< Daniel 1 >
1 During the third year of the reign of Jehoiakim, king of Judah, Nebuchadnezzar, king of Babylon, attacked Jerusalem and surrounded it.
၁ယုဒရှင်ဘုရင်ယောယကိမ်နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။
2 The Lord allowed him to defeat King Jehoiakim, and also to remove some of the objects used in the Temple of God. He took them back to Babylon, to the house of his god, placing them in the treasury of his god.
၂ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန်တော်တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာ လက်သို့ အပ်နှံတော်မူ၍၊ ထိုတန်ဆာများကို နေဗုခဒ် နေဇာမင်းသည် ရှိနာပြည်၌ရှိသော မိမိဘုရား၏ကျောင်း သို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌ သွင်းထားတော်မူ၏။
3 Then the king ordered Ashpenaz, his chief eunuch, to take charge of some of the captured Israelites from the royal and noble families,
၃ထိုအခါရှင်ဘုရင်သည် မိန်းမစိုးအုပ် အာရှ ပေနတ်ကို ခေါ်တော်မူ၍၊
4 “They are to be young men without any physical defect who are good-looking,” he said. “They must be well-educated, quick to learn, have good insight, and be well able to serve in the king's palace and be taught the literature and language of Babylon.”
၄မကောင်းသော လက္ခဏာကင်းလျက်၊ လှသောအဆင်းသဏ္ဌာန်နှင့်ပြည့်စုံ၍၊ ကောင်းသောဥာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက်၍၊ နန်းတော်၌ အမှုထမ်းခြင်းငှါ တတ်စွမ်း နိုင်သောလူပျိုတို့ကို ဣသရေလမင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲဘာသာအတတ်ကို သင်စေဟု အမိန့်တော်ရှိ၏။
5 The king also provided them with a daily allowance of the same kind of rich food and wine he was served. At the end of their three years of education they would enter the king's service.
၅ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူ သော စပျစ်ရည်ကို နေ့တိုင်းပေး၍ သုံးနှစ်ကျွေးမွေးပြီးမှ၊ အမှုတော်ထမ်းရမည်အကြောင်း စီရင်တော်မူ၏။
6 Among those chosen were Daniel, Hananiah, Mishael, and Azariah, from the tribe of Judah.
၆ထိုသူတို့တွင် ယုဒအမျိုးသားဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည် ပါကြ၏။
7 The chief eunuch gave them new names: Daniel he called Belteshazzar, Hananiah he called Shadrach, Mishael he called Meshach, and Azariah he called Abednego.
၇မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလ ကိုမေရှက်၊ အာဇရိကို အဗေဒနေဂေါဟု၊ အသီးအသီး အမည်အသစ်ကို ပေး၏။
8 However, Daniel made up his mind not to make himself impure by eating the king's rich food and wine. He asked the chief eunuch to allow him not to make himself impure.
၈ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံရှိ၍၊ မိမိကို မညစ်ညူး စေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း၏။
9 God had helped Daniel to be viewed with kindness and sympathy by the chief eunuch.
၉ဘုရားသခင်ပြုပြင်တော်မူသောအားဖြင့်၊ မိန်းမ စိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း၊
10 But the chief eunuch told Daniel, “I'm afraid of what my lord the king would do to me. He's the one who decided what you should eat and drink. What if he were to see you looking pale and sickly compared to the other young men of your age. Because of you the king would have my head!”
၁၀ငါ့သခင်ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထား သော စားတော်ကဲကို ငါကြောက်၏။ သင်တို့အစား အသောက်ကို စီရင်တော်မူပြီ။ သင်တို့ မျက်နှာသည် အရွယ်တူ လူပျိုတို့၏ မျက်နှာလောက် အဆင်းမလှ သည်ကို မြင်တော်မူလျှင်၊ သင်တို့အတွက် ငါသည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။
11 Daniel then spoke with the guard that the chief eunuch had put in charge of Daniel, Hananiah, Mishael, and Azariah.
၁၁ထိုအခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက၊
12 “Please put us, your servants, to the test and just give us vegetables to eat and water to drink for ten days,” Daniel told him.
၁၂အကျွန်ုပ်တို့ စားသောက်စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ။
13 “After that, compare us with those young men who ate the king's rich food. Then decide on the basis of what you see.”
၁၃ထိုနောက်၊ အကျွန်ုပ်တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာကို စားသောလူပျိုတို့၏မျက်နှာကို သခင်ရှေ့၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင်ပြီးမှ၊ အကျွန်ုပ်တို့ကို စီရင်တော်မူပါဟုပြောလျှင်၊
14 The guard agreed to the proposal they made and tested them for ten days.
၁၄စားတော်ကဲသည် ဝန်ခံ၍ ဆယ်ရက်စုံစမ်း လေ၏။
15 When the ten days were up they looked healthier and better fed than all the young men who had eaten the king's rich food.
၁၅ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။
16 After that the guard didn't give them the rich food and wine, just vegetables.
၁၆ထိုအခါစားတော်ကဲသည် သူတို့အစာကို၎င်း၊ သူတို့သောက်ဘို့ စပျစ်ရည်ကို၎င်း ရုပ်သိမ်း၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး၏။
17 God gave these four young men the ability to learn and understand in all areas of literature and knowledge, while Daniel was also given the gift of interpreting all kinds of visions and dreams.
၁၇ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့ အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်း ငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဥာဏ်သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဥာဏ်ပညာနှင့်ပြည့်စုံ၏။
18 When their time of education ordered by the king was over, the chief eunuch brought all the young men before King Nebuchadnezzar.
၁၈နန်းတော်သို့ သွင်းစေခြင်းငှါ ချိန်းချက်တော်မူ သော အချိန်ရောက်သော်၊ မိန်းမစိုးအုပ်သည် လုလင်များ တို့ကို ခေါ်၍ နန်းတော်သို့ သွင်းလေ၏။
19 The king talked with them and none could compare with Daniel, Hananiah, Mishael, and Azariah. So they entered the king's service.
၁၉ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင်၊ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့် တူသောသူတယောက်မျှမရှိသောကြောင့်၊ သူတို့သည် အထံတော်၌ ခံစားရသော အခွင့်အရာကို ရကြ၏။
20 Whatever subject the king asked them about, everything that required wisdom of understanding, he found them ten times better than all the magicians and enchanters in his whole kingdom.
၂၀ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော်၌ရှိသမျှသော မာဂု ပညာရှိ၊ ဗေဒင်တတ်များထက်သာ၍ ဆယ်ဆတတ်ကြ သည်ကို တွေ့မြင်တော်မူ၏။
21 Daniel remained in this position until the first year of King Cyrus' reign.
၂၁ဒံယေလသည် ကုရုမင်းကြီးနန်းစံပဌမနှစ်တိုင်အောင် ရှိနေသတည်း။