< Amos 8 >
1 This is what the Lord God showed me. I saw a basket of fruit.
၁တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ နွေကာလအသီးပါသော တောင်းသည် ထင်ရှား၏။
2 He asked me, “What do you see, Amos?” I said, “A basket of fruit.” Then the Lord told me, “This is the end of my people Israel! I won't ignore their sins anymore.
၂အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ နွေကာလအသီးပါသော တောင်းကို မြင်ပါသည်ဟု ငါလျှောက်သော်၊ ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလ အမျိုး၌ ရောက်လေပြီ။ နောက်တဖန် သူတို့ကို သည်းမခံ။
3 On that day the Temple songs will become sorrowful wailing. There will be dead bodies scattered everywhere. Silence!” declares the Lord.
၃ထိုကာလ၌ နန်းစဉ်ကခြေသည်တို့သည် မြည်တမ်းကြလိမ့်မည်။ အရပ်ရပ်တို့၌ များစွာသော အသေ ကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
4 Listen to this, you who trample down the needy, and wipe out the poor of the land.
၄ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်း နေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေဟု ဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှါ၎င်း၊ လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက်ဆင်းရဲသော သူကို ငွေနှင့်၎င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်၎င်း ဝယ်၍၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန်အလိုကြီးသော သူတို့၊ ဤစကားကို နားထောင်ကြလော့။
5 You who ask, “When will the holy day be over so we can get back to selling grain? When will the Sabbath be over so we can open our storehouses, and cheat people with short measures and unfair scales?”
၅
6 You buy the poor for silver, the needy for a pair of sandals, and you sell grain mixed with chaff.
၆
7 The Lord God, of whom the descendants of Jacob are so proud, has sworn an oath: I will never forget the evil you have done.
၇ထာဝရဘုရားသည် ယာကုပ်၏ဘုန်းကို တိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ အကယ်စင်စစ် သူတို့ ကျင့်ကြံ ပြုမူသမျှတို့ကို ငါသည် အစဉ်မပြတ် မမေ့လျော့။
8 Shall not the land tremble because of this, and everyone who lives there mourn? The earth will rise up like the Nile river in flood, be tossed around, and then fall again.
၈ထိုအပြစ်ကြောင့် မြေတုန်လှုပ်လိမ့်မည် မဟုတ်လော။ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် မဟုတ်လော။ မြစ်ကဲ့သို့ တပြည်လုံး ထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ်လိမ့်မည်မဟုတ် လော။
9 On that day, declares the Lord God, I will make the sun go down at noon, and darken the land during the daytime.
၉အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ မွန်းတည့်အချိန်၌ ငါသည် နေကိုဝင်စေမည်။ ကြည်လင်သောနေ့၌ မြေကြီးကို မိုက်စေမည်။
10 I will turn your festivals into times of mourning, your happy songs into laments. I will make you wear sackcloth and shave your heads. I will make your mourning like that for an only son. At the end of it all it will be a bitter day.
၁၀သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်းဖြစ်စေမည်။သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှါ၎င်း၊ ဆံပင်ကိုရိတ်စေခြင်းငှါ၎င်း ငါစီရင်မည်။ တယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့၎င်း၊ အဆုံး၌ ခါးစွာသောနေ့ကဲ့သို့၎င်း ငါဖြစ် စေမည်။
11 The time is coming, declares the Lord, when I will send a famine on the land—not a famine of bread, or a lack of water, but a famine of hearing the words of the Lord.
၁၁အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည်။
12 People will wander from sea to sea, from north to east, running to and fro searching for the word of the Lord, but they will not find it.
၁၂လူတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို ရှာလျက်၊ ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် လှည့်လည်၍၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ။
13 On that day, even the beautiful girls and healthy young men will collapse from thirst.
၁၃ထိုကာလ၌ အဆင်းလှသော သတို့သမီးကညာများနှင့် လုလင်များတို့သည် ရေငတ်၍ မောကြလိမ့်မည်။
14 Those who swear by the disgraceful idols of Samaria, who take oaths like, “By the life of your god, Dan,” or “A pilgrimage to the god of Beersheba”—they will fall, and never rise again.
၁၄ရှမာရိအပြစ်ကို တိုင်တည်၍ ကျိန်ဆိုသောသူ၊ အိုဒန်၊ သင်၏ဘုရားအသက်ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း၊ ဗေရရှေဘ ဘာသာအသက်တည်သည်အတိုင်းဟူ၍၎င်း ဆိုသောသူတို့သည်၊ နောက်တဖန် မထနိုင် အောင်လဲ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။