< Genesis 20 >
1 Abraham traveled towards the Negev, staying between Kadesh and Shur. After that he moved on to live in Gerar.
၁တဖန် အာဗြဟံ သည် တောင် ပြည် သို့ ခရီးသွား သဖြင့် ၊ ကာဒေရှ မြို့နှင့် ရှုရ မြို့စပ်ကြား မှာနေ ၍ ၊ ဂေရာ မြို့ သို့ တည်းခို ၏။
2 During his time there, when Abraham told people about his wife Sarah, he said, “She's my sister.” So Abimelech, king of Gerar, sent for Sarah and took her to become one of his wives.
၂ထိုအခါ မိမိ မယား စာရာ သည် မိမိ နှမ ဖြစ်သည် ဟု၊ သူတပါးတို့အား အာဗြဟံ ဆို သောကြောင့် ၊ ဂေရာ မင်းကြီး အဘိမလက် သည် မိမိလူကို စေလွှတ် ၍ ၊ စာရာ ကို ယူ စေ၏။
3 But God appeared to Abimelech in a dream and told him, “Listen! You're going to die because the woman you've taken is already married—she has a husband.”
၃ညဉ့် အချိန်တွင် အိပ်မက် အားဖြင့် ဘုရားသခင် သည် အဘိမလက် ဆီသို့ ကြွလာ ၍ ၊ သင် သည် လူ သေ ဖြစ်၏။ အကြောင်း မူကား၊ သင်ယူ သော မိန်းမ သည် သူ့ မယားဖြစ်၏ဟု မိန့် တော်မူ၏။
4 Abimelech hadn't touched Sarah, and he asked, “Lord, do you kill good people?
၄အဘိမလက် သည်၊ ထိုမိန်းမ နှင့် မ ပေါင်းဘော် သေးသည်ဖြစ်၍ ၊ အိုဘုရား ရှင်၊ ဖြောင့်မတ် သော လူမျိုး ကို ကွပ်မျက် တော်မူမည်လော။
5 Didn't Abraham tell me himself, ‘She's my sister,’ and didn't Sarah also say, ‘He's my brother’? I did this in all innocence—my conscience is clear!”
၅သူ သည် ငါ နှမ ဖြစ်၏ဟု အကျွန်ုပ် အား ယောက်ျား ဆို သည် မဟုတ် ပါလော။ အကျွန်ုပ်အား သူ သည်ငါ့ မောင် ဖြစ်၏ဟု မိန်းမလည်း ဆိုသည် မဟုတ် ပါလော။ ဖြောင့်မတ် သော သဘော ရှိ၍ သန့်ရှင်း သော လက် နှင့် ဤ အမှုကို အကျွန်ုပ် ပြု ပါပြီဟု လျှောက်ဆို ၏။
6 God told him in the dream, “Yes, I know you did this in all innocence, so I prevented you from sinning against me. That's why I didn't let you touch her.
၆ထိုအိပ်မက် ၌ ဘုရားသခင် ကလည်း ၊ မှန် ပေ၏။ သင် သည် ဖြောင့်မတ် သောသဘော နှင့် ပြု သည်ကို ငါသိ ၏။ သင် သည်ငါ့ ကို မပြစ်မှား စေခြင်းငှါ၊ သင့် ကို ငါ ဆီးတား ပြီး။ သို့ဖြစ်၍ ထိုမိန်းမ နှင့် ပေါင်းဘော် ရသောအခွင့်ကို ငါမ ပေး။
7 Send the man's wife back to him. He's a prophet. He will pray for you, and you will live. But if you don't send her back to him, you should know for sure that you and all your family will die.”
၇ယခု မှာ သူ ၏မယား ကို သူ့အားပြန် ပေးလော့။ သူ သည် ပရောဖက် ဖြစ်၏။ သင့် အဘို့ ဆုတောင်း လျက် ၊ သင်သည် အသက် ချမ်းသာရလိမ့်မည်။ ပြန် ၍ မ ပေးဘဲ နေလျှင် သင် မှစ၍ သင် နှင့်ဆိုင် သော သူအပေါင်း တို့ သည် ဧကန် အမှန်သေ မည်ဟု မိန့် တော်မူ၏။
8 Abimelech got up early in the morning and called all his servants together. He explained everything that had happened, and they were all terrified.
၈နံနက် စောစောအဘိမလက် သည် ထ ၍ ၊ မိမိ ကျွန် အပေါင်း တို့ကိုခေါ် ပြီးမှ အမှု အရာအလုံးစုံ ကို ပြော သဖြင့် ၊ ထို သူတို့သည် အလွန် ကြောက် ကြ၏။
9 Then Abimelech summoned Abraham and asked him “What have you done to us? How have I wronged you that you should treat me like this, bringing this terrible sin on me and my kingdom? You've done things to me that no one should ever do!”
