< Deuteronomy 4 >
1 People of Israel, pay attention to the rules and regulations I'm teaching you to observe. That way you can stay alive, and go in and take over the country the Lord, the God of your forefathers, is giving you.
၁အိုဣသရေလ အမျိုးသားတို့၊ သင်တို့သည် အသက်ရှင် ၍ ၊ သင် တို့ဘိုးဘေး ကိုးကွယ်သော ဘုရား သခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို ဝင်စား မည်အကြောင်း ၊ သင် တို့ကျင့် စရာဘို့ ငါ သွန်သင် သော စီရင် ထုံးဖွဲ့ချက်တို့ကို နားထောင် ကြလော့။
2 You are not to add to or take away from what I'm telling you, so that you can keep the commandments of the Lord your God that I'm ordering you to follow.
၂ငါ မှာ ထားသော စကား ၌ သင်တို့သည် အသစ် မ သွင်းရ။ အလျှင်း မ နုတ်မပယ် ရ။ ငါ မှာ ထားသည် အတိုင်း ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်တို့ကို စောင့်ရှောက် ရကြမည်။
3 You've seen for yourselves what the Lord did at Baal-peor where the Lord your God killed everyone among you who worshiped Baal of Peor.
၃ထာဝရဘုရား သည် ဗာလပေဂုရ ကြောင့် ပြု တော်မူသော အမှုကို သင်တို့သည် ကိုယ်တိုင် မြင် ရကြပြီ။ ဗာလပေဂုရ ၌ ဆည်းကပ် သော သူ အပေါင်း တို့ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့အထဲ က သုတ်သင် ပယ်ရှင်းတော်မူပြီ။
4 Those of you who were faithful to the Lord your God are still alive today, every one of you.
၄သင် တို့ဘုရား သခင်ထာဝရဘုရား ၌ မှီဝဲ သမျှ သော သင် တို့မူကား ၊ ယနေ့ တိုင်အောင် အသက်ရှင် ရကြ၏။
5 Listen, I have taught you the rules and regulations just as the Lord my God ordered me to do, so you can follow them in the country that you are about to enter and take over.
၅သင် တို့သည် သွား၍ ဝင်စား သောပြည် ၌ ကျင့် စရာဘို့ ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ စီရင် ထုံးဖွဲ့ တော်မူချက်တို့ကို သင် တို့အား ငါသွန်သင် ပြီ။
6 Be careful to observe them, because this will demonstrate your wisdom and insight to the other people living there who are watching. They will find out about all these rules and say, “The people of this great nation are very wise and have good insight.”
၆သို့ဖြစ်၍ ထို ပညတ် တရားတို့ကို ကျင့်စောင့် ကြလော့။ သို့ပြုလျှင် ၊ ထို ပညတ် တရား ရှိသမျှ တို့ကို ကြား ရသောလူမျိုး များရှေ့ မှာ၊ သင် တို့၏ ဉာဏ် ပညာ သည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤ ကြီးမြတ် သော လူမျိုး သည် အကယ် စင်စစ်ဉာဏ် ပညာနှင့် ပြည့်စုံသော အမျိုး ဖြစ်၏ဟု ဆို ကြလိမ့်မည်။
7 What nation is as great as us, having a god so close to them as the Lord our God is to us whenever we call on him?
၇ငါ တို့သည် ဆုတောင်း လေရာရာ ၌ ၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကိုခံရသည်နည်းတူ၊ အခြား သောဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုး ကြီး ခံရသနည်း။
8 What nation is as great as us, having such good rules and regulations like all these laws that I'm placing before you today?
၈ငါ သည် ယနေ့ သင် တို့၌ထား သော တရား အပေါင်း နှင့်အမျှ ဖြောင့်မတ် သော စီရင် ထုံးဖွဲ့ချက်တို့ကို ရသော အဘယ် လူမျိုး ကြီး ရှိသနည်း။
9 Just make sure to be very careful, and really watch what you do, so you don't forget the things you've have seen. Keep them in mind as long as you live. Teach them to your children and grandchildren.
