< 1 Chronicles 8 >
1 Benjamin was the father of Bela (firstborn son), Ashbel (second), Aharah (third),
၁ဗင်္ယာမိန်တွင်ဗေလ၊ အာရှဗေလ၊ အဟိရံ၊-
2 Nohah (fourth), and Rapha (fifth).
၂နောဟ၊ ရာဖဟူ၍ကြီးစဉ်ငယ်လိုက်သား ငါးယောက်ရှိ၏။
3 The sons of Bela were: Addar, Gera, Abihud,
၃ဗေလ၏သားများမှာ အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊- အဘိရွှ၊ နေမန်၊ အာဟော၊ ဂေရာ၊ ရှေဖုဖံ၊ ဟုရံတို့ဖြစ်၏။
4 Abishua, Naaman, Ahoah,
၄
5 Gera, Shephuphan, and Huram.
၅
6 These were the sons of Ehud, family heads living in Geba, and were exiled to Manahath:
၆ဧဟုဒ်၏သားများမှာနေမန်၊ အဟိယနှင့် ဂေရဖြစ်၏။-သူတို့သည်ဂေဗမြို့တွင်နေထိုင် သူတို့၏အိမ်ထောင်ဦးစီးများဖြစ်ကြ၏။ သို့ရာတွင်ထိုမြို့မှနှင်ထုတ်ခြင်းခံရကြ သောအခါသူတို့သည်မာနဟက်မြို့သို့ သွားရောက်နေထိုင်ကြလေသည်။ ယင်းသို့ ပြောင်းရွှေ့ရာတွင်သြဇနှင့်အဟိဟုဒ်တို့၏ အဖဖြစ်သူဂေရသည်သူတို့အား ဦးစီးခေါင်းဆောင်ပြု၏။
7 Naaman, Ahijah, and Gera. Gera was the one who exiled them. He was the father of Uzza and Ahihud.
၇
8 Shaharaim had sons in Moab after he divorced his wives Hushim and Baara.
၈ရှဟာရိမ်သည်မိမိ၏ဇနီးဟုရှိမ်နှင့် ဗာရာတို့ကိုကွာရှင်းပြီးနောက်မောဘ ပြည်တွင်နေထိုင်သောအခါ-
9 He married Hodesh and had Jobab, Zibia, Mesha, Malcam,
၉ဟောဒေရှနှင့်အိမ်ထောင်ပြု၍ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊-
10 Jeuz, Sakia, and Mirmah. These were all his sons, family heads.
၁၀ယုဇ၊ ရှာခိ၊ မိရမဟူသောသားခုနစ်ယောက် ကိုရလေသည်။ သူ၏သားများအားလုံးပင် အိမ်ထောင်ဦးစီးများဖြစ်လာကြ၏။
11 He also had sons with Hushim: Abitub and Elpaal.
၁၁သူသည်ယခင်ဇနီးဟုရှိမ်နှင့်လည်းအဘိ တုပ်နှင့်ဧလပါလဟူသောသားနှစ်ယောက် ကိုရ၏။
12 The sons of Elpaal: Eber, Misham, Shemed (he built Ono and Lod with its nearby towns),
၁၂ဧလပါလတွင်ဧဗာ၊ မိရှဟံ၊ ရှာမက်၊ ဟူ၍ သားသုံးယောက်ရှိ၏။ သြနောမြို့၊ လောဒမြို့ နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများကိုတည် ထောင်သူမှာရှာမက်ဖြစ်၏။
13 and Beriah and Shema, who were family heads living in Aijalon and who drove away the people who lived in Gath.
၁၃ဗေရိယနှင့်ရှေမတို့သည်အာဇလုန်မြို့တွင် အခြေစိုက်နေထိုင်ကြသူတို့၏အိမ်ထောင် ဦးစီးများဖြစ်၍ ဂါသမြို့သားတို့ကိုနှင် ထုတ်ကြသူများဖြစ်၏။-
14 Ahio, Shashak, Jeremoth,
၁၄ဗေရိယ၏သားမြေးတို့တွင်အဟိသြ၊ ရှာရှက်၊ ယေရိမုတ်၊-
၁၅ဇေဗဒိ၊ အာရဒ်၊ အာဒါ၊ မိက္ခေလ၊ ဣရှပ၊ ယောဟတို့ပါဝင်ကြ၏။
16 Michael, Ishpah, and Joha were the sons of Beriah.
၁၆
17 Zebadiah, Meshullam, Hizki, Heber,
၁၇ဧလပါလ၏သားမြေးတို့တွင်ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊-
18 Ishmerai, Izliah, and Jobab were the sons of Elpaal.
၁၈ဟေဗာ၊ ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့ ပါဝင်ကြ၏။
၁၉ရှိမဟိ၏သားမြေးတို့တွင်ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊- ဧလျေနဲ၊ ဇိလသဲ၊ ဧလေလ၊- အဒါ ယ၊ ဗေရာယ၊ ရှိမရတ်တို့ပါဝင်ကြ၏။
