< 2 Samuel 3 >

1 There was a long war between those on the side of Saul and those on the side of David. David's side grew stronger, while Saul's side grew weaker.
ရှော​လု​မင်း​ဆက်​ကို​ထောက်​ခံ​သူ​များ​နှင့် ဒါ​ဝိဒ် ကို​ထောက်​ခံ​သူ​များ​သည် ကာ​လ​ကြာ​မြင့်​စွာ ဆက်​လက်​၍​စစ်​ဖြစ်​ပွား​လျက်​နေ​၏။ ဒါ​ဝိဒ်​သည် တ​ဖြည်း​ဖြည်း​အင်​အား​တိုး​တက်​လာ​၍​သူ​၏ ရန်​သူ​တို့​မူ​ကား​အင်​အား​ဆုတ်​ယုတ်​လာ​လေ သည်။
2 David's sons born at Hebron were: Amnon (firstborn), by Ahinoam from Jezreel;
ဟေ​ဗြုန်​မြို့​တွင်​ဒါ​ဝိဒ်​ရ​ရှိ​သော​သား​ခြောက် ယောက်​တို့​၏​အ​မည်​များ​ကို​ဖော်​ပြ​အံ့။ သား​ဦး မှာ​အာ​မ​နုန်​ဖြစ်​၍​သူ​၏​မိ​ခင်​မှာ​ယေ​ဇ​ရေ​လ မြို့​သူ​အ​ဟိ​နောင်​ဖြစ်​၏။-
3 Chileab (second), by Abigail, Nabal's widow from Carmel; Absalom (third), by Maacah, daughter of King Talmai of Geshur:
ဒု​တိ​ယ​သား​မှာ​ခိ​လပ်​ဖြစ်​၍​သူ​၏​မိ​ခင်​ကား က​ရ​မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ ဂဲ​လ​ဖြစ်​၏။ တ​တိ​ယ​သား​ကား​အ​ဗ​ရှ​လုံ ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ​ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ ၏​သ​မီး​တော်​မာ​ခါ​ဖြစ်​၏။-
4 Adonijah (fourth), by Haggith; Shephatiah (fifth), by Abital;
စ​တုတ္ထ​သား​သည်​အ​ဒေါ​နိ​ယ​ဖြစ်​၍​သူ​၏ မိ​ခင်​မှာ​ဟ္ဂိတ်​ဖြစ်​၏။ ပဉ္စ​မ​သား​မှာ​ရှေ​ဖ​တိ ဖြစ်​၍​သူ​၏​မိ​ခင်​သည်​အ​ဘိ​တ​လ​ဖြစ်​၏။-
5 Ithream (sixth), by David's wife Eglah. These were the sons born to David at Hebron.
ဆ​ဋ္ဌ​မ​သား​ကား​ဣသ​ရံ​ဖြစ်​၍​သူ​၏​မိ​ခင်​မှာ ဧ​ဂ​လာ​ဖြစ်​၏။ ဤ​သား​တော်​များ​သည်​ဟေ​ဗြုန် မြို့​၌​ဖွား​မြင်​သူ​များ​ဖြစ်​သ​တည်း။
6 Abner had been strengthening his position among the supporters of Saul's dynasty during the war between those on the side of Saul and those on the side of David.
ရှော​လု​မင်း​ဆက်​ကို​ထောက်​ခံ​သူ​များ​နှင့်​ဒါ​ဝိဒ် ကို​ထောက်​ခံ​သူ​များ​ဆက်​လက်​၍ စစ်​ဖြစ်​နေ​သည့် ကာ​လ​ကြာ​လာ​သည်​နှင့်​အ​မျှ​အာ​ဗ​နာ​သည် ရှော​လု​၏​ဆွေ​တော်​မျိုး​တော်​တို့​အ​ပေါ်​တွင် ပို​၍​ပို​၍​တန်​ခိုး​အာ​ဏာ​လွှမ်း​မိုး​လာ​လေ သည်။
7 Saul had a concubine named Rizpah, daughter of Aiah. One day Ishbosheth accused Abner, saying “Why have you been sleeping with my father's concubine?”
