< Isaiah 2 >
1 This is the vision that Isaiah, son of Amoz, saw about Judah and Jerusalem.
၁ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို ရည်ဆောင် ၍၊ အာမုတ် ၏သား ဟေရှာယ ခံ ရသော ဗျာဒိတ် တော်အချက် ဟူမူကား၊
2 In the last days the mountain where the Lord's Temple stands will be recognized as the highest of all mountains, rising above other hills. Many from the other nations will travel to it.
၂နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော်တည်သောတောင် သည် တောင် ကြီး တောင် ငယ် တို့၏ ထိပ်ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်း သောလူမျိုး တို့သည် ထိုတောင် သို့ စည်းဝေး ကြလိမ့်မည်။
3 People will come and say, “Let's go up to the mountain of the Lord, to the Temple of the God of Jacob. There God will teach us his ways and we will follow his directions. God's teachings will spread out from Zion, his word from Jerusalem.”
၃များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။
4 The Lord will decide the cases of the nations; he will settle arguments between nations. They will hammer their swords and turn them into plough blades, and their spears into pruning hooks. Nations will not fight against each other anymore; they will no longer learn methods of warfare.
၄ထာဝရဘုရားသည် လူမျိုး တို့တွင် တရား စီရင်၍ ၊ များပြား သောသူ တို့ကို ဆုံးမ တော်မူသဖြင့် သူ တို့ထား လက်နက်များကိုထွန်သွား ဖြစ်စေခြင်းငှာ ၎င်း ၊ လှံ များကို တံစဉ် ဖြစ်စေခြင်းငှါ ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကို တပြည် စစ် မ တိုက်၊ စစ် အတတ်ကိုလည်း နောက် တဖန်မ သင် ရကြ။
5 Come, you Israelites, let's walk in the Lord's light.
၅အိုယာကုပ် အမျိုးသား တို့၊ လာ ကြလော့။ ထာဝရဘုရား ၏အလင်း တော်၌ ကျင်လည် ကြကုန်အံ့။
6 For you, Lord, have given up on your people the Israelites, because they have adopted pagan practices from the East, they use spells like the Philistines, and make friends with foreigners.
၆အကယ် စင်စစ်ကိုယ်တော်သည် ယာကုပ် အမျိုးသား တည်းဟူသောကိုယ်တော် ၏လူ တို့ကို စွန့်ပစ် တော်မူပြီ။ အကြောင်း မူကား၊ သူတို့သည် အရှေ့ ပြည်အတတ် နှင့် ကြွယ်ဝ ၍၊ ဖိလိတ္တိ လူတို့ကဲ့သို့ အနာဂတ္တိ ဆရာ ဖြစ်ကြ၏။ တပါး အမျိုးသားနှင့် အပေါင်း အဘော်ပြုကြ၏။
7 Their country is full of silver and gold, and endless wealth. Their land is full of horses; and they have an endless amount of chariots.
၇သူ တို့ပြည် သည် ရွှေ ငွေ နှင့်ကြွယ်ဝ ၍ ၊ ဥစ္စာ ပစ္စည်း အတိုင်း မသိများ၏။ သူ တို့ပြည် သည် မြင်း နှင့် ကြွယ်ဝ ၍ ၊ မြင်းရထား အတိုင်း မသိများ၏။
8 Their country is full of idols; they bow down and worship what they have made themselves—produced by their own hands!
၈သူ တို့ပြည် သည် ရုပ်တု ဆင်းတုနှင့်ကြွယ်ဝ ၍၊ မိမိ လက် နှင့်လုပ် သောအရာ၊ မိမိ လက်ချောင်း တို့နှင့် ဖန်ဆင်း သော အရာကို ပင် သူတို့သည် ဦးချ ကြသည် တကား။
9 These people will be brought down and humiliated—Lord, don't forgive them!
၉ထိုကြောင့် ၊ ယုတ်သောသူလည်း ဦးနှိမ့် ခြင်း၊ မြတ်သောသူလည်း ရှုတ်ချ ခြင်းကိုခံ ရလိမ့်မည်။ သူ တို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ် တော်မ မူရာ။
10 Run away into rock caves, hide underground from the terrifying presence of the Lord, from the glory of his majesty.
၁၀ထာဝရဘုရား သည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသောထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့်၊ ကျောက် ထဲသို့ ဝင် လော့။ မြေမှုန့် ၌ ပုန်း ၍နေလော့။
11 Those who look with arrogance will be brought low; those who are proud will be humbled. On that day only the Lord will be lifted high.
