< 2 Chronicles 10 >

1 Rehoboam went to Shechem, because all the Israelites had gone to Shechem to make him king.
ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣသ ရေ​လ​အ​မျိုး​သား​တို့​စု​ရုံး​လျက်​ရှိ​ရာ ရှေ​ခင်​မြို့​သို့​သွား​၏။-
2 Jeroboam, son of Nebat, was still in Egypt when he heard about this. (He had run away to Egypt to escape from King Solomon and was living there.)
ရှော​လ​မုန်​၏​ဘေး​မှ​လွတ်​မြောက်​ရန်​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​သွား​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​သည်​ထို​သ​တင်း​ကို​ကြား သော​အ​ခါ​မိ​မိ​၏​ပြည်​သို့​ပြန်​လာ​၏။-
3 The Israelite leaders sent for him. Jereboam and all the Israelites went to talk with Rehoboam.
ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​အ​နွယ်​တို့​သည် သူ့​ကို​ခေါ်​ပြီး​လျှင်​ရော​ဗောင်​ထံ​ကို​သွား​၍၊-
4 “Your father placed a heavy burden on us,” they told him. “But now if you lighten the load your father imposed and the heavy demands he laid on us, we will serve you.”
``အ​ရှင်​၏​ခ​မည်း​တော်​သည်​အ​ကျွန်ုပ်​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​ခဲ့​ပါ​၏။ အ​ကယ်​၍​အ​ရှင်​သည် ယင်း​သို့​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့​နေ​သာ​ထိုင်​သာ​အောင်​ပြု​တော် မူ​လျှင် အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။
5 Rehoboam answered, “Come back in three days time.” So the people left.
ရော​ဗောင်​က``သုံး​ရက်​လွန်​ပြီး​မှ​ပြန်​လာ​ကြ လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ထို​လူ​တို့​သည်​ထွက် ခွာ​သွား​ကြ​၏။
6 King Rehoboam asked for advice from the elders who had served his father Solomon when he was alive. “How do you advise me to reply to these people about this?” he asked.
ရော​ဗောင်​မင်း​သည်​ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ အား``ထို​သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
7 They replied, “If you treat these people well, and please them by speaking kindly to them, they will always serve you.”
အ​မတ်​တို့​က``အ​ကယ်​၍​အ​ရှင်​သည်​သူ​တို့ အား​က​ရု​ဏာ​ပြ​လျက်​နှစ်​သက်​စေ​သော စ​ကား​ဖြင့်​ဖြေ​ကြား​ပါ​လျှင်​သူ​တို့​သည် အ​ရှင်​၏​အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​သစ္စာ ရှိ​စွာ​ထမ်း​ဆောင်​ကြ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။
8 But Rehoboam dismissed the advice of the elders. He instead asked advice from the young men who he had grown up with, and who were close to him.
သို့​ရာ​တွင်​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​တို့ ၏​အ​ကြံ​ကို​လျစ်​လူ​ရှု​ကာ​မိ​မိ​နှင့်​အ​တူ ကြီး​ပြင်း​လာ​၍ ယ​ခု​အ​ခါ​မိ​မိ​၏​တိုင်​ပင် ဖော်​တိုင်​ပင်​ဘက်​များ​ဖြစ်​လာ​ကြ​သူ​လူ ငယ်​လူ​ရွယ်​များ​နှင့်​တိုင်​ပင်​၏။-
9 He asked them, “What response do you advise that we send back to these people who have told me, ‘Lighten the burden your father put on us’?”
သူ​တို့​အား​မင်း​ကြီး​က``သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​အ​ကြံ​ပေး​ကြ​ပါ​မည်​နည်း။ ဖိ​နှိပ် ချုပ်​ချယ်​မှု​ကို​လျော့​ပါး​အောင်​ပြု​လုပ်​ပေး ရန်​ငါ့​ထံ​ပန်​ကြား​လျှောက်​ထား​သူ​တို့​အား အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း'' ဟု မေး​တော်​မူ​၏။
10 The young men who he had grown up with told him, “This is what you have to tell these people who said to you, ‘Your father made our burden heavy, but you should make it lighter.’ This is what you should answer them: ‘My little finger is thicker than my father's waist!
၁၀ထို​သူ​ငယ်​တို့​က``အ​ရှင်​သည်​သူ​တို့​အား`ငါ ၏​လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ပိုင်း ထက်​ပို​၍​တုပ်​၏။-
11 My father placed a heavy burden on you, and I will make it even heavier. My father punished you with whips; I will punish you with scorpions.’”
