< 2 Chronicles 15 >
1 The Spirit of God came upon Azariah the son of Oded.
၁ဘုရားသခင် ၏ဝိညာဉ် တော်သည် ဩဒက် သား အာဇရိ အပေါ် သို့ သက်ရောက် ၍၊
2 He went out to meet Asa and said to him, “Listen to me, Asa and all of Judah and Benjamin. The Lord is with you while you are with him. If you look for him, you will find him; but if you abandon him, he will abandon you.
၂အာဇရိသည် အာသ မင်းကို ကြိုဆိုခြင်းငှါသွားလျက်၊ အိုအာသ မင်း၊ အိုယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင် တို့သည် ထာဝရဘုရား ဘက် ၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရ ဘုရားသည် သင် တို့နှင့်အတူ ရှိ တော်မူမည်။ ထာဝရ ဘုရားကိုရှာ လျှင် အတွေ့ ခံတော်မူမည်။ စွန့် လျှင် သင် တို့ကို စွန့် တော်မူမည်။
3 For many years Israel was without the true God, without a priest to teach them, and without the law.
၃ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန် သော ဘုရား မ ရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ် မရှိ။ တရားလည်းမရှိဘဲ နေ၍၊
4 But when they were in trouble they returned to the Lord, the God of Israel—they looked for him, and they found him.
၄ဘေး ရောက်သဖြင့် ၊ သူတို့သည် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာ ၍ ၊ ရှာ ကြသောအခါ အတွေ့ ခံတော်မူ၏။
5 During those times travel was dangerous, for all the inhabitants of the lands were in great turmoil. People everywhere had terrible problems.
၅ရှေးကာလ ၌ ထွက် သောသူ၊ ဝင် သောသူသည် ချမ်းသာ မ ရ။ အတိုင်းတိုင်း အပြည်ပြည်သား အပေါင်းတို့သည် အလွန် ဆင်းရဲခြင်းကိုခံရကြ၏။
6 Nation fought nation, and town fought town, for God threw them into a panic with all kinds of trouble.
၆တ နိုင်ငံနှင့် တ နိုင်ငံ၊ တမြို့ နှင့် တမြို့ ထ ကြ၍ ၊ ဘေး အမျိုးမျိုး အားဖြင့် ၊ ဘုရားသခင် ဆုံးမ တော်မူ၏။
7 But you need to be strong, not weak, for you will be rewarded for the work you do.”
၇သင် တို့မူကား အားယူ ကြလော့။ လက် အား မ လျော့ စေနှင့်။ သင် တို့ကျင့် သည် အတိုင်းအကျိုး ကိုခံရ ကြမည်ဟု မြွက်ဆို၏။
8 When Asa heard these words of prophecy from Azariah the prophet, son of Oded, he was encouraged. He removed the vile idols from the whole territory of Judah and Benjamin and from the towns he had captured in the hill country of Ephraim. Then he repaired the altar of the Lord that stood in front of the porch of the Lord's Temple.
၈ထို စကား နှင့် ပရောဖက် ဩဒက် ၏ အနာဂတ္တိ စကားကို အာသ မင်းသည် ကြား သောအခါ ၊ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒ ပြည် နှင့် ဗင်္ယာမိန် ပြည်အရပ်ရပ် တို့၌ ၎င်း၊ ဧဖရိမ် တောင် ပေါ် မှာ တိုက်ယူ သော မြို့ တို့၌ ၎င်း ၊ စက်ဆုပ် ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား ၍ ၊ ဗိမာန်တော်ဦး ရှေ့ တွင်ရှိသော ထာဝရဘုရား ၏ ယဇ် ပလ္လင်ကို ပြုပြင် လေ၏။
9 Then Asa summoned all of Judah and Benjamin, along with those Israelites from the tribes of Ephraim, Manasseh, and Simeon who were living among them, for many people had deserted Israel and come over to Asa when they saw that the Lord his God was with him.