တစ်​နေ့​သ​၌​ရှော​လု​၏​သား​တော်​ဣရှ​ဗော​ရှက် သည်​အာ​ဗ​နာ​အား​အဲ​အာ​၏​သ​မီး၊ ရှော​လု ၏​မောင်း​မ​ငယ်​ရိ​ဇ​ပ​နှင့်​သ​မုတ်​ကာ​ပြစ်​တင် စွပ်​စွဲ​၏။-
8 Abner got extremely angry at Ishbosheth accusation. “Am I a dog's head siding with Judah?” he replied. “Right up to the present day I have been loyal to your dynasty—to your father Saul, and to his brothers and friends. I haven't betrayed you to David. But now you dare to accuse me of sinning with this woman!
ယင်း​သို့​ပြစ်​တင်​စွပ်​စွဲ​သည်​ကို​အာ​ဗ​နာ​သည် လွန်​စွာ​စိတ်​ဆိုး​သ​ဖြင့်``ငါ​သည်​ရှော​လု​အား သစ္စာ​ဖောက်​မည်​ဟု​ထင်​မှတ်​ပါ​သ​လော။ ငါ​သည် ယု​ဒ​ပြည်​၏​အ​ကျိုး​အ​တွက်​ဆောင်​ရွက်​နေ​သူ ဟု​မှတ်​ယူ​ပါ​သ​လော။ အ​စ​မူ​လ​က​ပင်​ငါ သည်​သင်​၏​ခမည်း​တော်​ရှော​လု​၏​အ​ပေါ်​၌ လည်း​ကောင်း၊ သူ​၏​ညီ​အစ်​ကို​များ၊ မိတ်​ဆွေ များ​အ​ပေါ်​၌​လည်း​ကောင်း​သစ္စာ​စောင့်​ခဲ့​၏။ သင့်​အား​လည်း​ဒါ​ဝိဒ်​လက်​တွင်း​သို့​မ​ကျ ရောက်​စေ​ရန်​ဆီး​တား​ခဲ့​၏။ သို့​ပါ​လျက် ယ​နေ့​သင်​သည်​ငါ့​အား​မိန်း​မ​မှု​နှင့်​ပြစ် တင်​စွပ်​စွဲ​ပါ​သည်​တ​ကား။-
9 So now may God punish me severely if I don't help David achieve what the Lord has promised him.
ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​နှင့်​သူ​၏​သား မြေး​များ​ထံ​မှ​နိုင်​ငံ​တော်​ကို​ရုပ်​သိမ်း​၍ ဒါ​ဝိဒ်​အား​နိုင်​ငံ​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင် အ​ဖြစ်​ခန့်​ထား​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ခဲ့​၏။ ယ​ခု​ငါ​သည်​ထို​က​တိ​တော်​အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​မ​ဆောင်​ရွက်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၏။-
10 I will hand over the kingdom from Saul's dynasty, and help set up David's rule over Israel and Judah, from Dan to Beersheba.”
၁၀
11 Ishbosheth didn't dare to say anything else to Abner because he was frightened of him.
၁၁ဣ​ရှ​ဗော​ရှက်​သည်​အာ​ဗ​နာ​ကို​လွန်​စွာ ကြောက်​သ​ဖြင့်​စ​ကား​တစ်​ခွန်း​မျှ​ပြန်​၍ မ​တုံ့​မ​ပြန်​ဝံ့​ချေ။
12 Then Abner sent messengers to speak for him to David, saying, “Who does the country belong to anyway? Make an agreement with me, and you can be sure I'll be on your side to have all of Israel follow you.”
၁၂ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​တွင်​ရှိ နေ​သ​ဖြင့် အာ​ဗ​နာ​သည်​သူ​၏​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``ဤ​ပြည်​ကို​အ​ဘယ်​သူ​အုပ်​စိုး ပါ​မည်​နည်း။ အ​ကျွန်ုပ်​နှင့်​သစ္စာ​ဖွဲ့​တော်​မူ​လျှင် အ​ရှင့်​ဘက်​သို့​ဣသ​ရေ​လ​တစ်​ပြည်​လုံး​ပါ လာ​စေ​ရန်​အ​ကျွန်ုပ်​ကူ​ညီ​ဆောင်​ရွက်​ပေး​ပါ မည်'' ဟု​လျှောက်​စေ​၏။
13 “Fine,” David replied, “I'll make an agreement with you. But I have one condition: I won't see you unless you bring Saul's daughter Michal when you come.”
