< Exodus 37 >

1 Bezalel made the Ark of acacia wood measuring two and a half cubits long by a cubit and a half wide by one and a half cubits high.
တဖန် ဗေဇလေလ သည်၊ အလျား နှစ်တောင် ထွာ ၊ အနံ တတောင် ထွာ၊ စောက် တတောင် ထွာ ရှိသောသေတ္တာ ကို အကာရှ သား နှင့်လုပ် ၍ ၊
2 He covered it with pure gold on the inside and the outside, and made a gold trim to go around it.
သေတ္တာအတွင်း အပြင် ကို ရွှေ စင် နှင့်မွမ်းမံ လေ၏။ သေတ္တာပေါ်နားပတ်လည် ၌ကွပ် သောရွှေ တန်ဆာကိုလည်း လုပ် လေ၏။
3 He cast four gold rings and attached them to its four feet, two on one side and two on the other.
ရွှေ လေး ကွင်း ကို သွန်း ၍၊ သေတ္တာ လေး ထောင့်၌ တ မျက်နှာ နှစ် ကွင်း စီတပ်လေ၏။
4 He made poles of acacia wood and covered them with gold.
အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ပြီးမှ ၊
5 He placed the poles into the rings on the sides of the Ark, so it could be carried.
သေတ္တာ ထမ်း စရာဘို့ တဘက်တချက် ရွှေကွင်း ၌ လျှိုထား လေ၏။
6 He made the atonement cover of pure gold, two and a half cubits long by a cubit and a half wide.
အလျား နှစ်တောင် ထွာ ၊ အနံ တတောင် ထွာ ရှိသောသေတ္တာအဖုံး ကိုလည်း ၊ ရွှေ စင် နှင့်လုပ် လေ၏။
7 He made two cherubim of hammered gold for the ends of the atonement cover,
ရွှေ ခေရုဗိမ် နှစ် ပါးကိုလည်း ၊ သေတ္တာအဖုံး တွင် အလျားတဘက်တချက် ၌ ထု လုပ် လေ၏။
8 and put one cherub on each end. All of this was made from one piece of gold.
ထိုသို့ ခေရုဗိမ် နှစ် ပါးကို၊ သေတ္တာဖုံး ကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ် ပြီးလျှင် ၊
9 The cherubim were designed with spread wings pointing upward, covering the atonement cover. The cherubim were placed facing each another, looking down towards the atonement cover.
ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာ ချင်း ဆိုင် ၍၊ သေတ္တာဖုံး ကို ရှု လျက်၊ မိမိ အတောင် ကို ဖြန့် ၍ သေတ္တာဖုံး ကို မိုး လျက် ရှိ ၏။
10 Then he made the table of acacia wood two cubits long by a cubit wide by a cubit and a half high.
၁၀အလျား နှစ်တောင် ၊ အနံ တတောင် ၊ အမြင့် တတောင် ထွာ ရှိသော စားပွဲ ကိုလည်း ၊ အကာရှ သား နှင့် လုပ် ၍ ၊
11 He covered it with pure gold and made a gold trim to go around it.
၁၁ရွှေ စင် နှင့် မွမ်းမံ လေ၏။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကို၎င်း၊
12 He made a border around it the width of a hand and put a gold trim on the border.
၁၂အနံ တလက်ဝါး ရှိသောခါးပန်း ကို၎င်း၊ ခါးပန်း အပေါ်နားပတ်လည်၌ ကွပ် သော ရွှေ တန်ဆာကို၎င်း လုပ် လေ၏။
13 He cast four gold rings for the table and attached them to the four corners of the table by the legs.
၁၃ရွှေ လေး ကွင်း ကိုလည်း သွန်း ၍ ခြေထောက် လေး ခုအထက်၊ စားပွဲလေး ထောင့် ၌ တပ် လေ၏။
14 The rings were close to the border to hold the poles used to carry the table.
၁၄ထိုရွှေကွင်း တို့သည် ခါးပန်း ပေါ်မှာရှိ၍၊ စားပွဲ ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ၏။
15 He made the poles of acacia wood for carrying the table and covered them with gold.
၁၅စားပွဲ ထမ်း စရာ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့် မွမ်းမံ လေ၏။
16 He made utensils for the table from pure gold: plates and dishes, bowls and pitchers for pouring out drink offerings.
၁၆စားပွဲ တန်ဆာ တည်းဟူသောလင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်း စရာ ဖလား များကိုလည်း ရွှေ စင် နှင့် လုပ် လေ၏။
17 He made the lampstand of pure, hammered gold. The whole of it was made of one piece—its base, shaft, cups, buds, and flowers.