၉သင်တို့သည်၊ ဟောရပ် အရပ်မှာ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြသောအခါ ၊ ကိုယ်တိုင် မြင် သော အမှု အရာတို့ကို မ မေ့ မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်းကိုယ် ကို ကိုယ်သတိ ပြုကြလော့။ ကိုယ် စိတ်နှလုံး ကို ကြိုးစား၍ စောင့်ရှောက် ကြလော့။ ထိုအရာတို့ကို သား မြေးတို့အား လည်း သွန်သင် ကြလော့။
10 That day when you stood in the presence of the Lord your God at Horeb, the Lord told me, “Have the people come to me and to hear what I have to say, so they may learn to have respect for me throughout their lives here on earth, and so they may teach this to their children.”
၁၀ထိုအခါ ထာဝရဘုရား က၊ လူ များတို့ကို ငါ့ ထံမှာ စုဝေး စေလော့။ သူ တို့သည် မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး ငါ့ ကို ကြောက်ရွံ့ ၍ သား မြေး တို့အား သွန်သင် စေခြင်းငှာ။ ငါ့ စကား ကို ကြား စေမည်ဟု ငါ့ အား မိန့် တော်မူသည်အတိုင်း၊
11 You gathered and stood at the foot of the mountain. The mountain was on fire, shooting out flames into the sky and producing thick dark clouds.
၁၁သင်တို့သည် အနီးတော်သို့ ချဉ်းကပ် ၍ ၊ တောင် ခြေရင်း ၌ ရပ် နေကြ၏။ တောင် ထိပ်သည် မိုဃ်း ကောင်းကင်အလယ် ၌ မီး လောင် လျက် ၊ မည်း သော အဆင်း၊ မိုဃ်းတိမ် တိုက်၊ ထူထပ် သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။
12 The Lord spoke to you from the fire. You heard the words, but you didn't see the form of anyone speaking—there was just a voice.
၁၂ထာဝရဘုရား သည်လည်း ၊ မီး ထဲက သင် တို့အား မိန့် မြွက်တော်မူ၏။ သင် တို့သည် သဏ္ဍာန် တော်ကို မ မြင် ရဘဲ၊ စကား တော်အသံ ကိုသာ ကြား ရကြ၏။
13 He explained to you his agreement, the Ten Commandments, which he ordered you to follow. He wrote them down on two tablets of stone.
၁၃သင် တို့ကျင့် စရာဘို့ မှာ ထားတော်မူသော ပဋိညာဉ် တရားတည်း ဟူသောပညတ် တော်ဆယ် ပါးတို့ကို မိန့် မြွက်၍ ကျောက် ပြားနှစ် ပြားပေါ် ၌ ရေး ထားတော်မူ၏။
14 This was the time that the Lord ordered me to teach you the rules and regulations that you are to follow when you arrive in the country you're going to own once you've crossed the Jordan.
၁၄သင် တို့သည် သွား ၍ ဝင်စား သော ပြည် ၌ ကျင့် စရာဘို့ သင် တို့အား ငါသွန်သင် ရသော စီရင် ထုံးဖွဲ့ချက်တို့ကိုလည်း ၊ ထိုအခါ ထာဝရဘုရား သည် ငါ့ အား မှာ ထား တော်မူ၏။
15 You didn't see any form when the Lord spoke to you from the fire at Horeb, so be very careful
၁၅ဟောရပ် အရပ်၌ ထာဝရဘုရား သည် မီး ထဲက သင် တို့အား မိန့် မြွက်တော်မူသောအခါ၊ မည်သည့် အဆင်း သဏ္ဍာန်ကိုမျှ မ မြင် ရသည်ဖြစ်၍၊
16 that you don't spoil your relationship with the Lord by making an idol for yourselves in any shape or form, whether it looks like a male or female,
၁၆နောက်တဖန် သင်တို့သည် လူယောက်ျား ၊ လူမိန်းမ သဏ္ဍာန်၊
17 or any land animal or bird that flies,
၁၇မြေကြီး ပေါ် မှာရှိသော တိရစ္ဆာန် သဏ္ဍာန် ၊ မိုဃ်း ကောင်းကင်၌ ပျံ တတ်သော ငှက် သဏ္ဍာန်၊
18 or of any animal that crawls on the ground or any fish in the deep sea.
