< Daniel 4 >
1 King Nebuchadnezzar, to people of every nation and language in the whole world: I wish you well!
၁ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီး တပြင်လုံး ၌ အရပ်ရပ်နေ ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာတို့၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။
2 It is my pleasure to share with you an account of the signs and wonders the Most High God has done for me.
၂မြင့်မြတ် တော်မူသောဘုရား သခင်သည် ငါ ၌ ပြု တော်မူသော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ခြင်းငှါ ငါ အလို ရှိ၏။
3 His signs are incredible. His wonders are amazing! His kingdom is an eternal kingdom, and his rule will last for all generations!
၃နိမိတ် လက္ခဏာတော်သည် အလွန် ကြီးပေ၏။ အံ့ဘွယ် သော အမှုတော်လည်း တန်ခိုး နှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ အာဏာစက် တော်လည်း ကမ္ဘာ အဆက်ဆက်တည်တော်မူ ၏။
4 I, Nebuchadnezzar, was doing well at home, living happily in my palace.
၄ငါ နေဗုခဒ်နေဇာ သည် နန်းတော် ၌ ငြိမ်ဝပ် စွာ နေ၍ စည်းစိမ် ကြီးစဉ်အခါ၊
5 But then one night I had a dream that really scared me—I saw visions that terrified me while I lay in my bed.
၅ကြောက်မက်ဘွယ်သော အိပ်မက် ကို မြင် ၍ ၊ သာလွန် ပေါ် မှာ အိပ်လျက် စိတ်ထဲ၌အာရုံပြုသောရူပါရုံ အားဖြင့်တုန်လှုပ် ခြင်းသို့ ငါ ရောက်လေ၏။
6 So I ordered all the wise men of Babylon brought before me to explain the dream to me.
၆ထိုကြောင့်၊ အိပ်မက် အနက် ကို ငါ့ အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန် ပညာရှိ အပေါင်း တို့ကို အထံ တော်သို့ သွင်း စေဟု ငါအမိန့် တော်ရှိသည်အတိုင်း၊
7 When the magicians, enchanters, astrologers, and diviners came in I told them the dream, but they couldn't explain to me what it meant.
၇မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့သည် ဝင် ကြလျှင်၊ ငါ မြင်မက်သော အိပ်မက် ကို သူ တို့အား ပြပြော သော်လည်း၊ သူတို့သည် အနက် ကို မ ဘော် မပြနိုင်ကြ။
8 In the end Daniel came before me and I told him the dream. (He is also called Belteshazzar after my god, and he has the spirit of the holy gods in him.)
၈နောက်မှငါ ကိုးကွယ်သောဘုရား ၏ နာမ အားဖြင့်ဗေလတရှာဇာ ဟုခေါ်သမုတ်၍၊ သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ ထံသို့ ဝင်လာလျှင်၊
9 “Belteshazzar, chief of magicians,” I said, “I certainly know that the spirit of the holy gods is in you and that no mystery is difficult for you to explain. So tell me about what I saw in my dream and explain what it means.
၉အချင်းမာဂု ဆရာချုပ် ဗေလတရှာဇာ ၊ သင် သည် သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသည်ကို၎င်း၊ နက်နဲ သောအရာရှိသမျှ တို့ကို ဖွင့်ပြနိုင်သည်ကို၎င်းငါ သိ ၏။ သို့ဖြစ်၍၊ ငါမြင်မက် သော အိပ်မက် ၏ အနက် ကိုဘော်ပြ လော့။
10 As I lay in bed dreaming, I saw a tree in the middle of the earth—a really large tree.
၁၀ငါအိပ်ပျော်စဉ်တွင်မြင်မက်သည်ကား၊ ငါကြည့်ရှု ၍ မြေကြီး အလယ် ၌ အရပ်မြင့် လှသော သစ်ပင် တပင်ရှိ၏။
11 It grew strong and tall, reaching high into the sky so it could be seen by everyone in the whole world.
၁၁ထိုအပင် သည် ကြီးပွား ၍ ခိုင်မာ ခြင်းသို့ ရောက်၏။ မိုဃ်း ကောင်းကင်သို့ ထိ ၍ မြေကြီး စွန်း တိုင်အောင် ထင်ရှား၏။
12 Its leaves were beautiful, and it was full of fruit for all to eat. Wild animals rested in its shade, and birds nested in its branches. It fed all living creatures.
