< Jeremiah 20 >
1 Pashhur, son of Immer, was a priest and the official in charge of the Lord's Temple. When he heard Jeremiah prophesying these things,
၁ဣမေရ၏သားယဇ်ပုရောဟိတ်ပါရှုရသည် ဗိမာန်တော်အုပ်ချုပ်ရေးမှူးဖြစ်၏။ သူသည် ပရောဖက်ငါဟောပြောသောစကားများ ကိုကြားသဖြင့်၊-
2 he beat Jeremiah the prophet and had him put in the stocks at the Upper Benjamin Gate, near to the Lord's Temple.
၂ငါ့အားရိုက်နှက်ပြီးလျှင်ဗိမာန်တော်အတွင်း ဗင်္ယာမိန်အထက်တံခါးအနီးတွင် သံကြိုး များဖြင့်ချည်နှောင်၍ထား၏။-
3 The following day, when Pashhur had Jeremiah released from the stocks, Jeremiah told him, “The Lord doesn't call you Pashhur (tear in pieces), but Magor-missabib (terror is everywhere).
၃နောက်တစ်နေ့နံနက်၌ပါရှုရသည်ငါ့အား အနှောင်အဖွဲ့မှလွှတ်လိုက်သောအခါ ငါ က``ထာဝရဘုရားသည်သင့်အားပါရှုရ ဟုအမည်ပေးတော်မမူ။ နေရာတကာ အကြမ်းဖက်သမားဟုမှည့်ခေါ်တော်မူ လေပြီ။-
4 For this is what the Lord says: I'm going to make you terrified—you and all those you love. Enemies will kill them as you watch. I will hand Judah over to the king of Babylon. He will kill some, and the rest he will take away into exile in Babylon.
၄အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားကိုယ် တော်တိုင်က`ငါသည်သင့်အားကိုယ်အဖို့လည်း ကောင်း၊ မိတ်ဆွေများအဖို့လည်းကောင်း၊ ထိတ် လန့်ကြောက်ရွံ့ဖွယ်ကောင်းသူဖြစ်စေမည်။ ထို သူအပေါင်းတို့သည်လည်းရန်သူများ၏ဋ္ဌား ဖြင့်ကျဆုံးကြသည်ကိုသင်မြင်ရလိမ့်မည်။ ငါသည်ယုဒပြည်သားအပေါင်းတို့အား ဗာဗုလုန်မင်း၏လက်သို့အပ်တော်မူမည်။ သူသည်ထိုသူအချို့ကိုမိမိ၏ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားလျက်အချို့တို့ ကိုမူကွပ်မျက်လိမ့်မည်။-
5 I'm going to give it all away. All the wealth of this city, all the results of hard work, all the valuables, all the crown jewels of Judah's kings—I'm going to hand it over to their enemies, who will take it as plunder and carry it off to Babylon.
၅ငါသည်ရန်သူတို့အားဤမြို့၏စည်းစိမ်ချမ်း သာမှန်သမျှကိုတိုက်ခိုက်လုယူစေမည်။ ဤ မြို့၏လက်ရှိဥစ္စာများနှင့်ပစ္စည်းပစ္စယမှန် သမျှနှင့် ယုဒဘုရင်များ၏ဘဏ္ဍာတော်တို့ ကိုဗာဗုလုန်ပြည်သို့သိမ်းယူသွားစေမည်။-
6 You, Pashhur, and everyone who lives with you, will go into captivity. You will go to Babylon. You will die there and be buried—you and all those you love, those to whom you prophesied lies.”
၆ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။
7 You fooled me, Lord, and I let myself be fooled! You're stronger than me—you've won! I've become a joke people laugh at all day long. Everyone is mocking me.
၇အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားလှည့်စားတော်မူသဖြင့်၊ ကျွန်တော်မျိုးသည်အလှည့်စားခံရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးထက် ခွန်အားကြီးတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုအနိုင်ရတော်မူပါ၏။ လူတိုင်းပင်ကျွန်တော်မျိုးကိုပြောင်လှောင်ကြ ပါပြီ။ သူတို့သည်ကျွန်တော်မျိုးအား တစ်နေကုန်တစ်နေခန်းပြက်ရယ်ပြုကြပါ၏။
8 This is because every time I open my mouth I have to shout out warnings of violence and destruction. The Lord's message has become the reason people criticize and ridicule me the whole time.
၈ကျွန်တော်မျိုးသည်ဟောပြောသည့်အခါတိုင်း အော်ဟစ်၍``အကြမ်းဖက်မှု၊ပျက်စီးမှု'' ဟူ၍ ကြွေးကြော်ရပါ၏။ အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏ ဗျာဒိတ်တော်ကို၊ပြန်ကြားသဖြင့် ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ သရော်စော်ကားပြုခြင်းကိုလည်းကောင်း အစဉ်မပြတ်ခံရပါ၏။
9 If I tell myself, “I won't talk about him anymore, I won't even mention his name,” then his message is like a fire trapped within me, burning me from the inside out. I'm getting tired of holding it in. I just can't win.