၁၈မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်သဏ္ဍာန် ၊ မြေ နိမ့် ရာ ရေ ၌ နေသော ငါး သဏ္ဍာန် ရှိသောရုပ်တု ကို၊ သင်တို့သည် ဖောက်ပြန် ၍ ကိုယ့် အဘို့ မ လုပ် ရမည်အကြောင်း၊
19 When you look up at the sky and see the sun, moon, and stars—all the heavenly bodies—don't be tempted to bow down to them. Don't worship them like all the other nations on earth in the way that the Lord has allowed.
၁၉မိုဃ်း ကောင်းကင်ကို မြော် ၍ ၊ နေ ၊ လ ၊ ကြယ် များ တည်းဟူသောမိုဃ်း ကောင်းကင်တန်ဆာ ရှိသမျှ တို့ကို မြင် သောအခါ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည်၊ မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သော လူမျိုး တို့ အား ဝေငှ ပေးကမ်းတော်မူသော ထိုတန်ဆာ တို့ကို ဝတ်ပြု ကိုးကွယ်စေခြင်းငှာ ၊ သူတပါးတို့သည် သွေးဆောင်၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြု ကြလော့။
20 Remember that the Lord took you and led you out of the iron furnace which was Egypt to be his own people, just as you are today.
၂၀သင် တို့သည် ယနေ့ ၌ ဖြစ်သကဲ့သို့ ၊ ထာဝရဘုရား အမွေခံ တော်မူသောလူမျိုး ဖြစ်စေ ခြင်းငှာ၊ သင် တို့ကို အဲဂုတ္တု ပြည် သံ မီးဖို ထဲက နှုတ် ၍ ယူဆောင် တော်မူပြီ။
21 But the Lord was angry with me because of you, and he vowed that I wouldn't cross the Jordan to enter the good land that the Lord your God is giving you to own.
၂၁ထိုမှတပါး၊ ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် တော်ထွက်၍ ၊ ငါ သည် ယော်ဒန် မြစ် တဘက်သို့ မ ကူး ရမည်အကြောင်းနှင့် သင် တို့၏ ဘုရား သခင် ထာဝရဘုရား သည် သင် တို့အမွေခံ စရာဘို့ ပေး တော်မူသော ထိုပြည် မြတ် သို့ မ ဝင်စား ရမည် အကြောင်းကျိန်ဆို တော်မူပြီ။
22 So I will not be crossing the Jordan, because I have to die here in this land. But you will cross over and occupy that good land.
၂၂သို့ဖြစ်၍ ဤ ပြည် ၌ ငါ သေ ရမည်၊ ယော်ဒန် မြစ် ကို မ ကူး ရ။ သင် တို့သည် ကူး ၍ ထို ကောင်းမွန် သော ပြည် ကို ဝင်စား ကြလိမ့်မည်။
23 However, be careful not to forget the agreement of the Lord your God that he made with you. Don't make an idol for yourselves in the form of anything, because he has forbidden you to do this.
၂၃သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့၌ ထား တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ ၍၊ သင် တို့ဘုရား သခင်ထာဝရဘုရား မြစ်တား တော်မူသော အရာ တို့၏ သဏ္ဍာန် ရှိသောရုပ်တု ကို မ လုပ် မည် အကြောင်း ၊ ကိုယ်ကိုကိုယ် သတိ ပြုကြလော့။
24 For the Lord your God is a fire that burns everything up. He is an exclusive God.
၂၄အကြောင်း မူကား၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် လောင် သောမီး ၊ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။
25 After you have been living in the country for a long time and have had children and grandchildren, if you then spoil the relationship you have with the Lord and make an idol in any form. The Lord your God sees this as evil makes him angry.
