< Ezekiel 34 >

1 A message from the Lord came to me, saying,
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 “Son of man, prophesy against the shepherds who lead Israel. Prophesy and tell them that this is what the Lord God says: Disaster is coming to the shepherds of Israel, who only look after themselves, and not the sheep! Shouldn't shepherds make sure their flock is fed?
အချင်းလူသား ၊ သင်သည် ဣသရေလ အမျိုး သိုးထိန်း တို့တဘက် ၌ ပရောဖက်ပြု ၍ ဟောပြော လျက်၊ သိုးထိန်း တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကိုဆင့်ဆို ရမည်မှာ၊ ကိုယ် ကိုသာ ကျွေးမွေး သော ဣသရေလ အမျိုး သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။ သိုးထိန်း သည် သိုး တို့ကိုမ ကျွေးမွေး ရသလော ။
3 You eat the cream, you use the wool for clothes, and you slaughter the fattened sheep, but you don't feed the flock.
သင်တို့သည် သိုးနို့ ကို စား ကြ၏။ သိုးမွေး ကို ဝတ် ကြ၏။ ဆူဖြိုး သော သိုးတို့ကိုလည်း သတ် ကြ၏။ သို့ရာတွင်၊ သိုး တို့ကို မ ကျွေးမွေး ပါတကား။
4 You haven't taken care of the weak, healed the sick, bandaged the injured, brought home the strays, or looked for the lost. On the contrary, you ruled them using violence and cruelty.
အားနည်း သောသိုးကိုမ မစ ကြ၊ နာ သော သိုးတို့ကိုဆေး မ ကုကြ၊ အရိုးကျိုး သောသိုးကို အဝတ် နှင့် မ စည်းကြ၊ သူတပါးနှင် သော သိုးကိုလိုက် ၍မ ဆောင်ခဲ့ ကြ၊ ပျောက် သောသိုးကို မ ရှာ ကြ၊ အနိုင်အထက် ပြု၍ ကြမ်းတမ်း စွာ စီရင် ကြပြီ။
5 They were scattered because they didn't have a shepherd. When they scattered they were preyed on by all the wild animals for food.
ထိန်း သောသူမ ရှိသောကြောင့် သိုးတို့သည် ကွဲပြား ကြ၏။ ကွဲပြား လျက်နေသောအခါ ခပ်သိမ်း သော တော သားရဲစားစရာ ဖြစ် ကြ၏။
6 My sheep strayed, going to all the mountains and high hills. They were scattered everywhere, and there was no one to go and look for them.
ငါ့ သိုး တို့သည် တောင် များ၊ မြင့် သောကုန်း များ အပေါ်မှာ လဲ ၍ မြေ တပြင်လုံး တွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူ မျှမလိုက် မ ရှာ ကြ။
7 So, you shepherds, listen to what the Lord has to say:
သို့ဖြစ်၍ ၊ အချင်းသိုးထိန်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။
8 As I live, declares the Lord God, because my sheep didn't have a shepherd and were preyed on by all the wild animals for food, and because my shepherds didn't look after my sheep but instead only fed themselves,
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ သိုးထိန်း မ ရှိ၊ အဘယ်သိုးထိန်း မျှ ငါ့ သိုး တို့ကိုမ ရှာ ၊ သိုးထိန်း တို့သည် ငါ့ သိုး တို့ကို မ ကျွေးမွေး ၊ ကိုယ် ကိုသာကျွေးမွေး သဖြင့် ၊ ငါ့ သိုး တို့သည် လုယူ ရာ၊ ခပ်သိမ်း သောတော သားရဲ စားစရာ ဖြစ် သောကြောင့် ၊
9 so, you shepherds, you listen to what the Lord has to say!
အချင်း သိုးထိန်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကိုနားထောင် ကြလော့။
10 This is what the Lord God says: Watch out, because I'm condemning the shepherds, and I will take my sheep back and stop them looking after the sheep so they won't be able to feed themselves anymore. I will take away my sheep from them, and I won't let them eat the sheep anymore.
၁၀အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည်သိုးထိန်း တို့ တဘက်၌ နေ၏။ ငါ့ သိုး များကို သူ တို့၌ ငါတောင်း ၍ သိုးထိန်း အရာကို နှုတ် မည်။ သိုးထိန်း တို့သည် နောက် တဖန်ကိုယ် ကိုမ ကျွေးမွေး ရကြ။ ငါ့ သိုး များကို သူ တို့ပစပ် မှ ငါနှုတ် ၍ နောက်တဖန် မ ကိုက် မစားရကြ။
11 For this is what the Lord God says: Watch as I myself will go looking for my sheep, searching to find them.
၁၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ကိုယ်တိုင် လိုက် ၍ ငါ့ သိုး တို့ကိုရှာ မည်။
12 Just like a shepherd goes looking for his lost sheep when he is with the flock, so I will look for my sheep. I will rescue them from everywhere they were scattered on a dark and dismal day.
