< Acts 16 >

1 Paul went first to Derbe, and then on to Lystra, where he met a believer by the name of Timothy. He was the son of a Jewish Christian mother, and his father was Greek.
ပေါ​လု​သည်​ဒေ​ရ​ဗေ​မြို့​နှင့်​လုတ္တ​ရ​မြို့​သို့​ရောက် ရှိ​လာ​၏။ လုတ္တ​ရ​မြို့​တွင်​တိ​မော​သေ​နာ​မည်​ရှိ သော​တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​၏​မိ​ခင်​သည် ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​သော်​လည်း သူ​၏​ဖ​ခင်​မှာ​ဂရိ​အ​မျိုး​သား​ဖြစ်​၏။-
2 The brothers at Lystra and Iconium spoke well of him.
သူ​သည်​လုတ္တ​ရ​မြို့​နှင့်​ဣ​ကော​နိ​မြို့​ရှိ ညီ​အစ် ကို​တို့​၏​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​၏။-
3 Paul wanted Timothy to travel with him, so he circumcised him because the Jews in the area all knew that Timothy's father was Greek.
ပေါ​လု​သည်​သူ့​ကို​မိ​မိ​နှင့်​အ​တူ​လိုက်​စေ​လို သ​ဖြင့် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​၏။ ဤ​သို့​ပြု​ရ​ခြင်း​အ​ကြောင်း​မှာ​တိ​မော​သေ​၏ ဖ​ခင်​သည်​ဂ​ရိ​အ​မျိုး​သား​ဖြစ်​ကြောင်း ထို အ​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။-
4 As they went through the different towns they gave them the requirements the apostles and elders in Jerusalem had said should be observed.
သူ​တို့​သည်​မြို့​များ​ကို​ဖြတ်​၍​သွား​ကြ​သော အ​ခါ ယေ​ရု​ရှ​လင်​မြို့​၌​နေ​သော​တ​မန်​တော် များ​နှင့်​အ​သင်း​တော်​လူ​ကြီး​များ​ပြ​ဋ္ဌာန်း သော​ပ​ညတ်​များ​ကို​ရှင်း​လင်း​ပြော​ပြ​ကာ ယုံ​ကြည်​သူ​တို့​လိုက်​နာ​ကျင့်​သုံး​ရန်​ညွှန် ကြား​ကြ​၏။-
5 The churches were strengthened in their trust in the Lord and every day their numbers increased.
သို့​ဖြစ်​၍​အ​သင်း​တော်​တို့​၏​ယုံ​ကြည်​ခြင်း ပို​မို​ခိုင်​မြဲ​လာ​လျက် နေ့​စဉ်​နေ့​တိုင်း​အ​ရေ အ​တွက်​အား​ဖြင့်​တိုး​တက်​များ​ပြား​လား ၏။
6 They traveled through the districts of Phrygia and Galatia, since the Holy Spirit prevented them from going to the province of Asia to speak the word.
သူ​တို့​သည်​ဖြု​ဂိ​ပြည်​နှင့်​ဂ​လာ​တိ​ပြည်​တို့ ကို​ဖြတ်​သွား​ကြ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည် သူ​တို့​အား​အာ​ရှ​ပြည်​၌​နှုတ်​က​ပတ်​တ​ရား တော်​ကို​ဟော​ပြော​ခွင့်​ပေး​တော်​မ​မူ။-
7 When they arrived at the border of Mysia they tried to enter Bithynia, but the Spirit of Jesus would not allow them to enter.
သူ​တို့​သည်​မု​သိ​ပြည်​နယ်​စပ်​သို့​ရောက်​ကြ​သော အ​ခါ ဗိ​သုန်​ပြည်​သို့​သွား​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​၏​ဝိ​ညာဉ်​တော်​က​ခွင့် ပြု​တော်​မ​မူ​သ​ဖြင့်၊-
8 So they passed by Mysia and went down to Troas.
မု​သိ​ပြည်​ကို​ဖြတ်​၍​တ​ရော​မြို့​သို့​ရောက်​ကြ​၏။-
9 There Paul saw in vision during the night a man from Macedonia standing up, pleading with him, “Please come over to Macedonia and help us!”
