< Mark 7 >

1 Then the Pharisees and some of the scribes gathered around Him, having come from Jerusalem.
ထိုအခါ ဖာရိရှဲ တို့နှင့် ယေရုရှလင် မြို့မှ ရောက်လာ သော ကျမ်းပြု ဆရာအချို့ တို့သည် အထံ တော်၌ စုဝေး ၍၊
2 And upon seeing some of His disciples eating bread with ‘unclean’—that is, ceremonially unwashed—hands, they found fault.
တပည့် တော်အချို့ တို့သည် ညစ်ညူး သောလက် တည်းဟူသောရေမဆေး သောလက်နှင့် အစာ စား သည်ကိုမြင် လျှင် အပြစ်တင်ကြ၏။
3 (Because the Pharisees, indeed all the Jews, do not eat unless they wash their hands in a special way, holding to the tradition of the elders.
အကြောင်းမူကား ၊ ရှေး လူအပေါင်းတို့မှ ဆက်ဆံသော နည်း ဥပဒေသကိုခံယူ သော ဖာရိရှဲ မှစ၍ယုဒ လူ အပေါင်း တို့သည် လက် ဆုပ် မ ဆေး ဘဲ အစာကို စား လေ့မ ရှိ။
4 When they come from the marketplace, they do not eat unless they wash. And there are many other things they have received and hold—washings of cups, pitchers, copper vessels and couches.)
ဈေး မှ ပြန်လာသောအခါ ၌လည်း ဆေး ခြင်းမ ပြုဘဲစား လေ့မ ရှိ။ ထိုမှတပါး ၊ ခွက် ၊ ဖလား ၊ ကြေးဝါပုကန် ၊ ခုတင် တို့ ဆေး ခြင်းမှစ၍အခြား သောထုံးတမ်းများ ကို ခံယူ ၍ ကျင့် လေ့ရှိ၏။
5 Then the Pharisees and the scribes asked Him, “Why don't your disciples walk according to the tradition of the elders, but eat their bread with unwashed hands?”
ထိုအခါ ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့က၊ ရှေး လူအပေါင်းတို့မှ ဆက်ခံ သောနည်း ဥပဒေသကို ကိုယ်တော် ၏ တပည့် တို့သည် မ ကျင့် ဘဲလျက် အဘယ်ကြောင့် ညစ်ညူး သောလက် နှင့် အစာ စား ကြပါသနည်း ဟု မေးလျှောက် ကြလျှင် ၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊
6 So in answer He said to them: “Well did Isaiah prophesy about you hypocrites, as it stands written: ‘This people honors me with their lips, but their heart is far from me.
ဟေရှာယ သည် လျှို့ဝှက် သော သင် တို့ကိုရည်မှတ် လျက်၊ ဤ လူမျိုး သည် နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံးမူကား ငါ နှင့် ဝေး လှ၏။”
7 But in vain do they worship me, teaching as doctrines the commandments of men.’
လူတို့ စီရင် သော ပညတ် တို့ကို သွန်သင် ၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ ကို အချည်းနှီး ကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ် စွာ ဟော ခဲ့ပြီ။”
8 Because having left the commandment of God, you hold to the tradition of men—washings of pitchers and cups, and many other similar things that you do.”
အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင် ၏ ပညတ် တော်ကို ပယ် ၍ ခွက်ဖလားဆေးခြင်းတည်းဟူသောလူ တို့မှ ဆက်ခံသော နည်းဥပဒေသကို ခံယူ လျက်၊ ထိုသို့သောအခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။”
9 Indeed He said to them: “You are very good at nullifying the commandment of God, so that you may keep your tradition.
သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေသကိုကျင့် ရသော အခွင့်ရှိစေခြင်းငှာ ၊ ဘုရားသခင် ၏ ပညတ် တော်ကို လျောက်ပတ် စွာ ပယ် ကြသည်တကား။”
10 For Moses said, ‘Honor your father and your mother’ and, ‘He who speaks evil of father or mother must be put to death.’
၁၀မောရှေ ၏ ပညတ်ကား၊ မိဘ ကို ရိုသေ စွာပြုလော့။ အကြင်သူ သည် မိဘ ကို နှုတ် ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေ သတ် ခြင်းကို ခံစေဟု လာသတည်း။”
11 But you say that if a man should say to father or mother, ‘Whatever profit you might have received from me is Korban’ (that is, a gift to God),
၁၁သင် တို့မူကား ၊ အကြင်သူ သည် ကိုယ် မိဘ ကို သင်တို့အသုံးရ နိုင်သမျှ သော ငါ ၏ဥစ္စာသည်အလှူ ဝတ္ထု တည်းဟူသောကော်ဘန် ဖြစ်စေဟုဆို ၏။”
12 you don't even allow him to do anything for his father or his mother any more,
၁၂ထိုသူသည် မိဘ ဝတ်ကို အလျှင်း မ ပြု ရဟု မြစ်တား ၍၊”
13 making the Word of God of no effect by your tradition that you have handed down. Yes, you do many such things.”