၉သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။
10 I've heard many people gossiping: “He's the one who says, ‘terror is everywhere!’ He has to be reported! Report what he's doing!” All my good friends are waiting for me to slip up. “Maybe he'll make a mistake so we can defeat him and get our revenge on him,” they say.
၁၀ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
11 But the Lord stands beside me like a powerful warrior. So those who are attacking me will fall. They won't win! Because they're not successful they will be totally disgraced. Their shame won't ever be forgotten.
၁၁သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်သည် စွမ်းရည်တန်ခိုးကြီးမားသောစစ်သည်တော် ကဲ့သို့ ကျွန်တော်မျိုးဘက်၌ရှိတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုနှိပ်စက်ညှင်းဆဲသူတို့ သည် ခြေချော်၍လဲကြပါလိမ့်မည်။ သူတို့သည်အဘယ်အခါမျှအနိုင် ရလိမ့်မည်မဟုတ်ပါ။ သူတို့သည်အောင်မြင်မှုမရနိုင်သဖြင့် အစဉ်ပင် အသရေပျက်ကြပါလိမ့်မည်။ သူတို့၏အသရေပျက်မှုသည်အဘယ်အခါ ၌မျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ပါ။
12 Lord Almighty, you know without question who is living right. You examine people's thoughts and feelings. So let me see your punishment fall on them, because I've trusted you to judge my case.
၁၂သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူတို့ကိုတရားသဖြင့် စစ်ဆေးတော်မူတတ်ပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်များကို သိတော်မူပါ၏။ သို့ဖြစ်၍ရန်သူများအားကိုယ်တော်ရှင် လက်စားချေသည်ကိုကျွန်တော်မျိုးမြင်ပါ ရစေ။ ကျွန်တော်မျိုးသည်မိမိ၏အမှုကိုလက် တော်သို့ ပေးအပ်၍ထားပါပြီ။
13 Sing to the Lord! Praise the Lord! For he saves the poor from the power of the wicked.
၁၃ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး သီဆိုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ ကိုယ်တော်သည်ဆင်းရဲသောသူတို့အား ဆိုးညစ်သူများ၏လက်မှကယ်ဆယ်တော် မူပါ၏။
14 May the day I was born be cursed! May the day my mother gave birth to me never be blessed!
၁၄ငါမွေးဖွားသည့်နေ့သည်အမင်္ဂလာရှိပါစေသော။ ငါ့ကိုငါ၏မိခင်မျက်နှာမြင်သည့်နေ့သည် မေ့ပျောက်၍သွားပါစေသော။
15 May the man be cursed who brought my father the news that made him really happy, saying, “You have a son.”
၁၅``သားယောကျာ်းဖြစ်သည်။ သင်သည်သားယောကျာ်းကိုရရှိပါပြီ'' ဟူသော သတင်းကိုယူဆောင်လာကာ ငါ၏ဖခင်အားဝမ်းမြောက်ဝမ်းသာဖြစ်စေ သူသည် ကျိန်ခြင်းခံရပါစေသော။
16 May that man be like the towns that the Lord destroyed without mercy. May he hear shouts of alarm in the morning and war-cries at noon,
၁၆ထိုသူသည်ကရုဏာကင်းမဲ့စွာထာဝရ ဘုရား ဖျက်ဆီးတော်မူသောမြို့များကဲ့သို့ဖြစ်ပါ စေသော။ မမွေးမဖွားမီကာလကပင်ငါ့ကိုမသတ်ခဲ့ သဖြင့် သူသည်နံနက်ချိန်၌ဝေဒနာနှင့်ဟစ်အော် သံများ ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌တိုက်ပွဲဝင်ရန်အချက် ပေးသံများ ကိုလည်းကောင်းကြားရပါစေသော။ အကယ်၍သူသည်ငါ့ကိုသတ်ခဲ့ပါမူ ငါ့မိခင်၏ဝမ်းသည်ငါ၏သင်္ချိုင်းဖြစ်ပါ လိမ့်မည်။
17 because he should have killed me in the womb so that my mother would have been my grave, remaining pregnant forever.
၁၇
18 Why was I born only to see trouble and sadness, and to end my life in shame?
၁၈ငါသည်အဘယ်ကြောင့်ဖွားမြင်၍လာရပါ သနည်း။ ဝမ်းနည်းပူပန်ခြင်းနှင့်ဆင်းရဲဒုက္ခခံရန် သာလျှင် ဖြစ်ပါသလော။ ငါ၏ဘဝကိုအသရေပျက်မှုနှင့်နိဂုံးချုပ် ရန်ပင် ဖြစ်ပါသလော။