ပေါ​လု​သည်​ညဥ့်​အ​ခါ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် ``မာ​ကေ​ဒေါ​နိ​ပြည်​သို့​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​အား​ကူ​ညီ​မ​စ​ပါ'' ဟု​မာ​ကေ​ဒေါ​နိ ပြည်​သား​တစ်​ယောက်​သည်​ရပ်​လျက်​တောင်း​ပန် နေ​သည်​ကို​မြင်​ရ​၏။-
10 After Paul saw this vision, we immediately made arrangements to go to Macedonia, since we concluded that God had called us to share the good news with them.
၁၀ဤ​သို့​ဗျာ​ဒိတ်​ရူပါ​ရုံ​ကို​ပေါ​လု​မြင်​ပြီး​နောက် ချက်​ချင်း​ပင်​ကျွန်ုပ်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် သို့​သွား​ရန်​ပြင်​ဆင်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​အား​သ​တင်း ကောင်း​ကို​ဟော​ပြော​ရန် ကျွန်ုပ်​တို့​အား​ဘု​ရား သ​ခင်​စေ​ခိုင်း​တော်​မူ​သည်​ဟု​ဆုံး​ဖြတ်​ချက် ချ​ကြ​ခြင်း​ကြောင့်​ဖြစ်​၏။
11 We set sail from Troas and made straight for Samothrace. The next day we went on to Neapolis,
၁၁ကျွန်ုပ်​တို့​သည်​တ​ရော​မြို့​မှ​သာ​မော​သ​ရက် ကျွန်း​သို့ တည့်​တည့်​သင်္ဘော​လွှင့်​ကြ​ရာ​နောက် တစ်​နေ့​၌​နာ​ပေါ​လိ​မြို့​သို့​ရောက်​ကြ​၏။-
12 and from there to Philippi, the most important town in Macedonia, and also a Roman colony. We stayed in this city for several days.
၁၂ထို​မြို့​မှ​ဖိ​လိပ္ပိ​မြို့​သို့​သွား​ကြ​၏။ ဖိ​လိပ္ပိ​မြို့ ကား​မာ​ကေ​ဒေါ​နိ​ပြည်​ပ​ထ​မ​နယ်​၏​မြို့​တစ် မြို့​ဖြစ်​၏။ ရော​မ​အ​မျိုး​သား​တို့​အ​ခြေ​စိုက် ရာ​မြို့​လည်း​ဖြစ်​၏။ ထို​မြို့​တွင်​ကျွန်ုပ်​တို့​သည် ရက်​ပေါင်း​များ​စွာ​နေ​ထိုင်​ကြ​ပြီး​သည့်​နောက်၊-
13 On the Sabbath day we went out of the town gates down to the riverside where we thought people would come to pray. We sat down and talked with the women that had gathered there.
၁၃ဥ​ပုသ်​နေ့​၌​မြို့​တံ​ခါး​အ​ပြင်​သို့​ထွက်​ကြ​၏။ ထို​နောက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​နေ​ရာ​ရှိ​မည် အ​ထင်​နှင့်​မြစ်​ကမ်း​နား​သို့​သွား​ရောက်​၍ ထို အ​ရပ်​တွင်​စု​ဝေး​လျက်​နေ​သည့်​အ​မျိုး​သ​မီး တို့​အား​ဟော​ပြော​ကြ​၏။-
14 One of them was called Lydia, who sold purple cloth from the town of Thyatira. She worshiped God, and she listened to us. The Lord opened her mind to what Paul was saying, and she accepted what he told her.