၁၃ဒါ​ဝိဒ်​က``ကောင်း​ပြီ။ သို့​သော်​ငါ့​ထံ​သို့​သင် လာ​ရောက်​ချိန်​၌ ရှော​လု​၏​သ​မီး​မိ​ခါ​လ ကို​ဆောင်​ခဲ့​ရ​မည်။ သို့​မှ​သာ​ငါ​သည်​သင် နှင့်​သစ္စာ​ဖွဲ့​နိုင်​မည်'' ဟု​ပြန်​ကြား​လိုက်​၏။-
14 Then David sent messengers tell Ishbosheth, son of Saul, “Give me back my wife Michal—I paid a dowry for her of one hundred Philistine foreskins.”
၁၄ထို​နောက်​ဒါ​ဝိဒ်​သည်​ဣရှ​ဗော​ရှက်​ထံ​စေ​တ​မန် များ​လွှတ်​၍``ငါ​၏​ဇ​နီး​မိ​ခါ​လ​ကို​ပြန်​၍ ပေး​လော့။ ငါ​သည်​သူ့​ကို​ထိမ်း​မြား​နိုင်​ရန် ဖိ​လိတ္တိ​အ​မျိုး​သား​အ​ရေ​ဖျား​တစ်​ရာ​ဖြင့် ဝယ်​ယူ​ခဲ့​ရ​၏'' ဟု​မှာ​ကြား​လိုက်​၏။-
15 Ishbosheth sent for her and took her away from her husband Paltiel, son of Laish.
၁၅သို့​ဖြစ်​၍​ဣရှ​ဗော​ရှက်​သည်​မိ​ခါ​လ​ကို​လဲ​ရှ ၏​သား၊ ခင်​ပွန်း​ဖာ​လ​တိ​ထံ​မှ​ပြန်​သိမ်း​စေ​၏။-
16 Her husband followed her to the town of Bahurim, crying as he went. Then Abner ordered him, “Go back home!” So he went home.
၁၆ဖာ​လ​တိ​သည်​ငို​ကြွေး​လျက်​ဗာဟု​ရိမ်​မြို့​တိုင် အောင်​မိ​ခါ​လ​နောက်​သို့​လိုက်​လေ​၏။ ထို့​နောက် အာ​ဗ​နာ​က``အိမ်​သို့​ပြန်​လော့'' ဟု​ဆို​သ​ဖြင့် ပြန်​သွား​ရ​၏။
17 Abner spoke with the elders of Israel and said, “For a while now you have wanted to have David as your king.
၁၇အာ​ဗ​နာ​သည်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ ထံ​သို့​သွား​၍``ဒါ​ဝိဒ်​အား​သင်​တို့​မင်း​မြှောက် လို​ကြ​သည်​မှာ​ကြာ​ပေ​ပြီ။-
18 Now is the time to do it, because the Lord promised David, ‘Through my servant David I am going to save my people Israel from the Philistines and all their enemies.’”
၁၈ယ​ခု​အ​ခါ​ကား​သင်​တို့​အ​ဖို့​အ​ခွင့်​ကောင်း​ပင် ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က`ငါ​၏​လူ​မျိုး​တော် အား​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​အ​ခြား​ရန်​သူ တို့​လက်​တွင်း​မှ​ငါ့​ကျွန်​ဒါ​ဝိဒ်​၏​လက်​ဖြင့် ကယ်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။-
19 Abner also talked to the people of Benjamin, and went to Hebron to let David know everything that the Israelites and the whole tribe of Benjamin had decided to do.
၁၉အာ​ဗ​နာ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား​လည်း တိုက်​တွန်း​ပြော​ဆို​၏။ ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အ​ဘယ်​သို့​သ​ဘော တူ​ညီ​ကြ​ကြောင်း​ကို ဒါ​ဝိဒ်​အား​ပြန်​ကြား လျှောက်​ထား​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​၏။
20 Abner came with twenty of his men to see David at Hebron, and David prepared a feast for them.
၂၀အာ​ဗ​နာ​သည်​လူ​နှစ်​ကျိပ်​နှင့်​ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ် သည်​သူ​တို့​အား​စား​ပွဲ​တည်​ခင်း​ကျွေး​မွေး​၏။-
21 Abner told David, “Let me go immediately and summon all of Israel to come together for my lord the king, so they may make an agreement with you, and that you may rule over all you would wish.” Then David sent Abner safely on his way.
