< 2 Chronicles 1 >

1 Solomon, son of David, strengthened his hold over the kingdom, and the Lord God was with him and made him extremely powerful.
ဒါ​ဝိဒ်​မင်း​၏​သား​တော်​ရှော​လ​မုန်​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​ဏာ​တည်​မြဲ​လာ​၏။ သူ​၏​ဘု​ရား​သည်​သူ့​ကို​ကောင်း​ချီး​ပေး​တော် မူ​သ​ဖြင့်​သူ​သည်​အ​လွန်​တန်​ခိုး​ကြီး​လာ​၏။
2 Solomon sent for all the Israelite leaders, to the commanders of thousands and of hundreds, to the judges, and to every family leader.
ရှော​လ​မုန်​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​တို့ ကို​အုပ်​ချုပ်​သော​တပ်​မှူး​များ၊ အ​စိုး​ရ​အ​ရာ ရှိ​များ၊ အိမ်​ထောင်​ဦး​စီး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​အား-
3 Solomon went with the whole assembly to the high place at Gibeon, for this was the site of God's Tent of Meeting that Moses, the Lord's servant, had made in the wilderness.
မိ​မိ​နှင့်​အ​တူ​ဂိ​ဗောင်​မြို့​ရှိ​ကိုး​ကွယ်​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ သွား​ရောက်​ကြ​ရန်​အ​မိန့်​ထုတ် ပြန်​တော်​မူ​၏။ ထို​အ​ရပ်​သို့​သွား​ရ​ခြင်း​မှာ တော​ကန္တာ​ရ​၌ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​ပြု​လုပ်​ခဲ့​သည့်​ထာ​ဝ​ရ​ဘု​ရား​စံ တော်​မူ​ရာ​တဲ​တော်​တည်​ရာ​ဖြစ်​ခြင်း​ကြောင့် ဖြစ်​၏။-
4 David had brought up the Ark of God from Kiriath-jearim to the place in Jerusalem where he had set up a tent for it.
(သို့​ရာ​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​မှာ​မူ​ယေ​ရု ရှ​လင်​မြို့​တွင်​ရှိ​နေ​သည်။ ထို​သေတ္တာ​တော်​ကို ဒါ​ဝိဒ်​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ​ပင့်​ဆောင် လာ​စဉ်​အ​ခါ​က​မိ​မိ​တည်​ဆောက်​သည့်​တဲ တော်​တွင်​ထား​ရှိ​ခဲ့​သ​တည်း။-)
5 However, the bronze altar made by Bezalel, son of Uri, son of Hur, was there in front of the Tent of the Lord, so that is where Solomon and the assembly went to worship.
ဂိ​ဗောင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ ရာ​တဲ​တော်​ရှေ့​၌ ဟု​ရ​သား​ချင်း​စု​မှ​ဥ​ရိ ၏​သား​ဗေ​ဇ​လေ​လ​ဆောက်​လုပ်​ခဲ့​သည့်​ကြေး ဝါ​ယဇ်​ပလ္လင်​လည်း​ရှိ​၏။ ထို​အ​ရပ်​တွင်​ရှော​လ​မုန် နှင့်​ပြည်​သူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင် အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လေ​သည်။-
6 Solomon went up to the bronze altar before the Lord, in front of the Tent of Meeting. There he presented one thousand burnt offerings.
မင်း​ကြီး​သည်​ယဇ်​ကောင်​တစ်​ထောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ ကြေး​ဝါ​ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​တော်​မူ သည်။
7 That night God appeared to Solomon and told him, “Ask what you want me to give you.”
ထို​ည​၌​ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင့်​အား​အ​ဘယ်​ဆု ကို​ပေး​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။
8 Solomon responded to God, “You showed trustworthy love without limit to my father David, and you have made me king in his place.
ရှော​လ​မုန်​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ကြီး​မြတ်​သည့်​မေတ္တာ တော်​ကို​အ​စဉ်​ပြ​တော်​မူ​ပြီး​လျှင် ယ​ခု အ​ကျွန်ုပ်​အား​လည်း​သူ​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​စေ​တော်​မူ​ပါ​ပြီ။-
9 Lord God, please keep the promise you made to my father David. You have made me king over a nation that has as many people as the dust of the earth.
အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ခ​မည်း​တော်​အား​ပေး​တော်​မူ​သော​ကတိ တော်​ကို​တည်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အား မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့်​ဤ လူ​မျိုး​၏​ဘု​ရင်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။-
10 Please give me wisdom and knowledge to lead this people—for who can rule with justice this great people of yours?”
၁၀ထို့​ကြောင့်​ထို​သူ​တို့​ကို​အုပ်​စိုး​ရန်​လို​အပ် သည့်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​အ​ကျွန်ုပ် အား​ပေး​တော်​မူ​ပါ။ ယင်း​သို့​ပေး​တော်​မ​မူ ပါ​လျှင်​အ​ကျွန်ုပ်​သည်​ဤ​မျှ​များ​ပြား​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ကြီး​ကို​အ​ဘယ် သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း'' ဟု​တောင်း လျှောက်​လေ​၏။
11 God told Solomon: “Because this is what you really wanted, and you didn't ask for wealth, possessions, or honor, or the death of those who hate you, or for a long life, but instead you asked for wisdom and knowledge so you can rule with justice my people that I have made you king over;
၁၁ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​လျောက်​ပတ် သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ စည်း​စိမ်​ဥစ္စာ နှင့်​ဂုဏ်​သ​တင်း​ကျော်​စော​မှု​တို့​ကို​သော် လည်း​ကောင်း၊ ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​ရန် ကို​သော်​လည်း​ကောင်း​မ​တောင်း​ခံ​ဘဲ သင့်​အား ငါ​ပေး​အပ်​ထား​သည့်​ပြည်​သူ​တို့​ကို​အုပ်​စိုး နိုင်​ရန်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​တောင်း ခံ​ပေ​သည်။ သို့​ဖြစ်​၍​သင့်​အား​အ​သိ​ပ​ညာ နှင့်​ဉာဏ်​ပ​ညာ​ကို​ငါ​ပေး​မည်။-
12 wisdom and knowledge is given to you. I will give you wealth, possessions, and honor as well, much more than any king who came before you has had, or who comes after you will ever have.”
၁၂ထို့​အ​ပြင်​ရှေး​အ​ခါ​၌​သော်​လည်း​ကောင်း၊ နောင်​အ​ခါ​၌​သော်​လည်း​ကောင်း ဘု​ရင်​တစ် ပါး​မျှ​မ​ရ​ရှိ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ဂုဏ်​သ​တင်း​ကျော်​စော​မှု​ကို​လည်း​ငါ​ပေး ဦး​မည်'' ဟု​မိန့်​တော်​မူ​၏။
13 Then Solomon returned to Jerusalem from the Tent of Meeting in Gibeon, and he ruled over Israel.
၁၃သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော် တည်​ရှိ​သည့်​ဂိ​ဗောင်​မြို့ ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​မှ​ထွက်​ခွာ​တော် မူ​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​တော်​မူ​၏။-
14 Solomon built up an army of chariots and horses. He had 1,400 chariots and 12,000 horses, which he placed in the chariot cities, and also with him in Jerusalem.
၁၄ထို​နောက်​သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​လေး ရာ​နှင့် တိုက်​မြင်း​တစ်​သောင်း​နှစ်​ထောင်​ရှိ​သော တပ်​မ​တော်​ကို​ဖွဲ့​စည်း​တော်​မူ​ပြီး​လျှင် အ​ချို့ ကို​ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​အ​ခြား​မြို့​များ​၌​လည်း​ကောင်း​ထား​ရှိ တော်​မူ​၏။-
15 The king made silver and gold as plentiful in Jerusalem as stones, and cedar wood as plentiful as sycamore-figs trees in the foothills.
၁၅သူ​၏​နန်း​သက်​တစ်​လျှောက်​၌​ယေ​ရု​ရှ​လင် မြို့​တွင်​ငွေ​နှင့်​ရွှေ​သည်​ကျောက်​ခဲ​ကဲ့​သို့၊ သစ် က​တိုး​သား​သည်​ယု​ဒ​တောင်​ခြေ​၌​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​ပေါ​များ​လေ​သည်။-
16 Solomon imported horses for himself from Egypt and Kue; the king's traders bought them in Kue.
၁၆မင်း​ကြီး​၏​အ​ဝယ်​တော်​တို့​သည်​မု​သ​ရိ ပြည် နှင့်​ကိ​လ​ကိ​ပြည် တို့​မှ​မြင်း​များ၊-
17 A chariot could be imported from Egypt for six hundred silver shekels, and a horse for a hundred and fifty. In the same way they exported them to all the Hittite kings and the Aramean kings.
၁၇အီ​ဂျစ်​ပြည်​မှ​စစ်​ရ​ထား​များ​တင်​သွင်း​မှု ကို​ချုပ်​ကိုင်​ထား​ကြ​၏။ ဟိတ္တိ​ဘု​ရင်​နှင့်​ရှု​ရိ ဘု​ရင်​တို့​သည်​စစ်​ရ​ထား​တစ်​စီး​လျှင်​ငွေ သား​ခြောက်​ရာ၊ မြင်း​တစ်​ကောင်​လျှင်​ငွေ​သား တစ်​ရာ့​ငါး​ဆယ်​နှုန်း​ဖြင့် အ​ဝယ်​တော်​တို့​မှ ဝယ်​ရ​ကြ​လေ​သည်။

< 2 Chronicles 1 >