၁၂ကွဲပြား လျက်ရှိသောမိမိ သိုး တို့တွင် သိုးထိန်း ရောက် သောအခါ ကြိုးစား၍ ရှာ သကဲ့သို့ ၊ ငါသည်လည်း ငါ့ သိုး တို့ကိုကြိုးစား၍ ရှာ မည်။ မိုဃ်းအုံ့ ၍ မိုက် သောနေ့ ၌ သူတို့ကွဲပြား သော အရပ်ရပ် တို့က ငါနှုတ်ဆောင် မည်။
13 I will take them out from among the other nations. I will gather them from the different countries, and bring them back to their own country. Like a shepherd I will have them feed them on the mountains of Israel, in the valleys and everywhere that people live in the country.
၁၃အတိုင်းတိုင်း အပြည်ပြည် တို့က ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ နေရင်းပြည် သို့ ပို့ဆောင် မည်။ ဣသရေလ တောင် တို့အပေါ် ၊ မြစ် တို့အနား အစရှိသော နေစရာ အရပ်ရပ် တို့၌ ကျွေးမွေး မည်။
14 I will provide them with good pasture and places to graze in the high mountains of Israel. They will also be able to rest there in the good pasture and in the places to graze in mountains of Israel.
၁၄ကောင်း သောကျက်စား ရာအရပ်၌ ကျွေးမွေး မည်။ မြင့် သော ဣသရေလ တောင် တို့အပေါ်မှာ သူ တို့ ခြံ ရှိ လိမ့်မည်။ သူတို့သည်ဣသရေလ တောင် တို့အပေါ်မှာ ကောင်း သောခြံ ၌ အိပ် ၍ ၊ ကြွယ်ဝ သောကျက်စား ရာ၌ ကျက်စား ကြလိမ့်မည်။
15 I myself will look after my sheep and give them a place to rest, declares the Lord God.
၁၅ငါ သည် ငါ့ သိုး များကို ကျွေးမွေး မည်။ အိပ်ရာ ကိုလည်း ငါပေးမည်။
16 I will go looking for the lost, bring home the strays, bandage the injured, and strengthen the weak. However, I will destroy those who are fat and strong. Because I do what's right, I will be sure to take care of them.
၁၆ပျောက် သောသိုးကို ငါရှာ မည်။ သူတပါးနှင် သော သိုးကိုလိုက် ၍ ဆောင်ခဲ့မည်။ အရိုးကျိုး သော သိုးကိုအဝတ် နှင့်စည်းမည်။ အားနည်း သော သိုးကိုမစ မည်။ ဆူဖြိုး ၍ အား ရှိသောသိုးကိုကား၊ တရား အတိုင်း ကျွေးမွေး ၍ ကွပ်မျက် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
17 My flock, this is what the Lord God says to you: Watch, because I will judge between one sheep and the next, between the rams and the goats.
၁၇အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုငါ့ သိုး တို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုး ထီးနှင့် ဆိတ် ထီးတို့ကို၎င်းငါ ပိုင်းခြား မည်။
18 Aren't you satisfied with feeding in good pasture? Do you have to trample down the rest of the pasture with your feet? Aren't you satisfied to drink the clear water? Do you have to muddy the rest of it with your feet?
၁၈သင်တို့သည် ကောင်း သောကျက်စား ရာအရပ်၌ စား သည်သာမက၊ ကျန် သော မြက်ပင် ကိုနင်း သော အမှုသည်သာမည အမှုဖြစ်သည်ဟု ထင်မှတ်ကြသလော ။ ကြည် သော ရေ ကို သောက် သည်သာမက၊ ကျန် သော ရေကိုခြေ နှင့် နောက် စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော။
19 Why does my flock have to feed on what your feet have trampled down, and drink the water that your feet have muddied?
၁၉သင် တို့နင်း သောမြက်ပင်ကို၎င်း၊ ခြေ နှင့်နောက် စေသော ရေကို၎င်း ၊ ငါ့ သိုး တို့သည် စား သောက် ရကြမည်လော။
20 That's why the Lord God says to them: Watch, because I myself will judge between the fat sheep and the skinny sheep.
၂၀သို့ဖြစ်၍ ၊ ထိုသူ တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဆူဖြိုး သော တိရစ္ဆာန် တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန် တို့ကို ငါ သည် ကိုယ်တိုင် ပိုင်းခြား မည်။
21 Since you push others around with your sides and your shoulders, and use your horns to attack all the weak ones until you have chased them away,
၂၁သင်တို့သည် အားနည်း သောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြား စေခြင်းငှါနံပါး နှင့် ၎င်း ၊ ပခုံး နှင့်၎င်း တိုး ၍ ချို နှင့် ခွေ့ သောကြောင့် ၊
22 I will rescue my flock, and they will no longer be your victims. I will judge between one sheep and the next.
၂၂ငါသည် ငါ့ သိုး တို့ကို ကယ်တင် သဖြင့် ၊ သူတို့ သည် နောက် တဖန် လုယူ ရာမ ဖြစ် ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြား မည်။
23 I will put one shepherd in charge of them, my servant David, and he will take care of them. He will take care of them and be their shepherd.
