< 1 Corinthians 12 >
1 Now concerning the spiritual things, brothers, I do not want you to be ignorant.
၁ညီအစ်ကို တို့၊ သင် တို့သည် ဝိညာဉ် ဆုကျေးဇူးအကြောင်း များကို မသိဘဲနေစေခြင်းငှာငါအလို မ ရှိ။
2 You know that when you were pagans you were always led toward the mute idols, being carried away.
၂သင် တို့သည် အထက် ကသာသနာပ လူဖြစ်၍ ၊ သူတစ်ပါး သွေးဆောင် သဖြင့်၊ စကား မပြောနိုင်သော ရုပ်တု ရှိရာ သို့ ပါသွားသော သူဖြစ်ကြောင်းကို သင်တို့ သိ ကြ၏။
3 Therefore I inform you that no one speaking by God's Spirit calls Jesus accursed, and no one can declare Jesus to be Lord except by the Holy Spirit.
၃ထိုကြောင့် ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ဟောပြော ၍ အဘယ်သူ မျှယေရှု ကို မကျိန်ဆဲ နိုင်သည်ကို၎င်း၊ ယေရှု သည် သခင် ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်း သောဝိညာဉ် တော်ကို အမှီမ ပြု လျှင် ၊ အဘယ်သူ မျှမပြော နိုင် သည်ကို၎င်း၊ သင် တို့သည် သိ နားလည်စေခြင်းငှာ ငါသတိပေး၏။
4 Now there are allotments of spiritual gifts, but the same Spirit.
၄ဆု ကျေးဇူးတော်အထူးထူး အထွေထွေ ရှိငြားသော်လည်းဝိညာဉ် တော်တစ်ပါးတည်း ရှိ ၏။
5 And there are allotments of ministries, and the same Lord.
၅ဓမ္မဆရာ အမှု အထူးထူး အထွေထွေရှိ ငြားသော်လည်း သခင် တစ်ပါးတည်း ရှိ၏။
6 And there are allotments of activities, but the same God is He who works them all, in all.
၆ပြုပြင် ခြင်းအမှု အထူးထူး အထွေထွေရှိ ငြားသော်လည်း ၊ ခပ်သိမ်း သော သူတို့၌ ပြုပြင်သမျှ ကို ပြုပြင် တော်မူသော ဘုရားသခင် တစ်ပါးတည်း ရှိ၏။
7 But the manifestation of the Spirit is given to each one for the common good.
၇ကောင်းသောအကျိုး အလိုငှာ သာ ဝိညာဉ် တော်ကို လူ အသီးအသီးတို့အား ထင်ရှား စွာ ပေး တော်မူလျက် ရှိ၏။
8 So to one a word of wisdom is given, by the Spirit; to another a word of knowledge, by the same Spirit;
၈အဘယ်သို့ နည်းဟူမူကား၊ ဝိညာဉ် တော်အားဖြင့် တစ်ယောက်သောသူ အား ပညာ တရား ကို ပေး တော်မူ၏။ ထို ဝိညာဉ် တော်အားဖြင့် တစ်ယောက် သော သူအား ထိုးထွင်း ခြင်းတရား ကို ပေးတော်မူ၏။
9 to a different one faith, by the same Spirit; to another presents of healings, by the same Spirit;
၉ထို ဝိညာဉ် တော်အားဖြင့် တစ်ယောက် သော သူအားယုံကြည် ခြင်းကို ပေးတော်မူ၏။ ထို ဝိညာဉ် တော် အားဖြင့် တစ်ယောက် သောသူအား အနာ ရောဂါကို ငြိမ်းစေနိုင်သောအခွင့် ကို ပေးတော်မူ၏။
10 to another workings of miracles, to another prophecy, to another discernings of spirits; to a different one kinds of languages, to another interpretation of languages.
၁၀တစ်ယောက် သောသူအား၊ တန်ခိုး ကိုပြနိုင်သော အခွင့် ကို၎င်း ၊ တစ်ယောက် သောသူအား ပရောဖက် ပြုနိုင်သော အခွင့်ကို၎င်း ၊ တစ်ယောက် သောသူအား စိတ် ဝိညာဉ် တို့ကို ပိုင်းခြား ၍သိနိုင်သော အခွင့်ကို၎င်း ၊ တစ်ယောက် သောသူအား အမျိုးမျိုး သော ဘာသာ စကားကို ပြောနိုင်သော အခွင့်ကို၎င်း တစ်ယောက် သောသူအား ထိုဘာသာ စကား၏အနက် ကို ဖော်ပြနိုင်သော အခွင့်ကို၎င်း ပေးတော်မူ၏။
11 However, the one and the same Spirit produces all of these things, distributing to each one individually just as He wills.