၁၄ထို​သူ​တို့​အ​ထဲ​တွင်​သွာ​တိ​ရဲ​မြို့​သူ၊ ကမ္ဗ​လာ နီ​အ​ထည်​ကုန်​သည်​လု​ဒိ​နာ​မည်​ရှိ​အ​မျိုး သ​မီး​တစ်​ယောက်​ပါ​၏။ သူ​သည်​ဘု​ရား​သ​ခင် အား​ကိုး​ကွယ်​သူ​တစ်​ဦး​ဖြစ်​၏။ သ​ခင်​ဘု​ရား သည်​ပေါ​လု​ဟော​ပြော​လျက်​နေ​သော​တ​ရား စ​ကား​များ​ကို​အာ​ရုံ​စိုက်​စေ​ရန် ထို​အ​မျိုး သ​မီး​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​၏။-
15 After she and all her household were baptized, she pleaded with us, “If you really think that I'm truly committed to the Lord, then come and stay at my house.” She kept on insisting until we agreed!
၁၅သူ​နှင့်​တ​ကွ​အိမ်​သူ​အိမ်​သား​တို့​သည်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ကြ​၏။ ထို​နောက်​လု​ဒိ​က ``ကျွန်​မ သည်​သ​ခင်​ဘု​ရား​ကို​အ​ကယ်​ပင်​ယုံ​ကြည်​သူ ဖြစ်​သည်​ဟု သင်​တို့​လက်​ခံ​ပါ​လျှင်​ကျွန်​မ​၏ အိမ်​သို့​လာ​ရောက်​တည်း​ခို​ကြ​ပါ'' ဟု​ကျွန်ုပ် တို့​အား​ဖျောင်း​ဖျ​လေ​သည်။
16 One day when we were going down to the place of prayer we met a slave girl possessed by an evil spirit. She earned her masters a great deal of money by fortune-telling.
၁၆တစ်​နေ့​သ​၌​ကျွန်ုပ်​တို့​သည်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​အ​ရပ်​သို့​သွား​ကြ​စဉ် ဗေ​ဒင်​ဟော​နိုင် သော​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ၊ ငွေ​ဝယ်​ကျွန်​မိန်း​မ ငယ်​တစ်​ယောက်​နှင့်​တွေ့​ဆုံ​၏။ သူ​သည်​ဤ​သို့ ဗေ​ဒင်​ဟော​ပြော​ခြင်း​ဖြင့် မိ​မိ​၏​သ​ခင်​ဖြစ် သူ​တို့​အား​ကြေး​ငွေ​အ​မြောက်​အ​မြား ရ​ရှိ​စေ​၏။-
17 This girl followed Paul and the rest of us around, shouting, “These men are the servants of Almighty God. They are telling you how to be saved!”
၁၇ထို​ကျွန်​မ​သည်​ပေါ​လု​နှင့်​ကျွန်ုပ်​တို့​နောက် သို့​လိုက်​လျက် ``ဤ​သူ​တို့​ကား​အ​မြင့်​ဆုံး သော​ဘု​ရား​၏​အ​စေ​ခံ​များ​ဖြစ်​၍ သင်​တို့ အား​ကယ်​တင်​ခြင်း​တ​ရား​ကို​ဟော​ပြော သူ​များ​တည်း'' ဟု​ဟစ်​အော်​လေ​၏။-
18 She went on doing this for several days. This bothered Paul so he turned around and told the spirit, “I command you in the name of Jesus Christ to leave her!” The spirit immediately left her.
၁၈ထို​သူ​ငယ်​မ​သည်​ဤ​သို့​ရက်​ပေါင်း​များ​စွာ ဟစ်​အော်​လျက်​နေ​သ​ဖြင့် ပေါ​လု​သည်​လွန်​စွာ စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​ရ​ကား နောက်​သို့​လှည့် ၍ ``သင်​သည်​သူ​ငယ်​မ​အ​ထဲ​မှ​ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ သင့် အား​ငါ​အ​မိန့်​ပေး​၏'' ဟု​နတ်​မိစ္ဆာ​အား​ဆို​၏။ ထို​ခ​ဏ​၌​ပင်​လျှင်​နတ်​မိစ္ဆာ​သည်​ထွက်​သွား ၏။-
19 But when her masters saw they had lost their means of making money, they grabbed hold of Paul and Silas and dragged them before the authorities at the marketplace.