၁၂အရွက် လည်းလှ ၏။ သတ္တဝါ အပေါင်း တို့စား၍ ဝလောက်သော အသီး နှင့်ပြည့်စုံ၏။ မြေ တိရစ္ဆာန် တို့သည် ထိုသစ်ပင်အရိပ် ၌ ခိုကြ၏။ အခက် အလက်တို့၌ ကောင်းကင် ငှက် တို့သည် နားနေ ကြ၏။
13 As I went on dreaming, lying on my bed, I saw a watcher, a holy one, coming down from heaven.
၁၃အိပ်ပျော်၍ မြင်မက် စဉ်၊ တဖန်ငါကြည့်ရှု ပြန် လျှင်၊ သစ်ပင်စောင့် တည်းဟူသောသန့်ရှင်း သူတယောက်သည် ကောင်းကင် မှ ဆင်းလာ ၍၊
14 He cried out in a loud voice, ‘Cut down the tree and chop off its branches! Shake off its leaves and scatter its fruit! Drive the animals away from its shade, and scare off the birds from its branches.
၁၄သစ်ပင် ကိုလှဲ လော့။ အခက် တို့ကို ခုတ် လော့။ အသီး အရွက် တို့ကို လှုပ် ချွေလော့။ တိရစ္ဆာန် တို့သည် သစ်ပင်အောက် က ထွက်၍၊ ငှက် တို့သည်လည်း အကိုင်း အခက်ထဲက သွား ကြစေ။
15 But leave the stump and its roots in the ground, and bind it with iron and bronze, surrounded by the new grass of the field. Let him become soaked with the dew of heaven, and let him live with the animals outside in the undergrowth.
၁၅သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ် နှင့်တကွသစ်ငုတ် ကိုခြွင်း ထား၍၊ သံ ကြိုး ၊ ကြေးဝါ ကြိုးနှင့် ချည်နှောင်သကဲ့သို့နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံးမိုဃ်းစွတ်ခြင်းကိုခံ၍၊ တိရစ္ဆာန် တို့နှင့်အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့။
16 Let his mind become like that of an animal. Let him be like this for seven times.
၁၆လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့်ပြည့်စုံစေလော့။
17 This is the decree conveyed by the watchers, the verdict declared by the holy ones in order that everyone alive may know that the Most High rules over human kingdoms. He gives them to whoever he chooses—he puts the most humble individuals in charge.’
၁၇အကြောင်းမူကား၊ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံ ကို အုပ်စိုး တော်မူသည်ကို၎င်း၊ ပေးလို သောသူတို့ အားပေး တော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်းသတ္တဝါတို့ သိနားလည်ရသောအခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကိုပေး ကြပြီဟု ဟစ်ကြော်လေ၏။
18 This is what I, King Nebuchadnezzar, saw in my dream. Now it's up to you, Belteshazzar, to give me the explanation as you have before. None of the wise men in my kingdom could explain it to me. But you can, because the spirit of the holy gods is in you.”
၁၈ထိုသို့ ငါ နေဗုခဒ်နေဇာ မင်းကြီး သည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ ၊ ငါမြင်သော အိပ်မက်အနက် ကိုဘော်ပြ လော့။ ငါ့ နိုင်ငံ တွင် ပညာရှိ အပေါင်း တို့သည် အနက် ကို ငါ့ အား မ ဘော် မပြနိုင် သော်လည်း ၊ သင် သည် သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင် သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက် ကို ဒံယေလအား ပြန်ပြော၏။
19 When Daniel (also called Belteshazzar) heard this, he was upset for a while, disturbed as he thought about it. The king told him, “Belteshazzar, don't be worried about the dream and what it means.” “My lord, I only wish this dream was for those who hate you and the explanation for your enemies,” Daniel replied.
၁၉ထိုအခါ ဗေလတရှာဇာ အမည် ရှိသော ဒံယေလ သည် တ နာရီ လောက် မိန်းမော တွေဝေ၍ စိတ် ပူပန်လျက် နေ၏။ ရှင် ဘုရင်က၊ အချင်းဗေလတရှာဇာ ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန် သောစိတ်မ ရှိပါနှင့်ဟု မိန့် တော်မူ၏။ ဗေလတရှာဇာ ကလည်း၊ အရှင် စော၊ ကိုယ်တော် ကို မုန်း သော ရန်သူ တို့အပေါ်၌ အိပ်မက်အနက် ရောက်ပါစေသော။
20 “The tree you saw was growing strong and tall, reaching high into the sky so it could be seen by everyone in the whole world.
၂၀မြင်မက် တော်မူစဉ်တွင် ကြီးပွား ၍ ခိုင်မာ ထသော၊ မိုဃ်း ကောင်းကင် သို့ ထိ ၍ မြေကြီး တပြင်လုံး ၌ ထင်ရှားထသော၊
21 Its leaves were beautiful, and it was full of fruit for all to eat. Wild animals lived under its shade, and birds nested in its branches.