၂၅သင်တို့သည် သား မြေး တို့ကို ဘွား မြင်၍၊ ထိုပြည် ၌ ကြာမြင့်စွာ နေ ပြီးမှ ၊ တဖန် ဖောက်ပြန် သဖြင့် ၊ သဏ္ဍာန် တစုံတခု ရှိသော ရုပ်တု ကို လုပ် ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အမျက် တော်ကို နှိုးဆော်ခြင်းငှာ ရှေ့ တော်၌ ဒုစရိုက် ကို ပြု လျှင်၊
26 If you do this, I call on heaven and earth to be witnesses against you today that you will be completely wiped out from the country that you are crossing the Jordan to occupy. You will not live long there—you will be totally destroyed.
၂၆ကောင်းကင် မြေကြီး ကို သင် တို့တဘက် ၌ ယနေ့ ငါတိုင်တည် သည်ကား၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား သောပြည် ၌ ၊ မကြာ မမြင့်မှီဆက်ဆက်ပျောက်ပျက် ရကြ လိမ့်မည်။ ထိုပြည် ၌ တာရှည်စွာ အသက် မ ရှင်ရ။ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။
27 The Lord will scatter you among the other nations, and not many of you will survive in the countries where the Lord has exiled you.
၂၇ထာဝရဘုရား သည်လည်း ၊ သင် တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ် ကွဲပြား စေ၍၊ နှင်ထုတ် တော်မူ သော သာသနာပ လူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်း ရကြလိမ့်မည်။
28 There you will worship gods of wood and stone made by human beings. These idols can't see or hear or eat or smell.
၂၈ထို အရပ်တို့၌၊ လူ လက် ဖြင့်လုပ် ၍ မ မြင် နိုင်၊ မ ကြား နိုင်၊ မ စား နိုင်၊ မ နမ်း နိုင်သော သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို သင်တို့သည် ဝတ်ပြု ရကြလိမ့်မည်။
29 However, if while you're there you decide to come to the Lord your God, you will find him if you come to him whole-heartedly, with complete commitment.
၂၉သို့သော်လည်း၊ ထို အရပ်တို့၌ သင် တို့၏ဘုရား သခင် ထာဝရဘုရား ကို တဖန်ရှာ လိုသောအခါ ၊ စိတ်နှလုံး အကြွင်းမဲ့ ရှာ လျှင် တွေ့ ရကြလိမ့်မည်။
30 When you are in trouble, after you've experienced all these things, then eventually you will return to the Lord your God and do what he says.
၃၀သင် တို့သည် နောင် ကာလ ၌ ဒုက္ခဆင်းရဲ ကို ခံ ရ၍ ၊ ဤ အမှု အလုံးစုံ တို့နှင့် တွေ့ကြုံသောအခါ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန်လာ ၍ စကား တော်ကို နားထောင် လျှင်၊
31 The Lord your God is a merciful God. He won't abandon you or destroy you or forget the agreement he made with your forefathers, confirmed by a solemn promise.
၃၁သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သနား တတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင် တို့ကို စွန့်ပစ် ဖျက်ဆီး တော်မ မူ။ သင် တို့ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ တော်မ မူ။
32 Think about it! Examine the whole of history from the beginning of time, long before you existed, when God made human beings, right up until now. Ask this question anywhere, from one end of the earth to the other: Has anything as amazing as this ever happened before; has anyone ever heard anything like this?