၂၃သိုးထိန်း တဦး ကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေး လိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့ကို ကျွေးမွေး ၍ သိုးထိန်း လုပ် ရလိမ့်မည်။
24 I the Lord will be their God, and my servant David will be their leader. I the Lord have spoken.
၂၄ငါ ထာဝရဘုရား သည် သူ တို့၏ဘုရားသခင် ဖြစ် မည်။ ငါ ၏ကျွန် ဒါဝိဒ် သည်လည်း သူ တို့၏မင်း ဖြစ်ရ လိမ့်မည်။ ငါ ထာဝရဘုရား ပြော ပြီ။
25 I will make an agreement of peace with them, and get rid of the wild animals from the country, so that they can live safely in the wilderness and sleep securely in the forest.
၂၅သူ တို့နှင့် ငြိမ်သက် ခြင်း ပဋိညာဉ် ကို ငါဖွဲ့ ၍ ၊ ဆိုး သောသားရဲ တို့ကို ထိုပြည် ၌ ပယ်ဖြတ် မည်။ သူတို့သည် လွင်ပြင် ၌ ငြိမ်ဝပ် စွာနေ ၍ တော ၌ အိပ်ပျော် ကြလိမ့်မည်။
26 I will bless them and everywhere around my hill. I will send rain at the right time. They will be showers of blessing.
၂၆သူ တို့ကို၎င်း၊ ငါ ၏တောင် တော်ပတ်လည် ၌ ရှိသောအရပ်တို့ကို၎င်းငါကောင်းကြီး ပေး ၍ ၊ အချိန်တန် လျှင် မိုဃ်း ကိုရွာစေသဖြင့်၊ ကောင်းကြီး မိုး ရေ ကျ ရ လိမ့်မည်။
27 The trees in the orchards will produce their fruit; the earth will grow its crops; and my flock will be live in safety in their country. Then they will know that I am the Lord, when I break their yokes of slavery, and set them free from those who made them slaves.
၂၇တော သစ်ပင် သည် အသီး ကို သီး လိမ့်မည်။ မြေ သည်လည်း အသီးအနှံ ကိုပေး လိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ် စွာနေ ရကြလိမ့်မည်။ သူ တို့ထမ်းသော ထမ်းပိုး ကြိုး ကို ငါ ဖြတ် ၍၊ အနိုင်အထက် စေခိုင်းသောသူတို့ လက် မှ ကယ်နှုတ် သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
28 They won't be the victims of other nations anymore, and wild animals won't eat them. They will live in safety, and no one will terrorize them.
၂၈နောက် တဖန်တပါး အမျိုးသား တို့သည် မလု မ ယူရကြ။ ပြည် သားရဲ တို့သည်လည်း ကိုက် ၍မ စားရကြ။ အဘယ်သူ မျှမကြောက် စေဘဲ၊ သူတို့သည် ငြိမ်ဝပ် စွာ နေ ရကြလိမ့်မည်။
29 I will make their fields produce remarkable harvests, and they won't suffer famine in their country again or be mocked by others.
၂၉အသရေ ရှိသော ဥယျာဉ် ကိုလည်း သူ တို့အဘို့ ငါပြုစု မည်။ နောက် တဖန်ပြည် ၌ အစာ အဟာရ ခေါင်းပါး ၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မ ခံရ ကြ။ တပါး အမျိုးသား တို့၏ကဲ့ရဲ့ ခြင်းကိုလည်း မ ခံရ ကြ။
30 Then they will know that I am with them as the Lord their God, and that the people of Israel belong to me, declares the Lord God.
၃၀သူ တို့၏ဘုရားသခင် ငါ ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိကြောင်းကို၎င်း ၊ ဣသရေလ အမျိုးသား တည်းဟူသောသူ တို့သည် ငါ ၏လူ ဖြစ်ကြောင်း ကို၎င်းသိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
31 You are my sheep, the sheep that I feed. You are my people, and I am your God, declares the Lord God.”
၃၁ငါ ၏ကျက်စား ရာအရပ်၌ရှိသောငါ့ သိုး တို့၊ သင် တို့သည်လူ ဖြစ်ကြ၏။ ငါ သည်လည်း သင် တို့၏ ဘုရားသခင် ဖြစ်သည်ဟု အရှင် ထာဝရဘုရား မိန့်တော်မူ၏။

< Ezekiel 34 >