စပျစ်ရည် ကို မ သောက်ဘဲနေလျက်၊ အဘ ၏ပညတ် စကားကို နားထောင် ကြ၏။ ငါ သည် စောစော ထ၍ သင် တို့ကို အထပ်ထပ် ပြော သော်လည်း ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်ကြ။
15 Time and again I've sent you so many of my servants the prophets to tell you: Everyone, stop your evil ways and do what's right! Don't go following other gods and worshiping them. Live in the land that I gave you and your fathers. But you haven't paid attention or obeyed me.
၁၅ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကိုလည်း ၊ ငါသည်စောစော ထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မ လမ်း ကို ရှောင် ကြလော့။ သင် တို့အကျင့် ကို ပြုပြင် ကြလော့ ။ အခြား တပါးသော ဘုရား နောက် သို့မ လိုက် ၊ ဝတ် မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင် တို့နှင့် သင် တို့၏ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ နေ ရကြ လိမ့်မည်ဟု မှာ လိုက်သော်လည်း ၊ သင်တို့သည် နား ကိုပိတ် လျက်၊ ငါ့ စကားကို နား မ ထောင်ဘဲ နေကြပြီ။
16 These descendants of Jonadab son of Rechab have followed the command given to them by their forefather, but these people haven't obeyed me.
၁၆ရေခပ် သား ဖြစ်သော ယောနဒပ် ၏ သား မြေးတို့ သည် မိမိ တို့ အဘ မှာ ထားသော စကား အတိုင်း ကျင့် ကြ၍၊ ဤ လူမျိုး သည် ငါ့ စကားကို နား မ ထောင်သောကြောင့်၊
17 So this is what the Lord God Almighty, the God of Israel, says: Watch as I bring down on Judah and on all the people living in Jerusalem all the disasters I have threatened to do to them, because I have told them what to do but they haven't obeyed; I have appealed to them but they haven't responded.
၁၇ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါသည်ခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ယုဒ ပြည်သူ၊ ယေရှုရှလင် မြို့သား အပေါင်း တို့အပေါ် သို့ ရောက် စေမည်။ အကြောင်း မူကား၊ ငါပြော သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။ ခေါ် သော်လည်း မ ထူး ကြဟု မိန့်တော်မူ၏။
18 Then Jeremiah told the Rechabites: This is what the Lord Almighty, the God of Israel, says: Because you have obeyed your forefather Jonadab's instructions and have followed his orders and have done everything he told you to do,
၁၈ရေခပ် အမျိုးသား တို့အား လည်း ၊ ယေရမိ ဆင့်ဆို သော၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမိန့် တော်ဟူမူကား ၊ သင်တို့သည် သင် တို့အဘ ယောနဒပ် ၏ ပညတ် စကားကို နားထောင် ၍၊ သူ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့် သောကြောင့်၊
19 this is what the Lord Almighty, the God of Israel, says: Jonadab son of Rechab will always have someone who will be in my presence serving me.
၁၉ရေခပ် ယောနဒပ် အမျိုး ၌ ငါ့ အမှုထမ်း တို့သည် အစဉ် ရှိကြလိမ့်မည်ဟု ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။