၂၁အာ​ဗ​နာ​က​ဒါဝိဒ်​အား``အ​ကျွန်ုပ်​သည်​ယ​ခု သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး ကို​အ​ရှင်​မင်း​ကြီး​၏​ဘက်​သို့​ပါ​အောင်​ဆောင် ရွက်​ပေး​ပါ​မည်။ သူ​တို့​သည်​အ​ရှင့်​အား​မိ​မိ တို့​၏​ဘု​ရင်​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ ပါ​လိမ့်​မည်။ ထို​အ​ခါ​အ​ရှင်​သည်​မိ​မိ​ဆန္ဒ ရှိ​နှင့်​ထား​သည့်​အ​တိုင်း​ဣသ​ရေ​လ​ပြည် တစ်​ခု​လုံး​ကို​အုပ်​စိုး​ရ​ပါ​လိမ့်​မည်'' ဟု လျှောက်​၏။ ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အား ဘေး​မဲ့​ထွက်​ခွာ​သွား​စေ​တော်​မူ​၏။
22 Soon after Joab and David's men came back from a raid, bringing with them a large amount of plunder. However, Abner wasn't there with David in Hebron because David had already sent him safely on his way in peace.
၂၂ထို​နောက်​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​စစ်​သူ​ရဲ တို့​သည် ရန်​သူ​တို့​အား​လု​ယက်​တိုက်​ခိုက်​ရာ​မှ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​နှင့်​ပြန်​လာ ကြ​၏။ အာ​ဗ​နာ​သည်​ကား​ဒါ​ဝိဒ်​နှင့်​အ​တူ ဟေ​ဗြုန်​မြို့​တွင်​မ​ရှိ​တော့​ပေ။ အ​ဘယ်​ကြောင့် ဆို​သော်​ဒါ​ဝိဒ်​သည်​သူ့​အား​ဘေး​မဲ့​ထွက်​ခွာ စေ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-
23 When Joab and all the army that was with him arrived, he was told, “Abner, son of Ner, came to see the king, who sent him safely on his way.”
၂၃ယွာ​ဘ​တို့​လူ​စု​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​မင်း​ထံ​သို့​အာ​ဗ​နာ​လာ​ကြောင်း၊ သူ့ အား​ဒါ​ဝိဒ်​သည်​ဘေး​မဲ့​ပြန်​လွှတ်​လိုက်​ကြောင်း သ​တင်း​ကို​ယွာ​ဘ​ကြား​သိ​ရ​လေ​သည်။-
24 Joab went to the king and asked, “What do you think you're doing? Here's Abner, who came to see you. Why on earth did you send him on his way? Now he's got clean away!
၂၄ထို​အ​ခါ​သူ​သည်​ဘု​ရင့်​ထံ​သို့​သွား​၍``အ​ရှင် အ​ဘယ်​သို့​ပြု​တော်​မူ​ပါ​သ​နည်း။ အာ​ဗ​နာ​သည် အ​ရှင့်​ထံ​သို့​ရောက်​ရှိ​လာ​သော်​လည်း အ​ရှင်​သည် အ​ဘယ်​ကြောင့်​သူ့​အား​ဤ​သို့​ပြန်​၍​လွှတ်​တော် မူ​ပါ​သ​နည်း။-
25 You do see that Abner, son of Ner, came here to trick you, to spy on the movements of your army, and to find out everything you're doing!”
၂၅သူ​သည်​အ​ရှင့်​အား​လိမ်​လည်​လှည့်​စား​၍ အ​ရှင် သွား​လာ​လှုပ်​ရှား​မှု​အ​လုံး​စုံ​ကို​စုံ​စမ်း​ရန် လာ​ရောက်​ခြင်း​ဖြစ်​သည်​ကို​အ​ရှင်​သိ​တော်​မူ သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက်​၏။
26 When Joab left David, he sent messengers after Abner. They met up with him at the well of Sirah and brought him back, but David didn't know anything about it.