၁၉သူ​ငယ်​မ​၏​သ​ခင်​ဖြစ်​သူ​တို့​သည် မိ​မိ​တို့ ငွေ​ဝင်​ပေါက်​ပိတ်​သွား​ကြောင်း​သိ​ရှိ​ကြ​သော အ​ခါ ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဖမ်း​ဆီး​၍ အာ​ဏာ​ပိုင်​များ​ရှိ​ရာ​မြို့​တွင်း​မြေ​ကွက် လပ်​သို့​ဆွဲ​ခေါ်​သွား​ကြ​၏။-
20 They brought them in front of the magistrates, and accused them: “These Jewish men are causing a great disturbance in our town,” they said.
၂၀ရော​မ​အ​ရာ​ရှိ​တို့​၏​ရှေ့​သို့​ရောက်​သော​အ​ခါ ``ဤ​သူ​တို့​သည်​ယု​ဒ​အ​မျိုး​သား​များ​ဖြစ် ပါ​သည်။ ကျွန်​တော်​တို့​မြို့​တွင်​ဆူ​ပူ​မှု​ဖြစ် အောင်​ပြု​လျက်​နေ​ကြ​ပါ​သည်။-
21 “They're advocating things that are illegal for us as Romans to accept or to practice.”
၂၁ကျွန်​တော်​တို့​တ​ရား​ဥ​ပ​ဒေ​များ​နှင့် ဆန့်​ကျင် သော​ထုံး​တမ်း​စဉ်​လာ​များ​ကို​သွန်​သင်​နေ​ကြ ပါ​သည်။ ရော​မ​အ​မျိုး​သား​များ​အ​နေ​ဖြင့် ကျွန်ုပ်​တို့​သည် ထို​ထုံး​တမ်း​စဉ်​လာ​များ​ကို လက်​မ​ခံ​နိုင်၊ မ​ကျင့်​သုံး​နိုင်​ပါ'' ဟု​လျှောက် ထား​ကြ​၏။-
22 The crowd joined together in an attack on them. The magistrates tore off Paul and Silas' clothes, and ordered them beaten with rods.
၂၂လူ​ပ​ရိ​သတ်​က​လည်း ပေါ​လု​နှင့်​သိ​လ​တို့ ကို​ဝိုင်း​၍​စွပ်​စွဲ​ကြ​၏။ အ​ရာ​ရှိ​တို့​သည်​ထို​သူ​နှစ်​ဦး​၏​အ​ဝတ်​များ​ကို ဆွဲ​ဖြဲ​၍ ကြိမ်​ဒဏ်​ပေး​စေ​ရန်​အ​မိန့်​ချ​မှတ်​ကြ​၏။-
23 After giving them a severe beating, they threw them into prison, ordering the jailer to keep them locked up.
၂၃စစ်​သား​များ​သည်​လည်း​ပေါ​လု​နှင့်​သိ​လ​တို့​ကို ပြင်း​ထန်​စွာ​ကြိမ်​ဒဏ်​ပေး​ပြီး​လျှင်​ထောင်​ချ​ထား ကြ​၏။ သူ​တို့​အား​လုံ​ခြုံ​စွာ​ချုပ်​နှောင်​ထား​ရန် အ​မိန့်​အ​ရ၊-
24 The jailer followed his orders. He threw Paul and Silas into the inner cell and shackled their feet in the stocks.
၂၄ထောင်​မှူး​သည်​သူ​တို့​အား​အ​လုံ​ထောင်​သို့​သွင်း ပြီး​လျှင် ခြေ​များ​ကို​ထိတ်​ခတ်​၍​ထား​လေ​၏။
25 Around midnight Paul and Silas were praying and singing praises to God, and the other prisoners were listening to them.
၂၅သန်း​ခေါင်​အ​ချိန်​ခန့်​၌​ပေါ​လု​နှင့်​သိ​လ​တို့​သည် ပတ္ထ​နာ​ပြု​ကာ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​သီ​ဆို​လျက်​နေ​ကြ​၏။-
26 Suddenly a tremendous earthquake shook the foundations of the prison. Immediately all the doors flew open and everyone's chains fell off.
