< 2 Samuel 1 >
1 After the death of Saul, David returned from attacking the Amalekites. He stayed in Ziklag for two days.
၁ရှောလု သေ သောနောက် ၊ ဒါဝိဒ် သည် အာမလက် လူတို့ကို လုပ်ကြံ ရာမှ ပြန် လာ၍ ၊ ဇိကလတ် မြို့၌ နှစ် ရက် နေ ပြီးလျှင်၊
2 Then on the third day a man arrived from Saul's camp. His clothes were torn and he had dust on his head. When he approached David, he bowed before him, and fell to the ground in respect.
၂သုံး ရက်မြောက်သောနေ့ တွင် လူ တယောက်သည် မိမိ အဝတ် ကိုဆုတ် လျက် ၊ မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကို တင်လျက်၊ ရှောလု တပ် က လာ ၍ ဒါဝိဒ် ထံသို့ ရောက် သော် ၊ မြေ ပေါ် မှာ ပြပ်ဝပ် လျက် ရှိခိုး ၏။
3 “Where have you come from?” David asked him. “I got away from the Israelite camp,” he replied.
၃ဒါဝိဒ် ကလည်း ၊ အဘယ် အရပ်ကလာ သနည်းဟုမေး လျှင် ၊ ထိုသူက ကျွန်တော်သည် ဣသရေလ တပ် က ပြေး ၍လာပါသည်ဟု လျှောက် လေ၏။
4 “Tell me what happened,” David asked. “The army ran away from the battle,” the man replied. “Many of them died, and Saul and his son Jonathan also died.”
၄ဒါဝိဒ် ကလည်း ၊ အမှု ကားအဘယ်သို့ နည်း။ ငါ့ အား ပြော ပါလော့ဟုမေး လျှင် ၊ သူက ဣသရေလလူ တို့ သည် စစ်တိုက် ရာတွင် ပြေး ၍အများ တို့သည် လဲ လျက် သေ ပါပြီ။ ရှောလု နှင့် သား တော်ယောနသန် လည်း သေ ပါပြီဟု ပြန်လျှောက် လေ၏။
5 “How do you know Saul and Jonathan died?” David asked the man giving the report.
၅ထိုသိတင်းကိုကြားပြော သောလုလင် အား ဒါဝိဒ် က၊ ရှောလု နှင့် သား တော်ယောနသန် သေ ကြောင်း ကို သင်သည်အဘယ်သို့ သိ သနည်းဟုမေး ပြန်လျှင်၊
6 “I just happened to be there on Mount Gilboa,” he replied. “I saw Saul, leaning on his spear, with the enemy chariots and the charioteers advancing on him.
၆ထိုလုလင် က၊ ကျွန်တော်သည် ဂိလဗော တောင် ပေါ် သို့ အလိုလိုရောက် သောအခါ၊ ရှောလု သည် လှံ တော်ကို ထောင်၍နေပါ၏။ ရထား စီးသူရဲ မြင်း စီးသူရဲတို့သည် ပြင်းထန်စွာလိုက် ကြ၏။
7 He turned around and saw me. He called out and I replied, ‘I'm here to help!’
၇ရှောလုသည် နောက် တော်သို့ ကြည့် သဖြင့် ကျွန်တော် ကိုမြင် ၍ ခေါ် ပါ၏။
8 He asked me, ‘Who are you?’ I told him, ‘I'm an Amalekite.’
၈ကျွန်တော် ရှိ ပါသည်ဟု လျှောက် သောအခါ ၊ သင် သည် အဘယ်သူ နည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူဖြစ်ပါသည်ဟု ပြန်လျှောက် ပါ၏။
9 Then he told me, ‘Please come over here and kill me! I'm in terrible agony but life is still hanging on.’
၉ရှောလုကလည်း၊ ငါ့ ထံသို့ လာ၍ ငါ့ ကိုသတ် ပါတော့။ ငါ့ အသက် မသေနိုင်သောကြောင့် ပြင်းစွာ သော ဝေဒနာကို ခံရ ၏ဟုဆို သည်အတိုင်း၊
10 So I went over him and killed him, because I knew that wounded as he was he couldn't last long. I took the crown from his head and his bracelet from his arm, and I've brought them here to you, my lord.”