၂၆ယွာ​ဘ​သည်​ဒါ​ဝိဒ်​ထံ​မှ​ထွက်​လာ​ပြီး​နောက် အာ​ဗ​နာ​ကို​ပြန်​ခေါ်​ရန်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​၏။ သူ​တို့​သည်​အာ​ဗ​နာ​အား​သိ ရ​ရေ​တွင်း​မှ​ပြန်​၍​ခေါ်​ဆောင်​ခဲ့​ကြ​၏။-
27 When Abner arrived back in Hebron, Joab took him aside into the town gatehouse as if he was going to talk with him in private. But Joab stabbed him in the belly, killing him in revenge for killing Joab's brother Asahel.
၂၇ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဋ္ဌား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။-
28 When David heard about this later he said, “I and my kingdom are totally innocent before the Lord regarding the death of Abner, son of Ner!
၂၈ဤ​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​တော်​မူ​သော အ​ခါ``အာ​ဗ​နာ​အား​လုပ်​ကြံ​မှု​တွင်​ငါ​နှင့် ငါ​၏​ပြည်​သူ​ပြည်​သား​တို့​သည် လုံး​ဝ​အ​ပြစ် ကင်း​ကြ​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ ပါ​၏။-
29 May the guilt for his death fall on Joab and his family! May Joab's descendants always have someone who has running sores or leprosy or is crippled or who is killed by the sword or who is starving.”
၂၉ထို​အ​မှု​အ​တွက်​ယွာ​ဘ​နှင့် သူ​၏​အိမ်​ထောင် စု​ဝင်​အ​ပေါင်း​တို့​အ​ပြစ်​ဒဏ်​သင့်​ကြ​ပါ​စေ သော။ သူ​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​ရိ​နာ စွဲ​သူ၊ နူ​နာ​စွဲ​သူ၊ ခါး​ကုန်း​ချည့်​နဲ့​သူ၊ ဋ္ဌား ဘေး​သင့်​သူ၊ ငတ်​မွတ်​သူ​ရှိ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။-
30 (This is why Joab and Abishai his brother killed Abner, because he had killed their brother Asahel during the battle at Gibeon.)
၃၀သို့​ဖြစ်​၍​ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​တို့​သည် ဂိ​ဗောင်​စစ်​ပွဲ​တွင် မိ​မိ​တို့​၏​ညီ​အာ​သ​ဟေ​လ အား​အာ​ဗ​နာ​သတ်​ခဲ့​သည့်​အ​တွက်​အာ ဗ​နာ​ကို​လက်​စား​ချေ​လိုက်​ကြ​သ​တည်း။
31 Then David ordered Joab and everyone who was there, “Tear your clothes, put on sackcloth, and mourn for Abner.” King David himself followed the body as it was carried to the grave.
၃၁ထို​နောက်​ဒါ​ဝိဒ်​သည်​ယွာ​ဘ​နှင့်​အ​ပေါင်း​ပါ တို့​အား အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လျှော်​တေ ကို​ဝတ်​ပြီး​လျှင် အာ​ဗ​နာ​အ​တွက်​ငို​ကြွေး မြည်​တမ်း​မှု​ပြု​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ ထို​နောက်​အ​လောင်း​ကို​သင်္ချိုင်း​သို့​ပို့​ဆောင်​သွား သော​အ​ခါ​၌​လည်း မင်း​ကြီး​ကိုယ်​တိုင်​တ​လား ၏​နောက်​မှ​လမ်း​လျှောက်​၍​လိုက်​ပါ​ပို့​ဆောင် တော်​မူ​၏။-
32 They buried Abner in Hebron, and the king cried loudly at the grave, along with all the people.
၃၂အာ​ဗ​နာ​ကို​ဟေ​ဗြုန်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ သင်္ချိုင်း​မှာ​မင်း​ကြီး​သည်​အော်​ဟစ်​၍​ငို​ကြွေး တော်​မူ​သ​ဖြင့် အ​ခြား​သူ​အ​ပေါင်း​တို့​သည် လည်း​ထို​နည်း​တူ​ပြု​ကြ​ကုန်​၏။-