၂၆ထို​အ​ခါ​ရုတ်​တ​ရက်​မြေ​င​လျင်​ပြင်း​စွာ​လှုပ် သ​ဖြင့် အ​ကျဉ်း​ထောင်​၏​အုတ်​မြစ်​သည်​လှုပ်​ရှား သွား​၏။ ထောင်​တံ​ခါး​ရှိ​သ​မျှ​သည်​ချက်​ချင်း ပင်​ပွင့်​ထွက်​သွား​ကုန်​၏။ အ​ကျဉ်း​သား​အ​ပေါင်း တို့​သည် သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက် ကြ​ကုန်​၏။-
27 The jailer woke up and saw the doors of the prison wide open. He drew his sword and was about to kill himself, thinking that the prisoners had escaped.
၂၇ထောင်​မှူး​သည်​အိပ်​ရာ​မှ​နိုး​၍​ထောင်​တံ​ခါး များ​ပွင့်​လျက်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း သား​များ​ထွက်​ပြေး​ကြ​ပြီ​ဟု​ထင်​မှတ်​သ​ဖြင့် ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင်​မိ​မိ​ကိုယ်​ကို​သတ် မည်​ပြု​၏။-
28 But Paul shouted out, “Don't hurt yourself—we're all still here!”
၂၈သို့​ရာ​တွင်​ပေါ​လု​က ``သင်​၏​ကိုယ်​ကို​အန္တ​ရာယ် မ​ပြု​နှင့်။ ငါ​တို့​အား​လုံး​ဤ​နေ​ရာ​တွင်​ရှိ​နေ ကြ​သည်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။
29 The jailer asked for lights to be brought and rushed in. Shaking with fear he fell down before Paul and Silas.
၂၉ထောင်​မှူး​သည်​မီး​တိုင်​ကို​တောင်း​ယူ​ပြီး​လျှင် ပြေး​ဝင်​၍​လာ​၏။ သူ​သည်​တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ်​၏။-
30 He escorted them out and asked them, “Sirs, what do I have to do so I can be saved?”
၃၀ထို​နောက်​သူ​တို့​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လာ​ပြီး လျှင် ``အ​ရှင်​တို့၊ ကျွန်​တော်​သည်​ကယ်​တင်​ခြင်း ခံ​ရ​စေ​ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​၏။
31 “Trust in the Lord Jesus, and you will be saved—you and your whole household,” they replied.
၃၁သူ​တို့​က​လည်း ``သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် လော့။ သို့​ယုံ​ကြည်​လျှင်​သင်​နှင့်​တ​ကွ​သင်​၏ အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ပြီး​နောက်၊-
32 Then they shared the word of the Lord with him and everyone who lived in his house.
၃၂ထို​သူ​နှင့်​တ​ကွ​သူ​၏​အိမ်​တွင်​ရှိ​သော​သူ အ​ပေါင်း​တို့​အား သ​ခင်​ဘု​ရား​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။-
33 Even though it was late at night he bathed their wounds, and he was baptized right away, along with all his family.
၃၃ထို​ည​အ​ချိန်​၌​ပင်​လျှင်​ထောင်​မှူး​သည် ပေါ​လု နှင့်​သိ​လ​တို့​ကို​ခေါ်​၍​ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပေး​၏။ ထို​နောက်​ချက်​ချင်း​ပင်​သူ​နှင့် တ​ကွ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ကြ​၏။-
34 He took them home and had a meal prepared for them. The jailer and his whole family were full of joy because they trusted in God.
၃၄သူ​သည်​ပေါ​လု​နှင့်​သိ​လ​တို့​အား​မိ​မိ​၏​အိမ် သို့​ဖိတ်​ခေါ်​၍ စား​ဖွယ်​သောက်​ဖွယ်​များ​ကို​တည် ခင်း​ကျွေး​မွေး​၏။ သူ​နှင့်​သူ​၏​အိမ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​လာ​ကြ​သ​ဖြင့်​လွန် စွာ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လေ​သည်။
