< Isaiah 18 >
1 Tragedy is coming to the land of whirring wings that lies along the rivers of Ethiopia,
၁အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ် သော အတောင်ရှိ၍၊
2 They send messengers downriver in papyrus boats. Swift messengers, go and take a message to a tall and smooth-skinned people, to a people feared by everyone, to a very powerful nation of conquerors, whose land is washed away by rivers.
၂ပင်လယ်လမ်းဖြင့်၎င်း၊ ရေပေါ်၌ဂမာလှေဖြင့် ၎င်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင် လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင် အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်ကွဲပြားသော မြေ၌နေသော လူမျိုးထံသို့၊ လျင်မြန်သောတံမန်တို့၊ သွားကြလော့။
3 All you people of the world, everyone who lives on earth—you will see when a banner is raised on the mountains, you will hear when a trumpet sounds.
၃လောကီနိုင်ငံ၌ နေသောမြေကြီးသား အပေါင်း တို့၊ တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့် ရှုကြ လော့။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့။
4 For this is what the Lord has told me: I will watch quietly from where I live, quiet as heat haze in sunlight, quiet as a mistcloud in the heat of harvest.
၄ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့၎င်း၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ၌ နှင်းနှင့် ပြည့်စုံသော မိုဃ်းတိမ်ကဲ့သို့၎င်း၊ ငါသည်ကျိန်းဝပ်၍ ငါ့ နေ ရာအရပ်မှာ ကြည့်ရှုမည်။
5 For before the harvest, after the flower is gone and becomes an unripe grape, he prunes the vine with a knife to take out the shoots and branches.
၅စပျစ်သီးကို သိမ်းယူရာ ကာလမတိုင်မှီ အငုံ့ စေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ၊ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊အခက်အလက်များကို သုတ် သင်ပယ်ရှင်းတော်မူမည်။
6 They will all be left as carrion for the birds of prey of the mountains, and for the wild animals. The birds will eat them in summer, and all the wild animals in winter.
၆သူတို့သည် တောင်ပေါ်မှာ နေတတ်သော ငှက် များ၊ တောသားရဲများတို့၏ အဘို့ဖြစ်၍၊ ငှက်တို့သည် နွေ ကာလ၌၎င်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ ၌၎င်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။
7 At that time a gift will be brought to the Lord Almighty from a tall and smooth-skinned people, from a people feared by everyone, from a very powerful nation of conquerors, whose land is washed away by rivers. It will be brought to Mount Zion, the place identified with the Lord Almighty.
၇ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဘွယ်ဖြစ်ထသော၊ ခွန် အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်များ ကွဲပြား သော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားဘို့ လက် ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြ လိမ့်သ တည်း။