၉အာဗြဟံ ကို လည်း အဘိမလက် ခေါ် ၍ ၊ သင် သည် ငါ တို့၌ အဘယ်သို့ ပြု သနည်း။ သင့် ကို ငါတို့သည် အဘယ်သို့ ပြစ်မှား သောကြောင့် ၊ သင်သည် ငါ ၌ ၎င်း ငါ့ နိုင်ငံ ၌ ၎င်း၊ ကြီးစွာ သော အပြစ် ကိုရောက် စေသနည်း။ သင်သည် မ ပြု အပ်သောအမှု ကို ငါ ၌ ပြု ပါသည်တကားဟု ဆို လေ၏။
10 Then Abimelech asked Abraham “What were you thinking when you did this?”
၁၀တဖန် အဘိမလက် က၊ သင်သည် အဘယ် အမှုကို မြင် ၍ ဤ သို့ပြု သနည်းဟု အာဗြဟံ ကိုမေး လျှင်၊
11 “Well, I thought to myself, ‘Nobody respects God in this place. They'll kill me just to get my wife,’” Abraham replied.
၁၁အာဗြဟံ က၊ ဤ အရပ် သားတို့သည် ဘုရားသခင် ကို မ ကြောက် ၊ အကျွန်ုပ် ၏မယား အတွက် အကျွန်ုပ် ကို သတ် ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိ ပါပြီ။
12 “Anyway, she really is my sister, the daughter of my father but not my mother, and I married her.
၁၂သို့သော်လည်း သူ သည်အကျွန်ုပ် နှမ မှန် ပါ ၏။ အကျွန်ုပ် အဘ ၏သမီး ဖြစ်၏။ အမိ ၏သမီး မ ဟုတ်။ အကျွန်ုပ် မယား လည်း ဖြစ် ပါ၏။
13 Since my God made me move far away from my family home, I told her, ‘If you really love me, then wherever you go with me you must tell people: He's my brother.’”
၁၃ဘုရားသခင် သည် အကျွန်ုပ် ကိုအဘ ၏ အိမ် မှ ခေါ်၍ လည် စေတော်မူသောအခါ ၊ အကျွန်ုပ် က၊ သင် သည် ငါ ၌ ပြု ရသောကျေးဇူး ဟူမူကား ၊ ငါသည် သင်၏မောင် ဖြစ် ကြောင်းကို ရောက်လေရာရာ ၌ ပြော ရမည်ဟု၊ မယား ကို မှာ ထားပါသည်ဟု ပြန်ပြောလေ၏။
14 Then Abimelech gave Abraham gifts of sheep, cattle, and male and female slaves, and returned his wife Sarah to him.
၁၄ထိုအခါ အဘိမလက် သည်၊ သိုး ၊ နွား ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမတို့ကိုယူ ၍ အာဗြဟံ အား ပေး လေ ၏။ မယား စာရာ ကို လည်း ပြန် ပေး၏။
15 Abimelech told him, “Look over my land. You can choose to live anywhere you like.”
၁၅အဘိမလက် ကလည်း ၊ ငါ့ မြေ သည် သင့် ရှေ့ မှာ ရှိ၏။ အလို ရှိသည်အတိုင်း နေ ပါဟု အမိန့် ရှိ၏။
16 Abimelech also told Sarah, “Notice that I'm giving your brother a thousand pieces of silver. This is to compensate you for the wrong done to you in the eyes of everyone with you, and to make sure that your name is publicly cleared.”
၁၆စာရာ ကို လည်း သင် နှင့် သင့်အပေါင်း အဘော်တို့ အဘို့ မျက်နှာ ဖုံး များကို ဝယ်စရာဖို့ သင် ၏မောင် အား ငွေ တထောင် ကို ငါပေး ပြီဟု အမိန့် ရှိသဖြင့် သူသည် လည်း အရာရာ ၌ အဆုံး အမခံရ၏။
17 Then Abraham prayed to God, and God healed Abimelech, his wife, and his female slaves, so that they could have children again.
၁၇အာဗြဟံ သည်လည်း၊ ဘုရားသခင် ကို ဆုတောင်း ၍ ၊ ဘုရားသခင် သည် အဘိမလက် နှင့် သူ ၏ မယား ၊ သူ ၏ကျွန် မတို့ကို အနာ ပျောက်စေတော်မူသဖြင့် ၊ သူတို့သည် သား ကိုဘွားကြ၏။
18 For the Lord had made all the women unable to have children because Abraham's wife, Sarah, had been taken.
၁၈အထက်က အာဗြံဟံ ၏ မယား စာရာ ကြောင့် ထာဝရဘုရား သည် အဘိမလက် ၏အိမ်သူ ၊ မိန်းမတယောက် မျှ ပဋိသန္ဓေ မယူစေခြင်းငှါ စီရင် တော်မူသတည်း။