၂၁အရွက် လှ လျက်၊ သတ္တဝါ အပေါင်းတို့ စား၍ ဝလောက်သော အသီး နှင့် ပြည့်စုံထသော၊ မြေ တိရစ္ဆာန် တို့သည် အောက် ၌နေကြသဖြင့်၊ အခက် အလက်တို့၌ ကောင်းကင် ငှက် များ မှီခို နားနေရာဖြစ်သော သစ်ပင် သည်၊
22 This is you, Your Majesty. You have grown strong, your power has become so great that it has reached high into the sky, and your rule extends to the ends of the earth.
၂၂အရှင် မင်းကြီး၊ ကိုယ်တော် ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား ၍ ခွန်အား နှင့်ပြည့်စုံတော်မူ၏။ ဘုန်း စည်းစိမ်တော်ကြီး မြင့်၍ မိုဃ်း ကောင်းကင်သို့ ထိ ၏။ အာဏာစက် တော်လည်း၊ မြေကြီး စွန်း တိုင်အောင် ရောက် တော်မူ၏။
23 Then Your Majesty saw a watcher, a holy one, coming down from heaven who said, ‘Cut down the tree and destroy it, but leave the stump and its roots in the ground, and bind it with iron and bronze, surrounded by the new grass of the field. Let him become soaked with the dew of heaven and let him live with the animals outside in the undergrowth. Let his mind become like that of an animal. Let him be like this for seven times.’
၂၃သစ်ပင်စောင့် ၊ သန့်ရှင်း သူတယောက်သည် ကောင်းကင် မှ ဆင်းလာ ၍ ၊ သစ်ပင် ကို ခုတ်လှဲ ဖျက်ဆီး လော့။ သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ် နှင့်တကွသစ်ငုတ် ကို ခြွင်း ထား၍ သံ ကြိုး ၊ ကြေးဝါ ကြိုးနှင့် ချည်နှောင်သကဲ့သို့နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ် နှစ်ပတ်လုံးမိုဃ်း စွတ်ခြင်းကိုခံ ၍ ၊ မြေ တိရစ္ဆာန် တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊
24 This is what it means, Your Majesty, and what the Most High has decreed will happen to my lord the king.
၂၄အမြင့်ဆုံး သော ဘုရားသခင်စီရင် တော်မူ၍၊ အရှင် မင်းကြီး အပေါ် ၌ ရောက် ရသော မြင်မက်တော်မူချက်၏ အနက် ဟူမူကား ၊
25 You will be driven away from human society and you will live with the wild animals. You will eat grass like the cattle, and you will be soaked with the dew of heaven. You will be like this for seven times until you acknowledge that the Most High rules over human kingdoms, and that he gives them to those he chooses.
၂၅ကိုယ်တော် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့ အား ပေး တော်မူသည်ကို ကိုယ်တော်မသိ မ မှတ်မှီကာလ၊ ခုနစ် နှစ်ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား ၍ ၊ မိုဃ်း စွတ်ခြင်းကိုခံ လျက်နေရမည်။
26 However, as it was decreed, the stump and its roots were to be left in the ground. Your kingdom will be restored to you when you acknowledge that Heaven rules.
၂၆သစ်မြစ် ၊ သစ်ငုတ် ကိုခြွင်း ထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင် ဘုံသည် အုပ်စိုး ကြောင်း ကို ကိုယ်တော်သိ ပြီးသော နောက်၊ နိုင်ငံ တော်သည် လက်တော်မှ မရွေ့ဘဲ တည် လိမ့်မည်။
27 So, Your Majesty, please take my advice. Stop sinning and do what's right. End your iniquities and be merciful to the oppressed. Maybe then things will continue to go well for you.”
၂၇သို့ဖြစ်၍ ၊ အရှင် မင်းကြီး၊ အကျွန်ုပ် စကား ကို နာယူ တော်မူပါ။ တရား သော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနား ခြင်းအားဖြင့် ဒုစရိုက် အပြစ်တို့ကို ပယ် ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာ ရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
28 (However, all this did happen to King Nebuchadnezzar.
၂၈ထိုအမှုအရာအလုံးစုံ တို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ် သို့ ရောက် သည်အကြောင်းကား၊
29 Twelve months later he was walking on the roof of the royal palace in Babylon.
၂၉တဆယ် နှစ် လ လွန် ပြီးသော်၊ ဗာဗုလုန် နန်းတော် ပေါ် မှာ စင်္ကြံ သွားလျက်၊
30 He said, “I was the one who built this great city of Babylon! By my own great power I built it as my royal residence for my majestic glory!”