၁၁ထို ကာလ ၌ လူ တို့၏မော် သော မျက်နှာ ကို နှိမ့် ရမည်။ လူ တို့၏မာနကိုလည်း ရှုတ်ချ ရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
12 The Lord has set aside a day when he will deal with the proud and arrogant. He will end all self-glorification, bringing it down.
၁၂ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီး မြင့်သောအရာနှင့် မိုမောက် သောအရာရှိသမျှ တို့ ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချ ခြင်းရှိကြ လိမ့်မည်။
13 He will cut down the cedars of Lebanon, tall and high, and all the great oaks of Bashan,
၁၃ကြီးမြင့် သော လေဗနုန် အာရဇ် ပင် ရှိသမျှ ကို၎င်း ၊ ဗာရှန် သပိတ် ပင်ရှိသမျှ ကို၎င်း၊
14 He will bring down the tall mountains and the high hills.
၁၄မြင့် သောတောင် ရှိသမျှ ကို၎င်း ၊ မိုမောက် သော တောင်ပို့ ရှိသမျှ ကို၎င်း၊
15 He will tear down every high tower and every defensive wall.
၁၅မြင့် သော ရဲတိုက် ရှိသမျှ ကို၎င်း ၊ ခိုင်ခံ့ သော မြို့ရိုး ရှိသမျှ ကို၎င်း ၊
16 He will wipe out all the commercial ships of Tarshish as well as the pleasure vessels.
၁၆တာရှု သင်္ဘော အပေါင်း တို့ကို၎င်း ၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံ တို့ကို၎င်းဆီးတားလိမ့်မည်။
17 The arrogant will be humbled; the proud will be brought low. On that day only the Lord will be lifted high.
၁၇ထိုကာလ၌ လူ တို့၏မာန ကို ရှုတ်ချ ၍ ၊ လူ တို့၏ စိတ် မြင့်သော သဘောကိုနှိမ့် ရမည်။ ထာဝရဘုရား တပါး တည်းသာ ချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
18 Idols will completely vanish away.
၁၈ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်း ကွယ်ပျောက် ကြ လိမ့်မည်။
19 People will run away into rock caves and holes in the ground to try and hide from the terrifying presence of the Lord, from the glory of his majesty, when he arrives to shake the earth.
၁၉ထာဝရဘုရားသည် မြေကြီး ကိုချောက် လှန့်အံ့သောငှါ ထ တော်မူသောအခါ ၊ ထိုဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့် လူတို့သည် ကျောက် တွင်း ၊ မြေ တွင်း ထဲသို့ ဝင် ကြလိမ့်မည်။
20 On that day the people will take the idols of silver and gold that they made to worship and throw them away to the rats and the bats.
၂၀ထိုကာလ ၌ လူ တို့သည် မိမိ တို့ကိုးကွယ် ဘို့ မိမိတို့ လုပ် ဘူးသော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ် ထားကြလိမ့်မည်။
21 They will run to cracks in the rocks and gaps on the cliffs to try and hide from the terrifying presence of the Lord, from the glory of his majesty, when he arrives to shake the earth.
၂၁ထာဝရဘုရားသည် မြေကြီး ကို ချောက်လှန့် အံ့သောငှါ ထ တော်မူသောအခါ ၊ ထိုဘုရား ကို ကြောက် ခြင်းအရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့် ကျောက် တွင်း ၊ ချောက် ကြားထဲသို့ ပြေး ဝင်ကြလိမ့်မည်။
22 Don't bother trusting human beings who only live for a while. How much do they count?
၂၂နှာခေါင်း နှင့်အသက် ရှူတတ်သော လူ သတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူ ကိုအဘယ် သို့ ပမာဏ ပြုစရာရှိသနည်း။