35 Early the next day the magistrate sent officials to the jailer, telling him, “Release those men.”
၃၅နောက်​တစ်​နေ့​မိုး​လင်း​သော​အ​ခါ​အ​ရာ​ရှိ တို့​သည် ထို​သူ​တို့​ကို​ထောင်​မှ​လွှတ်​လိုက်​ရန် ရဲ​အ​ရာ​ရှိ​များ​ကို​စေ​လွှတ်​၍​အ​မိန့်​ဆင့် ဆို​စေ​ကြ​၏။-
36 The jailer told Paul, “The magistrates have sent word to release you. So you can leave, and go in peace.”
၃၆သို့​ဖြစ်​၍​ထောင်​မှူး​သည်​ပေါ​လု​အား ``အ​ရာ​ရှိ တို့​က​အ​ရှင်​တို့​အား​ထောင်​မှ​လွှတ်​လိုက်​ရန် အ​မိန့်​ပေး​ပါ​၏။ ထို​ကြောင့်​စိတ်​အေး​ချမ်း​စွာ အ​ရှင်​တို့​သွား​ကြ​ပါ'' ဟု​ဆို​၏။
37 But Paul told them, “They publicly beat us without a trial—and yet we're Roman citizens! Then they threw us in prison. Now they want to quietly let us go? No, they should come themselves and release us!”
၃၇သို့​ရာ​တွင်​ပေါ​လု​က ``ရော​မ​နိုင်​ငံ​သား​များ ဖြစ်​သော​ငါ​တို့​အား​စစ်​ကြော​စီ​ရင်​ခြင်း​မ ပြု​ဘဲ ငါ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​တွင်​ရိုက်​နှက် ၍​အ​ကျဉ်း​ချ​ထား​ခဲ့​ကြ​၏။ ယ​ခု​ငါ​တို့​ကို တိတ်​တ​ဆိတ်​လွှတ်​လို​ကြ​ပါ​သ​လော။ ထို​သို့ မ​ပြု​သင့်။ သူ​တို့​ကိုယ်​တိုင်​လာ​၍​ငါ​တို့​ကို ထောင်​မှ​ထုတ်​ကြ​ပါ​စေ'' ဟု​ရဲ​အ​ရာ​ရှိ တို့​အား​ပြော​၏။
38 The officials went back and reported this to the magistrates. When they heard that Paul and Silas were Roman citizens they were really worried,
၃၈ရဲ​အ​ရာ​ရှိ​တို့​သည်​လည်း​ဤ​အ​ကြောင်း​ကို အ​ရာ​ရှိ​တို့​အား​ပြန်​လည်​လျှောက်​ထား​ကြ ၏။ ပေါ​လု​နှင့်​သိ​လ​တို့​သည်​ရော​မ​နိုင်​ငံ​သား များ​ဖြစ်​ကြောင်း​ကို အ​ရာ​ရှိ​တို့​ကြား​သော အ​ခါ​ကြောက်​လန့်​ကြ​၏။-
39 and went to apologize to them. They escorted them out and begged them to leave town.
၃၉သို့​ဖြစ်​၍​သူ​တို့​သည်​လာ​၍​ပေါ​လု​နှင့်​သိ​လ တို့​အား​ဖျောင်း​ဖျ​ပြော​ဆို​ကြ​၏။ ထို​နောက်​သူ တို့​ကို​ထောင်​မှ​ထုတ်​ပြီး​လျှင် ထို​မြို့​မှ​ထွက်​ခွာ သွား​ရန်​တောင်း​ပန်​ကြ​၏။-
40 So Paul and Silas left the prison and went to Lydia's house. There they met with the believers, encouraged them, and then went on their way.
၄၀သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျဉ်း​ထောင်​မှ​ထွက်​ခွာ ၍ လု​ဒိ​၏​အိမ်​သို့​သွား​ကြ​၏။ ထို​နောက်​ယုံ​ကြည် သူ​တို့​နှင့်​တွေ့​ဆုံ​ကာ​အား​ပေး​စ​ကား​ပြော ကြား​ပြီး​လျှင် ထို​မြို့​မှ​ထွက်​ခွာ​သွား​ကြ​လေ သည်။

< Acts 16 >