၃၀ဤ မြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ ရွှေဘုန်း တော်ကို ချီးမြှောက် ရာဘို့ ၊ ငါ့ တန်ခိုး အာနုဘော်အားဖြင့် ငါ တည် လုပ်သော ဗာဗုလုန် မြို့ကြီး မ ဟုတ်လောဟု မြွက်ဆို ၏။
31 The words were still on the king's lips when a voice came from heaven, “King Nebuchadnezzar, this is what is decreed concerning you: the kingdom has been taken away from you.
၃၁ထိုစကား ကို မြွက်ဆိုစဉ် ပင်၊ ကောင်းကင် မှ သက်ရောက် သော အသံ ဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး ၊ နားထောင်လော့။ နိုင်ငံ တော်သည် သင့် လက်မှ ရွေ့ သွားပြီ။
32 You will be driven away from human society and you will live with the wild animals. You will eat grass like the cattle, and you will become soaked with the dew of heaven. You will be like this for seven times until you acknowledge that the Most High rules over human kingdoms, and that he gives them to whoever he chooses.”
၃၂သင့် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့ နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရား သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့အား ပေး တော်မူသည်ကို မင်းကြီးမသိ မ မှတ်မှီကာလ ၊ ခုနစ် နှစ် ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား လျက်နေရမည်ဟု အသံ ဖြစ်လေ၏။
33 Immediately the decree was fulfilled, and Nebuchadnezzar was driven away from human society. He ate grass like the cattle, and his body was soaked with the dew of heaven. His hair grew matted like a vulture, and his nails like bird claws.)
၃၃ထိုစကားနှင့်အညီနေဗုခဒ်နေဇာ ၌ ချက်ခြင်းဖြစ်၍၊ လူစု ထဲက နှင်ထုတ် ကြလျှင်၊ သူသည်နွား ကဲ့သို့ မြက် ကိုစား ၍ မိုဃ်း စွတ်ခြင်းကိုခံ သဖြင့်၊ ကိုယ်အမွေး သည် ရွှေလင်းတ အတောင်ကဲ့သို့ ၎င်း ၊ လက်သည်း ခြေသည်းတို့သည် ငှက် ခြေသည်းကဲ့သို့ ၎င်း ဖြစ်၏။
34 Once the time had passed, I, Nebuchadnezzar, looked up to heaven and my sanity returned to me. I blessed and praised the Most High and worshiped the One who lives forever. His rule is an eternal rule, and his kingdom lasts for all generations.
၃၄ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
35 Everyone who lives on earth are as nothing compared to him. He does whatever he chooses among the heavenly host and among those who live on earth. No one can hold him back from what he does, or ask him, “What are you doing?”
၃၅မြေကြီး သားအပေါင်း တို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် ဗိုလ်ခြေ တို့၌ ၎င်း ၊ မြေကြီး သားတို့၌၎င်း အလို တော်ရှိသည်အတိုင်း စီရင် ပြုပြင်တော်မူ၏။ လက် တော်ကို အဘယ်သူ မျှမ ဆီးတား နိုင်။ အဘယ်သို့ ပြု သနည်းဟု ကိုယ်တော် ကို ဆို နိုင်သောသူ မရှိ ။
36 When my sanity returned, then my kingdom, majesty, and splendor also returned to me. My advisors and nobles came looking for me, and I was restored as ruler over my kingdom, even greater than before.
၃၆ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့ နိုင်ငံ ၏ အသရေ ဘို့ ယမန်ကဲ့သို့တင့်တယ်ခြင်း အရောင် အဆင်း နှင့် ပြည့်စုံ၍၊ တိုင်ပင် သော မှူးတော်မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်း အာနုဘော်လည်း ယခင် ထက် တိုးပွါး၏။
37 So now I, Nebuchadnezzar, praise, honor, and glorify the King of Heaven, for everything he does is right, and his ways are true. He is able to humble those who are proud.
၃၇ယခု တွင် ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် ဘုံ၏ အရှင် ဘုရားသခင်ကို ချီးမွမ်း ထောပနာပြု၏။ စီရင် ဖန်ဆင်း တော်မူသမျှ သော အရာတို့သည် သစ္စာ နှင့် ပြည့်စုံ၍ တရား နှင့် ညီလျော်ကြ၏။ မာန ထောင်လွှား သောသူတို့ ကို နှိမ်ချ ခြင်းငှါ တတ်နိုင် တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။