၃၂ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသော နေ့ မှစ၍ ၊ သင် တို့မ ဖြစ် မှီ လွန်လေ ပြီးသော ကာလ ပတ်လုံး၊ မိုဃ်း ကောင်းကင်တဘက် မှ တဘက် တိုင်အောင် မေးမြန်းကြလော့။ ဤ မျှလောက်ကြီး သောအမှု ဖြစ် ဘူးသလော။ ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြား ဘူးသလော။
33 Has a people ever heard the voice of God speaking out of the fire, like you have, and survived?
၃၃ဘုရားသခင် သည် မီး ထဲက မိန့် မြွက်တော်မူသံ ကို သင် တို့သည် ကြား သကဲ့သို့ ၊ အခြားသောလူမျိုး သည် ကြား ၍ ၊ အသက် ချမ်းသာရဘူးသလော။
34 Has any god tried to take a nation out of another nation and make them his own, using tests and signs and miracles and war—with his great power and incredible strength and terrifying actions—like the Lord your God did for you in Egypt, before your very eyes?
၃၄သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည်မှာ သင် တို့မျက်မှောက် ၌ ပြု တော်မူသကဲ့သို့ ၊ စုံစမ်း ခြင်းနိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြခြင်း၊ စစ်မှု ကိုရောက်စေခြင်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် ခြင်း၊ ကြောက်မက် ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြား တပါးသော ဘုရား သည် သွား ၍ လူ တမျိုးထဲက တမျိုးကို မိမိ အဘို့ နှုတ်ယူ ဘူးသလော။
35 You were shown all this so you could be certain that the Lord is God and there is no one like him.
၃၅ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ ကိုယ်တော်မှတပါး အခြား သောဘုရား မ ရှိကြောင်းကို၎င်း၊ သင်တို့သိ စေခြင်းငှာ ၊ ထိုအခြင်းအရာတို့ ကို သင် တို့အား ပြ တော်မူပြီ။
36 He made you hear his voice from heaven so you would obey him. On earth he revealed himself though blazing fire, and you heard him speak to you from the fire.
၃၆သင် တို့ကို သွန်သင် ၍ ကောင်းကင် ထဲက စကား တော်သံကို ကြား စေတော်မူပြီ။ မြေကြီး ပေါ် မှာ ကြီးစွာ သော မီး တော်ကိုလည်း ပြ တော်မူ၍၊ သင်တို့သည် မီး ထဲက စကား တော်ကို ကြား ရကြပြီ။
37 Because he loved your forefathers, he chose you, their descendants. He himself led you out of Egypt by his great power,
၃၇သင် တို့ဘိုးဘေး များကို ချစ် တော်မူသောကြောင့် ၊ သူ တို့ အမျိုးအနွယ် ကို ရွေးကောက် တော်မူပြီ။
38 driving out ahead of you nations that were greater and stronger than you, in order to lead you to their land and give it to you as yours to own, just as you do today.
၃၈သင် တို့ထက် အားကြီး ၍ များပြား သောလူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မူ၍ ၊ ယနေ့ ပင် ဖြစ်သကဲ့သို့ သူ တို့မြေ ထဲသို့ သင် တို့ကို သွင်း ၍ အမွေခံ စေခြင်းငှာ ၊ မဟာ တန်ခိုး တော်အားဖြင့် အဲဂုတ္တု ပြည်မှ ရှေ့ တော်၌ နှုတ်ဆောင် တော်မူပြီ။
39 So today be sure about this and never forget: the Lord is the only God in heaven above and on the earth below.
၃၉သို့ဖြစ်၍ ထာဝရဘုရား သည် အထက် ကောင်းကင် ပေါ် ၊ အောက် အရပ် မြေကြီး ပေါ် မှာ ဘုရား သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ အခြားတပါးသောဘုရား မ ရှိ ကြောင်းကို၎င်း၊ ယနေ့ သိ မှတ်၍ နှလုံး ၌ သွင်း မိကြလော့။
40 Observe his rules and regulations that I'm giving you right now, so that you and your children will do well, and that you may have long lives in the country that the Lord your God is giving you for all time.