၉ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့ကို၎င်း၊ ဧဖရိမ် ခရိုင်၊ မနာရှေ ခရိုင်၊ ရှိမောင် ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်းစုဝေးစေ၏။ အာသ မင်း၏ ဘုရားသခင် ထာဝရဘုရား သည်၊ သူ နှင့်အတူ ရှိတော်မူကြောင်း ကို၊ ဣသရေလ အမျိုးသားအများ တို့သည် သိမြင် လျှင် ၊ ထို မင်းဘက်သို့ ဝင်စား ကြ၏။
10 They gathered in Jerusalem in the third month of the fifteenth year of Asa's reign.
၁၀အာသ မင်းနန်းစံ ဆယ် ငါး နှစ် ၊ တတိယ လ တွင် ယေရုရှလင် မြို့၌ စုဝေး ၍၊
11 That day they sacrificed to the Lord seven hundred oxen and seven thousand sheep from the plunder they had brought back.
၁၁ဆောင် ခဲ့သော လက်ရ ဥစ္စာထဲက နွား ခုနစ် ရာ ၊ သိုး ခုနစ် ထောင် တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။
12 Then they made an agreement to conscientiously and completely follow the Lord, the God of their forefathers.
၁၂ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ရှာ ပါမည်ဟူ၍၎င်း၊
13 They also agreed that anyone who refused to follow the Lord, the God of Israel, would be put to death, whether young or old, man or woman.
၁၃ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို မ ရှာ သောသူ ၊ ယောက်ျား မိန်းမ အကြီး အငယ် မည်သည်ကား၊ အသေ သတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊
14 They declared their oath with a loud shout, accompanied by trumpets and blasts from rams' horns.
၁၄ကြွေးကြော် သံ၊ တံပိုး နှဲခရာ မှုတ်သံနှင့်တကွ ၊ ကြီး သောအသံ ဗလံပြုလျက်၊ ထာဝရဘုရား အား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။
15 The whole of Judah was happy at the oath they had conscientiously sworn. They looked for him sincerely, and they found him. The Lord gave them peace from all their enemies.
၁၅ယုဒ လူအပေါင်း သည် ထိုသို့ကျိန်ဆို ခြင်းကို ပြုသောအခါ ဝမ်းမြောက် ကြ၏။ အကြောင်း မူကား၊ စိတ်နှလုံး အကြွင်းမဲ့ ကျိန်ဆို ၍ ၊ အလိုဆန္ဒ အားကြီးသည်နှင့် ၊ ထာဝရဘုရား ကိုရှာ သောကြောင့် အတွေ့ ခံတော်မူ၏။ အရပ်ရပ် ၌ ငြိမ်သက် ခြင်းအခွင့်ကိုပေး တော်မူ၏။
16 King Asa also removed Maacah from her position as queen mother for making an offensive Asherah pole. Asa cut down her vile idol, crushed it up, and burned it in the Kidron Valley.
၁၆အာသ မင်းကြီး ၏ အဘွား တော်မာခါ သည်၊ အာရှရ ပင်အောက်မှာ ရုပ်တု ကိုလုပ် သောကြောင့် ၊ မိဖုရား အရာကို နှုတ် ၍ ၊ ရုပ်တု ကိုဖျက်ဆီး ကျော်နင်းပြီးလျှင် ၊ ကေဒြုန် ချောင်း နား မှာ မီးရှို့ တော်မူ၏။
17 While the high places were not removed from Israel, Asa was completely devoted to the Lord all his life.
၁၇မြင့် သောအရပ်တို့ကို ဣသရေလ ပြည်၌ မ ပယ်ရှား သော်လည်း ၊ လက်ထက် တော်ကာလပတ်လုံး အာသ စိတ်နှလုံး သည် စုံလင် ခြင်းရှိ ၏။
18 He brought into God's Temple the silver and gold articles he and his father had dedicated.
၁၈ခမည်းတော် လှူ သောဥစ္စာ၊ ကိုယ်တိုင် လှူ သော ဥစ္စာ၊ ရွှေ ၊ ငွေ တန်ဆာ များကို ဗိမာန် တော်ထဲသို့ သွင်း ထား တော်မူ၏။
19 There was no more war until the thirty-fifth year of Asa's reign.
၁၉နောက်တဖန် နန်းစံ သုံးဆယ် ငါး နှစ် တိုင်အောင် စစ်တိုက် ခြင်းမ ရှိ။