၁၃“မိမိ တို့အဆက်ဆက်ခံ သော နည်း ဥပဒေသအားဖြင့် ဘုရားသခင် ၏ နှုတ်ကပတ် တော်ကိုပယ် ကြ၏။ ထိုသို့သော အကျင့်အလေ့ များ တို့ကို သင်တို့သည် ကျင့် လေ့ရှိကြသည် ဟု မိန့် တော်မူ၏။
14 Upon summoning the larger crowd He said to them: “Hear me, everyone, and understand:
၁၄ထိုအခါ လူ အစုအဝေးအပေါင်းကို အထံတော်သို့ခေါ် ၍၊ သင်တို့ရှိသမျှ သည်နားထောင် နားလည် ကြလော့။”
15 There is nothing outside a man that can defile him by going into him; rather, the things that come out of him, those are the ones that defile him.
၁၅လူ ပြင် မှ လာ၍ လူ အတွင်း သို့ဝင် လျက်၊ လူ ကိုညစ်ညူး စေနိုင် သော အရာ တစုံတခု မျှမရှိ ။ လူ အတွင်းမှ ထွက် သောအရာ သည် လူ ကို ညစ်ညူး စေသောအရာ ဖြစ် ၏။”
16 If anyone has ears to hear, let him hear!”
၁၆ကြားစရာနားရှိသောသူမည်သည်ကားကြားပါစေ” ဟုမိန့်တော်မူ၏။
17 When He had entered a house away from the crowd, His disciples started to question Him about the parable.
၁၇လူ အစုအဝေးရှိရာမှ ကြွ၍ အိမ် သို့ ဝင် တော်မူပြီးလျှင် ၊ တပည့် တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြ ၏။
18 So He said to them: “Can you really be without understanding? Don't you perceive that nothing that enters a man from outside can defile him,
၁၈ကိုယ်တော်ကလည်း၊ သင် တို့သည် ဤမျှလောက် ပညာ မဲ့လျက် နေ သလော။ လူပြင် မှလာ၍ လူ အတွင်း သို့ဝင် သမျှ သည် နှလုံး ထဲသို့မ ဝင်။”
19 because it doesn't go into his heart, but into his stomach, which then expels the impure aspects of the food?”
၁၉ဝမ်း ထဲသို့ ဝင် ၍ အစာ ရှိသမျှ ကို သန့်ရှင်း စေသဖြင့် ရေအိမ် တွင် ဆင်းသွား သောကြောင့် ၊ လူ ကို မ ညစ်ညူး စေနိုင် သည်ကို နားမလည်ကြသလော။”
20 He went on to say: “That which comes out of a man, that is what defiles him.
၂၀လူ အတွင်းမှ ထွက် သော အရာ မူကား ၊ လူ ကို ညစ်ညူး စေသောအရာဖြစ်၏။”
21 Because from within, out of men's hearts, the evil designs proceed—adulteries, fornications, murders,
၂၁လူ အတွင်း နှလုံး ထဲက မကောင်း သော ကြံစည် ခြင်း၊ သူ့ မယားကို ပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့် မှားယွင်းခြင်း၊ လူ အသက်ကို သတ်ခြင်း၊”
22 thefts, covetings, malignancies; deceit, lewdness, an evil eye, blasphemy, arrogance, foolishness—
၂၂သူ့ဥစ္စာကို ခိုး ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလို ခြင်း၊ လှည့်စား ခြင်း၊ ညစ်ညူး ခြင်း၊ ငြူစူ ခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှား စော်ကားခြင်း၊ လျှပ်ပေါ် ခြင်း၊”
23 all these malignant things proceed from within and defile the man.”
၂၃ဤ ဆိုးညစ် သောအရာ များ တို့သည် အတွင်း မှထွက်လာ ၍ လူ ကို ညစ်ညူး စေကြသည် ဟု မိန့် တော်မူ၏။
24 Then He got ready and went from there into the region of Tyre and Sidon. He went into a house and did not want anyone to know it, but He could not escape notice.
၂၄ကိုယ်တော်သည် ထို အရပ်မှထ ၍ တုရု မြို့နှင့် ဇိဒုန်မြို့၏ ကျေးလက် သို့ ကြွ တော်မူပြီးလျှင် အိမ် သို့ ဝင် ၍ အဘယ်သူ မျှမသိ စေခြင်းငှာအလို တော်ရှိသော်လည်း ပုန်းရှောင် ၍ နေတော်မ မူနိုင် ။
25 In fact, as soon as she heard about Him, a woman whose little daughter had an unclean spirit came and fell at His feet.
