< James 5 >
1 Come on, you rich people! You should weep and wail for all the problems that are coming your way!
၁အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေးအော်ဟစ်ကြ။
2 Your wealth is ruined, and your clothes have been eaten by moths.
၂သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။
3 Your gold and your silver are corroded, and this corrosion will be evidence against you, eating away your flesh like fire. You hoarded up your wealth in these last days.
၃ရွှေငွေလည်းအချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တဘက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်တို့အသားကိုစားလိမ့်မည်။ နောက်ဆုံးသောနေ့ရက်ကာလအဘို့ဘဏ္ဍာကို ဆည်းဖူးကြပြီတကား၊
4 Look, the wages of your farm workers that you cheated are crying out against you—the cries of the farm workers have reached the ears of the Lord Almighty.
၄နားထောင်ကြ၊ သင်တို့လယ်ကွက်၌ ရိတ်သောသူတို့ကို လှည့်စား၍၊ အခမပေးဘဲနေသောကြောင့်၊ ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံသည်လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နားတော်ထဲသို့ဝင်လေပြီ။
5 You've enjoyed a life of luxury here on earth, full of self-indulgent pleasure, fattening yourselves up for the day of slaughter!
၅သင်တို့သည်မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့ နှလုံးကို မွေးမြူကြပြီ။
6 You have condemned and killed the innocent who didn't even resist you.
၆ဖြောင့်မတ်သောသူကို အပြစ်စီရင်၍ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကို မဆီးတား။
7 Friends, be patient as you wait for the Lord's return. Think of the farmer waiting patiently for the earth's precious harvest as it grows with the early and later rains.
၇ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြ လော့။ အကယ်၍လယ်လုပ်သော သူသည်အရင်မိုဃ်း၊ နောက်မိုဃ်းကိုရသည်တိုင်အောင်၊ အဘိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။
8 You need to be patient too. Stay strong for the Lord's return is near.
၈သင်တို့သည်လည်း သည်းခံလျက်စောင့် နေကြလော့။ ကိုယ်စိတ် နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန်ရောက်လုနီးပြီ။
9 My friends, don't complain about each other, so you won't be judged. Look, the judge is standing right at the door!
၉ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အချင်းချင်းငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင် ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ၏။
10 Take the prophets as an example, my friends—see how they spoke in the Lord's name as they suffered and waited patiently.
၁၀ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲ ဒုက္ခတွေ့ခြင်း၊ သည်းခံခြင်း၏ ပုံသက်သေကို ပြကြပြီဟုမှတ်ကြလော့။
11 Notice that we say that those who endure are blessed. You've heard about the patience of Job, and you've seen how the Lord brought this to a positive conclusion—for the Lord is full of compassion and mercy.
၁၁သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။ ယောဘသည် သည်းခံ ကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနား စုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။
12 Above all, my friends, don't swear. Not by heaven, not by earth, and not by any other kind of oath. Just let your yes be yes, and your no be no, so you won't fall under condemnation.
၁၂ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကိုသာ၍ ရှောင်ကြလော့။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်ကြနှင့်။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေကြလော့။
13 Are any of you suffering? You should pray. Are some of you cheerful? You should sing songs of praise.
၁၃သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်း ကိုဆိုစေ။
14 Are any of you sick? You should call for the church elders and have them pray over you, and anoint you with oil in the Lord's name.
၁၄နာသောသူရှိလျှင်၊ သင်းအုပ်ကိုခေါ်၍ သူတို့ သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။
15 Such a prayer, trusting in God, will heal those who are sick, and the Lord will make them well. If they've committed sins, they will be forgiven.
၁၅ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ပဌနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထ မြောက်စေတော်မူမည်။ သူသည်အပြစ် ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။
16 Admit the wrongs you've done to each other, and pray for one another so that you'll be healed. Earnest prayer from those who live right is very effective.
၁၆အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ၏။
17 Elijah was a man who had the same human nature as we do. He prayed earnestly that it wouldn't rain, and it didn't rain on the earth for three and a half years.
၁၇ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်သော်လည်း၊ မိုဃ်းမရွာမည် အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံးမြေပေါ်သို့ မိုဃ်းမရွာဘဲနေ၏။
18 He prayed again—heaven sent rain and the earth gave its harvest.
၁၈တဖန်ဆုတောင်းသောအခါ၊ မိုဃ်းကောင်းကင်သည် မိုဃ်းရွာစေ၏။ မြေကြီးသည်လည်း မိမိအသီး ကိုသီးလေ၏။
19 My friends, if any one of you strays from the truth and someone brings you back,
၁၉ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊
20 let them know that whoever rescues a sinner from the error of their ways will save them from death, and will gain forgiveness for many sins.
၂၀အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ် သည်ဟု ထိုသူသည် သိမှတ်စေ။