၁၀လဲ သောနောက် အသက် မ ရှင်နိုင်သည်ကို ကျွန်တော်သိ လျှင် သူ့ ထံသို့သွား၍သတ် ပါ၏။ ခေါင်း တော် ၌ ဆောင်းသောဦးရစ် နှင့် လက်ရုံး တော်၌ ဝတ်သော လက်ကောက် ကို ချွတ်ယူ ပြီးလျှင် ၊ ကျွန်တော် သခင့် ထံ တော်သို့ ဆောင် ခဲ့ပါသည်ဟု လျှောက်လေ၏။
11 David grabbed hold of his clothes and ripped them, as did his men.
၁၁ထိုအခါ ဒါဝိဒ် သည် မိမိ အဝတ် ကိုဆွဲဆုတ် ၍ ၊ သူ ၏လူ အပေါင်း တို့သည် ထိုနည်းတူပြုကြ၏။
12 They mourned and cried and fasted until the evening for Saul and his son Jonathan, and for the army of the Lord, the Israelites, that had been killed by the sword.
၁၂ရှောလု မှစ၍သား တော်ယောနသန် ၊ ထာဝရဘုရား ၏လူ များ၊ ဣသရေလ အမျိုးသားတို့သည် ထား ဖြင့် လဲ သေသောကြောင့် ၊ သူတို့အတွက် ညဦး တိုင်အောင် ငိုကြွေး မြည်တမ်း ၍ အစာ ကိုရှောင်ကြ၏။
13 David asked man who brought him the report, “Where are you from?” “I'm the son of a foreigner,” he replied “I'm an Amalekite.”
၁၃ထိုသိတင်းကိုကြား ပြောသော လုလင် အား ဒါဝိဒ် က၊ သင် သည် အဘယ် အရပ်က လာသနည်းဟုမေးလျှင် ၊ ထိုသူက ကျွန်တော် သည် တပါး အမျိုးသားအာမလက် လူ ဖြစ်ပါ၏ဟုပြန်လျှောက် သော်၊
14 “Why weren't you worried about killing the Lord's anointed one?” David asked.
၁၄ဒါဝိဒ် က၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို သတ် ခြင်းငှါ သင့် လက် ကိုအဘယ်သို့ ဆန့် ဝံ့သနည်းဟုဆို လျက်၊
15 David called over one of his men and said, “Go ahead, kill him!” So the man cut the Amalekite down and killed him.
၁၅လုလင် တယောက် ကိုခေါ် ၍ ၊ သူ့ ကို သွား သတ် တော့ဟုဆို သည်အတိုင်း ၊ လုလင်သည် လုပ်ကြံ ၍ သတ် လေ၏။
16 David had told the Amalekite, “Your death is your own fault because you testified against yourself when you said, ‘I killed the Lord's anointed one.’”
၁၆ဒါဝိဒ် ကလည်း ၊ သင် ၏အသွေး သည် သင့် ခေါင်း ပေါ် မှာတည်စေ။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို ကျွန်တော် သတ် ပါပြီဟု သင့် နှုတ် သည် သင့် တဘက် ၌ သက်သေခံ လေပြီဟုဆို ၏။
17 Then David sang this lament for Saul and his son Jonathan.
၁၇ဒါဝိဒ် သည် ရှောလု နှင့် သား တော် ယောနသန် ကြောင့် ငိုကြွေး မြည်တမ်း၍၊
18 He ordered it to be taught to the people of Judah. It is called “the Bow” and is recorded in the Book of the Just:
၁၈ယုဒ အမျိုးသား တို့အား သင် စေသော လေး သီချင်းတည်းဟူသောယာရှာ စာ ၌ ပါသောသီချင်းစကား ဟူမူကား၊
19 “Israel, the glorious one lies dead on your mountains. How the mighty have fallen!
၁၉အိုဣသရေလ ဂုဏ် အသရေ၊ သင် ၏မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီ။ သူရဲ တို့သည် လဲ သေကြပြီတကား။
20 Don't announce it in the town of Gath, don't proclaim it in the streets of Ashkelon, so that the Philistine women won't rejoice, so that the heathen women won't celebrate.