၁၇မီးခုံ ကိုလည်း ရွှေ စင် နှင့်လုပ် ၍၊ မီးခုံ တိုင်အစရှိသော အလက် များ၊ ခွက် များ၊ ဘူးသီး များ၊ ကြာပွင့် များတို့ကို တစပ်တည်းထု လေ၏။
18 It had six branches coming out of the sides of the lampstand, three on each side. It had three cups shaped like almond flowers on the first branch, each with buds and petals, three on the next branch.
၁၈မီးခုံ တိုင် တဘက် တချက် သုံး လက်စီ ထွက် ၍၊ အလက် ခြောက် လက်ရှိ၏။
19 Each of six branches that came out had three cups shaped like almond flowers, all complete with buds and petals.
၁၉မီးခုံ တိုင်ထဲက ထွက် သော အလက် သုံးလက်တွင်၊ တလက်တလက်၌ဘူး ၊ ကြာပွင့် နှင့်တကွ ဗာတံ သီးနှင့် ပုံတူသော ခွက် သုံး ခွက်ရှိ၏။
20 On the main shaft of the lampstand he made four cups shaped like almond flowers, complete with buds and petals.
၂၀မီးခုံ တိုင်၌ လည်း ဘူး ၊ ကြာပွင့် နှင့်တကွ ဗာတံ သီးနှင့်ပုံတူသော ခွက် လေး ခွက်ရှိ၏။
21 On the six branches that came out of it, he placed a bud under the first pair of branches, a bud under the second pair, and a bud under the third pair.
၂၁မီးခုံ တိုင်ထဲက ထွက် သော အလက် ခြောက် လက်ရှိသည်အတိုင်း ၊ အလက် နှစ်ဘက် အောက် ၌လည်း ဘူးသီး တလုံးစီရှိ၏။
22 The buds and branches are to be made with the lampstand as one piece, hammered out of pure gold.
၂၂ဘူး များ၊ အလက် များတို့ကို တကိုယ်တစပ်တည်း ဖြစ် စေ၍ မီးခုံ တကိုယ် လုံးကို ရွှေ စင် နှင့် ထု လုပ်လေ၏။
23 He made seven lamps, as well as wick tongs and their trays of pure gold.
၂၃မီးခွက် ခုနစ် လုံး၊ မီးညှပ် နှင့် မီးညှပ်ခံစရာခွက် များကိုလည်း ရွှေ စင် နှင့် လုပ် လေ၏။
24 The lampstand and all these utensils required a talent of pure gold.
၂၄မီးခုံနှင့် မီးခုံတန်ဆာ ရှိသမျှ တို့ကို ရွှေ စင် အခွက် တဆယ်နှင့် လုပ် သတည်း။
25 He made the altar for burning incense from acacia wood. It was square, measuring a cubit by a cubit, by two cubits high, with horns on its corners that were all one piece with the altar.
၂၅တနည်းကား၊ နံ့သာ ပေါင်းကို မီးရှို့စရာ ယဇ် ပလ္လင်ကို အကာရှ သားနှင့် လုပ် လေ၏။ ထိုပလ္လင်သည် အလျား တတောင် ၊ အနံ တတောင် ၊ စတုရန်း လေးထောင့်ဖြစ်၍အမြင့် နှစ်တောင် ရှိလေ၏။ ဦးချို တို့ကိုလည်း အကာရှ သားဖြင့် ပြီး စေ၏။
26 He covered its top, its side, and its horns with pure gold, and made a gold trim to go all around it.
၂၆ပလ္လင်ထိပ်၊ နံရံ၊ ဦးချို တို့ကို ရွှေ စင် နှင့် မွမ်းမံ ၍၊ အပေါ် နားပတ်လည် ၌ကွပ် သော ရွှေ တန်ဆာကို လုပ် လေ၏။
27 He made two gold rings for the altar and attached them below the trim, two on both sides, to hold the poles to carry it.
၂၇ရွှေတန်ဆာအောက် ပလ္လင်တဘက် တချက်ထောင့်၌ ရွှေ ကွင်း နှစ် ကွင်းကိုလုပ် ၍ ပလ္လင် ထမ်း စာရာ ထမ်းဘိုး နေရာ ဖြစ်၏။
28 He made the poles of acacia wood and covered them with gold.
၂၈ထမ်းဘိုး တို့ကို အကာရှ သား နှင့်လုပ် ၍ ရွှေ နှင့်မွမ်းမံ လေ၏။
29 He made the holy anointing oil and the pure, aromatic incense like the product of an expert perfumer.
၂၉ဆေးသမားအတတ် နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်း သော လိမ်း ရန်နံ့သာဆီ ကို ၎င်း၊ နံ့သာ မျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာ ပေါင်းစင် ကို၎င်းလုပ် လေ၏။

< Exodus 37 >