၁၁ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အ​ပေါ်​လေး​လံ သော​ထမ်း​ပိုး​ကို​တင်​၏။ ငါ​မူ​ကား​ထို​ထက်​ပင် ပို​၍​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​အံ့။ သူ​သည် သင်​တို့​အား​ကြိမ်​လုံး​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ပြန်​ပြော​သင့်​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
12 Three days later, Jeroboam and all the people returned to Rehoboam, because the king had told them, “Come back in three days time.”
၁၂မိ​မိ​တို့​အား​ရော​ဗောင်​မှာ​ကြား​လိုက်​သည် အ​တိုင်း​သုံး​ရက်​ကြာ​သော်​ယေ​ရော​ဗောင်​နှင့် ပြည်​သူ​အ​ပေါင်း​တို့​သည်​သူ​၏​ထံ​သို့​ပြန် လာ​ကြ​၏။-
13 The king answered them sharply. Dismissing the advice of the elders,
၁၃မင်း​ကြီး​သည်​အ​သက်​ကြီး​သူ​တို့​၏​အ​ကြံ ကို​လျစ်​လူ​ရှု​၍၊-
14 he replied using the advice of the young men. He said, “My father placed a heavy burden on you, and I will make it even heavier. My father punished you with whips; I will punish you with scorpions.”
၁၄လူ​ငယ်​တို့​အ​ကြံ​ပေး​သည့်​အ​တိုင်း​ပြည်​သူ တို့​အား``ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အ​ပေါ် လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​၏။ ငါ​မူ​ကား ထို​ထက်​ပင်​ပို​လေး​လံ​သော​ထမ်း​ပိုး​ကို​တင် အံ့။ သူ​သည်​သင်​တို့​အား​ကြိမ်​လုံး​နှင့်​ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု​ခက်​ထန် စွာ​မိန့်​တော်​မူ​၏။-
15 The king did not listen to what the people said, for this change in circumstances was from God, to fulfill what Lord had told Jeroboam son of Nebat through Ahijah the Shilonite.
၁၅မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​နေ​ဗတ်​၏​သား​ယေ​ရော ဗောင်​အား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော် အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ထာ​ဝ​ရ အရှင်​ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။
16 When all the Israelites saw that the king wasn't listening to them, they told the king: “What share do we have in David, and what part do we have in the son of Jesse? Go home, Israel! You're on your own, house of David!” So all the Israelites went home.
၁၆မိ​မိ​တို့​၏​စ​ကား​ကို နား​ထောင်​တော့​မည်​မ ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ​တို့ သည်``ဒါ​ဝိဒ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​ထံ မှ​ငါ​တို့​ဝေ​ပုံ​မ​ရ။ ယေ​ရှဲ​၏​သား​၌​ငါ​တို့ အ​မွေ​မ​ခံ​ရ။ အို ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ ရော​ဗောင် သည်​မိ​မိ​အိမ်​ထောင်​ကို​ကြည့်​ရှု​ပါ​စေ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ဣသ​ရေ​လ​ပြည်​သူ​တို့​ပုန်​ကန်​ကြ သ​ဖြင့်၊-
17 However, Rehoboam still ruled over the Israelites who lived in Judah.
၁၇ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​အုပ်​စိုး​ရ​လေ​၏။
18 Then King Rehoboam sent out Hadoram, who was in charge of forced labor, but the Israelites stoned him to death. King Rehoboam quickly jumped into his chariot and raced back to Jerusalem.
၁၈ထို​အ​ခါ​ရော​ဗောင်​မင်း​သည်​ချွေး​တပ်​တာ​ဝန် ခံ​အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​ပြည်​သူ​တို့ ထံ​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ ပြည်​သူ​တို့​က​ထို​သူ​အား​ခဲ​နှင့်​ပေါက်​သတ် ကြ​သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ် သို့​အ​ဆော​တ​လျင်​တက်​၍​ယေ​ရု​ရှ​လင် မြို့​သို့​ထွက်​ပြေး​လေ​၏။-
19 As a result, Israel has been in rebellion against the house of David to this day.
၁၉ထို​ကြောင့်​ထို​ကာ​လ​မှ​အ​စ​ပြု​၍​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​မှ​ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း ဆက်​ကို​ယ​နေ့​တိုင်​အောင်​ပုန်​ကန်​ကြ​သ​တည်း။

< 2 Chronicles 10 >