၂၅အကြောင်းမူကား ၊ ညစ်ညူး သောနတ် စွဲ သော မိန်းမငယ် ၏ အမိ သည် သိတင်း တော်ကို ကြား သဖြင့်၊
26 Now the woman was a Greek, a Syro-Phoenecian by birth, and she kept asking Him to cast the demon out of her daughter.
၂၆မိမိ သမီး ထဲက နတ်ဆိုး ကို နှင်ထုတ် တော်မူမည်အကြောင်း တောင်းပန် လေ၏။ ထို မိန်းမ ကား ၊ ဟေလသ အမျိုး ၊ ရှုရိဖိနိတ် ပြည်သူဖြစ် သတည်း။
27 But Jesus said to her, “Let the children be filled first; it is not good to take the children's bread and throw it to the little dogs.”
၂၇ယေရှုကလည်း၊ ရှေးဦးစွာ သား များကို ဝ စွာကျွေးပါရစေ။ သား ၏ အစာ ကို ယူ ၍ ခွေး အားမ ပေး မချ အပ် “ဟု မိန့် တော်မူ၏။
28 So she answered and said to Him, “Yes, Lord, yet even the little dogs under the table eat from the children's crumbs.”
၂၈မိန်းမကလည်း မှန်ပါ၏သခင် ။ ခွေး မည်သည်ကား ၊ သား တို့၏ စားနုပ် စားပေါက်ကို စားပွဲ အောက် ၌ စား မြဲထုံးစံရှိပါသည်ဟု ပြန် ၍ လျှောက်လျှင် ၊
29 So He said to her, “Because of this saying you may go; the demon has gone out of your daughter.”
၂၉ကိုယ်တော်က၊ ထို စကား ကြောင့် သင်သွား လော့။ နတ်ဆိုး သည် သင် ၏သမီး ထဲမှ ထွက်သွား ပြီ ဟု မိန့် တော်မူ၏။
30 She went away to her house and found that the demon was gone and the daughter had been placed on the bed.
၃၀ထိုမိန်းမသည်မိမိ အိမ် သို့ ပြန် ၍ နတ်ဆိုး ထွက်သွား သည်ကို၎င်း ၊ သမီး သည် အိပ်ရာ ၌ အိပ် လျက် ရှိသည်ကို၎င်း တွေ့ ၏။
31 Again, departing from the region of Tyre and Sidon, Jesus came to the Sea of Galilee by way of the Decapolis region.
၃၁တစ်ဖန် ကိုယ်တော်သည် တုရု မြို့နှင့် ဇိဒုန် မြို့၏ ကျေးလက် မှ ထွက် ၍ ဒေကပေါလိ ပြည်နယ် ကို ရှောက်သွားသဖြင့် ၊ ဂါလိလဲ အိုင် သို့ ရောက် တော်မူ၏။
32 Then they brought to Him a deaf man with thick speech and begged Him to place His hand on him.
၃၂ထိုအခါ နားပင်း ၍ စကား အသောသူ တစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့ ၍၊ သူ့ အပေါ်မှာလက် တော်ကို တင် ပါမည်အကြောင်း တောင်းပန် ကြ၏။
33 After taking him aside, away from the crowd, He put His fingers in his ears; He also spat and touched his tongue.
၃၃ကိုယ်တော်သည် ထိုသူ ကို လူအစုအဝေး ထဲက ခေါ် ၍ ၊ ဆိတ်ကွယ် ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုး တော်ကို သူ၏ နား ပေါက်၌ သွင်း တော်မူ၏။ တံထွေးနှင့် ထွေး ၍ သူ၏ လျှာ ကိုလည်း တို့ တော်မူ၏။
34 Then looking up to heaven He sighed, and said to him, “Ephphatha!” that is, “Be opened!”
၃၄ထိုနောက် ကောင်းကင် သို့ ကြည့်မျှော် ၍ ညီးတွားသံကိုပြု လျက် ၊ ဧဖသ ဟု မိန့် တော်မူ၏။ အနက်ကား၊ ပွင့် စေဟု ဆိုလို သတည်း။
35 Immediately his ears were opened, his tongue was released, and he began to speak clearly.
၃၅ထိုခဏခြင်း တွင် သူ သည် နား ပွင့် ခြင်း၊ လျှာ ကြော လွတ် ခြင်းရှိသဖြင့် စကားပြီပြီ ပြော နိုင်၏။
36 Then He commanded them that they should tell no one; but the more He would command them, so much the more they would proclaim it.
၃၆ထိုအကြောင်းကို အဘယ်သူ အားမျှမပြော စေခြင်းငှာ သူ တို့ကို ပညတ် တော်မူ၏။ ပညတ် တော်မူသော်လည်း သူ တို့သည် သာ၍ အလွန် သိတင်းကြားပြော ကြ၏။
37 People were astonished beyond measure, saying: “He has done everything well. He makes both the deaf to hear and the mute to speak.”
၃၇အတိုင်း ထက်အလွန်မိန်းမော တွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံ တို့ကို လျောက်ပတ် စွာ ပြု တော်မူပြီ။ နားပင်း သောသူ တို့ကို ကြား စေတော်မူပြီအ သောသူ တို့ကိုစကား ပြောစေတော်မူပြီဟုဆို ကြ၏။

< Mark 7 >