< Isaiah 17 >

1 A message about Damascus. Look, Damascus will cease to exist as city. Instead it will become a pile of ruins.
ဤ​ဗျာ​ဒိတ်​တော်​သည်​ဒ​မာ​သက်​မြို့​နှင့် သက်​ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဒ​မာ​သက်​မြို့​သည်​မြို့ အ​ဖြစ်​နှင့်​ရပ်​တည်​နေ​တော့​မည်​မ​ဟုတ်။ ယို ယွင်း​ပျက်​စီး​နေ​သည့်​အ​ဆောက်​အ​ဦး​စု သာ​လျှင်​ဖြစ်​ပေ​တော့​အံ့။-
2 The towns of Aroer will be abandoned. Flocks will live in the streets and rest there, because there won't be anyone to chase them away.
ရှု​ရိ​မြို့​များ​သည်​လည်း​ထာ​ဝ​စဉ်​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​တို့​သည်​သိုး များ​နှင့်​ကျွဲ​နွား​များ​၏​စား​ကျက်​ဖြစ်​လိမ့် မည်။ ထို​တိ​ရစ္ဆာန်​တို့​အား​မောင်း​ထုတ်​မည့်​သူ ရှိ​လိမ့်​မည်​မ​ဟုတ်။-
3 The fortified city will disappear from Ephraim, Damascus will no longer be a kingdom, and those that are left of the Arameans will be like the lost glory of Israel, declares the Lord Almighty.
ဣ​သ​ရေ​လ​ပြည်​သည်​ရန်​သူ​တို့​အား​ခု​ခံ နိုင်​စွမ်း​ကင်း​မဲ့​လျက်​နေ​လိမ့်​မည်။ ဒ​မာ​သက် မြို့​သည်​လည်း​လွတ်​လပ်​ရေး​ဆုံး​ရှုံး​၍​သွား လိမ့်​မည်။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နည်း​တူ​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့် မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
4 At that time the glory of Jacob will fade away; he will lose his strength.
ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​၏ ဘုန်း​အ​သ​ရေ​မှေး​မှိန်​ရာ​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။ ထို​ပြည်​သည်​ကြွယ် ဝ​ချမ်း​သာ​ရာ​မှ​ဆင်း​ရဲ​နွမ်း​ပါး​၍​သွား လိမ့်​မည်။-
5 It will look as empty as fields after reapers have harvested the grain, gathering up the grain in their arms. It will be like when people pick the heads of grain in the Valley of Rephaim.
ဣ​သ​ရေ​လ​ပြည်​သည်​အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ထား​သည့်​လယ်​ကွက်​ကဲ့​သို့​လည်း​ကောင်း၊ အ​ကုန်​အ​စင်​ကောက်​သင်း​ကောက်​ထား​သည့် ရေ​ဖိမ်​ချိုင့်​ဝှမ်း​မှ လယ်​ယာ​ကဲ့​သို့​လည်း ကောင်း​ပြုတ်​ပြုတ်​ပြုန်း​၍​နေ​ပေ​လိမ့်​မည်။-
6 Yet there will be some left behind, like an olive tree that has been shaken—two or three ripe olives are left at the top of the tree, four or five on its lower branches, declares the Lord, the God of Israel.
လူ​အ​နည်း​ငယ်​သာ​လျှင်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ခါ ဣ​သ​ရေ​လ​သည်​လည်း​အ​သီး​များ ကို​အ​ကုန်​အ​စင်​ဆွတ်​ခူး​ပြီး​နောက် အ​ပင် ထိပ်​ဖျား​တွင်​နှစ်​လုံး​သုံး​လုံး​နှင့်​အ​ကိုင်း​များ တွင် လေး​ငါး​လုံး​မျှ​သာ​ကျန်​ရှိ​သည့်​သံ​လွင် ပင်​နှင့်​တူ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
7 At that time people will pay attention to their Creator and look to the Holy One of Israel.
ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည်​မိ​မိ​တို့​အား​ကူ​မ​တော်​မူ​ရန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​တော် မူ​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ဖန်​ဆင်း တော်​မူ​ရှင်​ကို​ဖူး​မြော်​ကြ​လိမ့်​မည်။-
8 They won't believe in the altars they built and the idols they made; they will not look to the Asherah poles or the altars of incense.
သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​ပြု​လုပ်​ထား​သည့် ယဇ်​ပလ္လင်​များ​ကို​သော်​လည်း​ကောင်း၊ အာ​ရှ​ရ နတ်​သ​မီး​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် မိ​မိ​လက် စွမ်း​လက်​စ​တံ​ခွန်​တိုင်​များ​နှင့်​နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ယဇ်​ပလ္လင်​များ​ကို​လည်း​ကောင်း ယုံ ကြည်​ကိုး​စား​ကြ​တော့​မည်​မ​ဟုတ်။
9 At that time their fortified cities will be like places left to be taken over by bushes and trees, just as they were previously abandoned when the Israelites invaded. The country will become completely desolate.