၁၁ဤ အခွင့်ရှိသမျှ တို့ကို တစ်ပါးတည်း သော ဝိညာဉ် တော်သည် ပြုပြင် ၍ လူ အသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိ သည်အတိုင်း ဝေငှ ၍ ပေးတော်မူ၏။
12 Now just as the body is one and has many members, and all the members of that one body, though being many, are one body, so also is the Christ.
၁၂ဥပမာ ကား၊ ကိုယ် တစ်ခု တည်း၌ အင်္ဂါ အများ ရှိ သည်ဖြစ် ၍ ထို တစ်ခုတည်းသောကိုယ် အင်္ဂါ အပေါင်း တို့သည် များ လျက်နှင့် ကိုယ် တစ်ခု တည်းဖြစ် သကဲ့သို့ ၊ ထိုနည်းတူ ခရစ်တော် ဖြစ်၏။
13 For we also were all baptized into one body by one Spirit—whether Jews or Greeks, whether slaves or free—and were all given to drink into one Spirit.
၁၃အကြောင်းမူကား ၊ ယုဒ လူဖြစ်စေ ၊ ဟေလသ လူဖြစ်စေ ၊ ကျွန် ဖြစ်စေ ၊ လူ လွတ်ဖြစ်စေ ၊ ငါ တို့ရှိသမျှ သည် ဝိညာဉ် တော်တစ်ပါးတည်း အားဖြင့် တစ် ကိုယ် တည်းထဲသို့ ဗတ္တိဇံ ကိုခံကြ၏။ ငါတို့ရှိသမျှ သည် တစ် စိတ် တစ်ဝိညာဉ် တည်းထဲသို့လည်း သောက် ကြ၏။
14 For in fact the body is not one part but many.
၁၄ကိုယ် သည် အင်္ဂါ တစ်ခု တည်းရှိ သည်မ ဟုတ်၊ အများ ရှိသည်ဖြစ်၍၊
15 If the foot should say, “Because I am not a hand, I am not of the body,” it would not therefore cease to be of the body.
၁၅ခြေ က၊ ငါသည်လက် မ ဟုတ် သောကြောင့် ကိုယ် နှင့် မ စပ်ဆိုင် ဟုဆို လျှင် ၊ ထိုသို့ဆိုသောကြောင့် မ စပ်ဆိုင် သည် မှန်သလော။
16 And if the ear should say, “Because I am not an eye, I am not of the body,” it would not therefore cease to be of the body.
၁၆နား ကလည်း ၊ ငါ သည် မျက်စိ မ ဟုတ်သောကြောင့် ကိုယ် နှင့် မ စပ်ဆိုင် ဟုဆို လျှင် ၊ ထိုသို့ ဆိုသောကြောင့်မ စပ်ဆိုင် သည် မှန်သလော။
17 If the whole body were an eye, where would be the hearing? If the whole were hearing, where would the smelling be?
၁၇တစ်ကိုယ်လုံးသည် မျက်စိ ဖြစ်လျှင် အဘယ်သို့ ကြား နိုင်မည်နည်း။ တစ်ကိုယ်လုံးသည် နား ဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။
18 But God has really placed the members in the body, each one of them, just as He pleased.
၁၈ယခု မူကား ၊ ဘုရားသခင် သည် အလိုတော်ရှိ သည်အတိုင်း အင်္ဂါ များအသီးသီး တို့ကို ကိုယ် ၌ စီရင် ခန့်ထား တော်မူ၏။
19 (If the whole were just one member, where would the body be?
၁၉ထိုမှတစ်ပါး၊ အင်္ဂါအပေါင်း တို့သည် အင်္ဂါ တစ်ခု တည်းဖြစ် လျှင် ကိုယ် သည်အဘယ်မှာ ရှိလိမ့်မည်နည်း။
20 But in fact the parts are many but the body one.)
၂၀ယခု တွင်အင်္ဂါ အများ ရှိ လျက် နှင့် ကိုယ် တစ်ခု တည်းရှိ၏။
21 Further, the eye cannot say to the hand, “I do not need you”; nor again the head to the feet, “I do not need you.”
၂၁မျက်စိ က ၊ သင့် ကိုငါ အလို မ ရှိဟု လက် ကို မ ဆို ရ။ ထိုနည်းတူ၊ ဦးခေါင်း က၊ သင် တို့ကိုငါ အလို မ ရှိဟု ခြေ တို့ကို မဆိုရ။ ထိုမျှမကအားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။