၂၀ထိုသိတင်းကို ဂါသ မြို့၌ မ ပြော ကြနှင့်။ အာရှကေလုန် မြို့လမ်း တို့၌ မ ကြား မပြောကြနှင့်။ ဖိလိတ္တိ အမျိုးသမီး တို့သည် ဝမ်းမြောက် ၍ အရေဖျား လှီးခြင်းကို မခံသော အမျိုးသမီး တို့သည် ရွှင်လန်း ကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
21 Mountains of Gilboa, may no dew or rain fall on you! May you have no fields that produce offerings of grain. For it was there that the shield of the mighty was defiled; Saul's shield, no longer cared for with olive oil.
၂၁အိုဂိလဗော တောင် တို့၊ သင် တို့အပေါ် မှာ နှင်း မ ကျစေနှင့်။ မိုဃ်း မ ရွာစေနှင့်။ ပူဇော် စရာအသီးကိုသီးသော လယ်ကွက် မရှိစေနှင့်။ အကြောင်း မူကား၊ ထို အရပ်၌ သူရဲ ဆောင်သော ဒိုင်း တည်းဟူသောရှောလု ဆောင်သောဒိုင်း လွှား၊ ဆီ နှင့် လိမ်း ပြီးသော လက်နက်တော်ကို ရှုတ်ချ လေပြီတကား။
22 Jonathan with his bow did not retreat from attacking the enemy; Saul with his sword did not return empty-handed from shedding blood.
၂၂သူရဲတို့၏အသွေး ၊ ခွန်အား ကြီးသောသူတို့ ၏ ဆီဥ မှ ယောနသန် ၏လေး သည် နောက် သို့မ လှန်။ ရှောလု၏ထား တော်သည် ကိုယ်ချည်း ပြန် ၍ မ လာတတ်။
23 During their lives, Saul and Jonathan were much loved and very pleasant, and death did not divide them. They were faster than eagles, stronger than lions.
၂၃ရှောလု နှင့် ယောနသန် သည် ချစ် တတ်သောသဘောရှိ၍ အသက် ရှင်စဉ် အခါ မိတ်ဆွေဖြစ်လျက် ၊ အသက်သေ သောအခါ တယောက်နှင့် တယောက်မ ကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတ ထက် မြန် ၍ ခြင်္သေ့ ထက် ခွန်အား ကြီးကြ၏။
24 Women of Israel, mourn for Saul, who gave you fine scarlet clothes decorated with gold ornaments.
၂၄အိုဣသရေလ အမျိုးသမီး တို့၊ ရှောလု ကို ငိုကြွေး ကြလော့။ သင် တို့ကို လှသော ကမ္ဗလာ နီ နှင့် ဝတ် စေ၍၊ သင် တို့အဝတ် ၌ လည်း ရွှေ တန်ဆာ နှင့် ဆင်စေတော်မူ ၏။
25 How the mighty have fallen in battle! Jonathan lies dead on your mountains.
၂၅စစ်တိုက် ပွဲ၌ သူရဲ တို့သည် လဲ သေကြပြီ။ အို ယောနသန် ၊ သင် ၏ မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီတကား။
26 I weep so much for you, my brother Jonathan! You were so very dear to me! Your love for me was so wonderful, greater than the love women have!
၂၆ငါ့ ညီ ယောနသန် ၊ သင့် ကြောင့် ငါ ညှိုးငယ် ခြင်းရှိ၏။ သင်သည် ငါ့ မိတ်ဆွေကြီးဖြစ်၍၊ ငါ့ ကို ချစ်သော မေတ္တာ သည် အံ့ဩဘွယ် သောမေတ္တာ၊ မိန်းမ ကို ချစ်တတ်သော မေတ္တာ ထက် သာ၍အားကြီးသောမေတ္တာဖြစ်၏။
27 How the mighty have fallen! The weapons of war are gone!”
၂၇သူရဲ တို့သည်လဲ သေကြပြီတကား။ စစ်တိုက် လက်နက် တို့သည် ဆုံး ကြပြီတကားဟု ပါသတည်း။