၄၀သင် တို့နှင့်တကွ သား မြေးတို့သည် ချမ်းသာ ရ ခြင်းငှာ ၎င်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ အသက်တာ ရှည် စေခြင်းငှာ ၎င်း ၊ ယနေ့ ငါ မှာ ထားသော ပညတ် တရားတော်တို့ကို စောင့်ရှောက် ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။
41 Then Moses assigned three sanctuary towns to the east of the Jordan
၄၁ထိုအခါ အိမ်နီးချင်း ကို အငြိုး မ ထားဘဲ၊ အမှတ်တမဲ့ သတ် မိသော သူသည် ပြေး ၍ ၊ အသက် ချမ်းသာရသောမြို့သုံး မြို့ တို့ကို ယော်ဒန် မြစ်အရှေ့ ၊ နေထွက် ရာဘက်၌ မောရှေ သည်ခွဲ ထားလေ၏။
42 where a person could run to after accidentally killing someone without deliberate hatred. To save their life they could run to one of these towns:
၄၂
43 Bezer in the desert plain belonging to the tribe of Reuben; Ramoth in Gilead belonging to the tribe of Gad, or Golan in Bashan belonging to the tribe of Manasseh.
၄၃ထိုမြို့တို့၏ အမည်ကား၊ ရုဗင် အမျိုးသားနေရာတော လွင်ပြင်၌ ဗေဇာ မြို့၊ ဂဒ် အမျိုးသား နေရာ ဂိလဒ် ပြည်၌ ရာမုတ် မြို့၊ မနာရှေ အမျိုးသားနေရာ ဗာရှန် ပြည် ၌ ဂေါလန် မြို့တည်း။
44 This is the law that Moses placed before the Israelites.
၄၄ဤ ရွေ့ကား၊ မောရှေ သည် ဣသရေလ အမျိုးသား တို့၌ ထား သော တရား၊
45 These are the laws, rules, and regulations Moses gave them after they had come out of Egypt.
၄၅သူတို့သည် အဲဂုတ္တု ပြည်မှ ထွက် သော နောက်၊ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ အတွင်း ၊ ယော်ဒန် မြစ်အရှေ့ ဘက်၊ ဗက်ပေဂုရ မြို့ တဘက် ၌ရှိသောချိုင့် တွင် ၊ မောရှေ ဟောပြော သော သက်သေ စကား၊ စီရင် ထုံးဖွဲ့သော စကားတည်း။
46 This was when they were in the valley to the east of the Jordan near Beth-peor in the country of Sihon king of the Amorites. He had ruled from Heshbon and had been defeated by Moses and the Israelites after they had left Egypt.
၄၆မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ကြသော နောက်၊ ထိုရှင်ဘုရင်နှင့်၊
47 They took over his country and the country of Og king of Bashan. (They were the two kings of the Amorites who previously ruled on the east side of the Jordan.)
၄၇ဗာရှန် ရှင်ဘုရင် ဩဃ တည်းဟူသော ၊ ယော်ဒန် မြစ်အရှေ့ ၊ နေ ထွက် ရာဘက်၌ နေသောအာမောရိ ရှင်ဘုရင် နှစ်ပါး ကို လုပ်ကြံ ၍ ၊ သူ တို့ပြည် ကို၊
48 The territory went from the town of Aroer on the edge of the Arnon Valley all the way to Mount Sirion, otherwise known as Mount Hermon,
၄၈အာနုန် မြစ် နား မှာ ရှိသော အာရော် မြို့မှစ၍ ဟေရမုန် တောင်တည်းဟူသော ဇိအုန် တောင် တိုင်အောင် ၎င်း၊
49 and included all the Arabah to the east of the Jordan down as far as the Dead Sea beside the slopes of Mount Pisgah.
၄၉ယော်ဒန် မြစ်အရှေ့ ဘက် လွင်ပြင် နှင့် တကွ လွင်ပြင် နှင့်ဆိုင်သော အိုင် နား၊ အာဇုတ် ပိသဂါ မြို့တိုင်အောင် ၎င်း သိမ်းယူကြ၏။