22 Much to the contrary, those members of the body that seem to be weaker are necessary.
၂၂အသရေ နည်း ဟန် ရှိသော အင်္ဂါ တို့အား လည်း၊ သာ၍ကြီး သော အသရေကို ပေးတတ်၏။
23 And the parts of the body that we consider to be less honorable, on these we bestow greater honor; and our unpresentables have special modesty,
၂၃တင့်တယ် ခြင်းမရှိသောအင်္ဂါ တို့သည် သာ၍ ကြီးသော တင့်တယ် ခြင်းကို ခံရ ကြ၏။
24 while our presentables do not need it. Yes, God has blended the body, giving greater honor to the part that lacks it,
၂၄တင့်တယ် လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မ လို ကြ။
25 so that there should be no division in the body, but that the members should have the same care for one another;
၂၅ကိုယ်ခန္ဓာ ၌ အချင်းချင်းကွဲပြား ခြင်းမ ရှိ ဘဲ၊ အင်္ဂါ များတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှသတိပြု စေခြင်းငှာ၊ ဘုရားသခင် သည် ကိုယ်ခန္ဓာ ကိုမျှ စေ၍ ၊ ယုတ် သောအင်္ဂါအား သာ၍ များသော အသရေ ကို ပေး တော်မူ၏။
26 and if one member suffers, all the members should suffer along, or if one member is honored, all the members should rejoice along.
၂၆သို့ဖြစ်၍ ၊ အင်္ဂါ တစ်ခု တည်းဆင်းရဲခြင်း ကို ခံရလျှင် ၊ အင်္ဂါ အပေါင်း တို့သည် အတူခံရ ကြ၏။ အင်္ဂါ တစ်ခု သည်ချီးမြှောက် ခြင်းကို ခံရလျှင် ၊ အင်္ဂါ အပေါင်း တို့သည် အတူ ဝမ်းမြောက်ရကြ၏။
27 Now you are the body of Christ, and members individually.
၂၇သင် တို့သည် ခရစ်တော် ၏ ကိုယ် ဖြစ် ကြ၏။ အသီးအသီး အင်္ဂါ တော်ဖြစ်ကြ၏။
28 And those whom God has appointed in the Church are: first apostles, second prophets, third teachers; after that miracles, then presents of healings, helps, administrations, kinds of languages.
၂၈ဘုရားသခင် သည်ပဌမ အရာ၌ တမန်တော် တို့ကို၎င်း၊ ဒုတိယ အရာ၌ ပရောဖက် တို့ကို၎င်း၊ တတိယ အရာ၌ ဆရာ တို့ကို၎င်း၊ ထိုနောက် တန်ခိုး ပြသော သူတို့ကို၎င်း၊ ထိုနောက် အနာ ရောဂါကို ငြိမ်းစေနိုင်သော အခွင့် ရှိသောသူတို့ကို၎င်း၊ သင်းထောက် တို့ကို၎င်း၊ စီရင် အုပ်စိုးသော သူတို့ကို၎င်း၊ အမျိုးမျိုး သော ဘာသာ စကား ကိုပြောနိုင်သော သူတို့ကို၎င်း၊ အသင်းတော် ၌ ခန့်ထား တော်မူ၏။
29 All are not apostles, are they? All are not prophets, are they? All are not teachers, are they? All are not miracle workers, are they?
၂၉သင်းဝင်သူရှိသမျှ တို့သည် တမန်တော် ဖြစ်ကြ သလော။ ရှိသမျှ တို့သည် ပရောဖက် ဖြစ်ကြသလော။ ရှိသမျှ တို့သည် ဆရာ ဖြစ်ကြသလော။ ရှိသမျှ တို့သည် ဘုန်းတန်ခိုး ကို ပြနိုင်ကြသလော။
30 All do not have presents of healings, do they? All do not speak languages, do they? All do not interpret, do they?
၃၀ရှိသမျှ တို့သည် အနာ ရောဂါကို ငြိမ်းစေနိုင်သော အခွင့် ရှိ ကြသလော။ ရှိသမျှ တို့သည် အမျိုးမျိုး သော ဘာသာစကားကို ပြော နိုင်ကြသလော။ ရှိသမျှ တို့သည် ထို ဘာသာစကား၏ အနက်ကို ဖော်ပြနိုင်ကြသလော။
31 But earnestly desire the best gifts.
၃၁သင်တို့သည် အမြတ်ဆုံး သော ဆု ကျေးဇူးတော်တို့ကို အလွန် အလိုရှိ ကြသည်တွင် ၊ သာ၍မြတ်သော လမ်း ကိုငါပြ ဦးမည်။