ထို​နေ့​ရက်​ကျ​ရောက်​လာ​သော​အ​ခါ၊ အ​ခိုင် အ​မာ​တံ​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​များ​သည် ဟိ​ဝိ​နှင့်​အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး ရာ​တွင် စွန့်​ပစ်​ထား​ခဲ့​သည့်​မြို့​များ​ကဲ့​သို့​လူ သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​ပျက်​စီး​ယို​ယွင်း ၍​နေ​လိမ့်​မည်။
10 You have forgotten the God who saves you; you have not remembered the Rock who protects you. So, even though you plant beautiful plants and grow exotic vines,
၁၀အို ဣ​သ​ရေ​လ​ပြည်၊ သင်​သည်​မိ​မိ​အား​ကယ် ဆယ်​တော်​မူ​၍​ကျောက်​တုံး​ကြီး​သ​ဖွယ်​ကွယ် ကာ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​မေ့​လျော့ ခဲ့​လေ​ပြီ။ သင်​သည်​လူ​မျိုး​ခြား​များ​၏​ဘု​ရား ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက် မွန်​မြတ်​သော အ​ပင်​များ​ကို​စိုက်​ပျိုး​ခဲ့​ပေ​သည်။
11 even though you make them grow on the day that you plant them, and have them blossom in the morning that you sow them, your harvest will heap of trouble on a day of grief and pain that cannot be cured.
၁၁သို့​သော်​ထို​ဥ​ယျာဉ်​များ​မှ​သစ်​စေ့​တို့​သည် သင်​စိုက်​ပျိုး​သည့်​နေ့​နံ​နက်​၌​ပင်​အ​ပင်​ပေါက် ၍​အ​ပွင့်​များ​ပွင့်​ကြ​သည်​ဆို​စေ​ကာ​မူ ယင်း တို့​မှ​သင်​သည်​အ​သီး​များ​ကို​ဆွတ်​ခူး​ရ​လိမ့် မည်​မ​ဟုတ်။ ဆင်း​ရဲ​ဒုက္ခ​နှင့်​မ​ပျောက်​နိုင်​သည့် ဝေ​ဒ​နာ​ကို​သာ​လျှင်​ခံ​စား​ရ​လိမ့်​မည်။
12 Disaster is coming to the many nations that growl, growling like the raging sea! Disaster is coming to the peoples who roar, roaring like thundering waters!
၁၂တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​များ​သည် ပင်​လယ် မြည်​ဟည်း​သံ၊ လှိုင်း​လုံး​ကြီး​များ​ရိုက်​ပုတ် သံ​ကဲ့​သို့​သော​အ​သံ​နှင့်​ထ​ကြွ​သောင်း ကျန်း​လျက်​ရှိ​ကြ​၏။-
13 The nations roar like the roaring of crashing waves. But he confronts them, and they run far away, blown by the wind like chaff on the mountains, like tumbleweeds driven by a storm.
၁၃ထို​နိုင်​ငံ​သား​တို့​သည်​လှိုင်း​လုံး​များ​သ​ဖွယ် တစ်​ဟုန်​တည်း​ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ဘု​ရား​သ​ခင်​က​သူ​တို့​အား​ဖြင့် ပြင်း ပြင်း​ထန်​ထန်​မိန့်​ကြား​ဆုံး​မ​တော်​မူ​သော အ​ခါ​သူ​တို့​သည်​တောင်​နံ​ရံ​မှ​မြေ​မှုန့်​များ ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗွေ​တွင်​လွင့်​ပါ​သွား သည့်​ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဆုတ်​ပြေး​ကြ ကုန်​၏။-
14 Sudden terror comes in the evening! By morning, they're gone! This is what happens to those who loot us, the fate of those who plunder us.
၁၄သူ​တို့​သည်​လူ​တို့​အား​ညဥ့်​ဦး​ယံ​၌ တုန်​လှုပ် ချောက်​ချား​စေ​ကြ​သော်​လည်း မိုး​သောက်​ယံ​၌ မ​ရှိ​ကြ​တော့​ပါ​တ​ကား။ ဤ​ကား​ငါ​တို့​ပြည် ကို​လု​ယက်​တိုက်​ခိုက်​သူ​မှန်​သ​မျှ​တို့​၏​ကံ ကြမ္မာ​ပင်​ဖြစ်​လေ​သည်။

< Isaiah 17 >