33 The king sang this lament for Abner: “Did Abner deserve to die like a criminal?
၃၃ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အ​တွက်​ငို​ချင်း​ကို​ဖွဲ့ ဆို​တော်​မူ​၏။ အ​ဆို​ပါ​ငို​ချင်း​မှာ ``အို အာ​ဗ​နာ​သင်​သည်​အ​ဘယ်​ကြောင့် လူ​မိုက်​တစ်​ယောက်​ကဲ့​သို့​သေ​ရ​ပါ​သ​နည်း။
34 Your hands were not tied together, your feet were not in shackles. But just like a murderer's victim, you too were killed.” All the people cried for him even more.
၃၄ရာ​ဇ​ဝတ်​ကောင်​၏​လက်​ချက်​ဖြင့်​သေ​ရ​သူ နည်း​တူ လက်​ထိတ်​မ​ခတ်​ခြေ​ချင်း​မ​စွဲ​ဘဲ ကျ​ဆုံး​လေ​ပြီ​တ​ကား'' ဟူ​၍​ဖြစ်​သည်။ ထို​အ​ခါ​လူ​တို့​သည်​အာ​ဗ​နာ​အ​တွက်​ငို ကြွေး​မြည်​တမ်း​ကြ​ပြန်​၏။
35 Then people came to David and tried to persuade him to have something to eat during the day. But David swore an oath, saying, “May God punish me severely if I eat bread or anything else before sunset!”
၃၅စား​တော်​ခေါ်​ရန်​ဒါ​ဝိဒ်​အား​လူ​တို့​တစ်​နေ့​လုံး တိုက်​တွန်း​ကြ​သော်​လည်း​မင်း​ကြီး​က``ငါ​သည် နေ​မ​ဝင်​မီ​စား​တော်​ခေါ်​ခဲ့​သော် ငါ့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော'' ဟု ကျိန်​ဆို​အဋ္ဌိ​ဋ္ဌာန်​ပြု​တော်​မူ​၏။-
36 Everyone saw this and thought it was the right thing to do, in the same way that they thought everything the king did was the right thing to do.
၃၆ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ သည်​နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ အ​မှန်​စင် စစ်​သူ​တို့​သည်​မင်း​ကြီး​ပြု​သ​မျှ​သော အ​မှု​တို့​ကို​နှစ်​သက်​ကြ​သည်​သာ​တည်း။-
37 That day everyone in Judah and throughout Israel realized that David had not ordered Abner's murder.
၃၇ဒါ​ဝိဒ်​၏​လူ​တို့​နှင့်​ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့​သည် အာ​ဗ​နာ​ကို​သတ်​ဖြတ်​မှု တွင်​မင်း​ကြီး​မ​ပါ​ကြောင်း​ကို​သိ​ရှိ​နား လည်​ကြ​၏။-
38 Then the king said to his officers, “Don't you recognize that a commander and a truly great man has fallen in Israel today?
၃၈မင်း​ကြီး​က​မိ​မိ​၏​အ​ရာ​ရှိ​တို့​အား``ယ​နေ့ သည်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​ကြီး​တစ်​ဦး ကွယ်​လွန်​သည့်​နေ့​ဖြစ်​ကြောင်း​သင်​တို့​မ​သိ ကြ​ပါ​သ​လော။-
39 I am weak right now, even though I'm anointed as king and these men, the sons of Zeruiah, are too powerful for me. But may the Lord repay the evil man according to the evil he has done.”
၃၉ငါ​သည်​ဘု​ရား​သ​ခင်​ဘိ​သိက်​ပေး​တော်​မူ သော​ဘု​ရင်​ပင်​ဖြစ်​သော်​လည်း ယ​နေ့​အား လျော့​ပါ​၏။ ဇေ​ရု​ယာ​၏​သား​တို့​သည်​ငါ့ အ​တွက်​ရက်​စက်​ကြမ်း​ကြုတ်​လွန်း​လှ​ပါ​သည် တ​ကား။ ဤ​ရာ​ဇ​ဝတ်​ကောင်​တို့​အား​အ​ပြစ် နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော် မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။

< 2 Samuel 3 >