20 Elienai, Zillethai, Eliel,
၂၀
21 Adaiah, Beraiah, and Shimrath were the sons of Shimei.
၂၁
၂၂ရှာရှက်၏သားမြေးတို့တွင်ဣရှပန်၊ ဟေဗာ၊ ဧလေလ၊-
၂၃အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊
24 Hananiah, Elam, Anthothijah,
၂၄ဟာနနိ၊ ဧလံ၊ အေန္တောသိယ၊
25 Iphdeiah, and Penuel were the sons of Shashak.
၂၅ဣဖဒိယ၊ ပေနွေလတို့ပါဝင်ကြ၏။
26 Shamsherai, Shehariah, Athaliah,
၂၆ယေရောဟံ၏သားမြေးတို့တွင်ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊-
27 Jaareshiah, Elijah, and Zicri were the sons of Jeroham.
၂၇ယာရရှိ၊ ဧလိယ၊ ဇိခရိ၊ တို့ပါဝင်ကြ၏။
28 All these were family heads, according to their genealogy. They lived in Jerusalem.
၂၈ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။
29 Jeiel founded Gibeon and lived there. His wife was called Maacah.
၂၉ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ ၏ဇနီး၏နာမည်မှာမာခါဖြစ်၏။-
30 His firstborn son was Abdon, then Zur, Kish, Baal, Ner, Nadab,
၃၀သူ၏သားဦးကားအာဗဒုန်တည်း။ အခြား သားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊-
၃၁ဂေဒေါ်၊ အဟိသြ၊ ဇာခရိနှင့်မိကလုတ် တို့ဖြစ်၏။-
32 and Mikloth. Mikloth was the father of Shimeah. They also lived near their relatives in Jerusalem.
၃၂မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့ ၏သားမြေးများသည်မိမိတို့၏သားချင်း အခြားအိမ်ထောင်စုများအနီးယေရု ရှလင်မြို့တွင်နေထိုင်ကြလေသည်။
33 Ner was the father of Kish, Kish was the father of Saul, and Saul was the father of Jonathan, Malki-Shua, Abinadab and Esh-Baal.
၃၃နေရ၏သားသည်ကိရှ၊ ကိရှ၏သားမှာ ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍ သားလေးယောက်ရှိ၏။-
34 The son of Jonathan: Merib-Baal, who was the father of Micah.
၃၄ယောနသန်၏သားသည်မေရိဗ္ဗာလဖြစ်၍ မေရိဗ္ဗာလ၏သားမှာမိက္ခာဖြစ်၏။
35 The sons of Micah: Pithon, Melech, Tarea, and Ahaz.
၃၅မိက္ခာတွင်ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် ဟူ၍သားလေးယောက်ရှိ၏။-
36 Ahaz was the father of Jehoaddah, Jehoaddah was the father of Alemeth, Azmaveth, and Zimri, and Zimri was the father of Moza.
၃၆အာခတ်၏သားသည်ယုဒ္ဒါဖြစ်၏။ ယုဒ္ဒါတွင် အာလမက်၊ အာဇမာဝက်၊ ဇိမရိဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ၏သားသည် မောဇ၊-
37 Moza was the father of Binea. Raphah was his son, Eleasah his son, and Azel his son.
၃၇မောဇ၏သားမှာဗိနာ၊ ဗိနာ၏သားကား ရေဖာယဖြစ်၏။ ရေဖာယ၏သားသည် ဧလာသ၊ ဧလာသ၏သားမှာအာဇေလ ဖြစ်သတည်း။
38 Azel had six sons. These were their names: Azrikam, Bokeru, Ishmael, Sheariah, Obadiah and Hanan. These were all the sons of Azel.
၃၈အာဇေလတွင်အာဇရိကံ၊ ဗောခေရု၊ ဣရှ မေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်၊ ဟူ၍သား ခြောက်ယောက်ရှိ၏။-
39 The sons of his brother Eshek: Ulam (firstborn), Jeush (second), and Eliphelet (third).
၃၉အာဇေလ၏ညီဧရှက်တွင်ဥလံ၊ ယေဟုတ်၊ ဧလိဖလက်ဟူ၍သားသုံးယောက်ရှိ၏။
40 The sons of Ulam were strong warriors and skilled archers. They had many sons and grandsons—a total of 150. All of them were the sons of Benjamin.
၄၀ဥလံ၏သားများသည်ထူးချွန်သောစစ်သူရဲ များနှင့်လေးသည်တော်များဖြစ်ကြ၏။ သူ ၏သားမြေးပေါင်းတစ်ရာ့ငါးဆယ်ရှိ၏။ အထက်တွင်ဖော်ပြပါရှိသူအပေါင်းတို့ သည်ဗင်္ယာမိန်အနွယ်ဝင်များဖြစ်သတည်း။